Tuesday, May 22, 2012

ဒဂုံမြောက်မြို့နယ်တွင် တန်ဖိုး နည်းအိမ်ရာ တည်ဆောက်မည်


 ဒဂုံမြောက်မြို့နယ်တွင် တန်ဖိုး နည်းအိမ်ရာများ တည်ဆောက်မည့် စီမံကိန်းကို မြို့တ်ာစည်ပင်က ပထမဆုံး အကြိမ် စတင်အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရန်ကုန်မြို့ တော်စည်ပင် သာယာရေး ကော်မတီ အတွင်းရေးမှူး  ဦးကျော်စိုး ကထုတ်ဖော် ပြောကြား သည်။

အဆိုပါတန်ဖိုးနည်း  အိမ်ရာများကို အမှတ်၄၄ရပ်ကွက်၌ ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီ ပိုင်မြေကွက်တွင် ဆောက်လုပ် သွားမည်ဖြစ်ကာ မြေဧကပေါင်း၉ ဒဿမ၂၅ဧက အကျယ်အဝန်းရှိ ပြီး ယင်းစီမံကိန်းကို  မကြာမီ အကောင် အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း  သိရသည်။

''လတ်တလောအဲဒီ မြို့နယ်မှာ မြေကွက်ရဖို့ဆောင်ရွက် နေပါ တယ်။ မြေကွက်ရတာနဲ့ တန်ဖိုးနည်း အိမ်ရာ ဆောက်လုပ်သွားမှာပါ။ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက် သွားမှာဖြစ်ပါတယ်'' ဟု ဦးကျော်စိုး ကပြောသည်။ ယင်း တန်ဖိုး နည်း အိမ်ရာ တည်ဆောက်မည့်  စီမံကိန်းတွင် အခန်းပေါင်း  ၆၄၈ခန်း  ပါဝင် သည့်အဆောက်အဦး ၂၇ လုံး၊ စတုရန်းပေ  တစ်ထောင်ရှိသည့် အိပ်ခန်း၃ခန်း ပါဝင်မည့်အခန်း ရခန်း နှင့်စတုရန်း ပေ၅၃ဝရှိသည့် အခန်း ပါအဆောက် အဦး အလုံး ၂ဝခန့် ပါဝင် တည်ဆောက်သွား  မည်ဖြစ် ကြောင်း သိရသည်။

''နောက်ပိုင်းမြေကွက်တွေ ပေါ်လာရင်လည်း တန်ဖိုး နည်းအိမ် ရာတွေတိုးချဲ့ပြီးတော့ ဖော်ဆောင် ပေးသွားဖို့  အစီအစဉ် ရှိပါတယ်။'' ဟု ယင်းက ထပ်မံပြောသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီမှ အဆင့်မြှင့်တင်ရေး ဦးစီးကော်မတီ   ဖွဲ့စည်းကာလစဉ် အစည်းအဝေးများ ပြုလုပ်၍ ရန်ကုန် မြို့တွင်း အဆင့်မြှင့်တင်ရေး လုပ်ငန်း များ ဆောင်ရွက်လျှက် ရှိကြောင်း  သိ ရသည်။

ရေးသားသူ - ဖူးပွင့်သော်-ရန်ကုန်တိုင်းမ်

0 comments:

Post a Comment

ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...

Twitter Delicious Facebook Digg Stumbleupon Favorites More