Tuesday, May 29, 2012

ရိုဟင်ဂျာ မြန်မာတိုင်းရင်းသားမဟုတ်ဟု ပြည်ထောင်စုဝန်ကြီးဦးခင်ရီ ပြော

မေ ၂၉၊ ၂၀၁၂ - သူရမျိုး (YPI)

 ရိုဟင်ဂျာဆိုသည်မှာ မြန်မာတိုင်းရင်းသားမဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီးဦးခင်ရီက နိုဝင်ဘာလ ၂၈ ရက်နေ့ က ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် ကျင်းပပြုလုပ်သော KNU ရွှေ့ပြောင်းဒုက္ခသည်များ အားမှတ်ပုံတင်ထုတ်ပေးသည့် အခမ်းအနားတွင် သတင်းထောက်တစ်ဦး၏မေးမြန်းချက်အား ပြန်လည်ဖြေကြားလိုက်သည်။

“ ကျွန်တော်တို့ဆီမှာ ရိုဟင်ဂျာဆိုတာမရှိဘူး ကျွန်တော်တို့တိုင်းရင်းသား လူမျိုးစုထဲမှာ ရိုဟင်ဂျာဆိုတာရှိလည်းမရှိဘူး ။ ကျွန်တော်တို့တိုင်းရင်းသားလည်း မဟုတ်ဘူး ” ဟု ပြည်ထောင်စုဝန်ကြီးဦးခင်ရီကပြောသည်။

                   ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ(တိုက်ပုံနှင့် မေးထောက်ထားသူ) ကိုရှင်းလင်းပွဲတစ်ခုတွင် တွေ့ရစဉ်

ရိုဟင်ဂျာဆိုသည်မှာ အင်္ဂလိပ်မြန်မာပထမ စစ်ပွဲအပြီး မြန်မာနိုင်ငံအနောက်ခြမ်းမှ အင်္ဂလိပ်များနှင့်အတူ ၀င်ရောက်လာသော လူမျိုးများ ဖြစ်ပြီး ဂျပန်ခေတ် အင်္ဂလိပ်များ ဆုတ်ခွာသွားသည့်အခါ လက်နက်ကိုင်တော်လှန်ရေးအတွက် ထားခဲ့သူများဖြစ်ကြောင်း ထိုသူများမှ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာဟု ကြေငြာခြင်းဖြစ်ကြောင်း ပြန်ထောင်စုဝန်ကြီးဦးခင်ရီ ကပြောကြားသည်။

ရိုဟင်ဂျာသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်းရာနှင့်ချီနေထိုင်လာခဲ့သော မေ့လျော့ခံမြန်မာလူမျိုးစုဖြစ်ကြောင်း ဘီဘီစီသတင်းဌာနမှ သတင်းထောက် မိုက်သွန်မဆင်က ၂၀၀၆ ခုနှစ်မတ်လ က ရေးသားခဲ့သည်။

ပြီးခဲ့သည့် ဇန်န၀ါရီလဆန်းပိုင်းက ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီး William Hague  မြန်မာပြည်လာရောက်စဉ်အတွင်း ဗြိတိန်သံရုံးတွင်ကျင်းပသောသတင်းစာရှင်းလင်းပွဲ၌ ရိုဟင်ဂျာများအား တိုင်းရင်းသား အနေဖြင့် အခွင့်အရေးများ ပေးရန် ထည့်သွင်းပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ၁၉၈၂ လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၃ အရ ၁၈၂၃ ရှေ့ပိုင်း မြန်မာနိုင်ငံတွင် မွေးဖွားကြီးပြင်းမှသာ မွေးရာပါနိုင်ငံသားအဖြစ်သတ်မှတ်ကြောင်းပြောသည်။


Saturday, May 26, 2012

တိုင်းပြည်နဲ့ ပြည်သူအတွက် ဒေါ်စု တိုးတက်အောင် လက်တွေ့ ပူးပေါင်း ဆောင်ရွက် ခြင်းလား? ကန့်လန့်တိုက် ခြင်းလား?

တိုင်းပြည်နဲ့ ပြည်သူ့အတွက်ဆိုရင် အသုံးချခံရရင် ခံရပစေဆိုပြီး ပြောခဲ့တဲ့ ဒေါ်စုဟာ ရွေးကောက်ပွဲ ၀င်ပြိုင်ပြီး အနိုင်ရသွားပြီးတဲ့ နောက်ပိုင်းမှာ.. တိုင်းပြည် အတွက် ပြည်သူတွေ အတွက် ကိုယ်စားပြုပြီး တိုးတက် ဖြစ်ထွန်း အောင်မြင်အောင် ဆောင်ရွက် ပေးမလားလို့ စောင့်ကြည့်မိပါတယ်...  ဒါပေမယ့် မြန်မာနိုင်ငံကို နိုင်ငံတကာက အကောင်းမြင်လာအောင်၊ ကမ္ဘာ့အလယ်မှာ မြန်မာဆိုပြီး တင့်တယ်လာအောင်၊ ပြည်သူတွေ အတွက် စားဝတ်နေရေး ပြေလည်စေဖို့ စီးပွားရေးတွေ တိုးတက်လာအောင် ကြိုးစားနေကြတဲ့ လက်ရှိ မြန်မာနိုင်ငံ အတွက် အလုပ်လုပ်နေကြတဲ့ သူတွေ ကြားထဲမှာ မေလ ၁၅ ရက် ၂၀၁၂ မှာ ဒေါ်စုက မြန်မာပြည်ရဲ့ တိုးတက် ပြောင်းလဲ မှုတွေကို လူတွေက အကောင်း မြင်လွန်းနေကြောင်း၊ မြန်မာနိုင်ငံရဲ့ လက်ရှိ အနေအထားတွေက အကောင်း မြင်လွန်းလို့ မရကြောင်းနဲ့ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ် အရေးယူမှုတွေကို သတိထားပြီး ဆောင်ရွက်သွားဖို့ သူပြောနေကြ ထုံးစံ အတိုင်း ပြည်သူတွေ အတွက် ဆောင်ရွက် သွားပေးခဲ့ပါတယ်...



ကျွန်တော်တို့ အားလုံး မျှော်လင့်ခဲ့ကြတာက ဒေါ်စုဟာ သမ္မတကြီး ဦးသိန်းစိန်နဲ့ အတူ ပူးပေါင်း ဆောင်ရွက်ပြီး နိုင်ငံကို တိုးတက်ဖွံ့ဖြိုးအောင် လုပ်ပေးလိမ့်မယ်လို့ ထင်ခဲ့မိကြပါတယ်... အားလုံးနီးပါး (အဖျက်သမားတွေကလွဲလို့) ရဲ့ ဆန္ဒကလည်း ပူးပေါင်းဆောင်ရွက်ပြီး တိုးတက်အောင် လုပ်ပေးစေချင်ကြပါတယ်... 

သို့သော် မြန်မာပြည်ကြီးကို ကမ္ဘာ့အလယ်မှာ တင့်တယ်အောင် မြန်မာနိုင်ငံသားတွေကို နိုင်ငံတကာမှာ တင့်တယ်အောင် အောက်မကျအောင်နဲ့ ပြည်တွင်းက ပြည်သူတွေ အတွက် ပြည်ပထွက်ပြီး မိသားစုနဲ့ တကွဲတပြားစီ နေပြီး ကျွန်ခံနေကြရတာတွေ လွတ်ကင်းအောင် စီးပွားရေး ပြန်ဖွင့်ဖို့ အင်တိုက်အားတိုက်နဲ့ ကြိုးစားနေတဲ့ သမ္မတကြီးကို ဒေါ်စုက တိုက်တိုက်ဆိုင်ဆိုင် နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင် အမေရိကန်ကို စီးပွားရေး ပိတ်ဆို့မှုတွေ ပြန်ဖွင့်ဖို့ အတွက် မသွားမှီ အချိန်ကိုက် ကန့်လန့် စတိုက် ခဲ့ပါတယ်... သမ္မတကြီးနဲ့ လက်တွေ့ ကြိုးစားပမ်းစားနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြတဲ့ သူတွေကိုမှ အားမနာ သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို မကူညီပဲ ငြိမ်ငြိမ်လည်း မနေတဲ့ အပြင် ရပ်တန့်အောင် အနှောက်အယှက် ဖြစ်အောင် ကြမ်းတုံး ၀င်ခုခဲ့ပါတယ်.... 


သို့ပေမယ့် အနောက်နိုင်ငံများနှင့် အာဆီယံနိုင်ငံ တော်တော် များများမှလည်း စီးပွားရေး ပြန်ဖွင့်ပေးဖို့ တောင်းဆို ပေးခဲ့ကြပြီး အမေရိကန် အမတ်တွေ ဂျွန်မက်ကိန်းတို့ ကိုယ်တိုင်မှလည်း စီးပွားရေးတွေ ပြန်ဖွင့်ပေးသင့်နေပြီး ဖြစ်အောင် ပြောဆိုလာခဲ့တဲ့ အထိ လက်ရှိ သမ္မတကြီးတို့ရဲ့ ကြိုးစားမှုတွေက အောင်မြင်ပြီး အသိအမှတ် မပြုပဲ မရသောကြောင့် သော်လည်းကောင်း၊ အမေရိကန်တို့ ဒါပြီးရင် စီးပွားရေး ဖွင့်ပေးမယ် ဟိုဟာပြီးရင် စီးပွားရေး ဖွင့်ပေးမယ်နဲ့ အချိန်ဆွဲလာခဲ့တာလည်း များနေပြီး ဖြစ်သဖြင့် စီးပွားရေး ပိတ်ဆို့မှုများကို မဖွင့်ပေးပဲ အခြေအနေများအရ မဖြစ်မနေ နီးပါး ရှိလာခဲ့တာကြောင့် မြန်မာပြည်နဲ့ ပြည်သူတွေ အတွက် ပါဆိုတဲ့ ဒေါ်စုမှ စီးပွားရေး ပိတ်ဆို့မှု ရှိနေစေချင်တဲ့ ကြားထဲမှ အကန့်အကတ်များစွာနဲ့ ပြန်လည် ဖွင့်ပေးခဲ့ပါတယ်...

ဒေါ်စုနဲ့ ကလင်တန်တို့ မေလ ၂၀ ရက် တနင်္ဂနွေ နေ့မှာပဲ ဖုန်းနဲ့ စီးပွားရေး ပိတ်ဆို့မှု ထားဖို့ အကြောင်း ဆွေးနွေးခဲ့ကြပြန်ပါတယ်...



တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ရှိတဲ့ ခြစ်ချုပ်ပေးနေရတဲ့ လျှပ်စစ် ဓါတ်အား လိုင်းလေးကြတော့လဲ... KIA ကဖျက်စီးလိုက်တာနဲ့ မီးမရရှိလို့ စတင် မေလ ၂၀ ရက်နေ့မှာပဲ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပါတယ်...



 တိုးတက်လာတော့မယ့် အလင်းရောင်လေး တွေ့နေရတုန်းလေးမှာ လျှပ်စစ်ထုတ်ဖို့ ဓါတ်ပေါင်းဖို ဆောက်မယ် လုပ်တော့ ကန့်ကွက်လိုက်ကြ၊ ကျောက်မီးသွေးလျှပ်စစ် စက်ရုံ တည်မယ် ဆိုတော့လည်း ကန့်ကွက် လိုက်ကြ၊ မြစ်ဆုံ လျှပ်စစ်ရေကာတာ ဆောက်မယ် ဆိုတော့လဲ ဘာမသိ ညာမသိနဲ့ သူများ ကန့်ကွက်တာနဲ့ လိုက်ကန့်ကွက် လိုက်ကြနဲ့... ရှိတဲ့ လျှပ်စစ် ဓါတ်အား လိုင်းလေးကြတော့လဲ... KIA ကဖျက်စီးလိုက်နဲ့ ကြားထဲက မီးမရပြန်တော့လဲ... မီးရရေး အော်ကြပြန်ကော... ကြားထဲက ဒီမီးရရှိရေး ဆန္ဒပြမှုကို ပိုမိုကြီးထွားအောင် နိုင်ငံရေး အမြတ်ထုတ်တဲ့ သူတွေက ၀င်နှမ်းဖြူး ပြီး တိုက်တိုက် ဆိုင်ဆိုင် ဒေါ်စုက ပြင်မယ်ဆိုတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးကို မဆီမဆိုင် တောင်းဆိုပြီး ဆန္ဒပြလာခဲ့ပါတယ်... 




အဲဒီမှာ စဉ်းစားစရာ တစ်ခုက စာတမ်းတွေ ကိုင်ဆန္ဒပြနေကြတဲ့ သူတွေ ကြားထဲမှာ ဒေါ်စုက ဘာဖြစ်လို့ ဒီမိုကရေစီ နောက်မှ လုပ် လျှပ်စစ်မီးသာ ချက်ချင်း ပေး ဆိုတဲ့ သူကိုပဲ မကောင်းကြောင်း ဝေဖန်ပြီး အခြေခံဥပဒေ ပြင်ဖို့ မဆီမဆိုင် ၀င်ပြီး နှမ်းဖြူး ဆူပူအောင် လှုံဆော် ဆန္ဒပြ တဲ့ သူကို မသိချင်ယောင်ဆောင် ပြီးဘာမှ မပြောပဲ နေခဲ့ရတာလဲ?? အဲဒီလူက သူ့ပါတီထဲကလား၊ ဆူပူအောင် လှုံ့ဆော်ဖို့ ၀င်နှမ်းဖြူးဖို့ လွှတ်ထားတဲ့ ပါတီရဲ့ လက်ကိုင်တုတ်တွေလား?? ဆူပူအောင် လှုံ့ ဆော်ဖို့ ၀င်နှမ်းဖြူးဖို့ လွှတ်ထား တတ်တာ ဆိုလို့ မြန်မာပြည်မှာ ပါတီတစ်ခုပဲ ရှိပါတယ်.. အဲဒီပါတီကပဲ အခြေခံဥပဒေ ပြင်ဆင်ဖို့ ပြောနေခဲ့တာပါ... စဉ်းစားစရာပါ...

ပထမအနေနဲ့ ဒေါ်စုက မြန်မာပြည်ကို စီးပွားရေး ပိတ်ဆို့မှုတွေ မရုပ်သိမ်းအောင် နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင် အမေရိကန် မသွားခင်မှာ အချိန်ကိုက် မြန်မာပြည်က စီးပွားရေး ဒဏ်ခတ် အရေးယူ ပိတ်ဆို့မှုတွေကို လူတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှုတွေ အပေါ် သိပ်ကို အကောင်း မြင်လွန်းကြတယ် မြန်မာနိုင်ငံရေး ပြောင်းလဲမှုတွေဟာ နောက်ကြောင်း ပြန်မလှည့်ဘူးလို့ တရားသေ သတ်မှတ်လို့ မရတဲ့ အတွက် သတိထားပြီး ရုပ်သိမ်း ပေးသင့်ကြောင်း  ပြောကြားခဲ့ပါတယ်... 

ဒီနေရာမှာ ဒေါ်စု ပြောခဲ့တဲ့ နောက်ပြန်လှည့် နိုင်တယ် ဆိုတာပါပဲ... ပုံမှန်အား ဖြင့်ကတော့ စစ်တပ်ကလည်း ၂၅%နဲ့ လွှတ်တော်ထဲမှာ ပါပြီးနေပြီ အာဏာသိမ်းဖို့ရာလဲ မရှိ ဆူပူလို့ ထိန်းမနိုင် သိမ်းမနိုင် ဖြစ်ခဲ့ရင်တောင် အခြေခံဥပဒေအရ ၁ နှစ်ပဲ အာဏာလွဲယူခွင့် ရှိတာပါ... တိုင်းရင်းသားတွေနဲ့ ပိုပြီးစည်းစည်းလုံးလုံး ဖြစ်အောင် အခုအနေအထားကနေ နောက်ထပ် ပြန်မလှည့်ဖို့ကလည်း အရေးကြီးနေပါတယ်... ပြန်လှည့်လိုက်ရင် တိုင်းရင်းသား အရေးက အခုလို အခြေအနေ ကောင်းတွေကနေ ဆိုးသွားနိုင်ပါတယ်... ဒါကြောင့် ပြန်လှည့်ဖို့ရာ မသေချာ မရေရာတဲ့ အခြေအနေကို ဒေါ်စုက ဘာကြောင့် နောက်ပြန်လှည့်သွားနိုင်တယ် လို့ ပြောခဲ့ရတာလဲ? 

