Tuesday, May 22, 2012

IT Business Plan Contest 2012 ကျင်းပပြုလုပ်မည်


 မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်နှင့် Japan နိုင်ငံ CIESF တို့မှ ပူးပေါင်းကျင်းပသော IT Business Plan Contest 2012 ကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ IT Business Plan Contest ကို ဒုတိယအကြိမ်အဖြစ် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး၊ 2011 က ပထမအကြိမ်အဖြစ် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ IT Business Plan Contest 2011 တွင် Category (၄) မျိုး ခွဲခြားသတ်မှတ်၍ ယှဉ်ပြိုင်ခဲ့ပြီး၊ ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ (၃၀၀၀) ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ယခု ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ်မြောက် IT Business Plan Contest 2012 တွင် Category (၂) မျိုးအဖြစ် Cloud Application နှင့် Mobile Application ဟူ၍ ခွဲခြားသတ်မှတ်ပေးထားပြီး နှစ်သက်ရာ Category ဖြင့်ဝင်ရောက် ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။ ယခုနှစ်တွင် ဆုများအဖြစ် သုံးဆု သတ်မှတ်ပေးထားပြီး ပထမဆုအဖြစ် အမေရိကန်ဒေါ်လာ (၃၀၀၀)၊ ဒုတိယဆု (၂၀၀၀) နှင့် တတိယဆု (၁၀၀၀) သတ်မှတ် ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ IT Business Plan Contest 2012 ၏ အဓိကရည်ရွယ်ချက်အဖြစ် Cloud Computing ဖွံ့ဖြိုးတိုးတက်လာစေရန် IT Industry တွင် နည်းပညာရှင်များ ထွက်ပေါ်လာစေရန်နှင့် စွန့်ဦးတီထွင်သော မျိုးဆက်သစ် လူငယ်ပညာရှင်များ ထွက်ပေါ်လာစေရန် ရည်ရွယ်ထားရှိကြောင်း သိရသည်။ 

ဝင်ရောက် ယှဉ်ပြိုင်လိုသူများ အနေဖြင့် မြန်မာနိုင်ငံသား ဖြစ်ရမည်ဖြစ်ပြီး၊ တစ်ဦးတစ်ယောက်ထဲဖြစ်စေ၊ အဖွဲ့နှင့်ဖြစ်စေ (အများဆုံး အဖွဲ့ဝင်သုံးဦး) ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။ Application Form ကို www.myanmarictawards.org တွင် ဒေါင်းလုပ်ရယူနိုင်မည်ဖြစ်ပြီး၊ ၂၀၁၂ ခုနှစ် ဇူလိုင်လ (၃၁) ရက်နေ့ နောက်ဆုံးထားကာ Business Plan များကို မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်ရုံးခန်း၊ အဆောင်(၁)၊ မြန်မာအင်ဖိုတက်ခ်သို့ တင်သွင်းရမည်ဖြစ်သည်။ အသေးစိတ် ထပ်မံသိရှိလိုသူများ အနေဖြင့် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် (ဖုန်း-၀၁-၆၅၂၃၀၇) သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း ၂၀၁၂ ခုနှစ် မေလ ၂၄ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment

ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...

Twitter Delicious Facebook Digg Stumbleupon Favorites More