Saturday, May 19, 2012

၂၀၁၀ တုန်းက ဘူးသံချပ်တွေနဲ့ ဘူးသီးကြော်စားခဲ့သမျှ အခု ၂၀၁၂ ဧပြီလ မှာ ဘူးပင်က ဖရုံသီးလိုလို သီးလေပြီ



<<ဘူးဆို ဖရုံမသီးဘူးဆိုပြီး အပြောင်းအလဲ လုပ်လွန်းတဲ့ သူတွေ ကြောင့် အခုလို ဖောက်ပြန်လေသလား မသိ... ၂၀၁၀ တုန်းက ဘူးသံချပ်တွေနဲ့ ဘူးသီးကြော်စားခဲ့သမျှ အခု ၂၀၁၂ ဧပြီလ မှာ ဘူးပင်က ဖရုံသီးလိုလို သီးလေပြီ... တိုက်ဆိုင်မှုလေလော... သို့တည်းမဟုတ် ဤဘူးသီးကို အညှာကို အောက်စိုက်ပြီး ဖြစ်လာတဲ့ ပုံတူ အက္ခပုံစံကို လိုရာဆွဲတွေးပြီး ကြံဖန် ဂုဏ်ယူချင် ဂုဏ်တင်ချင် သပဆိုလဲ ဂုဏ်တင်ကြပါလေ.. ဘူးဆို ဖရုံမသီးဘူး ဆိုတဲ့ စကား မှားလေပြီလော...>>

ရွှေပြည်သာမြို့နယ်၊ ၁၀ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ ဈ(၃၄)အိမ်အမှတ် ၂၆(ခ)ဦးလှကျော်ထွန်း (တက်နေထွန်း ကုန်စုံဆိုင်ပိုင်ရှင်)၏ အိမ်နောက်ဖေး ဘူးစိုက်ခင်းတွင် ဖရုံသီးသဏ္ဌာန် အသီးတစ်လုံးသီးလျက် ရှိကြောင်းသိရသည်။ ၎င်းစိုက်ခင်းသည် ဘူးပင်(သီးရှည်)မျိုးဖြစ်ပြီး စိုက်ပျိုးခဲ့သည်မှာ သုံးနှစ်ရှိပြီဖြစ်သည်။ ''ဦးလေးဒီအပင်ကို လွန်ခဲ့တဲ့သုံးလ (မတ်လ) လောက်က စပြီးစိုက်ထားတာ။ဒီအသီးထူးခြားနေတယ်ဆိုတာ ဧပြီလလောက်ကမှ သိရတာပါ'' ဟုဦးလှကျော်ထွန်းက ပြောကြားသည်။ ၎င်းအပင်တွင် ဘူးသီးအလုံး၆၀ ကျော်ခန့် သီးသော်လည်း ယင်းတစ်လုံးသာ ဖရုံသီးသဏ္ဌာန်ဖြင့်အဖတ်တင်ကျန်ရှိပြီး အခြားအလုံးများမှာ လုံးသေးအရွယ်၌ပင် ပုပ်ကုန်ကြောင်း သိရသည်။ ဦးတို့ကြားဖူးတဲ့ မြန်မာစကားပုံတစ်ခုရှိတယ်။ ဘူးဆိုရင် ဖရုံမသီးဘူးဆိုတာလေ။ အခုအဖြစ်ကအဲဒီ စကားပုံမှားတယ်လို့ ပြောရမလို ဖြစ်နေတယ်"ဟု ဦးလှကျော်ထွန်းက ပြောသည်။ အဆိုပါ အဖြစ်အပျက်သည် ၎င်း၏အသက်၅၆နှစ်အတွင်း ပထမဆုံး တွေ့ကြုံမြင်တွေ့ဖူးခြင်း ဖြစ်ကြောင်းသိရသည်။
မူရင်း သတင်း အရင်းအမြစ် မှာ
(http://swesonemedia.org/index.php?q=2431)

0 comments:

Post a Comment

ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...

Twitter Delicious Facebook Digg Stumbleupon Favorites More