Wednesday, May 23, 2012

နျူးကလိယ စမ်းသပ်ရန် အစီအစဉ် မရှိဟု မြောက်ကိုရီးယားပြော


အမေရိကန်တို့ အနေဖြင့် မြောက်ကိုရီးယား နိုင်ငံအပေါ် ဖိအားပေးမှုများနှင့် ပိတ်ဆို့မှုများ တိုးတက် လုပ်ဆောင်မှု ဆက်လက် ပြုလုပ်ခြင်း မရှိပါက မြောက်ကိုရီးယားတို့ အနေဖြင့် နျူးကလိယ စမ်းသပ်မှုများကို ဆက်လက် လုပ်ဆောင်လိမ့်မည် မဟုတ်ဟု ပြောကြားလိုက်ပြီ ဖြစ်သည်။ မြောက်ကိုရီးယား အစိုးရပိုင် သတင်းဌာန ဖြစ်သည့် Korean Central News Agency မှ  နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ၏ အပြောကို ကိုးကားပြီး အင်္ဂါနေ့က ထုတ်ဖော် ပြောကြားလိုက်သည်။ 

အဆိုပါ ပြောရေးဆိုခွင့် ရှိသူ အပြောအရ မြောက်ကိုရီးယား အနေဖြင့် စစ်ရေးအရ လုပ်ဆောင်ချက်များ ဖြစ်သည့် နှုကလိယ စမ်းသပ်မှုများကို ဂြိုဟ်တု လွှတ်တင်နေစဉ် အချိန်အတွင်း ပြုလုပ်ရန် မည်သည့်အခါမျှ စဉ်းစားခဲ့ခြင်း မရှိကြောင်း ပြောကြား သွားခဲ့သည်။  အမေရိကန် ပြည်ထောင်စု အပေါ်  မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် နျူးကလိယ စမ်းသပ်နေသည် ဆိုသော သတင်းများကို ဖြန့်ချိပြီး ကတုံးကတိုက် ဖြစ်စေရန် ကြိုးစားနေသူများ ဖြစ်သည်ဟုလည်း အဆိုပါ ပြောရေးဆိုခွင့် ရှိသူမှ ဝေဖန် ပြောကြား သွားခဲ့သည်။

source : NHK News

0 comments:

Post a Comment

ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...

Twitter Delicious Facebook Digg Stumbleupon Favorites More