အဲဒီလို ပြောခဲ့ပြီး မကြာခင်မှာ... ဆူပူမှုတွေ ငြိမ်နေရာကနေ ပြင်းပြင်း ထန်ထန် နီးပါး စဖြစ်လာခဲ့တယ်... ၁၆ ရက်နေ့မှာ စဖြစ်ခဲ့တဲ့ အလုပ်သမား တွေ ဆန္ဒပြတာတွေလည်း အကြိမ်ကြိမ် ညိုနှိုင်းဆောင်ရွက် ပေးနေသူတွေ လုပ်ပေးနေသော်လည်း ငြိမ်မသွားပဲ စက်ရုံတော်တော်များများ ဆက်လက် ပါဝင် ဆန္ဒပြနေခဲ့တယ်... မီးရ ရေး ဆန္ဒပြသူတွေကို လည်း မီးစက်များ ယူ၍မီး ရနိုင်သလောက် ရအောင် ဆောင်ရွက် ပေးနေခဲ့သော်လည်း မီး ၂၄နာရီ ရရှိရေး ဆက်လက် ဆန္ဒပြနေခဲ့ကြပါတယ်... 



ဒီနေရာမှာ ဒေါ်စုဟာ... မီးရရှိရေးကို ချက်ချင်း လုပ်ဆောင်လို့ မရနိုင်မှန်း သိနေပေမယ့်လည်း ဒီလို ဆန္ဒပြနေတာကို မိန်းမဥာဏ်နဲ့ အခြေခံဥပဒေကို ပြင်ဆင်ဖို့ အာရုံရောက်သွားအောင် စနစ်ကိုလွဲချပြီး စနစ်မကောင်းလို့ မီးမရတာ ဖြစ်ကြောင်း မဆီမဆိုင် ပြောဆိုပြီး မီးရရှိရေး ဆန္ဒပြတာကို ထောက်ခံ အားပေးခဲ့ ပါတယ်..

 နောက်ပြီး အခြေခံဥပဒေ ပြင်ဖို့ မဆီမဆိုင်နဲ့ မီးမှန်ရေး ဆန္ဒပြမှုမှာ လူတွေအနေနဲ့ လမ်းမှားအောင် လမ်းလွဲသွားအောင် အခြေခံဥပဒေ ပြင်ဆင်ရေးကို လှုံဆော်ခဲ့ပါတယ်... တကယ်လို့သာ မီးမှန်ရေးကနေ အခြေခံဥပဒေ ပြင်ဆင်ရေးကို သူတို့ အာရုံလွဲခဲ့သလို ဖြစ်သွားခဲ့ရင် ပြဿနာတွေ ကြီးကြီးမားမား တက်ရင်တက် တက်ခဲ့ရင်လည်း ဒေါ်စုပြောခဲ့သလို နောက်ပြန်လှည့် သွားနိုင်ပါလားဆိုပြီး နိုင်ငံတကာကနေ ထင်သွားမှာပါ အဲဒီလို အထင်တွေနဲ့ အတူ စီးပွားရေးလဲ ဆက်လက် အပိတ်ခံရမှာပါ... အခုလို မငြိမ်မသက် ဖြစ်နေရင်လည်း စီးပွားရေး ရင်နှီးမြုပ်နှံ သူတွေ အဖို့ လာမရင်းနှီးရဲ အောင် လုပ်ဆောင်နေသလို ဖြစ်နေပါတယ်... ဒါတွေက ဒေါ်စုတို့ အကြိုက်တွေ ဖြစ်နေတာတွေပါ... ဘာလို့လဲ ဆိုတော့ စီးပွားရေး မတိုးတက်ရင် တိုင်းပြည်လဲ တိုးတက်အောင် လုပ်လို့ မရဘူး ဒီတော့ ဒီအစိုးရ မကောင်းဘူး ပြောကြမှ သူ့ကို ထောက်ခံ အားပို ကောင်းလာမှာကိုး.. မဟုတ်ရင် သူ့ကို ထောက်ခံနေရာကနေ ဒီအစိုးရ ဘက်ကို အလေးသာ သွားမှာကို စိုးရိမ်းနေတာတွေလည်း ပါမှာပါ..

ဒါမှ မဟုတ် လက်ရှိ အစိုးရနဲ့ လွှတ်တော်က ပြည်သူဆန္ဒကို အကောင်အထည် ဖော်ပေးနေချိန် ဖြစ်လို့ အကောင် အထည်ဖော် ပေးရမယ်ဆိုပြီး မီဒီယာတွေက လည်း လွှင့်လာမယ် မဖြစ်မနေ အကောင်အထည် ဖော်ရတော့မယ် ဆိုတာနဲ့ ဒေါ်စုနဲ့ လွှတ်တော်ထဲရောက် သူ့ကို ထောက်ခံတဲ့ အမတ် တွေက တဆင့် ဒါတွေကို လုပ်ပေးဖို့ ဦးဆောင် ဆောင်ရွက်ဖို့ ထွက်လာနိုင်ပါတယ်... တစ်ချက်ခုတ် သုံးလေးချက် ပြတ်တဲ့ အစီအစဉ်တွေပါ...

ဒီလို အချိန်မှာ မြန်မာနိုင်ငံ တိုးတက်ဖို့ အတွက်နဲ့ ပြည်သူတွေ စားဝတ်နေရေး သက်သာချောင်ချိဖို့ အတွက် ဦးစားပေးပြီး ဆောင်ရွက်နေရမယ့် အချိန် ဖြစ်နေပေမယ့် ဒေါ်စုက ဘာကြောင့် အခြေခံ ဥပဒေကိုမှ ပြင်ဆင်နေရတာလဲ ဆိုတာလည်း စဉ်းစားစရာပါ... 

ဒီဖြစ်စဉ်တွေမှာ ဒေါ်စုဟာ မြန်မာနိုင်ငံကို စီးပွားရေး ဆက်လက် ပိတ်ဆို့ထားဖို့နဲ့ မီးရရှိရေး ဆန္ဒပြမှုတွေမှာ အခြေခံဥပဒေ ပြင်ဆင်ရေးကို လမ်းလွဲအောင် ဖြစ်မြောက်အောင် ကြိုးပမ်းနေကြတယ်ဆိုတာ ထင်ရှားပါတယ်... ဒီလို ဆူပူမှုတွေ မဖြစ်ခင်မှာနဲ့ ဖြစ်နေတဲ့ အချိန်မှာ ဒေါ်စုဟာ ခေါင်းဆောင် တစ်ယောက်လို့ ကိုယ့်ကိုကိုယ် ခံယူထားပြီး ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်အောင်နဲ့ အဆင်ပြေအောင် ကိုယ်တိုင်ကိုယ်ကျ လုပ်ပေး ဆောင်ရွက်ပေးခြင်း မရှိပဲ ခေါင်းဆောင် တစ်ယောက်နဲ့ မလျော်ညီပဲ အတင်းအဖျင်း စကားဆန်ဆန် နှမ်းဖြူးစကားတွေနဲ့ လက်တွေ့မရှိတဲ့ သီအိုရီတွေရွတ်၊ မရင့်ကျက်တဲ့ပုံစံ၊ ခေါင်းဆောင် ပီသမှုမရှိတဲ့ ရပ်ကွက်ထဲက ငါးစိမ်းတန်းထဲက အတင်းတုပ် အပုပ်ချနေကြတဲ့ မိန်းမလိုလို မီးစာထိုး ပေးနေ ခြင်းက အမျိုးသား ပြန်လည် ရင်ကြား စေ့ရေး ဆိုတဲ့ ရည်ရွယ်ချက်ကို အကောင် အထည် ဖော်ဆောင်ရွက် နိုင်ဖို့ အရည်အချင်း မရှိဘူး ဆိုတာကို ပြနေသလိုပါပဲ....

ဒီလိုတွေ လုပ်နေတာတွေက တိုင်းပြည်နဲ့ ပြည်သူအတွက် ဒေါ်စု လက်တွေ့ ပူးပေါင်း ဆောင်ရွက်ခြင်းလား? ကန့်လန့်တိုက်ခြင်းလား?

(သွေးသစ္စာ)

Wednesday, May 23, 2012

စဉ်းစားကြဖို့ အချိန်တန်ပြီ ....

ပြောင်းလဲခဲ့လေပြီ ...... ဒို့နိုင်ငံကြီး ပြောင်းလဲခဲ့လေပြီ၊ ဒီမိုကရေစီကို အကောင်ထည်ဖော်လိုက်ပြီးတဲ့နောက်
(ဘာတဲ့!)
 "ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်" လို့ အမည်တွင်စေသတည်း  တဲ့။
တစ်နည်းပြောရရင်တော့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးပေါ့။

အဲ! ဒါပေမဲ့ သူ့ထုံးစံအရ ဒီမိုကရေစီနည်းနဲ့ အုပ်ချုပ်ကြလေသော ဘယ်နိုင်ငံမှာမဆို နိုင်ငံတော်ရဲ့လက်နက်ကိုင်တပ်ဖွဲ့ကလွဲလို့ ဘယ်အဖွဲ့စည်းမှ သီးခြား လက်နက်ကိုင်တပ်ဖွဲ့ဆိုတာ မရှိရလေဘူးဗျ။

ဆိုတော့ကာ ... ဘာခတ်တာမှတ်လို့ ကမ်းလှမ်းရပြီပေါ့ဗျာ ....
ကိုယ့်ခံယူချက်နဲ့ကိုယ် ကျင်လည်လှုပ်ရှားနေကြတဲ့ အသီးသီးသော လက်နက်ကိုင် အဖွဲ့စည်းတပ်ရင်းများကို
(နိုင်ငံတော်ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ရဲ့စီစဉ်ညွှန်ကြားမှု့အောက်မှာသာ) နယ်ခြားစောင့်တပ်ဖွဲ့ အဖြစ်ပြောင်းလည်း ဖွဲ့စည်း ငြိမ်းချမ်းစွာ တူယှဉ်လက်တွဲပြီး တတ်ညီလက်ညီနဲ့ ဒို့နောင်လာနောက်သားဒွေအတွက် ညီညွတ်စို့ရဲ့ပေါ့။

လာပါဘီဗျို ....
သူလို ကိုယ်လို အသျှိုသျှိုနဲ့ ရှေ့ရေးရှူ့မျှော် တူပျော်ပျော်နဲ့ လက်တွဲကြမယ်ဆိုတဲ့ တူညီတဲ့ခံယူချက်ကို ပြောင်းလဲကျင့်သုံးပြီး ခရီးဆက်ဖို့ လက်ခံကြလေပြီ။

ဒါပေမဲ့ ရာနှုန်းပြည့်တော့ မဟုတ်ပြန်ဘူး။ သူတစ်လူ ငါတစ်မင်း ... အာဏာရမက်တွင်းနက်နေကြသေးကုန်သော
ပုထုဇဉ်နွယ်ဝင် သူတော်စင်အပေါင်းက သူ့လမ်းသူ ဆက်လျှောက်ရမှသာ ကျေနပ်နိုင်မည်တဲ့လေ။

ခုဘဲကြည့်!
ကချင်မျိုးနွယ် တိုင်းရင်းသားညီအစ်ကိုတွေထဲကမှ KIA (KIO) က လက်နက်ကိုင်ပြီး တော်လှန်နေလေရဲ့
(အကြောင်းပြချက်ကတော့ ကချင်လူမျိုးကောင်းစားရေး လို့ကြားတာဘဲ)

ဒီနေရာမှာ
နိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းပြီး ပြည်သူ/သားတွေ အန္တရာယ်ကင်းစွာ နေထိုင်သွားလာနေနိုင်ဖို့အတွက် နိုင်ငံ့နယ်နိမိတ် နေရာမလပ် လုံခြုံရေးအတွက် ကင်းပတ်(စစ်ဆင်ရေးထွက်)ရတာ ဒီမိုကရေစီမှမဟုတ်ဘူး ဘီဒိုကရေစီလဲ မဖြစ်မနေလုပ်ကြရတာပါဘဲ။ (ဒီမိုကရေစီ မဟုတ်တဲ့နိုင်ငံများကို ဘီဒိုကရေစီလို့ ကျွန်ုပ်ဘာသာ သမုတ်လိုက်တာပါ)

ဇာတ်လမ်းက စလေပြီ .... 
တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ နှစ်ဖက် လက်နက်ကိုင်တပ်တို့ တွေ့ဆုံကြပြီပေါ့။
သူ့လည်း ကိုယ်မသိ ကိုယ့်လည်း သူမသိ၊ နှစ်ဖက်စလုံး သေချာသိတာက တစ်ယောက်ကို တစ်ယောက်
ရန်ငြိုး အာဃာတတွေလဲ မရှိကြပါဘဲ လက်နက်ကိုယ်စီနဲ့ သူသေကိုယ်သေ ပစ်ခတ်ကြရမယ်လေ .....

ဟော ............
သေကြလေပြီ .... ၊ပြက်ကြလေပြီ ..... ၊ဒါဏ်ရာတွေ ရကြလေပြီ .....
ဘယ်သူတွေဒုန်းဟဲ့ KIA(KIO)တပ်ဖွဲ့ဝင် "မြန်မာနိုင်ငံသား"
နောက်ထပ် ......
သေကြပြန်ပြီ .... ၊ပြတ်ကြပြန်ပြီ .... ၊ဒါဏ်ရာတွေ ရကြပြန်ပြီ .... ဒီတစ်ခါဘယ်သူတွေဒုန်းဟ
နိုင်ငံတော်ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင် "မြန်မာနိုင်ငံသား" 
 ကဲ! ကောင်းမှ ကောင်းကြသေးရဲ့လား ဒို့ညီအစ်ကိုမောင်နှမများ စဉ်းစားသာကြည့်ကြပါတော့ဗျာ .... !
ဘယ်ဖက်ကဘဲသေသေ အဲဒါ မြန်မာနိုင်ငံသားတွေ ... ကြည့်ဘဲဆိုတာ မစဉ်းစားမိကြလေရော့သလား ...

ဒါ့အပြင် ထပ်ကွန့်ပြီးစဉ်းစားကြည့်ပါအုံးစို့!
  • နှစ်ဖက် အဲလိုပစ်ခက်နိုင်ကြဖို့ လက်နက်ရောင်းပြီး တွက်ခြေကိုက်နေကြတဲ့ ခြံချင်ကပ်လျှက်က လူတွေ ....၊
  • ဘယ်သူသေသေကွာ ငါ့အမျိုးတွေမပါဘဲ မဟုတ်တာဟုတ်တာအပထား ကိုယ့်တစ်ကိုယ်ရည်ဝမ်းကားဖို့ဘဲကြည့်တဲ့  (မြန်မာလူမျိုး)နိုင်ငံခြားသား သတင်းသမားတွေ ... ၊
သူတို့တွေ စည်းအပြင်ကနေထိုင်ကြည့်ပြီး လက်ခုပ်လက်ဝါးတီးနေကြတာကိုနားယောင်
စည်းဝိုင်းအလည်ခေါင်မှာတော့ ဒို့နိုင်ငံသားအချင်းချင်းမှာ ဇာတ်တူသားတွေ စားပြနေကြရတာ သိပ်ရင်နာစရာ ....။


ညီအစ်ကိုမောင်နှမတို့ရေ ... ကျုပ်တို့တွေဟာ
တစ်မြေထဲနေ တစ်ရေထဲသောက်လို့
တစ်လှေထဲစီးပြီး တစ်ခရီးထဲနှင်လာကြတဲ့
တစ်အူတုန်ဆင်း မောင်နှမရင်းချာပမာတွေပါ ....
ကျုပ်အနေနဲ့တော့
အခုလို "ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်" ကြီးထဲမှာ မှီတင်းနေထိုင်နေကြတဲ့ တိုင်းရင်းသား ညီရင်းအကို မောင်နှမသားချင်းအပေါင်း ဟင်္သာကိုးသောင်း လိုအဖြစ်မျိုးဖြစ်မှာကို စိုးကြောက်မိနေသူတစ်ယောက်အဖြစ်နဲ့သာ .... ဒီစာလွှာကို စီကာသလိုက်မိပါတယ်ဗျာ .... :(



ချမ်းငြိမ်း

ရန်ကုန်တွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံနှစ်ရုံတည်ဆောက် ပြီးစီးပါက တစ်နိုင်ငံလုံး နွေရာသီတိုင်း မီးပေးနိုင်ဖွယ် ရှိဟုဆို


