Saturday, May 19, 2012

စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ထောက်ခံနေကြတဲ့ သူတွေ အတွက် ဆုတောင်းခြင်း


 သောက်ရာဇ၀င်ရိုင်းတာကွာ.. ခေါင်းဆောင်တဲ့ ဘာခေါင်းဆောင်လဲ... ကိုယ့် နိုင်ငံကို နိုင်ငံတကာအလယ်မှာ ကမ္ဘာ့အလယ်မှာ အရှိန်အဟုန်နဲ့ ကျော်ကြားအောင် လူတွေ အားလုံး အကောင်းမြင်အောင်... လုပ်နေကြတဲ့ သူတွေထဲမှာ ဒေါ်စုကဘာလဲ... ပါးစပ်ကတော့ လူထုအတွက် လူထုအတွက်နဲ့ လုံးဝမချဘူး... သခင်အားရပြီးပြောခဲ့တဲ့ စကားတွေက ဘာတဲ့... မြန်မာပြည်ကို အကောင်းမြင် နေလွန်းကြတယ် ဆိုပါလား... အားလုံးက အကောင်းမြင်ပေးနေတာကို ဘာလဲ မြန်မာပြည်ကြီးကို သူများ အုပ်ချုပ်ပြီး တိုးတက်အောင် လုပ်သွားမှာကို ကြောက်နေတာလား... ပြောတော့ ပြည်သူ့အတွက်ပါဆိုဗျ... ပြောပြန်ရင်လဲ လွန်ရာကြဦးမယ်... ဘာလဲကွာ.. နောက်ပြန်လှည့်ရအောင်ကွာ.. စစ်တပ်ကလည်း သူ့ဟာသူ လွှတ်တော်ထဲမှာ နေရာယူထားပြီးသား ဘယ်သူက အာဏာသိမ်းမှာတုန်း... သူပဲ အာဏာသိမ်းချင်လို့ နောင်တစ်ဆက်အတွက် သမ္မတ လုပ်ချင်လို့ အခြေခံဥပဒေ ပြင်လို့ရအောင် ကူလီကူမာတွေ များနေတာ... စီးပွားရေး ပိတ်ဆို့လို့... ခင်ဗျားတို့ ထိခိုက်ပါတယ် ဆိုတဲ့ လူကြီးတွေ စီးပွားရေး သမားတွေ ဘာထိခိုက်လဲ? အစားအသောက်တောင် မပျက်ဘူး... ထိခိုက်ပါတယ်ဆိုရင်တောင် ဆင်ပိန်ရင် ကျွဲလောက်တော့ ကျန်သဗျ... ဘယ်သူတွေ ထိခိုက်လဲ? ထိခိုက်တာက ခင်ဗျားတို့ ပြောပြောနေတဲ့ မထိခိုက်ပါဘူးဆိုတဲ့ အောက်ခြေက အခြေခံ လူထုဗျ... လုပ်ငန်းတွေက ရှားတော့ ဘာလုပ်လို့ လုပ်ရမလဲ မသိကြပဲ... လုပ်ငန်းတွေမှာ လုပ်သလောက် တန်ရာ တန်ကြေး မပေးကြပဲ ဈေးဈေးပေါပေါနဲ့ အလုပ်လုပ်ပေးကြရတယ်... နိုင်ငံခြား ထွက်ပြီး ကျွန်ခံသလို ထွက်ရှာကြရတယ်.. နောက်ပြီး မြန်မာပြည်မှာ ခေတ်မီ လျှပ်စစ် ပစ္စည်းကောင်းတွေ မသုံးရဘူး လူသုံးကုန်ပစ္စည်းကောင်းတွေ မသုံးရဘူး... စီးပွားရေး မရှိတော့ ပြည်ပ၀င်ငွေ မရှိတော့ ပြည်တွင်းက ထွက်သမျှ လျှပ်စစ်က အစအကုန် ရောင်းပြီး တိုင်းပြည်အတွက် ၀င်ငွေရှာနေရတယ်... ပြောရမယ်ဆို အများကြီးပဲ... မင်းတို့က ဖွင့်စေချင်မှာ ပေါ့ ဖွင့်ရင် မင်းတို့ ကောင်းစားမှာကိုး... ထင်သလား ကျုပ်က ၀န်ထမ်း ဖွင့်သည်ဖြစ်စေ မဖွင့်သည် ဖြစ်စေ ကျုပ်လစာ တိုးမသွားဘူး.. ဖွင့်လိုက်လို့ ဘာမှကို မရဘူး.. မဖွင့်ရင်ကော မဖွင့်ရင်လည်း ဘာမှ မရဘူး... တစ်ခုတော့ ရှိတာပေါ့ ဖွင့်တော့ အော်.. ကိုယ့်တိုင်းပြည်လေး စီးပွားရေး ဖွင့်လို့ စီးပွားရေးတွေ ကောင်းနေလိုက်တာ ပြည်သူတွေ ပြည်ပကို ထွက်အလုပ်မလုပ်ရပဲ ပြည်တွင်းမှာ ကိုယ့်မိသားစုလေးနဲ့ ဥမကွဲ သိုက်မပျက် လုပ်ကိုင်ပြီး စားနိုင်သောက်နိုင် အဆင့်အတန်ရှိရှိ ပစ္စည်းတွေ သုံးစွဲနေနိုင်လိုက်တာ ဆိုပြီး ၀မ်းသာစရာပဲ ၇ှိတယ်... ကျန်တာ ဘာမှ မရှိဘူး.. ရလည်း မရဘူး... အေး... အာဏာ အတွက်နဲ့ ကိုယ်ကျိုးအတွက်နဲ့.. စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ထောက်ခံနေကြတဲ့ (လူထုခေါင်းဆောင် ပါဆိုတဲ့ သူအပါအ၀င်) ဘယ်ဝဲဇားတွေ မဆို အခုဘ၀မှာကော နောင်ဘ၀မှာပါ ပြည်သူတွေ ကြပ်တည်းနေကြသလို ၀ဠ်မလည်ကြပါစေနဲ့... ဆုတောင်းထားကြ...

0 comments:

Post a Comment

ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...

Twitter Delicious Facebook Digg Stumbleupon Favorites More