Friday, February 24, 2012

မိုးကြိုးပစ်တာကို ထန်းလျက်နဲ့ ကာနေကြတဲ့ သူများ အတွက်

ဆန်ရှင်လုပ်ဖို့ ဒေါ်စုက မတောင်းဆိုခဲ့ပါဘူး ဆိုပြီး တစ်ချို့တွေက အတင်းကို ငြင်းခဲ့ကြပါတယ်... ဒေါ်စုရဲ့ နှုတ်ဖျားကလဲ ဆန်ရှင်ကြောင့် ပြည်သူတွေ မထိခိုက်ပါဘူးတဲ့... ဟုတ်ရဲ့လားဗျာ... ?? NLD ကလဲ ငြင်းထားလိုက်ပါသေးတယ်.. ဒေါ်စုက ဆန်ရှင်လုပ်ဖို့ မတောင်းဆိုခဲ့ပါဘူးဆိုပဲ... အောက်က သတင်းလေး ဖတ်ကြည့်ကြပါဦးဗျာ...

မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေက စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ထားသည့် အကြောင်းအမျိုးမျိုးအနက် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က စစ်အစိုးရအပေါ် နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့ဖို့ တောင်းဆိုခဲ့သည့် သာဓကရှိသည်။ သို့သော် နောက်ပိုင်းမှာ အန်အယ်လ်ဒီက စီးပွားရေး ပိတ်ဆို့ဖို့ မတောင်းဆိုခဲ့သယောင် အန်အယ်လ်ဒီမှ ထုတ်ပြန်ချက် ထုတ်ခဲ့ဖူးသည်။ သမိုင်းကြောင်း ရှင်းစေရန် ပြန်ကြည့်မည်။

အန်အယ်လ်ဒီသည် စီးပွားရေးပိတ်ဆို့မှုတွေ မတောင်းဆိုခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည် ၂ဝဝ၃ ခုနှစ် ဧပြီင်္လမှာ ပြောသည့် စကားကို ကိုးကားပြီး အန်အယ်လ်ဒီ၏ တချိန်က ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ကျနေချိန်ဖြစ်သည့်အတွက် မီဒီယာတွေက ဒေါ်စုကို ထိုအချိန်က မေးခွင့်မရခဲ့ပေ။

ဒီမိုကရေစီရေး ထောက်ခံသူတွေကို စစ်အစိုးရက ဖမ်းဆီးနေသည့်အတွက် စစ်အစိုးရအပေါ် နိုင်ငံတကာက စီးပွားရေးဒဏ်ခတ်မှု (ဆန်ရှင်) လုပ်ပေးပါရန် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မေတ္တာရပ်ခံခဲ့သည်။

၁၉၉၇ ခု ဖေဖော်ဝါရီလထဲမှာ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့ရေးအတွက် ရန်ကုန်အခြေစိုက် နိုင်ငံခြားသတင်းထောက်များနှင့် တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံခဲ့သည့်အကြောင်း ၁၉၉၇ ခု ဖေဖော်ဝါရီ ၃ ရက်နေ့စွဲပါ ရန်ကုန်က လာသည့် အေပီသတင်းမှာ အောက်ပါအတိုင်း ဖော်ပြထားသည်။

Burma's Suu Kyi Urges Sanctions

Monday, February 3, 1997 4:53 pm EST

RANGOON, Burma (AP) -- Nobel Peace Prize-winner Aung San Suu Kyi appealed Monday for international sanctions against Burma's military regime, saying it has arrested scores of pro-democracy supporters since quelling a student uprising.

More than 100 people -- double the number acknowledged by the government -- have been arrested in the wake of the December student protests, including 52 supporters of her National League for Democracy, Suu Kyi said. After secret trials, Burma announced it had sentenced 34 people to seven-year prison terms for fomenting the protests, Burma's most significant demonstrations since an uprising against military rule in 1988. Sanctions are essential given ``large-scale repression of the democracy movement,'' Suu Kyi told reporters, who were given a rare chance to meet with her in what has been increasing government restrictions on her movements.

Security officials checked journalists' identifications before allowing them past the government barricades around the lakeside home of Suu Kyi, winner of the 1991 Nobel Peace Prize for her efforts to bring democracy to Burma. Plainclothes officers took photographs of those entering.