မန္တလေး၊ မေ ၂၁

ရန်ကုန်တိုင်း ဒေသကြီးအတွင်း တောင်ကိုရီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် တည်ဆောက်မည့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံနှင့် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်မည်ဖြစ်သော ကျောက်မီးသွေးဓာတ်အားပေး စက်ရုံနှစ်ရုံ ပြီးစီးပါက မြန်မာတစ်နိုင်ငံလုံး နွေရာသီရောက်တိုင်း၂၄နာရီ လျှပ်စစ်မီး ရရှိမည် ဖြစ်ကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနုဒုတိယ၀န်ကြီး ဦးအောင်သန်းဦးက ယနေ့ညနေတွင် ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အချိန်ကြာမြင့်စွာ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်မှုကြောင့် နှစ်ရက်ကြာ စီတန်း လှည့်လည် ဆန္ဒပြမှုများ ဖြစ်ပွားနေသော မန္တလေးမြို့တော်တွင် လျှပ်စစ်မီး ပြတ်တောက်မှုနှင့်ပတ်သက်ကာ မေလ ၂၁ ရက်(ယနေ့) တွင်တိုင်း ဒေသကြီးလျှပ်စစ်နှင့် စက်မှုရေးရာဝန်ကြီးနှင့် တိုင်း လျှပ်စစ် အင်ဂျင်နီယာ ဒေါ်အေးအေးမင်းတို့ အပါအ၀င်မန္တလေး မြို့ခံများတက်ရောက်သည့် သတင်းစာရှင်းလင်း ပွဲတွင်အထက် ပါအတိုင်း ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံမှာ လာမည့် သုံးနှစ်အတွင်းနှင့် ကျောက်မီးသွေးစက်ရုံမှာ နောက် ၁ နှစ်အကြာတွင် တည်ဆောက်မှု ပြီးစီးဖွယ်ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရ ဝန်ကြီး ဒေါက်တာမြင့်ကြူက ပြောကြားသည်။

မန္ဘလေးမြို့တော်တွင် လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် မြို့ခံအများအပြားမှာ မေလ ၂၁ (ယနေ့)တွင်ပါ ငြိမ်းချမ်းစွာ ဆက်လက်ဆန္ဒပြလျက်ရှိသည်။
မန္တလေးမြို့တော်တွင် မြို့ခံများ စတင်ဆန္ဒပြခဲ့သည့် မေလ ၂၀ ရက်နေ့တွင် ၇၈ လမ်းမှ ၂၆ လမ်းဆုံအထိ လျှပ်စစ်မီးများလင်းထိန်နေသည်ကို တွေ့ရပြီး မေလ ၂၁ ရက်(ယနေ့)တွင်မူ ၇၃ လမ်းမှ ၂၆x ၆၉ လမ်းအထိ လျှပ်စစ်မီးများ ပြတ်တောက်လျက် ရှိကြောင်း မြို့ခံများထံမှ သိရသည်။

မြန်မာနိုင်ငံသို့ တိုက်ရိုက်ပျံသန်းခွင့် ရရန် စောင့်နေသည့် နိုင်ငံတကာ လေကြောင်းလိုင်း ခြောက်ခုရှိနေ


Written by Pyi Myanmar| Tuesday, 22 May 2012 10:15 Photo

မြန်မာနိုင်ငံသို့ တိုက်ရိုက် ပျံသန်းခွင့် ရရန် စောင့်ဆိုင်းနေသော နိုင်ငံတကာ လေကြောင်းလိုင်း ခြောက်လိုင်းအထိ ရှိနေပြီး အားလုံးနီးပါးမှာ ယခုနှစ်ကုန်ပိုင်းမှသာလျှင် စတင် ပျံသန်း ပြေးဆွဲခြင်း ပြုလုပ်လာလိမ့်မည် ဖြစ်ကြောင်း ၁၅-၅-၂၀၁၂ ရက်က သိရသည်။

ဂျပန်၊ ကာတာ၊ ဟောင်ကောင်၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်နိုင်ငံများမှ လေကြောင်းလိုင်းများသည် မြန်မာနိုင်ငံသို့ တိုက်ရိုက် ပျံသန်းခွင့်ရရန် စောင့်ဆိုင်းနေကြပြီး အချို့မှာ အောက်တိုဘာလတွင် စတင်ပြေးဆွဲရန် အစီအစဉ်ရှိနေကြပြီ ဖြစ်ကြောင်း သိရသည်။

“နိုင်ငံတကာ လေကြောင်းလိုင်းတွေ ပြေးဆွဲချင်နေတာ အများကြီးပါပဲ။ သူတို့တွေအားလုံး ခရီးစဉ် အသေးစိတ် အချက်အလက်တွေ ညှိနှိုင်း စောင့်ဆိုင်းနေကြပါတယ်” ဟု ပို့ဆောင်ရေး ဝန်ကြီးဌာန၊ လေကြောင်း သယ်ယူပို့ဆောင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ ခြောက်လိုင်းတွင် All Nippon Airway နှင့် Qatar Airway တို့မှာ အောက်တိုဘာလတွင် ပျံသန်းခွင့်ရရန် ကြိုတင်စီစဉ်နေကြောင်း သိရပြီး အခြားသော လိုင်းများမှာလည်း အခြေအနေကို စောင့်ကြည့်၍ အဆို တင်သွင်းထားဆဲ ဖြစ်ကြောင်း သိရသည်။

လက်ရှိ အနေအထားအရ အဆိုပါ လေကြောင်းလိုင်း အားလုံးမှာ ယခုနှစ်ကုန်မှ သာလျှင် စတင် ပျံသန်းပြေးဆွဲနိုင်ဖွယ် ရှိနေပြီး လက်ရှိတွင် မြန်မာနိုင်ငံသို့ တိုက်ရိုက် ပျံသန်းနေသော လေကြောင်းလိုင်း ၁၃ လိုင်း ရှိနေသည်ဟုသိရကာ ထပ်မံလျှောက်ထားသော လိုင်းများမှာ Srilanka Airline၊ Bangladesh's Biman Airline၊ HongKong Express Airline၊ Pakistan International Airline၊ Japan All Nippon Airway နှင့် Qatar Airways တို့ဖြစ်ကြောင်း သိရသည်။

ဒုံးပျံ လွှတ်တင်မှု ပြုလုပ်ခဲ့ရာ နေရာကို မြောက်ကိုရီးယားတို့ ပြန်လည် လုပ်ဆောင်နေ


အမေရိကန်နှင့် မြောက်ကိုရီးယားတို့ အကြားတွင် တင်းမာမှု ပိုမို ဖြစ်စေမည့် အငြင်းပွားမှု တစ်ခု ထပ်မံ ဖြစ်လာရပြန်ပြီ ဖြစ်သည်။ အမေရိကန်ရှိ ကျွမ်းကျင်သူများ ပါဝင်သော အဖွဲ့တစ်ခုမှာ အင်္ဂါနေ့က ပြောရာ၌ ဂြိုဟ်တု ပုံရိပ်များ အရ မြောက်ကိုရီးယားတို့ အနေဖြင့် ယခင် မအောင်မြင်ခဲ့သည့် ဒုံးပျံ လွှတ်တင်ရာ နေရာတွင် ပိုမို ကြီးမားသည့် ဒုံးပျံများ လွှတ်တင်နိုင်ရေး အတွက် လုပ်ဆောင်မှု အသစ်များကို ပြုလုပ်နေသည့် လက္ခဏာ များကို တွေ့ရှိရကြောင်း ပြောကြားလိုက်ပြီ ဖြစ်သည်။

မြောက်ကိုရီးယား နိုင်ငံမှာ လွန်ခဲ့သည့် ဧပြီလက မအောင်မြင်သည့် ဒုံးပျံ လွှတ်တင်မှုနှင့် ပတ်သက်ပြီး နိုင်ငံတကာ အဖွဲ့အစည်းများမှ နျူးကလိယ စမ်းသပ်မှုများကို ရပ်တန့်ရန် ဖိအားပေးမှုများ ရှိနေသော်လည်း ၎င်းတို့၏ အစီအစဉ်ကို ရှေ့တိုး လုပ်ဆောင်ရန် အတွက် ခြိမ်းခြောက်သည့် လုပ်ဆောင်ချက်များကို ပြုလုပ်နေခြင်း ဖြစ်သည်ဟု AP သတင်းတွင် ဖော်ပြသည်။

အမေရိကန်နှင့် အခြားသော နိုင်ငံများမှာ မြောက်ကိုရီးယား၏ ဒုံးပျံ အစီအစဉ်တွင် နျူးကလိယ လက်နက်များကို သယ်ဆောင်နိုင်သည့် ဒုံးလက်နက်များ ပါဝင်နေမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။ မြောက်ကိုရီးယားတို့မှာလည်း အမေရိကန်မှ ၎င်းတို့ အပေါ်တွင် ဖိအားများ တိုးမြှင့်လာပါက ၎င်းတို့ အနေဖြင့် ရွေးချယ်စရာ လမ်းရှိမည် မဟုတ်ဘဲ မိမိကိုယ်ကို ကာကွယ်ရေး အတွက် တန်ပြန် စစ်ဆင်မှုကို ပြုလုပ်ရမည်သာ ဖြစ်သည်ဟု ကြွေးကျော်ခဲ့ကြောင်းလည်း အဆိုပါ သတင်းတွင် ဖော်ပြခဲ့သည်။

source : AP

နျူးကလိယ စမ်းသပ်ရန် အစီအစဉ် မရှိဟု မြောက်ကိုရီးယားပြော


အမေရိကန်တို့ အနေဖြင့် မြောက်ကိုရီးယား နိုင်ငံအပေါ် ဖိအားပေးမှုများနှင့် ပိတ်ဆို့မှုများ တိုးတက် လုပ်ဆောင်မှု ဆက်လက် ပြုလုပ်ခြင်း မရှိပါက မြောက်ကိုရီးယားတို့ အနေဖြင့် နျူးကလိယ စမ်းသပ်မှုများကို ဆက်လက် လုပ်ဆောင်လိမ့်မည် မဟုတ်ဟု ပြောကြားလိုက်ပြီ ဖြစ်သည်။ မြောက်ကိုရီးယား အစိုးရပိုင် သတင်းဌာန ဖြစ်သည့် Korean Central News Agency မှ  နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ၏ အပြောကို ကိုးကားပြီး အင်္ဂါနေ့က ထုတ်ဖော် ပြောကြားလိုက်သည်။ 

အဆိုပါ ပြောရေးဆိုခွင့် ရှိသူ အပြောအရ မြောက်ကိုရီးယား အနေဖြင့် စစ်ရေးအရ လုပ်ဆောင်ချက်များ ဖြစ်သည့် နှုကလိယ စမ်းသပ်မှုများကို ဂြိုဟ်တု လွှတ်တင်နေစဉ် အချိန်အတွင်း ပြုလုပ်ရန် မည်သည့်အခါမျှ စဉ်းစားခဲ့ခြင်း မရှိကြောင်း ပြောကြား သွားခဲ့သည်။  အမေရိကန် ပြည်ထောင်စု အပေါ်  မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် နျူးကလိယ စမ်းသပ်နေသည် ဆိုသော သတင်းများကို ဖြန့်ချိပြီး ကတုံးကတိုက် ဖြစ်စေရန် ကြိုးစားနေသူများ ဖြစ်သည်ဟုလည်း အဆိုပါ ပြောရေးဆိုခွင့် ရှိသူမှ ဝေဖန် ပြောကြား သွားခဲ့သည်။

source : NHK News

Tuesday, May 22, 2012

ရန်ကုန်လေဆိပ်တွင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ စတင်ရုပ်သိမ်း

ရန်ကုန်၊ မေ-၁၆

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်တာဝန်ထမ်းဆောင်နေသော စစ်ဘက်ဆိုင်ရာလုံခြုံရေး အဖွဲ့(စရဖ)အား မေ ၁၆ ရက်မှစ၍ ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

“သမ္မတအမိန့်နဲ့ မထားတော့တာပါ။ ဒုရဲမှူးကြီးခေါင်းဆောင်တဲ့ အင်အား ၇၀ လောက်ရှိတဲ့ဒုစရိုက်နှိမ်နင်းရေး အဖွဲ့နဲ့ အစားထိုးလဲလှယ်လိုက်တာပါ” ဟု ရန်ကုန်လေဆိပ်တွင် တာဝန်ထမ်းဆောင်သော အမည်မဖော်လိုသူအရာရှိကြီးတစ်ဦးက ပြောသည်။

အဆိုပါ ဒုရဲမှူးကြီးတစ်ဦး ခေါင်းဆောင်သောအဖွဲ့အား ရန်ကုန်လေဆိပ်နှင့်နေပြည်တော်၊
မန္တလေးမြို့များတွင်ပါပြောင်းလဲတာဝန်ချထားလိုက်ကြောင်း သတင်းရရှိသည်။

“နိုင်ငံတကာ လေဆိပ်တွေမှာ စစ်တပ်မရှိရဘူးဆိုတဲ့ အချက်ရှိတဲ့အတွက် ဒါကို ပြင်ပေးလိုက်တာဖြစ်တယ်” ဟု ပြည်ပအခြေစိုက်လေကြောင်းလိုင်းတစ်ခုတွင် တာဝန်ထမ်းဆောင်နေသူတစ်ဦးကပြောသည်။

သို့သော် လေဆိပ်တွင် ထောက်လှမ်းရေးအဖွဲ့အစည်းများဖြစ်သော အထူးသတင်းတပ်ဖွဲ့ SB နှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စစစ)များကိုမူ ဆက်လက်ထားရှိကြောင်း သတင်းရရှိသည်။ “အဓိက စာအုပ်ရယ် စာရွက်စာတမ်းတွေကို မယူလာရဲကြဘူး။ အရက်ပုလင်းတို့ ဆေးဝါးတို့လည်း စစ်ဆေး
တယ်”ဟု ပြည်ပနိုင်ငံများသို့ မကြာခဏ သွားရောက်လေ့ရှိသူ NGO မှ ၀န်ထမ်းတစ်ဦးကပြောသည်။ စရဖအဖွဲ့များသည် လေဆိပ်တစ်ခုလုံး၏ လုံခြုံရေးတာဝန်ကိုယူထားသော သြဇာရှိသောအဖွဲ့အစည်းဖြစ်သည်။ ရန်ကုန်လေဆိပ်တွင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ကို ထောက်လှမ်းရေး အဖွဲ့အပြောင်းအလဲလုပ်ပြီး ၂၀၀၄နှစ်ကုန်တွင် စတင်ထားရှိခဲ့ခြင်းဖြစ်သည်။

ဘာမှ နားလည်မှုကို မရှိကြဘူး ငါပဲမှားတာ... ငါ့အမှား...


