ကျုပ်တို့ ငယ်စဉ်ခါ ကလေးဘ၀ပေါ့ ကျုပ်တို့မိဘများဟာ သူတို့သားသမီးလေးများဖြစ်ကြတဲ့ ကျုပ်တို့တွေ လိမ္မာအောင် ချော့ခါတစ်မျိုး ချောက်ခါတစ်ဖုံ ငေါက်ခါ တစ်လီ၊ ရိုက်သင့်လျှင် ရိုက်တဲ့နည်းကို အသုံးပြုကာ ထိန်းကြောင်းခဲ့လေတယ်။
ဒါဟာလည်း မိဘများရဲ့ သားသမီးများအပေါ် ထိန်းကျောင်းရမဲ့ မသုံးမဖြစ်တဲ့ နယာမလို့ဘဲ လူ့ဘောင် အသိုင်းအ၀ိုင်းက သတ်မှတ်ထားသလို ဖြစ်နေတာကိုး။
ကျုပ်တို့ ငယ်စဉ်ခါက အရုပ်ဆိုင်ရှေ့ဖြတ်လျှင် လိုချင်တဲ့အရုပ်လေးရနိုင်ဖို့ ငိုယိုပြီး ပူဆာလေတော့ မိဘများက တတ်နိုင်သည့်အခါ တစ်ခါတည်း ၀ယ်ပေး၊ မတတ်နိုင်သေးရင်လည်း အရင်ဆုံး ချော့မော့ပြီး နှစ်သိမ့်၊ အဲဒါကိုမှ ယောင့်တတ်လာရင် ........ ??? ။
ကျုပ်တို့ ငယ်ငယ်တုန်းက အိမ်မှာ ဧည့်သည်တွေ စည်ကားနေပြီဟေ့ဆိုရင် လိုချင်တာတစ်ခုခုကို ဧည့်သည်တွေရှိနေဒုန်း
မိဘတွေကို ပူစာကြဖူးတယ်၊ မိဘများကလည်း ဖြစ်နိုင်တာဆိုရင်တော့ စကားဝိုင်းမပျက်သွားအောင်ရယ် ဧည့်သည်ကို
အားနာတာလည်းပါတာကြောင့် အလိုလိုပ်ပီး လိုချင်တာကို လုပ်ပေးကြတယ်။ အဲဒါနဲ့ ကျွန်ုပ်တို့လည်း နောက်ဆို အဲဒီနည်းကို အကြိုက်တွေ့ပြီး နောင်အခါတွေမှာလည်း ဧည့်သည်တွေရှေ့ဆို ပူဆာကြတော့တာပေါ့။
အဆင်ပြေရင်တော့ မိဘတွေက အလိုလိုက်ကြသေးတယ်၊ အဲလိုမှမဟုတ်ဘဲ အလိုလိုက်သလောက် ယောင့်တတ်လာခဲ့ရင်
ဧည့်သည်များရှိနေသေးရင် ချော့မယ်၊ မရသေးဘူးလား မျက်ရိပ်မျက်ခြေပြပြီး ချောက်မယ်၊ အဲလိုမှ မဟုတ်သေးဘူးလား ..... ??? ။
ကလေးဆိုပေမဲ့လည်း ဆိုးတဲ့ကလေးရှိသလို လိမ္မာတဲ့ကလေးလည်းရှိတာဘဲ၊ ကလေးတို့သဘာဝအရ ရမှန်းသိရင်
ယောင့်တတ်လာမှာဘဲ။ ဒီနေရာမှာ မိဘတွေဖက်က ပြန်စဉ်းစားကြည့်၊ သူတို့ကလေးတွေဘ၀ရှေ့ရေးကို ထိန်းကျောင်းဖို့အတွက် အထက်က နိယာမသဘောနဲ့ စပြီး ဆင်ခြင်ရတော့မှာဘဲ။
ရာနှုန်းပြည့် အလိုလိုက်တဲ့ မိဘဆိုရင်တော့ သေချာတယ် ထိန်းကျောင်းမှု့ညံ့ဖျင်းသော မိဘများသာ ဖြစ်မှာဘဲ။
