Tuesday, May 22, 2012

ရွှေတိဂုံစေတီတော် အနောက်ဘက်စောင်းတန်း စက်လှေကားအသစ်များ တပ်ဆင်မည်


သက်တမ်းနှစ်၂၀ ဝန်းကျင် ကြာမြင့်ပြီဖြစ်သော ရွှေတိဂုံစေတီတော် အနောက်ဘက်စောင်းတန်းရှိ စက်လှေကား ခြောက်စင်းကို ဘုရားဖူးများ အန္တရာယ်မဖြစ်စေရန်အတွက် စီးနင်းခွင့်မပြုဘဲ ပိတ်ထားသည်မှာ သုံးလခန့်ရှိပြီ ဖြစ်ကြောင်း သိရသည်။ စက်လှေကားအသစ်များကို ဂေါပကအဖွဲ့ ရန်ပုံငွေမှ ကြိုတင်စိုက်ထုတ် ဝယ်ယူမည် ဖြစ်ပြီး အလှူငွေများလည်း လက်ခံလျက်ရှိကြောင်း သိရသည်။ စက်လှေကားများအတွက် အမေရိကန်ဒေါ်လာ ငါးသိန်းတစ်သောင်းခန့် ကုန်ကျမည်ဖြစ်ပြီး ဇူလိုင်လအတွင်း အပြီးတပ်ဆင်ကာ အသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

စက်လှေကား အဟောင်းခြောက်စင်းအား ဖြုတ်သိမ်းဝယ်ယူလိုသူများသည် သတ်မှတ်တင်ဒါ ပုံစံကို ငွေကျပ် တစ်သောင်းဖြင့် ဝယ်ယူပြီး မေ ၃၀ ရက် နံနက် ၁၁ နာရီ နောက်ဆုံးထား တင်သွင်းနိုင်ကြောင်း ၂၀၁၂ ခုနှစ် မေလ ၂၂ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment

ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...

Twitter Delicious Facebook Digg Stumbleupon Favorites More