Tuesday, May 22, 2012

ဆဒုံးမြို့တွင် KIA မှ အမျိုးသားနှင့် အမျိုးသမီးများအား အဓမ္မလူသစ်စု

ဆဒုံးမေ၂၂ ရက်
     ဆဒုံးမြို့ ရပ်ကွက် (၁) သို့ ၂၀ ရက်နေ့ ည ၈နာရီခွဲလောက်က KIA လုံးထန်စခန်းမှ နော်ခမ်းနဲ့ ၁၀ဦးလောက်ရောက်လာပြီး ယောကျာင်္းလေး ၈ ဦးနဲ့ မိန်းကလေး ၂ ဦးကို အတင်း ဖမ်းဆီးပြီး တပ်သားသစ် အဖြစ်ခေါ်ဆောင် သွားခဲ့ပါတယ်။ ဖမ်းဆီးသွားတဲ့သူများကို လက်ပြန်ကြိုး တုတ်ပြီး   ခေါ်ဆောင်  သွားတာဖြစ်ပါတယ်။ ဖမ်းဆီးသွားတဲ့အထဲက မိန်းကလေး ၂ဦးမှာ မရွယ်ဂျာ ၂၁ နှစ်နဲ့ မလဂွေရွယ် ၁၉ နှစ် ဖြစ်ပါတယ်။ ဖမ်းဆီးသွားတဲ့သူတွေကို ၉နာရီခွဲလောက်မှာ လုတောင်တောင်ဘက်ကနေ သူတို့စခန်း လုံထန်စခန်းသို့ ခေါ်ဆောင်သွားခဲ့ပါတယ်။ 

ခေါ်ဆောင်သွားတဲ့ အထဲမှာ ယောကျာင်္းလေးတွေ က၁၅ နှစ်နဲ့ ၃၀ ကြားတွေ   ဖြစ်ပါတယ်။ ယောကျာင်္းလေးတွေကိုတော့ တပ်သားအဖြစ် သင်တန်းပို့လိမ့်မှာ ဖြစ်နိုင်ပါတယ်။ မိန်းကလေး တွေကတော့ တပ်သားသစ် လုပ်ခိုင်းမယ်လို့တော့ မထင်ပါဘူး။ KIA ရဲ့လုပ်ရပ်ကတော့ တော်တော်လေး ဆိုးဆိုးဝါးဝါး ဖြစ်နေပါပြီး လုပ်ရပ်တွေ အားလုံးတွေက အကြမ်းဖက်လုပ်ငန်းတွေဘဲ   ဖြစ်နေပါတယ်လို့ ဆဒုံးမြို့က မြို့ခံတွေက ပြောနေကြပါတယ်။
(http://kachindailynews.blogspot.com)

0 comments:

Post a Comment

ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...

Twitter Delicious Facebook Digg Stumbleupon Favorites More