Tuesday, May 22, 2012

ကမ်းရိုးတန်းဖုန်းများ ဖုန်းခေါ်ဆိုခ ကြိုတင်ပေးသွင်းစနစ် ဇူလိုင်အတွင်း ပြောင်းလဲသွားမည်


ဖုန်းခေါ်ဆိုခ ကြိုတင်ပေးသွင်းရသည့်စနစ် (Prepaid) ပြောင်းလဲပေးရန် ကျန်ရှိသည့် ကမ်းရိုးတန်းဖုန်းများကို ဇူလိုင်လအတွင်း ပြောင်းလဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ ဖုန်းဘီလ်စနစ်မှ ကြိုတင်ပေးသွင်းသည့်စနစ်သို့ ပြောင်းလဲပေးရန် ကျန်ရှိသည့် ကမ်းရိုးတန်းဖုန်း (CDMA 450 MHz) များကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြောင်းလဲပေးသွားမည့်အပြင် နောက်ပိုင်း ချထားပေးသည့် ဖုန်းအားလုံးကို (Prepaid) စနစ်ဖြင့် ချထားပေးသွားမည်ဖြစ်သည်။ ထို့အပြင် ဖုန်းငွေဖြည့်ကတ်များ ဝယ်ယူကာ နံပါတ်များရိုက်၍ ငွေဖြည့်တင်းရန်မလိုဘဲ ကတ်ဝယ်ယူသည့်ဆိုင်မှ ငွေဖြည့်တင်းပေးသည့် E Top Up System စနစ်လည်း ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်း ၂၀၁၂ ခုနှစ် မေလ ၂၁ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment

ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...

Twitter Delicious Facebook Digg Stumbleupon Favorites More