Monday, May 21, 2012

မိုဘိုင်းဖုန်းသုံးစွဲသူများ တစ်စုံတစ်ရာ အဆင်မပြေပါက သက်ဆိုင်ရာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မန်နေဂျာများထံ ဆက်သွယ်နိုင်

မိုဘိုင်းဖုန်း သုံးစွဲသူများအနေဖြင့် အသုံးပြုရာတွင် တစ်စုံတစ်ရာ အဆင်မပြေမှုများ ဖြစ်ပေါ်ပါက သက်ဆိုင်ရာ မြန်မာ့ဆက်သွယ်ရေး မန်နေဂျာများထံ ဆက်သွယ်နိုင်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။ သက်ဆိုင်ရာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး မန်နေဂျာများထံ ဆက်သွယ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။ ၃.၅.၂၀၁၂ နောက်ပိုင်းတွင် မိုဘိုင်းဖုန်းဝယ်ယူသုံးစွဲသူများ အနေဖြင့် တစ်နိုင်ငံလုံးတွင် ယူဆောင်ဆက်သွယ် သုံးစွဲနိုင်ရန်အတွက် Sim Card ရောင်းချသည့် ကုမ္ပဏီများမှ ရောင်းချသည့် ဖုန်းနံပါတ် အပါအဝင် နေ့စဉ်မိုဘိုင်းဖုန်း ရောင်းချသည့်စာရင်းကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသို့ ပုံမှန်ပေးပို့ရန် အကြောင်းကြားထားပြီး ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
 
 “လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနဲ့ ဆက်သွယ်ဆောင်ရွက်နေကြတာက ကတ်ပျောက်၊ ကတ်ပျက် ကိစ္စတွေပဲ ဖြစ်ပါတယ်။ တခြားမိုဘိုင်းဖုန်းဆိုင်ရာ ပြဿနာတွေကတော့ အသုံးပြုတဲ့ ဟန်းဆက်မှာပဲ အဖြစ်များပါတယ်” ဟု မိုဘိုင်းဖုန်း အသုံးပြုသူတစ်ဦးက ပြောကြားသည်။ GSM/UMTS မိုဘိုင်းဖုန်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ရောင်းချခဲ့ပြီး ၃.၅.၂၀၁၂ ရက်မှ စတင်ကာ တစ်နိုင်ငံလုံး ယူဆောင်သုံးစွဲနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ၂၀၁၂ ခုနှစ် မေလ ၂၄ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment

ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...

Twitter Delicious Facebook Digg Stumbleupon Favorites More