Burma's ruling State Law and Order Restoration Council, which succeeded an earlier military regime in 1988 after gunning down thousands of protesters, has opened the economy to foreign investment after years of isolation.

Suu Kyi rejected the argument that foreign investment in Burma will raise living standards and freedom.

``The reason why we want sanctions is because what the international investment is doing now is putting more and more money into the pockets of a small privileged group, who become more keen on preserving the status quo,'' she said.

She also praised the ``great perseverance and courage'' of supporters who have gathered at the Shwedagon pagoda, Rangoon's holiest shrine, in recent weeks in the vain hope she would appear to speak.

``We think that every single person who turns up for the weekend has 10,000 behind him or her,'' she said.

Inside the compound, about 20 party supporters made preparations for a celebration Suu Kyi plans to hold Feb. 12 for Union Day, marking a pact signed by anti-colonial leaders against British rule.

Suu Kyi expressed hope that 4,000 to 5,000 people would come -- more than the regime has allowed her to meet in months.

She faulted the government for the secret trials of those accused in the December protests.

``If the authorities have solid evidence of their guilt, they should have no qualms about making the trials public,'' Suu Kyi said.

The U.S. State Department, in its annual human rights report issued last week, said that such trials in Burma usually are decided in advance and that maltreatment in prison is common.

Burmese Foreign Minister Ohn Gyaw said Saturday the report was ``not duly substantiated.''

The SLORC has curtailed Suu Kyi's movement to the extent possible without formally returning her to house arrest. She was freed from six years of house arrest in 1995. The government has refused her calls for a dialogue. Suu Kyi's supporters overwhelmingly won democratic elections in 1990, but the regime never honored the result.

[Associated Press, 3 Feb 1997].

၁၉၉၆ ခု ဇူလိုင်လတုံးကလည်း အီးယူပါလီမန်အမတ်တွေကို ပြသဖို့ မြန်မာပြည်က ခိုးထုတ်လာသည့် ဒေါ်အောင်ဆန်းစုကြည်၏ ဗီဒီယိုတိတ်ခွေထဲမှာ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့ဖို့ တောင်းဆိုထားသည့်အကြောင်း ၁၉၉၆ ခု ဇူလိုင် ၁၈ ရက်နေ့စွဲပါ ဘရပ်ဆဲက လာသည့် ရိုက်တာသတင်းမှာ ဖော်ပြထားသည်။

မြန်မာနိုင်ငံကို ဒဏ်ခတ်ပိတ်ဆို့သည့်အတွက် အခွင့်ထူးခံလူတန်းစားကိုသာ ထိခိုက်မှာဖြစ်ပြီး သာမန်ပြည်သူတွေကို မထိခိုက်နိုင်ကြောင်း အီးယူကို ပို့သည့် ဗီဒီယိုတိတ်ခွေထဲမှာ ဒေါ်အောင်ဆန်းစုကြည် ၁၉၉၆ ခုနှစ်က ပြောခဲ့သည်။

မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ထားခြင်းသည် သာမန်မြန်မာပြည်သူကို ထိခိုက်ဖို့မဟုတ်ဘဲ စစ်အစိုးရ၊ စစ်အစိုးရနှင့် ဆက်စပ်သည့် အဖွဲ့အစည်းများ၊ ကုမ္ပဏီများ စစ်အစိုးရကို မှီပြီး စီးပွားရှာနေသူများအတွက် ရည်ရွယ်ထားသည့် Targeted Sanctions ဖြစ်ကြောင်း အမေရိကန်အစိုးရက ရှင်းရှင်းလင်းလင်း ပြောဆိုထားပြီး ဖြစ်သည်။

အဆိုပါ အထောက်အထားတွေအရ အန်အယ်လ်ဒီ အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရအပေါ် နိုင်ငံတကာက ဆန်ရှင်လုပ် ဒဏ်ခတ်ဖို့ တောင်းဆိုခဲ့ကြောင်း ထင်ရှားသည်။