(နျူး)လျှပ်စစ်ထုတ်ဖို့ ဓါတ်ပေါင်းဖို ဆောက်မယ် လုပ်တော့ ကန့်ကွက်လိုက်ကြ၊ ကျောက်မီးသွေး လျှပ်စစ် ဓါတ်အားထုတ် စက်ရုံ တည်မယ်ဆိုတော့လည်း ကန့်ကွက်လိုက်ကြ၊ မြစ်ဆုံလျှပ်စစ် ရေကာတာ ဆောက်မယ်ဆိုတော့လဲ ဘာမသိ ညာမသိနဲ့ သူများ ကန့်ကွက်တာနဲ့ လိုက်ကန့်ကွက်လိုက်ကြနဲ့... မနည်း ခြစ်ကုတ်ပြီး ပေးနေရတဲ့ ရှိတဲ့ လျှပ်စစ် ဓါတ်အား လိုင်းလေးကြတော့လဲ... KIA ကဖျက်စီးလိုက်နဲ့ ကြားထဲက မီးမရပြန်တော့လဲ... မီးရရေး အော်ကြပြန်ကော... ငါ့ဘက်ကမှားတာပါ... တလောကလုံးက အမှန်ပဲ... ငါပဲမှားတာ... ငါ့အမှား... မြန်မာလူမျိုးထဲက မြန်မာတစ်ယောက် ဖြစ်တဲ့ ငါ့အမှား... :(

မီးရရေးတောင်းဆို ဆန္ဒပြခြင်းများကို နိုင်ငံရေး ဆူပူမှု ဖြစ်အောင် ဆွဲယူ လှုံဆော်လာကြ



မီးရရေးနဲ့ မဆိုင်တာတွေ ၀င်နှမ်းဖြူးပြီး နိုင်ငံရေး ဆူပူမှု ဖြစ်အောင် လုပ်နေကြပြန်ပီ... အေးချမ်းလာလို့ စီးပွားရေး ရင်းနှီးမြုပ်နှံမှုတွေ လာနေတာ မှ မကြာသေးဘူး... ဒီလိုလူတွေနဲ့ တိုးတက်ဦးမယ်... အင်းလေ ဒါကြောင့်မို့လည်း မြန်မာပြည် ဒီအချိန် ဒီလို မတိုးတက်ပဲ နေနေကြရတာ မဆန်းပါဘူး... လျှပ်စစ်ထုတ်ဖို့ (နျူး) ဓါတ်ပေါင်းဖို ဆောက်မယ် လုပ်တော့ ကန့်ကွက်လိုက်ကြ၊ ကျောက်မီးသွေးလျှပ်စစ် ဓါတ်အားထုတ် စက်ရုံတည်မယ်ဆိုတော့လည်း ကန့်ကွက်လိုက်ကြ၊ မြစ်ဆုံလျှပ်စစ်ရေကာတာ ဆောက်မယ်ဆိုတော့လဲ ဘာမသိ ညာမသိနဲ့ သူများ ကန့်ကွက်တာနဲ့ လိုက်ကန့်ကွက်လိုက်ကြနဲ့... ရှိတဲ့  ခြစ်ချုပ်ပေးနေရတဲ့  လျှပ်စစ် ဓါတ်အား လိုင်းလေးကြတော့လဲ... KIA ကဖျက်စီးလိုက်နဲ့ ကြားထဲက မီးမရပြန်တော့လဲ... မီးရရေး အော်ကြပြန်ကော... ကြားထဲက နိုင်ငံရေး အမြတ်ထုတ်တဲ့ သူတွေက ၀င်နှမ်းဖြူး ကောင်းရော.. ဘယ်အစိုးရတက်တက် ဒုန်းရင်းက ဒုန်းရင်းပဲ ဖြစ်မှာပဲ... ထင်ပါတယ်... ဒေါ်စုကို အာဏာမပေးပဲ စီးပွားရေး ပြန်ဖွင့်အောင် လက်ရှိ အစိုးရက ကြိုးစားနေတာကို... စီးပွားရေး မဖွင့်ဖို့ နိုင်ငံတကာကို တားလို့ရရင်ရ မရရင် အခုတော့ ဖြစ်ပြီမလား... :(

ဆဒုံးမြို့တွင် KIA မှ အမျိုးသားနှင့် အမျိုးသမီးများအား အဓမ္မလူသစ်စု

ဆဒုံးမေ၂၂ ရက်
     ဆဒုံးမြို့ ရပ်ကွက် (၁) သို့ ၂၀ ရက်နေ့ ည ၈နာရီခွဲလောက်က KIA လုံးထန်စခန်းမှ နော်ခမ်းနဲ့ ၁၀ဦးလောက်ရောက်လာပြီး ယောကျာင်္းလေး ၈ ဦးနဲ့ မိန်းကလေး ၂ ဦးကို အတင်း ဖမ်းဆီးပြီး တပ်သားသစ် အဖြစ်ခေါ်ဆောင် သွားခဲ့ပါတယ်။ ဖမ်းဆီးသွားတဲ့သူများကို လက်ပြန်ကြိုး တုတ်ပြီး   ခေါ်ဆောင်  သွားတာဖြစ်ပါတယ်။ ဖမ်းဆီးသွားတဲ့အထဲက မိန်းကလေး ၂ဦးမှာ မရွယ်ဂျာ ၂၁ နှစ်နဲ့ မလဂွေရွယ် ၁၉ နှစ် ဖြစ်ပါတယ်။ ဖမ်းဆီးသွားတဲ့သူတွေကို ၉နာရီခွဲလောက်မှာ လုတောင်တောင်ဘက်ကနေ သူတို့စခန်း လုံထန်စခန်းသို့ ခေါ်ဆောင်သွားခဲ့ပါတယ်။ 

ခေါ်ဆောင်သွားတဲ့ အထဲမှာ ယောကျာင်္းလေးတွေ က၁၅ နှစ်နဲ့ ၃၀ ကြားတွေ   ဖြစ်ပါတယ်။ ယောကျာင်္းလေးတွေကိုတော့ တပ်သားအဖြစ် သင်တန်းပို့လိမ့်မှာ ဖြစ်နိုင်ပါတယ်။ မိန်းကလေး တွေကတော့ တပ်သားသစ် လုပ်ခိုင်းမယ်လို့တော့ မထင်ပါဘူး။ KIA ရဲ့လုပ်ရပ်ကတော့ တော်တော်လေး ဆိုးဆိုးဝါးဝါး ဖြစ်နေပါပြီး လုပ်ရပ်တွေ အားလုံးတွေက အကြမ်းဖက်လုပ်ငန်းတွေဘဲ   ဖြစ်နေပါတယ်လို့ ဆဒုံးမြို့က မြို့ခံတွေက ပြောနေကြပါတယ်။
(http://kachindailynews.blogspot.com)

ဒဂုံမြောက်မြို့နယ်တွင် တန်ဖိုး နည်းအိမ်ရာ တည်ဆောက်မည်


 ဒဂုံမြောက်မြို့နယ်တွင် တန်ဖိုး နည်းအိမ်ရာများ တည်ဆောက်မည့် စီမံကိန်းကို မြို့တ်ာစည်ပင်က ပထမဆုံး အကြိမ် စတင်အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရန်ကုန်မြို့ တော်စည်ပင် သာယာရေး ကော်မတီ အတွင်းရေးမှူး  ဦးကျော်စိုး ကထုတ်ဖော် ပြောကြား သည်။

အဆိုပါတန်ဖိုးနည်း  အိမ်ရာများကို အမှတ်၄၄ရပ်ကွက်၌ ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီ ပိုင်မြေကွက်တွင် ဆောက်လုပ် သွားမည်ဖြစ်ကာ မြေဧကပေါင်း၉ ဒဿမ၂၅ဧက အကျယ်အဝန်းရှိ ပြီး ယင်းစီမံကိန်းကို  မကြာမီ အကောင် အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း  သိရသည်။

''လတ်တလောအဲဒီ မြို့နယ်မှာ မြေကွက်ရဖို့ဆောင်ရွက် နေပါ တယ်။ မြေကွက်ရတာနဲ့ တန်ဖိုးနည်း အိမ်ရာ ဆောက်လုပ်သွားမှာပါ။ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက် သွားမှာဖြစ်ပါတယ်'' ဟု ဦးကျော်စိုး ကပြောသည်။ ယင်း တန်ဖိုး နည်း အိမ်ရာ တည်ဆောက်မည့်  စီမံကိန်းတွင် အခန်းပေါင်း  ၆၄၈ခန်း  ပါဝင် သည့်အဆောက်အဦး ၂၇ လုံး၊ စတုရန်းပေ  တစ်ထောင်ရှိသည့် အိပ်ခန်း၃ခန်း ပါဝင်မည့်အခန်း ရခန်း နှင့်စတုရန်း ပေ၅၃ဝရှိသည့် အခန်း ပါအဆောက် အဦး အလုံး ၂ဝခန့် ပါဝင် တည်ဆောက်သွား  မည်ဖြစ် ကြောင်း သိရသည်။

''နောက်ပိုင်းမြေကွက်တွေ ပေါ်လာရင်လည်း တန်ဖိုး နည်းအိမ် ရာတွေတိုးချဲ့ပြီးတော့ ဖော်ဆောင် ပေးသွားဖို့  အစီအစဉ် ရှိပါတယ်။'' ဟု ယင်းက ထပ်မံပြောသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီမှ အဆင့်မြှင့်တင်ရေး ဦးစီးကော်မတီ   ဖွဲ့စည်းကာလစဉ် အစည်းအဝေးများ ပြုလုပ်၍ ရန်ကုန် မြို့တွင်း အဆင့်မြှင့်တင်ရေး လုပ်ငန်း များ ဆောင်ရွက်လျှက် ရှိကြောင်း  သိ ရသည်။

ရေးသားသူ - ဖူးပွင့်သော်-ရန်ကုန်တိုင်းမ်

သင်ဇာဝင့်ကျော်ပုံ ရိုက်နှိပ်ထားသည့် ဆင်ဆာမဲ့ သင်္ကြန်ခွေများအား စတင်ဖမ်းဆီးပြီ


ရန်ကုန်မြို့ လူစည်ကားရာနေရာများတွင် ရောင်းချနေသည့် သင်ဇာဝင့်ကျော်၏ သင်္ကြန်တွင်းပုံများ ရိုက်နှိပ်ထားသည့် ဆင်ဆာမဲ့ သင်္ကြန်ခွေများအား စတင် ဖမ်းဆီး နေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက၉-၅-၂၀၁၂ ရက်တွင် ပြောကြားသည်။ ''ဒီခွေတွေကို ဖမ်းဆီးဖို့အတွက် သက်ဆိုင်ရာရဲတွေကို မေတ္တာရပ်ခံထားပြီးလို့ ဖမ်းဆီးနေပါပြီ။ ဒီခွေက သင်္ကြန်ခွေလို့ပြောပေမယ့် အထဲမှာ ညစ်ညမ်းတာတွေပါ ထည့်ထားတယ်။ တော်တော်ကို ဆိုးရွားပါတယ်။ ဒီခွေတွေ ဖမ်းဆီးပြီးသွားရင် ဗီဒီယိုအက်ဥပဒေနဲ့ရော ပုံနှိပ်ဥပဒေနဲ့ပါ ထိထိရောက်ရောက် အရေးယူသွားမှာပါ'' ဟု ၎င်းကပြောကြားသည်။ 

 ထိုသင်္ကြန်ခွေဟု ရောင်းချနေသော အခွေများမှာ လူစည်ကားရာ နေရာများဖြစ်သည့် ရန်ကုန်မြို့ ပန်းဆိုးတန်း၊ လှည်းတန်း၊ မြေနီကုန်း၊ မြို့တော်ခန်းမဘေး မှတ်တိုင်များနှင့် ဦးဝိစာရလမ်း မီးပွိုင့်၊ ရွှေဂုံတိုင်မီးပွိုင့် အစရှိသည့် မီးပွိုင့် လမ်းလေးခွ ဆုံများတွင်လည်း ပေါ်ပေါ်ထင်ထင် ရောင်းချ လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဗီဒီယိုအဖွဲ့ ထိုသင်္ကြန်ခွေများအပြင် ခိုးကူးခွေများကို ဧပြီလကုန်ပိုင်းမှစတင်၍ ဆက်တိုက်လိုက်လံ ဖမ်းဆီး လျက်ရှိကြောင်း သိရသည်။

ထိုသင်္ကြန်ခွေများ ထွက်ပေါ်လာခြင်းနှင့် ပတ်သက်၍ ခေတ်လူငယ် မိန်းကလေးတစ်ဦးက သင်္ကြန်မှာ သင်ဇာဝင့်ကျော်က အရမ်းhotသွားတော့ စီးပွားရေးသမားတွေက လုပ်စားကြတဲ့ သဘောလို့ ထင်တယ်။ ကာဗာမှာ သင်ဇာဝင့်ကျော်ပုံ တင်ထားပြီး အထဲမှာ ညစ်ညမ်းတွေပါတော့ မသိတဲ့လူကတော့ ဝယ်သွားမယ်။ ပြီးရင် ထပ်ဝယ်တော့မှာ မဟုတ်ဘူး။ ဒါပေမယ့် သင်ဇာဝင့်ကျော်ဆိုတော့ စိတ်ဝင်စားကြပြီး တစ်ယောက်တစ်ခွေနှုန်းနဲ့ ဝယ်ကြတော့ ဘာပဲဖြစ်ဖြစ် စီးပွားရေးသမားတွေကတော့ အဆင်ပြေ သွားတာပေါ့ ဟု၎င်း၏ အမြင်ကို ပြောကြားသည်။

အော်ဟစ်ဆဲခဲ့သဖြင့် ထောင်ဒဏ်ချခံရတဲ့ ဦးအေးလွင်


 အော်ဟစ်ဆဲခဲ့မှုနှင့်ထောင်ဒဏ်ချခံရတဲ့ဦးအေးလွင်
ရန်ကုန် ၊ မေ ၂၂

၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့် ပထမဆုံး လျှောက်ထားခဲ့သော ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ် ပါတီ ဥက္ကဌ ဦးအေးလွင်ကို လှည်းကူးတရားရုံးမှ ထောင်ဒဏ် နှစ် လ ချမှတ်လိုက်ကြောင်း ယင်းပါတီ၏ ညီနောင်ပါတီဖြစ်သည့် ၈၈မျိုးဆက်ကျောင်းသားလူငယ်များပါတီ(ပြည်ထောင်စု မြန်မာနိုင်ငံ)မှ အထွေထွေ အတွင်းရေးမှူး ဦးလေးလွင်က The Voice Weekly သို့ အတည်ပြုပြောကြားသည်။

“ တာဝန် ၀တ္တရား နှောက်ယှက်မှု ပုဒ်မ ၄၁၆ နဲ့ ဒီနေ့ အမိန့်ချလိုက်တာပါ” ဟု ယနေ့ ညနေပိုင်း ၄ နာရီ ခန့်တွင် ပြောကြားသည်။

၂၀၁၁ ခုနှစ် ဇူလှိုင်လ ၂၆ ရက်နေ့တွင် နေပြည်တော် -ရန်ကုန် အမြန်လမ်းမကြီးပေါ်ရှိ လှည်းကူးတန်ပိုဂိတ်မှ တာဝန်ရှိ ၀န်ထမ်းများနှင့် အချေတင် စကားများရာမှ ဦးအေးလွင်က အော်ဟစ် ဆဲခဲ့သည်ကို တရားစွဲဆို ခဲ့ခြင်းဖြစ်ပြီး ယနေ့ အမိန့်ချ လိုက်ခြင်းဖြစ်သည်။

The Voice Weekly

တိုယိုတာကား အစိတ်အပိုင်းစက်ရုံ မြန်မာနိုင်ငံတွင် တည်ဆောက်ရန် စဉ်းစားပြီ



ကမ္ဘာ့ထိပ်တန်းကား ကုမ္ပဏီ ကြီးဖြစ်သော တိုယိုတာကား ကုမ္ပဏီ၏ ကားအစိတ်အပိုင်းများ ထုတ်လုပ်သည့် တိုယိုတာ  ဘိုရှိုကူ   မြန်မာနိုင်ငံတွင် တိုယိုတာ ကားအစိတ်အပိုင်းများ ထုတ်လုပ်ရန် မျက်စေ့ကျနေကြောင်း just-auto မော်တော်ကား ဆိုင်ရာ အွန်လိုင်း သတင်း ဝက်(ဘ်)ဆိုဒ်တွင် မေ ၂၂ ရက်ကဖော်ပြထားသည်။

တိုယိုတာ  ဘိုရှိုကူ (Toyota Boshoku) ၏ ကုမ္ပဏီဥက္ကဌ ရှုဟေး တိုယိုဒါ  (Shuhei Toyoda) က  သူ့အနေဖြင့် မြန်မာနိုင်ငံတွင် ကားအစိတ်အပိုင်း စက်ရုံထုတ်လုပ်ရန်စဉ်းစာနေကြောင်း တိုကျိုတွင် သတင်းထောက်များအား ထုတ်ဖော် ပြောကြား ခဲ့ခြင်းဖြစ် သည်။ အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံသည် ဒီမိုကရေစီထူထောင်ရေးတွင် လျှင်မြန်စွာတိုးတက်ပြောင်းလဲ မှု ရှိနေသဖြင့် ကားဈေးကွက် အတွက် အနာဂတ် အလားလာ ကောင်းအနေဖြင့် စွဲဆောင် နေကြောင်း အဆိုပါ သတင်း တွင်  ရေးသားထားသည်။

တိုယိုတာ ဘိုရှိုကူသည် ကားထိုင်ခုံများ၊ အမိုးလိုင်နာများ စသည့် ကားအတွင်း အစိတ်အပိုင်းများ ထုတ်လုပ်သည့် ကုမ္ပဏီ ဖြစ်သည်။ ဥက္ကဌ မစ္စတာ တိုယိုဒါက ၂၀၂၀ နောက်ဆုံးထား၍ တိုယိုတာသည် ယင်းထုတ်လုပ်သည့်ကား၏  ၆၀ ရာခိုင်နှုန်း အား ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် တပ်ဆင်ထုတ်လုပ်ရန် ရည်ရွယ်ကြောင်းပြောဆိုခဲ့သည်။ ယင်းက ဆက်လက်၍  တိုယိုတာ ကားတွေဟာ မြန်မာကား မောင်းသူတွေရဲ့ စိတ်ကြိုက် ဖြစ်ပါတယ်၊ ပြီးတော့ တိုယိုတာ ဘိုရှိုကူ ရဲ့ ဖောက် သည် အကြီးကြီး တစ်ခုလည်း ဖြစ်ပါတယ် ဒါကြောင့် အဲဒီကိုသွား ကိုသွားရမယ် ၊ မြန်မာနိုင်ငံကို ဝင်ရောက်ဖို့  စဉ်းစားနေတုန်းမှာ နိုင်ငံရေး နှင့် လုံခြုံရေးလို နယ်ပယ်ဖြစ်ပေါ်   တိုးတက်မှုတွေကို ကျွန်တော်တို့    စောင့်ကြည်နေမှာ ဖြစ်ပါ တယ် ဟု ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ရှိသော ကားအစီးရေ စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းသည် တိုယိုတာကားများဖြစ်ပြီး ပြောင်းလဲဖော်ဆောင်လျက်ရှိသော မော်တော်ကား မူဝါဒများနှင့် စီးပွားရေုးပြုပြင် ပြောင်းလဲမှုများ အရ ဂျပန်နိုင်ငံမှ နာမည်ကြီး ကား ကုမ္ပဏီများ  သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံရန် မျက်စေ့ကျလျက် ရှိကြောင်း သိရသည်။

ရေးသားသူ - ကျော်ဇေယျ-ရန်ကုန်တိုင်းမ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အာဆီယံနိုင်ငံ ရဲချုပ်များနှင့် ဆွေးနွေးဘက် နိုင်ငံများ၏ ရဲအဖွဲ့ အကြီးအကဲများအဖွဲ့အား လက်ခံတွေ့ဆုံ



နေပြည်တော်  မေ  ၂၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ယနေ့ မွန်းလွဲ (၂) နာရီတွင် နေပြည်တော်၌ ကျင်းပနေသည့် (၃၂) ကြိမ်မြောက် အာဆီယံ ရဲအဖွဲ့ ရဲချုပ်များ အစည်းအဝေးသို့ တက်ရောက်လာသော အာဆီယံနိုင်ငံ ရဲချုပ်များနှင့် ဆွေးနွေးဘက် နိုင်ငံများ၏ ရဲအဖွဲ့ အကြီးအကဲများ၊ Interpol ရဲအဖွဲ့ အတွင်းရေးမှူးရုံးမှ ကိုယ်စားလှယ် အဖွဲ့များက လာရောက် ဂါရဝပြုတွေ့ဆုံရာ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့ လက်ခံတွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲချုပ်ကျော်ကျော် ထွန်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ သံတမန်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ကြပြီး အာဆီယံနိုင်ငံ ရဲချုပ်များနှင့် ဆွေးနွေးဘက် နိုင်ငံများ၏ ရဲအဖွဲ့ အကြီးအကဲများ အဖွဲ့တို့ တက်ရောက်ကြသည်။

(သတင်းစဉ်)

အလိုလိုက်ခံချင်လား အရိုက်ခံချင်လား ?


