Sunday, May 6, 2012

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက အကောင်အထည်ဖော် ဆောင်ရွက်သည့် မိုဘိုင်းဖုန်း ဒုတိယနှစ်စီမံကိန်း Fourth Generation

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက အကောင်အထည်ဖော် ဆောင်ရွက်သည့် မိုဘိုင်းဖုန်း ဒုတိယနှစ်စီမံကိန်းတွင် Fourth Generation စနစ်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရှိရသည်။ လက်ရှိ စီမံကိန်းတွင် 2.75 G ဖြစ်သည့် GSM မိုဘိုင်းစနစ်နှင့် 3G WCDMA UMTS ကို ထည့်သွင်း တည်ဆောက်ထားခြင်း ဖြစ်ပြီး ဒုတိယနှစ် စီမံကိန်းတွင် Fourth Generation ဖြစ်သည့် LTE (Long term evolution) စနစ်ကို တည်ဆောက် အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သတင်း ထုတ်ပြန်ချက်အရ သိရသည်။ စီမံကိန်း ဆောင်ရွက်ရာတွင် စီမံကိန်း Planning မှအစ Network Optimization အထိ အရည်အသွေး ကောင်းစေရန်အတွက် ပြည်တွင်း အင်ဂျင်နီယာအပြင် ပြည်ပ အင်ဂျင်နီယာများလည်း ဆောင်ရွက်ထားသည်ဟု ဖော်ပြပါရှိသည်။ မိုဘိုင်းကွန်ရက် တည်ဆောက်မှု အပိုင်းအနေဖြင့် နည်းပညာ ကျွမ်းကျင်မှုနှင့် တည်ဆောက်မှုတို့ အဓိက လိုအပ်ကြောင်း သိရသည်။ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၏ ရည်မှန်းချက်များတွင် ဖော်ပြထားချက်အရ မြို့ပြတွင်သာမက ကျေးလက်ဒေသအထိ တယ်လီဖုန်းတိုးချဲ့ တပ်ဆင်သွားပြီး တယ်လီဖုန်း သိပ်သည်းဆကို ၄၃ ဒသမ ၈ ရာခိုင်နှုန်းအထိ လည်းကောင်း၊ Broadband Wireless စနစ်အပါအဝင် အင်တာနက် သုံးစွဲမှုကို ၉ ရာခိုင်နှုန်းအထိ လည်းကောင်း တိုးတက်သုံးစွဲနိုင်ရေး ဆောင်ရွက်သွားမည်ဟု ဆိုကြောင်း ၂၀၁၂ ခုနှစ် မေ၃ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

(From : ခေတ်လူငယ်)

0 comments:

Post a Comment

ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...

Twitter Delicious Facebook Digg Stumbleupon Favorites More