ချော့တန်တာ ချော့၊ ခြောက်တန်တာ ခြောက်၊ ငေါက်တန်ရင် ငေါက်၊ ရိုက်သင့်ပြီးဆိုလည်း ရိုက်။ အဲဒါမှ မိဘ။
အဲလိုမိဘကနေ မွေးထုတ်လိုက်တဲ့ကလေးကသာလျှင် လူပတ်ဝန်းကျင်မှာ သဟဇာတဖြစ်အောင် နေတတ်တယ်၊
ပတ်ဝန်းကျင်အတွက်လည်း အကျိုးဖြစ်အောင် လုပ်ပေးနိုင်တယ်။
အဓီက ပြောချင်တာကကျုပ်တို့ ပြည်သူတွေက ဒီနေရာမှာ ကလေးနေရာကဦးဆောင်အုပ်ချုပ် နေသူတွေက မိဘနေရာကပေါ့
ခုချိန်မှာ ကျုပ်တို့က နေရာကသာ ကလေးတွေဖြစ်ပေမဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းကတော့ ကလေးမဟုတ်ကြတော့ဘူး၊ အဲဒါကြောင့်လည်း ဘာတဲ့ဆို မိဘကို အတင်းနားပူနားဆာလုပ်ပီး ပူဆာနေလို့ မဖြစ်သေးဘူး၊ မိဘအပေါ်ကို နားလည်ပေးနိုင်ရမယ်၊ မိဘရဲ့ အခက်အခဲကိုလည်း ကိုယ်ချင်းစာပေးရမယ်။
အဲလိုဘဲ ဦးဆောင်အုပ်ချုပ်သူတွေကလည်း မိဘနေရာကပေမဲ့ ရာနှုန်းပြည့်အလိုလိုက်တဲ့ မိဘမျိုး လုံးဝ မဟုတ်တော့ဘူး။ သားသမီးရဲ့ ဆန္ဒကို အရင်ကထက် ပိုပီးအလေးထား စဉ်းစားပေးလာမယ်၊ အလိုလိုက်သင့် လိုက်မယ်၊ အကျိုးကြောင်း ရှင်းပြပီး ချော့သင့် ချော့မယ်၊ ငေါက်သင့် ငေါက်မယ်၊ ရိုက်သင့်ရိုက်မယ်။
ကျုပ်တို့အခု ပူဆာနေတာတွေက -
- အလိုလိုက်ဖို့ ဖြစ်နိုင်လောက်တဲ့ တောင်းဆိုမှု့မျိုးလား၊
- ချော့ခံရလောက်တဲ့ တောင်းဆိုမှု့မျိုးလား၊
- ခြောက်ခံရလောက်တဲ့ တောင်းဆိုမှု့မျိုးလား၊
- ငေါက်ခံရလောက်တဲ့ တောင်းဆိုမှု့မျိုးလား၊
- အရိုက်ခံရလောက်တဲ့ တောင်းဆိုမှု့မျိုးလား .....
တစ်ခါတစ်လေမှာလေ သားသမီးက မိဘကို နားလည်ပေးဖို့ သိပ်လိုအပ်တယ်။
စာကတော့ ရှည်သွားတယ်၊ ပြောချင်တဲ့အကြောင်းရာကတော့ တစ်ခုထဲပါ၊
ကျုပ်တို့တွေ ကလေးတွေမှ မဟုတ်တော့ဘဲ စဉ်းစားချင့်ချိန်ပီးမှသာ ပူဆာကြရအောင်လား ... ။
အရိုက်ခံရလောက်မဲ့ ပူဆာမှု့မျိုး မဖြစ်လာစေဖို့ဘဲ မျှော်လင့်ပါတယ်။ မိဘတွေဖက်ကလည်း ရိုက်တဲ့နည်းကိုတော့ မသုံးလောက်တော့ဘူးလို့ဘဲ မျှော်လင့်ပါတယ်။
ချမ်းငြိမ်း
0 comments:
Post a Comment
ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...