ဒေါ်စုက ကိုယ်တောင်းဆိုခဲ့တဲ့ ဆန်ရှင်အတွက် အမြဲတမ်း ငြင်းခဲ့တဲ့ ဆန်ရှင်က ပြည်သူကို မထိခိုက်ပါဘူးဆိုတာကရော ဟုတ်ပါသလား?? ဒေါ်စုတို့ ပြောပြောနေတဲ့ ဆန်ရှင်ဆိုတာ အစိုးရရယ် အစိုးရနဲ့ ဆက်စပ်တဲ့ အဖွဲ့ အစည်းတွေ ကုမ္ပဏီတွေကိုပဲ ထိခိုက်ခဲ့ပါသလား?? ဘယ်သူတွေက ပိုထိခိုက်ပါသလဲ?? ပိုက်ဆံရှိနေတဲ့ သူတွေက ပိုက်ဆံရှိနေရင် ကြိုက်တဲ့ စီးပွားရေးကို လုပ်လို့ရပါတယ်.. ရင်းနှီးမြုပ်နှံမှုတွေ မရှိရင် အလုပ်တွေ မရှိတော့ဘူး အလုပ်တွေ မရှိရင် အလုပ်လက်မဲ့တွေ ပေါလာမယ်.... အလက်မဲ့တွေက ဘယ်သူတွေလဲ?? ပိုက်ဆံမရှိတဲ့ ဆင်းရဲသားကျောမွဲတွေကသာ အလုပ်တွေ ရှားသွားရင် ဘာတွေ လုပ်စားကြမလဲ?? ဆန်ရှင် လုပ်လိုက်လို့ ထွက်သွားတဲ့ အထည်စက်ရုံတွေကနေ အလုပ်လက်မဲ့ဖြစ်သွားမဲ့ ဖြစ်သွားတဲ့ အလုပ်သမားတွေက ဘယ်လို လူတန်းစားတွေလဲ ဒေါ်စုသိပါသလား?? ဆင်းရဲသားတွေ အလုပ်ရှားသွားရင် ကျောကော့အောင် ခံရတယ်ဆိုတာကော ဒေါ်စုစာနာတတ်ပါသလား?? ကိုယ့်နိုင်ငံမှာ အလုပ်တွေ ရှားလာလို့ လခတွေက အပြိုင်အဆိုင်ပေးမယ့် သူတွေ မရှိကြလို့ လခတွေ နည်းလို့ နိုင်ငံခြား ထွက်အလုပ်လုပ်ကြရတော့ ကိုယ့်နိုင်ငံအတွက် လူအင်အားတွေ ဆုံးရှုံး၊ လူစွမ်းအားအရင်းအမြစ်တွေ ဆုံးရှုံးနေကြတာတွေ အများကြီးပါ.... အဲဒါတွေက ဆန်ရှင် ကြောင့် ပြည်သူတွေကို မထိခိုက်ပါဘူးဆိုတဲ့ ဒေါ်စုနဲ့ ဒေါ်စုဘာ လုပ်လုပ် မှန်ပါတယ်ဆိုပြီး ထောက်ခံနေတဲ့ သူတွေ စဉ်းစားမိပါသလား??

ဆန်ရှင်လုပ်လိုက်လို့ တိုင်းပြည်တိုးတက်ဖို့နဲ့ ပြည်သူတွေ မထိခိုက်ပါဘူး လို့ ပြောနေပေမယ့် လက်တွေ့မှာ အပြိုင်အဆိုင် ရင်းနှီးမြုပ်နှံမယ့် သူတွေ နိုင်ငံတွေ မရှိတော့တဲ့ အတွက် တိုင်းပြည်တိုးတက်ဖို့ အတွက် လာရောက် ရင်းနှီးမြုပ်နှံကြတဲ့ စက်ရုံတွေ ရင်းနှီးမြုပ်နှံမှုတွေကနေ လက်တွေ့မှာ အလုပ်လုပ်ရင်းရလာတဲ့ ဗဟုသုတတွေ နည်းပညာတွေ အများကြီး ဆုံးရှုံးသွားရတယ်ဆိုတာ ဘယ်သူငြင်းနိုင်ပါသလဲ??

နောက်ပြီး ကိုယ့်နိုင်ငံက ထွက်ကုန်တွေ ၀ယ်သူတွေ မရှိလို့ ဈေးချိုချိုးနဲ့ ရောင်းရတာတွေ... အဲဒီလို ရောင်းရတဲ့ အတွက် ကုန်ပစ္စည်းတွေကို တိုးတက်အောင် မလုပ်နိုင်တာတွေ ရှိနေခဲ့တာတွေကလဲ ဆန်ရှင်ကြောင့် ဆုတ်ယုတ်လာတဲ့ ဖြစ်ရပ် တစ်ခုပါပဲ...