ကျုပ်တို့ ငယ်စဉ်ခါ ကလေးဘ၀ပေါ့ ကျုပ်တို့မိဘများဟာ သူတို့သားသမီးလေးများဖြစ်ကြတဲ့ ကျုပ်တို့တွေ လိမ္မာအောင် ချော့ခါတစ်မျိုး ချောက်ခါတစ်ဖုံ ငေါက်ခါ တစ်လီ၊ ရိုက်သင့်လျှင် ရိုက်တဲ့နည်းကို အသုံးပြုကာ ထိန်းကြောင်းခဲ့လေတယ်။
ဒါဟာလည်း မိဘများရဲ့ သားသမီးများအပေါ် ထိန်းကျောင်းရမဲ့ မသုံးမဖြစ်တဲ့ နယာမလို့ဘဲ လူ့ဘောင် အသိုင်းအ၀ိုင်းက သတ်မှတ်ထားသလို ဖြစ်နေတာကိုး။
ကျုပ်တို့ ငယ်စဉ်ခါက အရုပ်ဆိုင်ရှေ့ဖြတ်လျှင် လိုချင်တဲ့အရုပ်လေးရနိုင်ဖို့ ငိုယိုပြီး ပူဆာလေတော့ မိဘများက တတ်နိုင်သည့်အခါ တစ်ခါတည်း ၀ယ်ပေး၊ မတတ်နိုင်သေးရင်လည်း အရင်ဆုံး ချော့မော့ပြီး နှစ်သိမ့်၊ အဲဒါကိုမှ ယောင့်တတ်လာရင် ........ ??? ။

ကျုပ်တို့ ငယ်ငယ်တုန်းက အိမ်မှာ ဧည့်သည်တွေ စည်ကားနေပြီဟေ့ဆိုရင် လိုချင်တာတစ်ခုခုကို ဧည့်သည်တွေရှိနေဒုန်း
မိဘတွေကို ပူစာကြဖူးတယ်၊ မိဘများကလည်း ဖြစ်နိုင်တာဆိုရင်တော့ စကားဝိုင်းမပျက်သွားအောင်ရယ် ဧည့်သည်ကို
အားနာတာလည်းပါတာကြောင့် အလိုလိုပ်ပီး လိုချင်တာကို လုပ်ပေးကြတယ်။ အဲဒါနဲ့ ကျွန်ုပ်တို့လည်း နောက်ဆို အဲဒီနည်းကို အကြိုက်တွေ့ပြီး နောင်အခါတွေမှာလည်း ဧည့်သည်တွေရှေ့ဆို ပူဆာကြတော့တာပေါ့။
အဆင်ပြေရင်တော့ မိဘတွေက အလိုလိုက်ကြသေးတယ်၊ အဲလိုမှမဟုတ်ဘဲ အလိုလိုက်သလောက် ယောင့်တတ်လာခဲ့ရင်
ဧည့်သည်များရှိနေသေးရင် ချော့မယ်၊ မရသေးဘူးလား မျက်ရိပ်မျက်ခြေပြပြီး ချောက်မယ်၊ အဲလိုမှ မဟုတ်သေးဘူးလား ..... ??? ။

ကလေးဆိုပေမဲ့လည်း ဆိုးတဲ့ကလေးရှိသလို လိမ္မာတဲ့ကလေးလည်းရှိတာဘဲ၊ ကလေးတို့သဘာဝအရ ရမှန်းသိရင်
ယောင့်တတ်လာမှာဘဲ။ ဒီနေရာမှာ မိဘတွေဖက်က ပြန်စဉ်းစားကြည့်၊ သူတို့ကလေးတွေဘ၀ရှေ့ရေးကို ထိန်းကျောင်းဖို့အတွက် အထက်က နိယာမသဘောနဲ့ စပြီး ဆင်ခြင်ရတော့မှာဘဲ။
ရာနှုန်းပြည့် အလိုလိုက်တဲ့ မိဘဆိုရင်တော့ သေချာတယ် ထိန်းကျောင်းမှု့ညံ့ဖျင်းသော မိဘများသာ ဖြစ်မှာဘဲ။
ချော့တန်တာ ချော့၊ ခြောက်တန်တာ ခြောက်၊ ငေါက်တန်ရင် ငေါက်၊ ရိုက်သင့်ပြီးဆိုလည်း ရိုက်။ အဲဒါမှ မိဘ။
အဲလိုမိဘကနေ မွေးထုတ်လိုက်တဲ့ကလေးကသာလျှင် လူပတ်ဝန်းကျင်မှာ သဟဇာတဖြစ်အောင် နေတတ်တယ်၊
ပတ်ဝန်းကျင်အတွက်လည်း အကျိုးဖြစ်အောင် လုပ်ပေးနိုင်တယ်။

အဓီက ပြောချင်တာကကျုပ်တို့ ပြည်သူတွေက ဒီနေရာမှာ ကလေးနေရာကဦးဆောင်အုပ်ချုပ် နေသူတွေက မိဘနေရာကပေါ့
ခုချိန်မှာ ကျုပ်တို့က နေရာကသာ ကလေးတွေဖြစ်ပေမဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းကတော့ ကလေးမဟုတ်ကြတော့ဘူး၊ အဲဒါကြောင့်လည်း ဘာတဲ့ဆို မိဘကို အတင်းနားပူနားဆာလုပ်ပီး ပူဆာနေလို့ မဖြစ်သေးဘူး၊ မိဘအပေါ်ကို နားလည်ပေးနိုင်ရမယ်၊ မိဘရဲ့ အခက်အခဲကိုလည်း ကိုယ်ချင်းစာပေးရမယ်။

 အဲလိုဘဲ ဦးဆောင်အုပ်ချုပ်သူတွေကလည်း မိဘနေရာကပေမဲ့ ရာနှုန်းပြည့်အလိုလိုက်တဲ့ မိဘမျိုး လုံးဝ မဟုတ်တော့ဘူး။ သားသမီးရဲ့ ဆန္ဒကို အရင်ကထက် ပိုပီးအလေးထား စဉ်းစားပေးလာမယ်၊ အလိုလိုက်သင့် လိုက်မယ်၊ အကျိုးကြောင်း ရှင်းပြပီး ချော့သင့် ချော့မယ်၊ ငေါက်သင့် ငေါက်မယ်၊ ရိုက်သင့်ရိုက်မယ်။

ကျုပ်တို့အခု ပူဆာနေတာတွေက -
  • အလိုလိုက်ဖို့ ဖြစ်နိုင်လောက်တဲ့ တောင်းဆိုမှု့မျိုးလား၊
  • ချော့ခံရလောက်တဲ့ တောင်းဆိုမှု့မျိုးလား၊
  • ခြောက်ခံရလောက်တဲ့ တောင်းဆိုမှု့မျိုးလား၊
  • ငေါက်ခံရလောက်တဲ့ တောင်းဆိုမှု့မျိုးလား၊
  • အရိုက်ခံရလောက်တဲ့ တောင်းဆိုမှု့မျိုးလား ..... 
နည်းနည်းပါးပါး စဉ်းစား ချင့်ချိန်ကြဖို့ လိုအပ်လာပြီလို့ ပြောချင်တာပါ၊ မိဘကို သိပ် အကြပ်အတည်းထဲ တွန်းမပို့ကြပါနဲ့၊ ဘယ်မိဘမဆို ကိုယ့်မိသားစု ကောင်းမယ်ထင်တာကို လုပ်ခဲ့ကြ (လုပ်နေကြ) တာကြည့်ပါဘဲ။
တစ်ခါတစ်လေမှာလေ သားသမီးက မိဘကို နားလည်ပေးဖို့ သိပ်လိုအပ်တယ်။

စာကတော့ ရှည်သွားတယ်၊ ပြောချင်တဲ့အကြောင်းရာကတော့ တစ်ခုထဲပါ၊
ကျုပ်တို့တွေ ကလေးတွေမှ မဟုတ်တော့ဘဲ စဉ်းစားချင့်ချိန်ပီးမှသာ ပူဆာကြရအောင်လား ... ။
အရိုက်ခံရလောက်မဲ့ ပူဆာမှု့မျိုး မဖြစ်လာစေဖို့ဘဲ မျှော်လင့်ပါတယ်။ မိဘတွေဖက်ကလည်း ရိုက်တဲ့နည်းကိုတော့ မသုံးလောက်တော့ဘူးလို့ဘဲ မျှော်လင့်ပါတယ်။

ချမ်းငြိမ်း

လူ့အခွင့်အရေးအရ နစ်နာဆုံးရှုံးမှုများ ရှိခဲ့ပါက မည်သည့်အချိန်က ဖြစ်ရပ်မဆို လူ့အခွင့်အရေး စိစစ်ရေးကော်မတီသို့ တိုင်ကြားနိုင်


မည်သည့်အချိန်က ဖြစ်ပျက်ခဲ့သည်၊ မည်သည့်အကြောင်းအရာနှင့် ပတ်သက်သော လူ့အခွင့်အရေးအရ နစ်နာဆုံးရှုံးမှုများကို မဆို ခိုင်လုံသော အထောက်အထားဖြင့် လာရောက် တိုင်ကြားနိုင်ကြောင်း နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောသည်။ “ကျွန်တော်ပြောတာက ၂၀၀၇ ကိစ္စမှ မဟုတ်ပါဘူး။ ၈၈ တုန်းကပဲဖြစ်ဖြစ်၊ အခုချိန်မှာပဲဖြစ်ဖြစ် သမိုင်းတစ်ခုမှာ နစ်နာခဲ့တာရှိရင် ကျွန်တော်တို့ ကော်မတီကို တိုင်ကြားနိုင်ပါတယ်။ ကျွန်တော်တို့ကို လွှတ်တော်က ကော်မတီအဖြစ် ဖွဲ့စည်းပေးထားတာ ဒီအတိုင်း ထိုင်နေဖို့ မဟုတ်ပါဘူး။ ဒီလိုကိစ္စတွေကို စိစစ်ပေးဖို့ပါ။ ဘာမှမလုပ်ရင် ကျွန်တော်တို့ ကော်မတီကို ထားစရာ မလိုဘူးပေါ့။ ကျွန်တော်တို့ လက်ရှိလဲ တိုင်စာ ၁၀၀ လောက်ကို စိစစ်နေပါတယ်” ဟု ဒေါက်တာအေးမောင်က ဆိုသည်။ 

အဆိုပါ ကော်မတီက ပြည်သူလူထုမှ တိုင်ကြားလာသည့် နစ်နာဆုံးရှုံးမှုများကို ကော်မတီ၏ ဖွဲ့စည်းပုံပါ ဆပ်ကော်မတီများက တိုင်ကြားမှု အကြောင်းအရာအလိုက် သက်ဆိုင်ရာ ဆပ်ကော်မတီများက စိစစ်ပြီး အဆိုပါ တိုင်ကြားမှုသည် မှန်ကန်မှုရှိသည်ဟု ဆပ်ကော်မတီမှ ဆုံးဖြတ်ပါက ကော်မတီမှ ဆက်လက်ဆွေးနွေးပြီး မှန်ကန်ပါက လွှတ်တော်ဥက္ကဋ္ဌသို့ တင်ပြသွားမည်ဖြစ်ကြောင်း၊ လွှတ်တော်ဥက္ကဋ္ဌမှ သဘောတူညီပါက သမ္မတထံ ဆက်လက်တင်ပြသွားပြီး စိစစ်ရန် ခွင့်ပြုပါက တိုင်ကြားသည့်ကိစ္စရပ်အား နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး စိစစ်ရေးကော်မတီမှ ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့ ကော်မတီကို တိုင်ကြားစာ ၁၀၀ ကျော်ရှိနေပြီ။

 ဇွန်လ ပထမပတ်ထဲမှာ သမ္မတရဲ့ ခွင့်ပြုချက်နဲ့ ပြည်နယ်တစ်ခုမှာ ကွင်းဆင်းစစ်ဆေးသွားဖို့ ရှိတယ်။ ဒီအတွက် စရိတ်တွေကိုလဲ လွှတ်တော်က ခွင့်ပြုပြီးသားပါ။ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ကလဲ ခွင့်ပြုချက်ရပြီးပါပြီ။ ကျွန်တော်တို့ ကော်မတီက ငါးဦးသွားစစ်ဆေးမယ်” ဟု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် မေလ ၂၄ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

ကေအိုင်အေ လက်နက်ကိုင်အဖွဲ့က ကုန်တင်ယာဉ် ၂ စီးအား ဆက်ကြေးတောင်းခံပြီး ဗုံးခွဲဖျက်ဆီး


မေ ၁၉ ရက် ည ၁၀ နာရီ မိနစ် ၂၀ ခန့်တွင် မူဆယ်မြို့နယ် နန့်ပေါ်တံတားနှင့် နမ့်အွန်ရွာအကြား ထင်ရှုးတောအနီး မူဆယ်-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်၌ မူဆယ်မှ လားရှိုးသို့ ယာဉ်မောင်း သောင်းထွေးနှင့် ယာဉ်မောင်း အောင်နိုင်တို့က မောင်းနှင်လာသော ခြောက်ဘီး ကုန်တင်ယာဉ် နှစ်စီးအား ယူနီဖောင်း ဝတ်ဆင်ထားသည့် ကေအိုင်အေ လက်နက်ကိုင်အဖွဲ့ ခုနှစ်ဦးခန့်က လက်နက်ငယ်များဖြင့် ပစ်ခတ်တားဆီးကာ ရပ်တန့်စေခဲ့ပြီး သောင်းထွေးထံမှ ဆက်ကြေးငွေကျပ် ၈၀၀၀၀ ကို ရယူခဲ့ကြောင်း၊ ယင်းနောက် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် စုစုပေါင်း လေးဦးကို ထွက်ပြေးစေခဲ့ပြီး ယာဉ်နှစ်စီး၏ ယာဉ်မောင်းခန်းများ အတွင်းသို့ လက်ပစ်ဗုံးတစ်လုံးစီဖြင့် ပစ်ခွဲခဲ့ကြောင်း သိရသည်။ 

