Showing posts with label နိုင်ခြားရေးရာ. Show all posts
Showing posts with label နိုင်ခြားရေးရာ. Show all posts
Friday, August 17, 2012
Tuesday, May 22, 2012
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အာဆီယံနိုင်ငံ ရဲချုပ်များနှင့် ဆွေးနွေးဘက် နိုင်ငံများ၏ ရဲအဖွဲ့ အကြီးအကဲများအဖွဲ့အား လက်ခံတွေ့ဆုံ
နေပြည်တော် မေ ၂၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ယနေ့ မွန်းလွဲ (၂) နာရီတွင် နေပြည်တော်၌ ကျင်းပနေသည့် (၃၂) ကြိမ်မြောက် အာဆီယံ ရဲအဖွဲ့ ရဲချုပ်များ အစည်းအဝေးသို့ တက်ရောက်လာသော အာဆီယံနိုင်ငံ ရဲချုပ်များနှင့် ဆွေးနွေးဘက် နိုင်ငံများ၏ ရဲအဖွဲ့ အကြီးအကဲများ၊ Interpol ရဲအဖွဲ့ အတွင်းရေးမှူးရုံးမှ ကိုယ်စားလှယ် အဖွဲ့များက လာရောက် ဂါရဝပြုတွေ့ဆုံရာ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ လက်ခံတွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲချုပ်ကျော်ကျော် ထွန်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ သံတမန်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ကြပြီး အာဆီယံနိုင်ငံ ရဲချုပ်များနှင့် ဆွေးနွေးဘက် နိုင်ငံများ၏ ရဲအဖွဲ့ အကြီးအကဲများ အဖွဲ့တို့ တက်ရောက်ကြသည်။
(သတင်းစဉ်)





