Tuesday, May 22, 2012

ရန်ကုန်လေဆိပ်တွင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ စတင်ရုပ်သိမ်း

ရန်ကုန်၊ မေ-၁၆

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်တာဝန်ထမ်းဆောင်နေသော စစ်ဘက်ဆိုင်ရာလုံခြုံရေး အဖွဲ့(စရဖ)အား မေ ၁၆ ရက်မှစ၍ ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

“သမ္မတအမိန့်နဲ့ မထားတော့တာပါ။ ဒုရဲမှူးကြီးခေါင်းဆောင်တဲ့ အင်အား ၇၀ လောက်ရှိတဲ့ဒုစရိုက်နှိမ်နင်းရေး အဖွဲ့နဲ့ အစားထိုးလဲလှယ်လိုက်တာပါ” ဟု ရန်ကုန်လေဆိပ်တွင် တာဝန်ထမ်းဆောင်သော အမည်မဖော်လိုသူအရာရှိကြီးတစ်ဦးက ပြောသည်။

အဆိုပါ ဒုရဲမှူးကြီးတစ်ဦး ခေါင်းဆောင်သောအဖွဲ့အား ရန်ကုန်လေဆိပ်နှင့်နေပြည်တော်၊
မန္တလေးမြို့များတွင်ပါပြောင်းလဲတာဝန်ချထားလိုက်ကြောင်း သတင်းရရှိသည်။

“နိုင်ငံတကာ လေဆိပ်တွေမှာ စစ်တပ်မရှိရဘူးဆိုတဲ့ အချက်ရှိတဲ့အတွက် ဒါကို ပြင်ပေးလိုက်တာဖြစ်တယ်” ဟု ပြည်ပအခြေစိုက်လေကြောင်းလိုင်းတစ်ခုတွင် တာဝန်ထမ်းဆောင်နေသူတစ်ဦးကပြောသည်။

သို့သော် လေဆိပ်တွင် ထောက်လှမ်းရေးအဖွဲ့အစည်းများဖြစ်သော အထူးသတင်းတပ်ဖွဲ့ SB နှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စစစ)များကိုမူ ဆက်လက်ထားရှိကြောင်း သတင်းရရှိသည်။ “အဓိက စာအုပ်ရယ် စာရွက်စာတမ်းတွေကို မယူလာရဲကြဘူး။ အရက်ပုလင်းတို့ ဆေးဝါးတို့လည်း စစ်ဆေး
တယ်”ဟု ပြည်ပနိုင်ငံများသို့ မကြာခဏ သွားရောက်လေ့ရှိသူ NGO မှ ၀န်ထမ်းတစ်ဦးကပြောသည်။ စရဖအဖွဲ့များသည် လေဆိပ်တစ်ခုလုံး၏ လုံခြုံရေးတာဝန်ကိုယူထားသော သြဇာရှိသောအဖွဲ့အစည်းဖြစ်သည်။ ရန်ကုန်လေဆိပ်တွင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ကို ထောက်လှမ်းရေး အဖွဲ့အပြောင်းအလဲလုပ်ပြီး ၂၀၀၄နှစ်ကုန်တွင် စတင်ထားရှိခဲ့ခြင်းဖြစ်သည်။

0 comments:

Post a Comment

ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...

Twitter Delicious Facebook Digg Stumbleupon Favorites More