ထိုသို့ ဗုံးခွဲဖျက်ဆီးမှုကြောင့် ယာဉ်အမှတ် ဂ(၈ဈ/ ၇၈၇၆)၏ ခေါင်းပိုင်းဝဲဘက်ခြမ်း ပျက်စီးခဲ့ပြီး ယာဉ်အမှတ် (၈ဈ/ ၇၈၈၀) ၏ ခေါင်းပိုင်းပျက်စီးခြင်း၊ ဘေးနှစ်ဖက် တံခါးမှန်ကွဲခြင်းနှင့် ကားရှေ့လေကာမှန်တွင် လက်နက်ငယ်ကျည်များ ထိမှန်ခြင်းတို့ ဖြစ်ပေါ်ခဲ့ကာ လူထိခိုက်ဒဏ်ရာရမှု မရှိကြောင်း၊ အခင်းဖြစ်ပွားရာ နေရာမှ အရှည် နှစ်လက်မခွဲ၊ အချင်းတစ်လက်မခွဲခန့်ရှိ သံကိုယ်ထည်တွင် အရှည်ငါးလက်မခန့် သစ်သားလက်ကိုင်တပ် KRL 68 စာတန်းပါ မပေါက်ကွဲသေးသည့် လက်ပစ်ဗုံးတစ်လုံးအား တွေ့ရှိခဲ့ရကြောင်းနှင့် ပျက်စီးသွားသည့် မော်တော်ယာဉ် နှစ်စီးအနက် တစ်စီးအား ရွှေ့ပြောင်းနိုင်ခဲ့ပြီး မေ ၂၀ ရက် နံနက် အစောပိုင်းမှစ၍ အဆိုပါလမ်းပေါ်တွင် ယာဉ်များပုံမှန် သွားလာနိုင်ပြီဖြစ်ကြောင်း ၂၀၁၂ ခုနှစ် မေလ ၂၂ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

အမေရိကန်နိုင်ငံထုတ် ဘက်စုံသုံးလေယာဉ်အား အရေးပေါ်လူနာတင်ရန် စင်းလုံးငှားခြင်းအပြင် အခြား လုပ်ငန်းများအတွက် ငှားရမ်းအသုံးပြုနိုင်


 မြန်မာ့လေကြောင်းက တောင်အာဖရိကမှ ဝယ်ယူထားသည့် အမေရိကန်နိုင်ငံထုတ် ဘက်စုံသုံးလေယာဉ်ကို အရေးပေါ်လူနာတင်ရန် စင်းလုံးငှားခြင်းများအပြင် အခြားလုပ်ငန်းများအတွက် ငှားရမ်းအသုံးပြုနိုင်ပြီး ဖြစ်ကြောင်း ၁၆-၅-၂၀၁၂ ရက်က သိရသည်။ “ဘက်စုံသုံးလေယာဉ်ကို နိုင်ငံတော်ပိုင်ကဏ္ဍအပြင်၊ ပုဂ္ဂလိက လုပ်ငန်းတွေကလည်း ငှားရမ်းနိုင်ပါတယ်။ ငှားရမ်းမှုပြုရာမှာ အရေးပေါ်လူနာတွေအတွက် စင်းလုံးငှားတာ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း၊ ရေနံတူးဖော်ရေးလုပ်ငန်း စတာတွေမှာ ငှားရမ်းနိုင်ပါတယ်” ဟု မြန်မာ့ လေကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ 

၎င်းဘက်စုံသုံးလေယာဉ် ငှားရမ်းခနှုန်းထားမှာ အမေရိကန် ဒေါ်လာ ၁၆၀၀ ဖြစ်ပြီး မြန်မာ ကျပ်ငွေဖြင့်လည်း ပေးချေနိုင်ကြောင်း၊ မြန်မာကျပ်ငွေဖြင့် ပေးချေရာတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်သည့် ငွေလဲလှယ်နှုန်းအတိုင်း အမေရိကန်ဒေါ်လာ ၁၆၀၀ နှင့် ညီမျှသည့်ငွေကို ပေးချေရမည်ဖြစ်ကြောင်း၊ ၎င်းငှားရမ်းခ အမေရိကန်ဒေါ်လာ ၁၆၀၀ မှာ အသွားအပြန်အပြင် စောင့်ဆိုင်းချိန် အပါအဝင် စုစုပေါင်း သုံးနာရီ အသုံးပြုနိုင်ကြောင်း၊ ၎င်းသုံးနာရီထက် ကျော်လွန်ပါက တစ်နာရီကျော်တိုင်း ငှားရမ်းခ၏ ၃၀ ရာခိုင်နှုန်းကို ထပ်မံပေးချေရမည်ဖြစ်ကြောင်း၊ ထိုဘက်စုံသုံး လေယာဉ်များကို ငှားရမ်းအသုံးပြုလိုသူများသည် ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့လေကြောင်းသို့ ဆက်သွယ်ငှားရမ်းနိုင်ကြောင်း၊ ဘက်စုံသုံးလေယာဉ်မှာ ခရီးသည် ၁၉ ဦးဆန့်ပြီး မြန်မာနိုင်ငံသို့ မတ်လကုန်ပိုင်းက ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ၂၀၁၂ ခုနှစ် မေလ ၂၄ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

ကမ်းရိုးတန်းဖုန်းများ ဖုန်းခေါ်ဆိုခ ကြိုတင်ပေးသွင်းစနစ် ဇူလိုင်အတွင်း ပြောင်းလဲသွားမည်


ဖုန်းခေါ်ဆိုခ ကြိုတင်ပေးသွင်းရသည့်စနစ် (Prepaid) ပြောင်းလဲပေးရန် ကျန်ရှိသည့် ကမ်းရိုးတန်းဖုန်းများကို ဇူလိုင်လအတွင်း ပြောင်းလဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ ဖုန်းဘီလ်စနစ်မှ ကြိုတင်ပေးသွင်းသည့်စနစ်သို့ ပြောင်းလဲပေးရန် ကျန်ရှိသည့် ကမ်းရိုးတန်းဖုန်း (CDMA 450 MHz) များကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြောင်းလဲပေးသွားမည့်အပြင် နောက်ပိုင်း ချထားပေးသည့် ဖုန်းအားလုံးကို (Prepaid) စနစ်ဖြင့် ချထားပေးသွားမည်ဖြစ်သည်။ ထို့အပြင် ဖုန်းငွေဖြည့်ကတ်များ ဝယ်ယူကာ နံပါတ်များရိုက်၍ ငွေဖြည့်တင်းရန်မလိုဘဲ ကတ်ဝယ်ယူသည့်ဆိုင်မှ ငွေဖြည့်တင်းပေးသည့် E Top Up System စနစ်လည်း ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်း ၂၀၁၂ ခုနှစ် မေလ ၂၁ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

ရွှေတိဂုံစေတီတော် အနောက်ဘက်စောင်းတန်း စက်လှေကားအသစ်များ တပ်ဆင်မည်


သက်တမ်းနှစ်၂၀ ဝန်းကျင် ကြာမြင့်ပြီဖြစ်သော ရွှေတိဂုံစေတီတော် အနောက်ဘက်စောင်းတန်းရှိ စက်လှေကား ခြောက်စင်းကို ဘုရားဖူးများ အန္တရာယ်မဖြစ်စေရန်အတွက် စီးနင်းခွင့်မပြုဘဲ ပိတ်ထားသည်မှာ သုံးလခန့်ရှိပြီ ဖြစ်ကြောင်း သိရသည်။ စက်လှေကားအသစ်များကို ဂေါပကအဖွဲ့ ရန်ပုံငွေမှ ကြိုတင်စိုက်ထုတ် ဝယ်ယူမည် ဖြစ်ပြီး အလှူငွေများလည်း လက်ခံလျက်ရှိကြောင်း သိရသည်။ စက်လှေကားများအတွက် အမေရိကန်ဒေါ်လာ ငါးသိန်းတစ်သောင်းခန့် ကုန်ကျမည်ဖြစ်ပြီး ဇူလိုင်လအတွင်း အပြီးတပ်ဆင်ကာ အသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

စက်လှေကား အဟောင်းခြောက်စင်းအား ဖြုတ်သိမ်းဝယ်ယူလိုသူများသည် သတ်မှတ်တင်ဒါ ပုံစံကို ငွေကျပ် တစ်သောင်းဖြင့် ဝယ်ယူပြီး မေ ၃၀ ရက် နံနက် ၁၁ နာရီ နောက်ဆုံးထား တင်သွင်းနိုင်ကြောင်း ၂၀၁၂ ခုနှစ် မေလ ၂၂ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

နိုင်ငံခြားသား ခရီးသွားများအတွက် သတင်းအချက်အလက် ကောင်တာ ၁၁ ခု ထပ်မံဖွင့်လှစ်မည်



ခရီးသွားနှုန်းမြင့်တက်စ ပြုလာပြီဖြစ်သော မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းတွင် ပြည်ပခရီးသည်များကို သတင်းအချက်အလက်များ ဖော်ပြပေးနိုင်သည့် Tourist Information Counter ၁၁ ခုကို ထပ်မံဖွင့်လှစ်ပေးသွားရန်ရှိကြောင်း ၁၆.၅.၂၀၁၂ ရက်က သိရသည်။ လက်ရှိတွင် နိုင်ငံခြားသား ခရီးသွားများအတွက် သတင်းအချက်အလက်စင်တာ ၁၂ ခုကို လေဆိပ်အဝင်နှင့် နယ်စပ်ဝင်ပေါက်မျိုးစုံတို့၌ ထားရှိပေးပြီးဖြစ်ကာ ယင်း၏ရလဒ်ကောင်းပေါ် မူတည်ပြီး အသစ် ၁၁ ခု ထပ်မံဖွင့်လှစ်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။ 

“ပထမအဆင့် ၁၂ ခုကို နယ်စပ်နဲ့ လေဆိပ် ဂိတ်ပေါက်တွေမှာ ဖွင့်ပေးခဲ့ပြီး ဖြစ်သလို နောက်ထပ် ၁၁ ခုထပ်ဖွင့်ဖို့ ရှိပါတယ်” ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ပြောကြားသည်။ ၄င်းအပြင် နိုင်ငံအနှံ့တွင် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များကို ကူညီပါ” ဟူသော ဆိုင်းဘုတ်ကို မြင်သာထင်သာနေရာများတွင် ထပ်မံထားရှိသွားဦးမည်ဖြစ်ကြောင်း သိရသည်။ “Tourist Police ကိစ္စကိုလည်း ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ညှိနေပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။ ပုဂံဒေသရှိ Tourist Information Counter မှ သတင်းအချို့အရ လေဆိပ်ဝင်ပေါက်မှ ဝင်လာလာချင်း မြင်တွေ့ရသော အဆိုပါကောင်တာကို ကမ္ဘာလှည့်ခရီးသွားများက အားကိုးတကြီး အသုံးပြုမေးမြန်းကြသည်ဟု သိရပြီး ထပ်မံဖွင့်လှစ်မည့် ကောင်တာ သစ်များကိုလည်း လေဆိပ်ဝင်ပေါက်နှင့် မြင်သာ ထင်သာသော နေရာများတွင် စနစ်တကျ ထားရှိ ပေးသွားရန် လိုအပ်နေသည်ဟု သိရကြောင်း ၂၀၁၂ ခုနှစ် မေလ ၂၄ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

IT Business Plan Contest 2012 ကျင်းပပြုလုပ်မည်


 မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်နှင့် Japan နိုင်ငံ CIESF တို့မှ ပူးပေါင်းကျင်းပသော IT Business Plan Contest 2012 ကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ IT Business Plan Contest ကို ဒုတိယအကြိမ်အဖြစ် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး၊ 2011 က ပထမအကြိမ်အဖြစ် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ IT Business Plan Contest 2011 တွင် Category (၄) မျိုး ခွဲခြားသတ်မှတ်၍ ယှဉ်ပြိုင်ခဲ့ပြီး၊ ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ (၃၀၀၀) ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ယခု ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ်မြောက် IT Business Plan Contest 2012 တွင် Category (၂) မျိုးအဖြစ် Cloud Application နှင့် Mobile Application ဟူ၍ ခွဲခြားသတ်မှတ်ပေးထားပြီး နှစ်သက်ရာ Category ဖြင့်ဝင်ရောက် ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။ ယခုနှစ်တွင် ဆုများအဖြစ် သုံးဆု သတ်မှတ်ပေးထားပြီး ပထမဆုအဖြစ် အမေရိကန်ဒေါ်လာ (၃၀၀၀)၊ ဒုတိယဆု (၂၀၀၀) နှင့် တတိယဆု (၁၀၀၀) သတ်မှတ် ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ IT Business Plan Contest 2012 ၏ အဓိကရည်ရွယ်ချက်အဖြစ် Cloud Computing ဖွံ့ဖြိုးတိုးတက်လာစေရန် IT Industry တွင် နည်းပညာရှင်များ ထွက်ပေါ်လာစေရန်နှင့် စွန့်ဦးတီထွင်သော မျိုးဆက်သစ် လူငယ်ပညာရှင်များ ထွက်ပေါ်လာစေရန် ရည်ရွယ်ထားရှိကြောင်း သိရသည်။ 

ဝင်ရောက် ယှဉ်ပြိုင်လိုသူများ အနေဖြင့် မြန်မာနိုင်ငံသား ဖြစ်ရမည်ဖြစ်ပြီး၊ တစ်ဦးတစ်ယောက်ထဲဖြစ်စေ၊ အဖွဲ့နှင့်ဖြစ်စေ (အများဆုံး အဖွဲ့ဝင်သုံးဦး) ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။ Application Form ကို www.myanmarictawards.org တွင် ဒေါင်းလုပ်ရယူနိုင်မည်ဖြစ်ပြီး၊ ၂၀၁၂ ခုနှစ် ဇူလိုင်လ (၃၁) ရက်နေ့ နောက်ဆုံးထားကာ Business Plan များကို မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်ရုံးခန်း၊ အဆောင်(၁)၊ မြန်မာအင်ဖိုတက်ခ်သို့ တင်သွင်းရမည်ဖြစ်သည်။ အသေးစိတ် ထပ်မံသိရှိလိုသူများ အနေဖြင့် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် (ဖုန်း-၀၁-၆၅၂၃၀၇) သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း ၂၀၁၂ ခုနှစ် မေလ ၂၄ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

ရန်ကုန်မြို့တော် ရေပေးဝေရေးနှင့် ရေဆိုးသန့်စင်ရေး မစ်ဆူဘီရှီနှင့် ပူးပေါင်းဆောင်ရွက်မည်


ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ လုပ်ငန်းစီမံကိန်းနှစ်ရပ်ကို နာမည်ကြီး ဂျပန်ကုမ္ပဏီ မစ်ဆူဘီရှီနှင့် ပူးပေါင်း၍ စီမံကိန်းနှစ်ရပ် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ ယင်းစီမံကိန်းများမှာ ရန်ကုန်မြို့တော် ရေပေးဝေရေး စီမံကိန်း၊ ရေဆိုးသန့်စင်ခြင်းနှင့် သန့်ရှင်းရေး လုပ်ငန်းတို့ဖြစ်ပြီး လက်ရှိအချိန်တွင် လေ့လာမှုများ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း မစ်ဆူဘီရှီ ရန်ကုန်ရုံးခွဲ၏ ဒုတိယအထွေထွေ မန်နေဂျာ ဦးမောင်မောင်တင်က ပြောသည်။ 

အဆိုပါ စီမံကိန်းများကို ဂျပန်နိုင်ငံမှ တရားဝင် အထောက်အပံ့များဖြင့် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းစီမံကိန်း အပြင် လူမှုရေးလုပ်ငန်းများတွင် လည်း မြန်မာအစိုးရနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု သိရသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက “ဂျပန်ကုမ္ပဏီကနေ ပထမဦးဆုံးအနေနဲ့ အကြိုလေ့လာဆန်းစစ်မှုတွေ လုပ်ဆောင်သွားမှာပါ။ ပြီးမှ ရေပေးဝေရေးနဲ့ ရေဆိုးသန့်စင် သန့်ရှင်းစနစ်တွေကို ဘယ်လိုလုပ်မလဲဆိုတာ ပြန်ခွဲရမှာပါ။ တစ်ဆင့်ချင်းစီ ဆောင်ရွက် သွားမှာပါ။ နိုင်ငံခြားက ငွေကြေးထောက်ပံ့မှုတွေရယ်၊ နည်းပညာပိုင်း၊ အတတ်ပညာပိုင်း ကူညီပံ့ပိုးမှု တွေကြောင့် ရေပေးဝေရေးစနစ်က ပိုပြီးကောင်းမွန်လာမှာပါ” ဟု အတည်ပြု ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် မေလ ၂၄ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

ရေအောက်ဥမင်လမ်း အပါအဝင် ရန်ကုန်တွင် မြစ်ကူးတံတားလေးစင်း ကန်ဒေါ်လာသန်း ၁၀၀ ခန့် အကုန်အကျခံ တည်ဆောက်မည်