ထို့ပြင် ကျွန်တော်တို့က ပြန်ဝယ်သုံးနေရတဲ့ အခါတွေမှာ ၀ယ်လို့ရတဲ့ တရုတ်စက် (တရက်စုတ်တွေ)ကို ဈေးပေါပေါနဲ့ ပစ္စည်းခပ်ညံ့ညံ့တွေကို သုံးနေရတဲ့ အတွက် လေလွင့်မှုတွေ ပြုန်းတီးမှုတွေ အများကြီး ဖြစ်နေတယ် ဆိုတာကော ဒေါ်စုနဲ့ ဒေါ်စုဘာလုပ်လုပ် ထောက်ခံနေကြတဲ့ သူတွေ သိပါသလား?? ပြည်သူတွေ ခေတ်နဲ့ အမှီ မလိုက်နိုင်ကြတာလဲ မပြောပါနဲ့... သုံးရတဲ့ ပစ္စည်းတွေ အများစုက တရုတ်ပြည်ကနေ ကွာလတီ မပြည့်မှီတဲ့ အသုံးအဆောင် ပစ္စည်းတွေကို ၀ယ်သုံးနေရတဲ့ အတွက် အများကြီး ဆုံးရှုံးနှစ်နာကြပါတယ်.. (ဥပမာ မြန်မာနိုင်ငံထဲကိုဝင်တဲ့ တရုတ်လုပ် အမ်ပီး သရီ၊ အမ်ပီဖိုးတို့ဆို ကြာကြာသုံးလို့ မရပါဘူး ခဏလေးနဲ့ ပျက်ကြပါတယ်... )

အဲဒါတွေက ပြည်သူတွေကို မထိဘူးတဲ့လားဗျာ... ???

စီးပွားရေး ပိတ်ဆို့ရခြင်းရဲ့ ရည်ရွက်ချက်က ဘာလဲ ဆိုရင် ပြည်သူတွေကို အလုပ်လက်မဲ့တွေ ဖြစ်အောင် လုပ်မယ် အလုပ်ရှားပြီး အလုပ်လက်မဲ့ ဖြစ်လာပြီ ဆိုရင် ပြည်သူတွေ လမ်းပေါ်ထွက် ဆူပူမယ်.. အစိုးရကို ပြစ်တင် ရှုံချကြမယ်.... ပြီးရင် ထိန်းမရအောင် ဖြစ်လာရင် အုပ်ချုပ်နေတဲ့ အစိုးရ ပြုတ်ကျမယ်... စတဲ့ ရည်ရွက်ချက်နဲ့ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုတွေ လုပ်ကြတာပါ.. အဲဒါကြောင့် အဲဒါရဲ့ အဓိက ရည်ရွယ်တဲ့ ပစ်မှတ်ကတော့ ပြည်သူတွေပါပဲ... ပြည်သူတွေ အထိနာလေလေ ပိုဆူပူလေလေ ရည်မှန်းချက် ပိုအောင်မြင်လေလေ ဖြစ်ပါတယ်...

သို့သော် ဘယ်လိုပဲ စီးပွားရေးပိတ်ဆို့မှု ဒို့မမှုဆိုပြီး ကြိုးစားခဲ့ပေမယ့် တိုင်းပြည်တိုးတက်ဖို့ အတွက်နဲ့ ပြည်သူတွေ စားဝတ်နေရေးချောင်လည်ဖို့က ဆန်ရှင်က အရေးကြီးတယ်ဆိုတာ သိသိကြီးနဲ့ အနှစ် ၂၀လုံးလုံး မမြင်ချင်ယောင်ဆောင်ပြီး ပြည်သူတွေ ငတ်ပြတ်လို့ အုံကြွဆူပူပြီး အစိုးရပြုတ် အေးသာပဲ ဆိုတဲ့ အထာနဲ့ လုပ်ချင်ရာလုပ် တာကတော့ မကောင်းပါဘူး...

