Tuesday, May 22, 2012

အော်ဟစ်ဆဲခဲ့သဖြင့် ထောင်ဒဏ်ချခံရတဲ့ ဦးအေးလွင်


 အော်ဟစ်ဆဲခဲ့မှုနှင့်ထောင်ဒဏ်ချခံရတဲ့ဦးအေးလွင်
ရန်ကုန် ၊ မေ ၂၂

၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့် ပထမဆုံး လျှောက်ထားခဲ့သော ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ် ပါတီ ဥက္ကဌ ဦးအေးလွင်ကို လှည်းကူးတရားရုံးမှ ထောင်ဒဏ် နှစ် လ ချမှတ်လိုက်ကြောင်း ယင်းပါတီ၏ ညီနောင်ပါတီဖြစ်သည့် ၈၈မျိုးဆက်ကျောင်းသားလူငယ်များပါတီ(ပြည်ထောင်စု မြန်မာနိုင်ငံ)မှ အထွေထွေ အတွင်းရေးမှူး ဦးလေးလွင်က The Voice Weekly သို့ အတည်ပြုပြောကြားသည်။

“ တာဝန် ၀တ္တရား နှောက်ယှက်မှု ပုဒ်မ ၄၁၆ နဲ့ ဒီနေ့ အမိန့်ချလိုက်တာပါ” ဟု ယနေ့ ညနေပိုင်း ၄ နာရီ ခန့်တွင် ပြောကြားသည်။

၂၀၁၁ ခုနှစ် ဇူလှိုင်လ ၂၆ ရက်နေ့တွင် နေပြည်တော် -ရန်ကုန် အမြန်လမ်းမကြီးပေါ်ရှိ လှည်းကူးတန်ပိုဂိတ်မှ တာဝန်ရှိ ၀န်ထမ်းများနှင့် အချေတင် စကားများရာမှ ဦးအေးလွင်က အော်ဟစ် ဆဲခဲ့သည်ကို တရားစွဲဆို ခဲ့ခြင်းဖြစ်ပြီး ယနေ့ အမိန့်ချ လိုက်ခြင်းဖြစ်သည်။

The Voice Weekly

0 comments:

Post a Comment

ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...

Twitter Delicious Facebook Digg Stumbleupon Favorites More