ရန်ကုန်မြစ်ကူး ရေအောက်ဥမင်လမ်း အပါအဝင် မြစ်ကူးတံတားလေးစင်းကို ရန်ကုန်တွင် ကန်ဒေါ်လာသန်း ၁၀၀ နီးပါး အကုန်အကျခံကာ တည်ဆောက် သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း အမှုဆောင်အင်ဂျင်နီယာ ဦးသက်ဇော်ဝင်းက ထုတ်ဖော် ပြောကြားသည်။ အဆိုပါ မြစ်ကူးတံတားများမှာ ဒလရေအောက်ဥမင် (ရန်ကုန်-ဒလ-တွံတေး-ကော့မှူး-ဖျာပုံ-ဘိုကလေးလမ်း)၊ လှိုင်မြစ်ကူးတံတား (ကြည့်မြင်တိုင်-အေးရွာလမ်း)၊ ဘုရင့်နောင် တံတားအမှတ်-၂ (ရန်ကုန်-ပုသိမ်လမ်း)၊ ဝါးတစ်ရာတံတား (ထန်းတစ်ပင်-မှော်ဘီလမ်း) တို့ ဖြစ်ကြောင်း သိရသည်။ အထက်ပါ တံတား တည်ဆောက်ရေး များနှင့် ပတ်သက်၍ မေ ၁၅ ရက်မှ ၁၉ ရက်အထိ ကျင်းပသော ပဉ္စမအကြိမ်မြောက် မြန်မာ့စီးပွားရေးညီလာခံ (၂၀၁၂) တွင် ဦးသက်ဇော်ဝင်းက ယင်းတင်သွင်းဖတ်ကြားသော မြန်မာ့လမ်းတံတား ဖွံ့ဖြိုးရေးစာတမ်းတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စီးပွားရေးညီလာခံသို့ တက်ရောက်ခဲ့သော မြန်မာစီးပွားရေး လုပ်ငန်းရှင်တစ်ဦးက “တွေ့လိုက်ရတဲ့ တံတားတွေ လုပ်မယ့် နေရာတွေက မဆိုးပါဘူး။ 

ဒလဆို ဖြစ်သင့်နေတာ ကြာပါပြီ။ ကြည့်မြင်တိုင်ဘက်ကနေ အေးရွာဘက်ကို ထိုးမယ့်တံတားကျတော့လဲ ရန်ကုန်တစ်ဖက်ကမ်း ဖွံ့ဖြိုးရေးအတွက် လိုအပ်မယ် ထင်ပါတယ်။ အခုဆို ရန်ကုန်မြို့က လူဦးရေထူထပ်လွန်းနေပြီ။ နေလို့ထိုင်လို့ မကောင်းတော့ဘူး။ ဒီတော့ ဟိုဘက်ကမ်းတွေပါ ဖွံ့ဖြိုးလာမယ်၊ သွားရေးလာရေးလဲ ကောင်းလာမယ်ဆိုရင် အဲဒီပြဿနာတွေတော့ အထိုက်အလျောက် ပြေလည်မှာပေါ့” ဟု ပြောသည်။ ဦးသက်ဇော်ဝင်း၏ စာတမ်းအရ ဒလရေအောက်ဥမင်သည် နှစ်လမ်းသွားဖြစ်ကာ တန်ဖိုး ကန်ဒေါ်လာ သန်း ၅၀ (ချဉ်းကပ်လမ်းအပါအဝင် အရှည်မီတာ ၆၂၅၆)၊ လှိုင်မြစ်ကူးတံတားသည် လေးလမ်းသွားဖြစ်ကာ တန်ဖိုး ကန်ဒေါ်လာ ၁၅ သန်း(ချဉ်းကပ်လမ်းအပါအဝင် အရှည်မီတာ ၁၂၀၀)၊ ဘုရင်နော့င် တံတားအမှတ်(၂)သည် ခြောက်လမ်းသွားဖြစ်ကာ တန်ဖိုး ကန်ဒေါ်လာ ၂၅ သန်း (ချဉ်းကပ်အပါအဝင် အရှည်မီတာ ၁၂၀၀)၊ ဝါးတစ်ရာတံတားသည် ကြိုးတံတားဖြစ်ကာ တန်ဖိုး ကန်ဒေါ်လာ ၆ သန်း(ချဉ်းကပ်အပါအဝင် အရှည်မီတာ ၇၀၀) တို့ဖြစ်ကြောင်း သိရသည်။

 မြစ်ကူးတံတား လေးစင်းတည်ဆောက်မည် ဆိုခြင်းနှင့်ပတ်သက်၍ ပဉ္စမအကြိမ် စီးပွားရေးညီလာခံသို့ တက်ရောက်ခဲ့သည့် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက “အခုတံတားလေးစင်းက ဆောက်လုပ်ရေး ဝန်ကြီးဌာနက သူ့ဘတ်ဂျက်နဲ့သူ ဆောက်မှာလဲ ဖြစ်ရင်ဖြစ်မှာပေါ့။ ဂျပန်ကပေးမယ့် အိုဒီအေထဲမှာ ရန်ကုန်မြို့ ဖွံ့ဖြိုးရေးအတွက်လဲ ပါတယ်လို့ ကြားထားတယ်လေ။ ဒါနဲ့လဲ လုပ်မှာဖြစ်ရင် ဖြစ်မှာပေါ့” ဟု ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် မေလ ၂၄ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

အများသုံးဈေးအိမ်သာများကို စနစ်တကျ မဆောင်ရွက်ပါက ဈေးတာဝန်ခံနှင့် ကန်ထရိုက်ကို အရေးယူမည်


အများသုံး ဈေးအိမ်သာများကို စနစ်တကျ မဆောင်ရွက်ပါက ဈေးတာဝန်ခံနှင့် ကန်ထရိုက်ကို အရေးယူမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာန ဌာနမှူး ဦးချိုထွန်းအောင်က ပြောကြားသည်။ “ဈေးတာဝန်ခံကို ပြောပြီးသား၊ ဈေးအိမ်သာက ရေဆိုးတွေ လျှံတာမျိုးတွေကို လက်မခံဘူး။ အဲလိုဖြစ်ရင် တာဝန်ခံကိုရော၊ ကန်ထရိုက်ကိုရော အရေးယူမယ်” ဟု ယင်းကဆိုသည်။ ရန်ကုန်မြို့တွင် ၁၉၈၉-၉၀ ဝန်းကျင်က တည်ဆောက်ခဲ့ပြီး နိုင်ငံခြားသားဧည့်သည်များ အဝင်အထွက်များကာ အနယ်နယ်အရပ်ရပ်မှ ဈေးဝယ်သူများ ပြည့်နေသည့် ကမာရွတ် လှည်းတန်းဈေးတွင် အသုံးပြုသည့် ဈေးအိမ်သာမှ ရေဆိုးများ ဈေးနောက်ပေ ၅၀ ကျော် လမ်းတစ်လျှောက် အမြဲစီးနေကာ အနံ့ဆိုးများ ထွက်နေကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ဈေးအိမ်သာ ရေဆိုးသိုလှောင်ရာကိုလည်း YCDC က လွန်ခဲ့သော လေးလခန့်ကပင် အသစ်ပြုပြင်ခဲ့သည်ဟု ဈေးများဌာနက ဆိုသည်။ “ကန်ထရိုက်တာကိုပြောပြီး ရေမလျှံဖို့ အသစ်လုပ်ထားတာ လေးလလောက်ပဲ ရှိပါသေးတယ်။ 

အခုရေလျှံတယ်လို့ သိရတဲ့အတွက် ပြန်ပြီးစီစဉ်လိုက်ပါဦးမယ်” ဟု YCDC ဈေးများဌာန အရာထမ်းတစ်ဦးက ပြောသည်။ လှည်းတန်းဈေး အနောက်ဘက်မှ ပျံကျဈေးတန်းတစ်ခုရှိပြီး ယင်းဈေးတွင် အိမ်သာမှရေမှာ လမ်းတစ်လျှောက်သို့ စီးနေသည်ကို တွေ့ရသည်။ လှည်းတန်းဈေးသည် ၁၉၈၈ နောက်ပိုင်းတွင် ပထမဆုံးတည်ဆောက်သော အဆင့်မြင့်နှစ်ထပ်ဈေးကြီးဖြစ်ကာ ဆိုင်ခန်းပေါင်း ၄၆၂ ခန်း ရှိသည့်အပြင် ပျံကျဈေးသည်များလည်း ရှိကြောင်း ၂၀၁၂ ခုနှစ် မေလ ၂၄ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

မကူညီချင် နေပါ လူထုခေါင်းဆောင်ရယ် တကယ်တမ်း လုပ်နေတဲ့ သူတွေရဲ့ ကြိုးစားမှု ရလဒ်တွေကို မဖျက်စီး မိပါစေနဲ့

တစ်ချို့လူတွေက ပြောကြတယ်... ငါတို့ အမေလူထုခေါင်းဆောင်က လူထုနဲ့ တစ်သားတည်းပဲတဲ့ မယုံရင်ကြည့်ပါလား လို့ပြောပြောပြီး ဂုဏ်ယူ နေတတ်ကြတယ်... လူထုခေါင်းဆောင် ဆိုရင် လူထုနဲ့ တစ်သားထဲ ရှိသင့်တယ်.. မှန်ပါတယ်... ဒါပေမယ့် ကလေးတွေ ကြားထဲ  ထိုင်ကြည့်ပြ ကလေးတွေ ကိုပွေ့ချီပြ လူတွေကြားထဲ ဟန်ပြပြုံးပြီး သွားလာပြနေတာတွေက အပေါ်ယံ တစ်သားထဲ ရှိနေခြင်းတွေပါ... ပြောရမယ်ဆိုရင် ဟန်ဆောင်မှုတွေပါ... လူထုအတွက် ဒီလို အချိန်မှာ ဘာလုပ်ပေးဖို့ လိုအပ်လဲ? ဘာတွေလိုအပ်နေလဲ? ဆိုပြီး လူထုအတွက် အမှန်တကယ် လုပ်ပေး လိုအပ်တာတွေ ဖြည့်ဆည်း ပေးနေခြင်းကသာ လူထုအတွက် အမှန်တကယ် ခေါင်းဆောင် အစစ်ပါ... အမျိုးသားရေး၊ စီးပွားရေး၊ လူမှုရေးတွေမှာလဲ ပြည်သူတွေရဲ့ သဘောထားကို သိရှိနေရပါမယ်... အမှန်တကယ် လုပ်ကိုင် ဆောင်ရွက်ပြီး အကောင် အထည် ဖော်ပေးနေရပါမယ်... လူတကာ လုပ်နိုင်တဲ့ သီအိုရီတွေ ကို စင်ပေါ်တက်ရွတ်ပြပြီး ကိုယ်တိုင် အတိုင်အထည်ဖော် လုပ်ကိုင်ပေးခြင်း မရှိပဲ သူများလုပ်ပြီးသား အလုပ်တွေကို ၀င်နှမ်းဖြူးနေတာက ခေါင်းဆောင် မဟုတ်ပါဘူး... 

 လက်ရှိ အမျိုးသားရေး ဘက်မှာ... ရိုဟင်ဂျာ ဘင်္ဂလီတွေက မြန်မာတိုင်းရင်းသား မဟုတ်ပါဘူး တိုင်းရင်းသား အဖြစ် ကြိုးပမ်းနေတာတွေကိုလဲ ကာကွယ်သွားရမှာပါ... ရခိုင် ညီအစ်ကိုများနဲ့ ပြည်သူတွေ အားလုံးနီးပါးရဲ့ ဆန္ဒသဘောကလည်း မြန်မာမဟုတ်တဲ့ ဘင်္ဂလီ ရိုဟင်ဂျာတွေကို ဘယ်သူကမှ မလိုလားကြပါဘူး...


 ဒီလို ခိုးဝင်လာတဲ့ ဘင်္ဂလီ ရိုဟင်ဂျာလူမျိုးတွေကို ဘာလို့ မလိုလားတာလဲ ဆိုရင် မြန်မာ့ရေပေါ်မှာ ကျူးကျော်လာနေပြီး ညီအစ်ကို သွေးချင်းတွေ ဖြစ်တဲ့ ရခိုင် ညီအစ်ကိုတွေကို ဓါးနဲ့ ခုတ်တဲ့ အမှုတွေ သတ်ဖြတ်တဲ့ အမှုတွေ မိန်းကလေးတွေကို မဒိမ်းကျင့်၊ ဖျက်စီး သားမယားအဖြစ် သိမ်းပိုက်တဲ့ အမှုတွေ အများကြီးပါ နောက်ပြီး ဒါက နယ်မြေချဲ့ထွင် သိမ်းပိုက်မှု တစ်ခုလို့လဲ မြင်မယ်ဆိုရင် မြင်နိုင်ပါတယ်...... အဲဒါတွေ ကြောင့် ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်...



ဒါတွေကတော့ ကျွန်တော်တို့ မြန်မာတွေ နယူးယောက်မှာ ဘင်္ဂလီတွေကို မလိုလားလို့ ဆန္ဒဖော်ထုတ် ပြသခဲ့တာတွေပါ...

လူထုခေါင်းဆောင်ပါ ဆိုတဲ့ သူက ရိုဟင်ဂျာတွေက သူကို ပြင်းထန်စွာ ထောက်ခံပေးခဲ့ပါတယ် ဆိုတာနဲ့ ဒါတွေကို လျစ်လျူရူ့ပြီး မသိချင်ယောင် ဆောင်ကာ ရိုဟင်ဂျာက မြန်မာလူမျိုး ဖြစ်ရေး အတွက် ငါတို့ အတူ ဖြေရှင်း နိုင်မှာပါ ဆိုပြီး ဘာရည်ရွယ်ချက်နဲ့ ပြောခဲ့တာလဲ... ရိုဟင်ဂျာက မြန်မာလူမျိုး မဟုတ်ကြောင်း အစိုးရကလည်း မဟုတ်ဘူးဆိုပြီး ထုတ်ပြန်ထားတဲ့ အကြောင်း အဲဒီနယ်မြေခံတွေ ဖြစ်တဲ့ ရခိုင်ညီအစ်ကိုတွေကလည်း လက်မခံကြောင်း ဘာဖြစ်လို့ ပွင့်ပွင့် လင်းလင်းနဲ့ ရဲရဲဝံ့ဝံ့ အမှန်အတိုင်း မပြောရဲခဲ့ရတာလဲ??
ဒါက ရိုဟင်ဂျာ ဘင်္ဂလီ ကိစ္စမှာ အစိုးရရဲ့ မူဝါဒနဲ့ ရပ်တည်ချက်ပါ...