ဒေါ်စုပါးစပ်ကသာ ဆန်ရှင်က ပြည်သူတွေကို မထိခိုက်ပါဘူး လို့ ဆိုပြီး မိုးကြိုးပစ်တာကို ထန်းလျက်နဲ့ ကာနေပေမယ့် တကယ်တန်းကြတော့ လယ်ပြင်မှာ ဆင်သွားသလို အသိသာကြီးပါ...ပြည်သူ့ အတွက်ပါဆိုပြီး ပါးစပ်ကသာ မိုးမွှန်အောင် ပြောနေပေမယ့် လုပ်ရပ်နဲ့ ရလဒ်က ပြည်သူတွေကို ထိခိုက်နေတယ်ဆိုတာကိုလဲ ကိုယ့်ကိုယ်ကို ခေါင်းဆောင်ပါဆိုရင် (ခေါင်းဆောင်လို့ ခံယူထားရင်) ပြန်သုံးသပ်သင့်နေပြီ....

ချမ်းမြေ့သာစည် လေယာဉ်ကွင်းကို အသုံးပြု၍ အရပ်ဘက် လေယာဉ်မောင်း သင်ကျောင်း ဖွင့်လှစ်မည်

မန္တလေးမြို့ ချမ်းမြသာစည်လေယာဉ်ကွင်းကို အသုံးပြု၍ အရပ်ဘက် လေယာဉ်မောင်း သင်တန်းကျောင်း ဖွင့်လှစ်၍ ပြည်တွင်း၊ ပြည်ပ လေကြောင်း လိုင်းများအတွက် အရည်အချင်း ပြည့်မီသော လေယာဉ်မှူးများ မွေးထုတ်ရေး၊ လေကြောင်း ပညာရပ်ကို စိတ်ဝင်စားသူများနှင့် အပျော်တမ်း လေယာဉ်မောင်းနှင့် လိုသူများအတွက် ပျံသန်းရေးကလပ် (Flying Club) များ ဖွင့်လှစ် သင်ကြားလေ့ကျင့် ပေးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဟု ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြည်သူ့လွှတ်တော်တွင် ပြောသည်။ ချမ်းမြသာစည် လေယာဉ်ကွင်းတွင် အရပ်ဘက် လေယာဉ်မောင်း သင်တန်းကျောင်းနှင့် အပျော်တမ်း ပျံသန်းရေး ကလပ်ဖွင့်လှစ်ပါက ထိုလေဆိပ်သည် စည်ကား လာမည်ဖြစ်ပြီး မန္တလေးမြို့၏ ဂုဏ်ဆောင် လေကြောင်းပညာပေး နေရာတစ်ခု ဖြစ်လာမည် ဖြစ်ကြောင်း၊ ထို့အပြင် ချမ်းမြသာစည် လေယာဉ်ကွင်းသည် အလျားပေပေါင်း ၆၅၀၀၊ အနံပေ ၁၀၀ ရှိသည့်အတွက် တံတားဦး လေယာဉ်ကွင်း၏ အရေးပေါ် အရန် လေယာဉ်ကွင်းအဖြစ် အသုံးပြုနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။ ချမ်းမြသာစည် လေယာဉ်ကွင်းသည် ၇၅ တန်ရှိသည့် F-28 နှင့် အထက်လေယာဉ်များ ဆင်းသက်နိုင်ပြီး အပြည်ပြည်ဆိုင်ရာ လေကြောင်းပျံသန်းမှုအတွက် Conpulsory Reporiting Point အဖြစ် ဆက်လက်ထားရှိ၍ မန္တလေးမြို့၏ ကျက်သရေဆောင် အရပ်ဘက် လေယာဉ်မောင်းသင်တန်းကျောင်းနှင့် အပျော်တမ်း ပျံသန်းရေး ကလပ် (Flying Club) ဖွင့် လှစ်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ချမ်းမြသာစည် လေယာဉ်ကွင်းသည် မြန်မာနိုင်ငံ ဝေဟင်ပိုင်နက်အတွင်း ဖြတ်ကျော် ပျံသန်းလျက်ရှိသော လေယာဉ်ပေါင်း နေ့စဉ် (၄၅၀) ရှိသည့်အနက် ချမ်းမြသာစည် လေဆိပ်သို့ သတင်းပို့ရသည်။ လေယာဉ်အစင်းရေ (၂၀၀) ရှိသည့်အတွက် ချမ်းမြသာစည် လေဆိပ်သည် တစ်ကမ္ဘာလုံး လေကြောင်း ပို့ဆောင်ရေးတွင် အရေးကြီးသည့် နေရာတွင်ရှိကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

လာမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် အာဆီယံမှစောင့်ကြည့် လေ့လာသူများ ခွင့်ပြုသွားရန် အလေးထား စဉ်းစားမည်

