Showing posts with label ခံစားချက်များ. Show all posts
Showing posts with label ခံစားချက်များ. Show all posts

Wednesday, April 10, 2013

ဆူးလေး တစ်ချောင်းရဲ့ ခံစားချက်



စစ်သားတွေက အရပ်သားတွေလို မဟုတ်ဘူး အရပ်သားတွေ မိန်းမ ပွေ ရှုပ်နေရင် ဘယ်မှာမှ သွားမတိုင်ရဲကြဘူးလေ... အဲဒီ အပွေ အရှုပ်ခံရတဲ့ မိန်းကလေးတွေက ဒူးနဲ့ မျက်ရည် ကို ကြိတ်ပြီး သုတ်ကြရတယ်...

စစ်သားတွေ စစ်ဗိုလ်တွေ... မိန်းမ ကိစ္စ ဖြစ်လို့... အဆင်မပြေလို့ စိတ်အခန့်မသင့်လို့ ပြတ် ကြလို့ မကျေနပ်ကြရင် တိုင်ကြ တောကြ လုပ်ကြတယ်... အတိုင်ခံရတဲ့ စစ်ဗိုလ်၊ စစ်သား က ဘ၀ပျက်ပြီး ထောင်ကျလို့ပေါ့... အဲဒါကို သူတို့ကပဲ မဟုတ်မခံ သူရဲကောင်းမကြီးတွေ လိုလိုနဲ့ ထောင်ထောင် ထောင်ထောင်နဲ့ ပေါ့...

ဒါပေမယ့် စစ်သား စစ်ဗိုလ်တွေက အရမ်းကို မြတ်မြတ်နိုးနိုးနဲ့ အားလုံးကို ပုံပြီး ချစ်ခဲ့ပေမယ့်... အဲဒီ ချစ်တတ်တဲ့ အသဲနှလုံးကို အက်စစ်နဲ့ ပတ် ဓါးနဲ့ မွှန်း ပြီး ဘ၀ပျက်အောင် လုပ်ခဲ့ ကြတဲ့ မိန်းမတွေကို ကော ဘ၀ပျက်အောင် ခံစားခဲ့ရတဲ့ စစ်သား၊ စစ်ဗိုလ်တွေ အတွက် မျှမျှ တတ ဖြစ်အောင် ဘယ်လို အရေးယူ ပေးကြမှာလဲ ဟင်... ဘယ်သူ့ကို သွားတိုင် ကြရမှာလဲဟင်... :(

အင်းးး.. ဘယ်သူတွေ ဘာပဲ ပြော ပြော စစ်သား စစ်ဗိုလ်တွေရဲ့ ဘ၀က ဆူးပေါ်ဖက်ကျလဲ ဆူးကျိုး... ဖက်ပေါ် ဆူးကြလဲ ဆူးကျိုးရတဲ့ ဘ၀ပါလားနော်....

(ဆူးလေး တစ်ချောင်းရဲ့ ခံစားချက်)

Twitter Delicious Facebook Digg Stumbleupon Favorites More