နောက်ပြီး လက်ရှိ စီးပွားရေး ပိတ်ဆို့မှု ကိစ္စ တိုင်းပြည်တစ်ပြည်မှာ ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုတာ စီးပွားရေး က ထိပ်ဆုံးက အရေးပါပြီး အဓိက ကျပါတယ်... စီးပွားရေး ပိတ်ဆို့ထား ရင်အဲဒီ နိုင်ငံက တိုးတက်ဖို့ မလွယ်ကူပါဘူး အဲလိုပဲ ပြည်သူတွေ အနေနဲ့လည်း အလုပ်အကိုင်တွေ ရှားပါးလာပါတယ်... အလုပ်အကိုင် ရှားပါးလာတဲ့ အတွက်ကြောင့် အလုပ်ရှင်တွေက အလုပ်သမားတွေကို ဈေးပေါပေါပဲ ပေးပြီး ခေါ်ယူ ခိုင်းစေ နေမှာပါပဲ... ဒါတွေကြောင့် တစ်ချို့... ပြည်တွင်းမှာ စီးပွားရေး ရှာဖို့ ရပ်တည်ဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေတွေမှာ ပြည်ပတွေကို မိဘ၀တွေ မိသားစုတွေ နဲ့ ခွဲခွာပြီး အလုပ်တွေ ထွက်လုပ်ကြရပါတယ်... အဆင်ပြေတဲ့ သူတွေ ရှိသလို အဆင်မပြေပဲ ဘ၀ပျက်နေကြတဲ့ သူတွေ အများကြီးပါ... အဲဒါတွေက... ကျွန်တော်တို့ နိုင်ငံကို ပိတ်ဆို့ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုကြောင့်ပါ... ဒါကို လျစ်လျူရူ့ပြီး လူထုခေါင်းဆောင် ခံယူထားတဲ့ သူက ဘာစကား ပြောခဲ့လဲ ဆိုရင်
လူတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေ အပေါ် သိပ်ကို အကောင်းမြင်လွန်းကြတယ် မြန်မာနိုင်ငံရေး ပြောင်းလဲမှုတွေဟာ နောက်ကြောင်း ပြန်မလှည့်ဘူးလို့ တရားသေ သတ်မှတ်လို့ မရတဲ့ အတွက် သတိထားသွားဖို့ လိုတယ်...
ကိုယ့်နိုင်ငံကိုချစ်တယ်.. ကိုယ့်လူမျိုးကို ချစ်တယ်... ပြည်သူတွေ အတွက် အမှန်တကယ် အလုပ်လုပ်ပေး နေပါတယ်ဆိုတဲ့ နိုင်ငံတကာမှာ ရှိတဲ့ ခေါင်းဆောင် တိုင်းကို ပြန်ကြည့်လိုက်ပါ... သူ့လို လူရှားပါတယ်.. သူများတွေက ကိုယ့်နိုင်ငံကို ကမ္ဘာ့အလယ်မှာ တင့်တယ်စေဖို့ ကြိုးစားကြတယ်.. နာမည်ကောင်းတွေ ရလာစေဖို့ ကြိုးစားကြတယ်... စီးပွားရေးတွေ အဆင်ပြေစေဖို့ ကြိုးစားနေကြတဲ့ သူတွေ ကြားထဲမှာ သူက ဘာလို့ ဒီလို စကားတွေ ပြောထွက်ရတာလဲ? မြန်မာပြည်နဲ့ ပြည်သူတွေ အတွက် အလုပ်လုပ် နေတာလား? အနောက်နိုင်ငံတွေ နဲ့ ပူးပေါင်းပြီး စီးပွားရေး ကြပ်တည်းနေကြတဲ့ ပြည်သူတွေကို လျစ်လျူရူ့ပြီး သူတို့ အကျိုးအတွက် အလုပ်လုပ်နေကြတာလား ??  နိုင်ငံအတွက် ပြည်သူတွေ အတွက် မတူတာတွေကို ခဏထားပြီး တူတာတွေကို တွဲလုပ်ဖို့ ကမ်းလင့်တဲ့ လက်ကို ရန်မမူမိပါစေနဲ့... ကိုယ်တွေကို သာ နားလည်ပေးဖို့ လက်တွဲဖို့ချည်း တဖက်သားကို တောင်းဆိုနေလို့ မရပါဘူး ကိုယ်တွေကလည်း ကမ်းလင့်လာတဲ့ တစ်ဖက်သားကို ပြန်နားလည်ပြီး အနွေးထွေးဆုံး လက်တွဲ နိုင်ဖို့ ကြိုးစားရမှာပါ...

 ပြည်သူ့အတွက် လုပ်ပေးမယ်ဆိုရင် ဒီအချိန်မှာ ပြည်သူတွေ အဆင်ပြေစေဖို့ အတွက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အဓိက ဦးစားပေး ဆောင်ရွက်ရမှာပါ.. ဒါမှသာ ပြည်သူတွေ နေရေးထိုင်ရေး အဆင်ပြေမယ်.. ကျွန်တော်တို့ နိုင်ငံ စီးပွားရေး တိုးတက်နေတော့ မီးအဆင်မပြေဘူး ဆိုလည်း ပိုက်ဆံရှိရင် ရှိသလို မီးတွေ အဆင်ပြေအောင် ကျောက်မီးသွေးစက်ရုံတွေ၊ ဓါတ်အားပေး စက်ရုံတွေ ဆောက်လို့ရပါတယ်... ဆောက်ပြီးရင်လည်း ရလာတဲ့ လျှပ်စစ်တွေကို စီးပွားရေး အဆင်ပြေနေတဲ့ အတွက် ဘယ်မှ ရောင်းစရာမလိုပါဘူး... ပြည်တွင်းမှာပဲ သုံးရုံပါပဲ...

ဒါကြောင့် ခေါင်းဆောင်လို့ ခံယူထားပြီး လူထုနဲ့ တစ်သားတည်း ဟန်ပြ နေပြပြီး ပြည်သူ့အတွက် ပြည်သူ့အတွက်ပါဆိုပြီး ပါးစပ်ကနေ အော်ပြီး လုပ်ချင်ရာ လုပ်မနေပါနဲ့ ပြည်သူတွေ အဆင်ပြေစေဖို့ ပြည်သူတွေ ရဲ့လိုအပ်ချက်တွေကို အမှန်တကယ် ဆောင်ရွက်ပေးဖို့ အမျိုးသားရေး၊ စီးပွားရေး အဘက်ဘက်ကနေ ပြည်သူတွေ ဘက်ကနေ လေနဲ့ မဟုတ်ပဲ နှမ်းဖြူးခြင်း မပါပဲ မားမားမတ်မတ်နဲ့ ရပ်တည် ဆောင်ရွက် ပေးနိုင်ဖို့ လိုပါတယ်... နောက်ဆုံး အနေနဲ့ ပြောရရင် ငါပဲ တိုးတက်အောင် လုပ်နိုင်တယ် ငါပဲ ခေါင်းဆောင် ငါပဲ မြန်မာပြည်ကို ဖွံဖြိုးအောင် လုပ်နိုင်မယ့်သူ ငါ့အပြင် ဘယ်သူမှ မရှိစေရဘူး ငါပဲ မြန်မာပြည်မှာ ဒီမိုကရေစီကို ဖွံ့ဖြိုးအောင် လုပ်နိုင်မယ့်သူ ဆိုတဲ့ အတ္တ တရားကြီးကို စွဲကိုင်ပြီး မကူညီချင် နေပါ လူထုခေါင်းဆောင်ရယ်.. တကယ်တမ်း လုပ်နေတဲ့ သူတွေရဲ့ ကြိုးစားမှု ရလဒ်တွေကို မဖျက်စီး မိပါစေနဲ့... ကြားထဲက စီးပွားရေး ပိတ်ဆို့မှုကြောင့် ဥကွဲသိုက်ပျက် နဲ့ ပြည်ပထွက် အလုပ်လုပ်၊ ကျွန်ခံသလို ခံစားနေရတဲ့ ပြည်တွင်း ပြည်ပက အခြေခံ လူတန်းစား ပြည်သူတွေ အနှိမ်ခံ ဘ၀တွေနဲ့ ဓါးစာခံ ဖြစ်လွန်းလို့ပါ....


Monday, May 21, 2012

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ရန်ကုန်မြို့ရှိ အားကစားကွင်းများနှင့် လှည်းတန်းခုံးကျော်တံတား တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


ရန်ကုန် - မေ ၁၈ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း သည် ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ ရန်ကုန်မြို့တော်ဝန်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ အားကစားကွင်းများ၊ လှည်းတန်းခုံးကျော် တံတား တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများကို လိုက်လံ ကြည့်ရှုစစ်ဆေး သည်။ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် အဖွဲ့ဝင်များသည် ယနေ့ မွန်းလွဲ(၁) နာရီ တွင် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ သထုံလမ်းရှိ အဆင့်မြင့်ပညာဦးစီးဌာန(အောက်မြန်မာ ပြည်) တက္ကသိုလ်များ၊ တင်းနစ်ကွင်းများကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် မွန်းလွဲ(၁)နာရီခွဲတွင် ကမာရွတ်မြို့ နယ်ရှိ လှည်းတန်းခုံးကျော်တံတား တည်ဆောက်ရေး စီမံကိန်းသို့ ရောက်ရှိရာ ရန်ကုန်မြို့ တော်ဝန် ဦးလှမြင့်က ခုံးကျော်တံတား တည်ဆောက်ရေး အစီအမံများကို ရှင်းလင်းတင်ပြ သည်။ 



ယင်းနောက် ရွှေတောင်ဖွံ့ဖြိုး တိုးတက်မှု ကုမ္ပဏီလီမိတက် အမှုဆောင် အရာရှိချုပ်က ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ရွှေဂုံတိုင်လမ်းဆုံ၊ တာမွေလမ်းဆုံနှင့် ဘုရင့်နောင်လမ်း ဆုံ တိုးချဲ့ခြင်းလုပ်ငန်းများ၊ ယာဉ်​​ကြောပိတ်ဆို့မှု လျှော့ချရေးဆောင်ရွက်မည့် လုပ်ငန်းများ နှင့် စပ်လျဉ်း ၍ ဖြည့်စွက် ရှင်းလင်း တင်ပြသည်။ ထို့နောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက အစိုးရသစ် လက်ထက်တွင် ယင်းစီမံကိန်းများကို ပြည့်စုံကောင်းမွန်စွာဖြင့် ပြီးစီးအောင် ဆောင်ရွက်ရန် လိုကြောင်း၊ ရန်ကုန်မြို့သည် စီးပွားရေးမြို့တော်ဖြစ်သဖြင့် သန့်သန့်ရှင်းရှင်းနှင့် သွားလာရေး အဆင်ပြေ ချောမွေ့အောင် ဆောင်ရွက်ပေးရန် လိုကြောင်း၊ မော်တော် ယာဉ်များ တဖြည်းဖြည်း များပြား လာသည်နှင့်အမျှ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်လာနိုင်သဖြင့် ယင်းခုံးကျော် တံတားစီမံကိန်း ကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ပြီးစီးအောင် ဆောင်ရွက်သွားကြရန်နှင့် ရန်ကုန် မြို့တော် တစ်ခုလုံး လွှမ်းခြုံနိုင်မည့် Master Plan ပါဝင်သော လမ်းကွန်ရက်စနစ်ဖြင့် ဆက်စပ် ဆောင်ရွက်ကြရန်၊ ပြီးစီးနိုင်မည့် အချိန် ခန့်မှန်းကာလကိုလည်း ပြည်သူအများ သိရှိ နိုင်အောင် အသိပေးသွားရန် လိုကြောင်းဖြင့် ပြောကြားသည်။ လှည်းတန်းခုံးကျော် တံတားမှာ သံမဏိယက်မနှင့် သံကူကွန်ကရစ် ဖြစ်ပြီး လျာထား တံတားအရှည်မှာ (၂၅၀၇)ပေ ဖြစ်သည်။ တံတားအပေါ်ထည်မှာ သံမဏိယက်မနှင့် သံကူ ကွန်ကရစ်ကြမ်းခင်း လက်ရန်း ဖြစ်သည်။ 

ယာဉ်သွားလမ်းအကျယ် (၄၄) ပေ (၈)လက်မ၊ ပလက်ဖောင်း အကျယ် (တစ်ဘက်လျှင်) ၃ ပေစီ၊ တံတားအကျယ် ပေ(၅၀)နှင့် (၈)လက်မ၊ တံတားအောက် ကင်းလွတ် အမြင့် (၁၈)ပေ၊ ယာဉ်တစ်စီးချင်း ခွင့်ပြုတန်ချိန် တန်(၆၀) ဖြစ် သည်။ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် လမ်းမတော်မြို့နယ်၊ အနော်ရထာ လမ်းနှင့် ကျုံးကြီး လမ်းထောင့်ရှိ အမျိုးသားကြက်တောင် အားကစားခန်းမသို့ ရောက်ရှိကြရာ မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်ဥက္ကဌ ဦးမောင်မောင်ဆွေက ကြက်တောင်အားကစား ကွင်းများ၏ အခြေအနေကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ကြက်တောင်ကွင်းများကို ကြည့်ရှု့စစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာ ကြားသည်။ ထို့နောက် ညနေ (၃)နာရီ (၁၀)မိနစ်တွင် သင်္ဃန်းကျွန်းမြို့နယ်ရှိ လူငယ် အားကစား လေ့ကျင့်ရေးစခန်း (သုဝဏ)သို့ ရောက်ရှိရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်က ဘောလုံးကွင်း  အဆင့်မြှင့်တင်မှု လုပ်ငန်းများကို ရှင်းလင်းတင်ပြ သည်။ ယင်းနောက် ဒုတိယသမ္မတသည် အားကစားကွင်းများ တိုးချဲ့ တည်ဆောက်ပြီးစီးမှု၊ အားကစားသမားများ လေ့ကျင့်နေမှုနှင့် ပွဲကြည့်စင်များ၌ တပ်ဆင်မည့် ထိုင်ခုံများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။(သတင်းစဉ်)

Friday, May 18, 2012 - 14:00

တွံတေးမြို့နယ်တွင် တိုင်းမှူးနှင့်တပ်သား(၄၀၀)ကျော်အဖွဲ့က ဒေသခံများအတွက် ရေကန်တူးပေး

ကောင်းမြတ်ဖြိုး(မြစ်မခ)
မေ(၁၂)ရက်၊၂၀၁၂ခုနှစ်။



တွံတေးမြို့နယ်ရှိ ပျော်ဘွယ်ကလေးရွာတွင် လာမည့်နှစ်များ၌ ရေရှားပါးမှုမဖြစ်စေရန်အတွက် ရေကန်များအား သန့်ရှင်းရေး လုပ်ခြင်းနှင့်    အောက်ခြေထပ်တူးခြင်းတို့အား တပ်မတော်သားအင်အား(၄၀၀)ကျော်က ကူညီလုပ် ဆောင်ပေးလျက်ရှိကြောင်း   ဒေသခံတို့က ဆိုသည်။

ပျော်ဘွယ်ကလေးရွာရှိ ရေကန်(၅)ကန်အား ပြုပြင်ထိန်းသိမ်းခြင်းများကို ရန်ကုန်တိုင်းတိုင်းမှူး ဗိုလ်ချုပ် စန်းဦး က ရန်ကုန်မြို့နယ်အတွင်းရှိ   စစ်တပ်များမှ တပ်သားအင်အား (၄၀၀)ကျော်ဖြင့် ကူညီနေခြင်းဖြစ်သည်။


“ကျွန်တော်တို့ ဧပြီ(၂၀)လောက်ကနေ ရေကန်ဟောင်းတွေ စတူးတာ နှစ်ကန်လောက်ပဲ တူးရသေးတယ်၊ လူအင်အား၊ ငွေအင်အား   မလောက်တာနဲ့ စစ်တပ်က မေ(၇)ရက်နေ့လောက်ကစပြီး လာကူတာဆိုတော့ ကျွန်တော်တို့ အရမ်းဝမ်းသာပါတယ်။” ဟု ပျော်ဘွယ်ကလေးရွာ ဥက္ကဌ ဦးညီညီလွင်က ပြောသည်။

အဆိုပါ ရေကန်တူးဖော်နေစဉ်အချိန်များတွင် ရွာသားများမှာ ရေကန်မှ ရေကိုအဓိကထားသုံစွဲနေရသောကြောင့်
ရေပြတ်လတ်မှုဖြစ်ပေါ်နေစဉ် စည်ပင်သာယာမှ သောက်သုံးရေအတွက် တစ်ရက်လျှင် ဂါလံ(၈၀၀)ကား(၇)စီး ဖြင့်   ရေပေးဝေလျက်ရှိကြောင်းသိရသည်။
 
“ကျွန်တော်တို့အရင်က တစ်ရက်ကို ဂါလံ(၃၀၀၀)လောက် ပေးရတာ အခုစစ်သားတွေ လာတယ်ဆိုတော့ အရင်ကထက်ပိုပေး ရတာပေါ့ ” ဟု တွံတေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးနေ၀င်းကပြောသည်။


အဆိုပါစစ်သား(၄၀၀)ကျော်ခန့်မှာ ပျော်ဘွယ်ကလေးရွာရှိ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများတွင်တည်းခိုလျက်ရှိသည်။

 “ကျွန်မတို့ရွာသားတွေ စစ်သားတွေကို ကိုယ်တက်နိုင်သလောက်လေး အအေးတိုက်တာတို့၊ မုန့်ကျွေးတာတို့ လုပ်ပါတယ်၊ ရွာသားတွေလည်း  အားရင် သူတို့ကို ၀ိုင်းကူပေးကြပါတယ်” ဟု ပျော်ဘွယ်ကလေးရွာရှိကျောင်းအုပ်ဆရာမ ဒေါ်မိမိမော် ကပြောသည်။

 
အဆိုပါ ရေကန်(၅)ကန်မှာ တစ်ကန်သည် ပေ(၄၀၀)ပတ်လည်ခန့်ရှိပြီး၊ အခြားကန်များမှာ ပေ(၂၀၀)ပေ(၁၀၀)
ပတ်လည်ခန့်ရှိသောကန်များ ဖြစ်သည်။

“ကျွန်တော်တို့ရွာက ရေကန်တွေက အရင်က ဆယ်ပေလောက် နက်တယ်၊ သူတို့လာတူးပေးသွားတော့(၁၄) ပေလောက်တော့ နက်သွားမှာပေါ့၊ နောက်နှစ်တွေဆို ဒီလိုရေမရှားနိုင်လောက်တော့ဘူး” ဟု ပျော်ဘွယ် ကလေးရွာ ဥက္ကဌ ဦးညီညီလွင်ကပြောသည်။

Twitter Delicious Facebook Digg Stumbleupon Favorites More