Tuesday, May 22, 2012

နိုင်ငံခြားသား ခရီးသွားများအတွက် သတင်းအချက်အလက် ကောင်တာ ၁၁ ခု ထပ်မံဖွင့်လှစ်မည်



ခရီးသွားနှုန်းမြင့်တက်စ ပြုလာပြီဖြစ်သော မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းတွင် ပြည်ပခရီးသည်များကို သတင်းအချက်အလက်များ ဖော်ပြပေးနိုင်သည့် Tourist Information Counter ၁၁ ခုကို ထပ်မံဖွင့်လှစ်ပေးသွားရန်ရှိကြောင်း ၁၆.၅.၂၀၁၂ ရက်က သိရသည်။ လက်ရှိတွင် နိုင်ငံခြားသား ခရီးသွားများအတွက် သတင်းအချက်အလက်စင်တာ ၁၂ ခုကို လေဆိပ်အဝင်နှင့် နယ်စပ်ဝင်ပေါက်မျိုးစုံတို့၌ ထားရှိပေးပြီးဖြစ်ကာ ယင်း၏ရလဒ်ကောင်းပေါ် မူတည်ပြီး အသစ် ၁၁ ခု ထပ်မံဖွင့်လှစ်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။ 

“ပထမအဆင့် ၁၂ ခုကို နယ်စပ်နဲ့ လေဆိပ် ဂိတ်ပေါက်တွေမှာ ဖွင့်ပေးခဲ့ပြီး ဖြစ်သလို နောက်ထပ် ၁၁ ခုထပ်ဖွင့်ဖို့ ရှိပါတယ်” ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ပြောကြားသည်။ ၄င်းအပြင် နိုင်ငံအနှံ့တွင် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များကို ကူညီပါ” ဟူသော ဆိုင်းဘုတ်ကို မြင်သာထင်သာနေရာများတွင် ထပ်မံထားရှိသွားဦးမည်ဖြစ်ကြောင်း သိရသည်။ “Tourist Police ကိစ္စကိုလည်း ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ညှိနေပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။ ပုဂံဒေသရှိ Tourist Information Counter မှ သတင်းအချို့အရ လေဆိပ်ဝင်ပေါက်မှ ဝင်လာလာချင်း မြင်တွေ့ရသော အဆိုပါကောင်တာကို ကမ္ဘာလှည့်ခရီးသွားများက အားကိုးတကြီး အသုံးပြုမေးမြန်းကြသည်ဟု သိရပြီး ထပ်မံဖွင့်လှစ်မည့် ကောင်တာ သစ်များကိုလည်း လေဆိပ်ဝင်ပေါက်နှင့် မြင်သာ ထင်သာသော နေရာများတွင် စနစ်တကျ ထားရှိ ပေးသွားရန် လိုအပ်နေသည်ဟု သိရကြောင်း ၂၀၁၂ ခုနှစ် မေလ ၂၄ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment

ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...

Twitter Delicious Facebook Digg Stumbleupon Favorites More