ဧပြီလ၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် အာဆီယံနှင့် အာဆီယံ အတွင်းရေးမှူး ချုပ်ရုံးမှ စောင့်ကြည့် လေ့လာသူများကို ခွင့်ပြုပေးသွားရန် အလေးထား စဉ်းစား သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံသို့ အလည်အပတ်ခရီး လာရောက်ခဲ့သော အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာဆူရင်ပစ်ဆူဝမ်နှင့် တွေ့ဆုံစဉ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လာမည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ယင်းကဲ့သို့ မှတ်ချက်ပြု ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ "ကျွန်တော်တို့အနေနဲ့ ဧပြီမှာ ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အာဆီယံနဲ့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးက စောင့်ကြည့်လေ့လာသူတွေကို ခွင့်ပြုပေးဖို့ အလေးအနက်ထား စဉ်းစားသွားမှာပါ" ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် လာမည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရန်နှင့် နိုင်ငံတကာမှ လက်ခံလေးစားနိုင်လောက်သည့် အနေအထား မျိုးဖြစ်အောင် ဆောင်ရွက်သွားမည် ဟုလည်း အာဆီယံ အတွင်းရေးမှူး ချုပ်နှင့် တွေ့ဆုံ ဆွေးနွေးမှုတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်က ထည့်သွင်းပြောကြားခဲ့သည်။ ထို့အပြင် အနာဂတ်တွင် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးနိုင်မှု အတွက်လည်း အကောင်အထည်ဖော် ဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့် အစိုးရအဖွဲ့၏ အနာဂတ် ရည်မှန်းချက် များကိုလည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အာဆီယံ အတွင်းရေးမှူးချုပ်နှင့် နာရီဝက်ကြာ တွေ့ဆုံမှုတွင် ပြောဆိုခဲ့သည်။ "ကျွန်တော်တို့ရဲ့ ဦးစားပေး ရည်မှန်းချက်ကတော့ အလုပ်အကိုင်တွေ ဖန်တီးနိုင်ဖို့ပါပဲ။ မြန်မာအလုပ်သမားတွေ မြန်မာနိုင်ငံအတွင်းမှာပဲ အလုပ်အကိုင်ရရှိနိုင်ဖို့ ကျွန်တော်တို့ တတ်နိုင်သလောက် ကြိုးစားသွားမှာပါ။ မြစ်ဝကျွန်းပေါ်ဒေသမှာ ဆန်စပါးအထွက်တိုးဖို့ ကျွန်တော်တို့ သေသေချာချာ ဂရုတစိုက် လုပ်ကိုင်ရမှာ ဖြစ်သလို မြန်မာနိုင်ငံရဲ့ စပါးကျီဖြစ်တဲ့ ဒီဒေသကို တိုးတက်အောင် လုပ်ဆောင်ရပါလိမ့်မယ်။ နိုင်ငံအတွက် ဆန်အလုံအလောက် စိုက်ပျိုးထုတ်လုပ်ပေးနိုင်ရုံမက နိုင်ငံတကာကိုလည်း တင်ပို့နိုင်တဲ့အထိ ကြိုးစားသွားမှာပါ" ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောဆိုခဲ့သည်။ အလုပ်အကိုင် အခွင့်အလမ်းနှင့် ပတ်သက်ပြီး ရေနက်ဆိပ်ကမ်း အစီအစဉ်များ၊ အထူးစီးပွားရေးဇုန် တည်ဆောက်မှုများနှင့် ပတ်သက်ပြီးလည်း အာဆီယံ အတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံဆွေးနွေးမှုတွင် ထည့်သွင်း ပြောကြားခဲ့သည်။ အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာဆူရင်ပစ်ဆူဝမ် ခေါင်းဆောင်သော အဖွဲ့ဝင်များသည် လေးရက်ကြာ ခရီးစဉ်အတွင်း မြန်မာအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ပြီး ၂၀၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ နေရာရယူပြီးနောက် ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းဆောင်တာများအတွက် ပြင်ဆင်မှုတွင် ကူညီရန် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများက မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

တိုင်းပြည် တိုးတက်ဖို့ အတွက်ဆိုတဲ့ ဒေါ်စုရဲ့ စေတနာကကော မှန်ရဲ့လား??


အခုလို မြန်မာနိုင်ငံကို ဒီလိုမျိုး ပြည်သူတွေကို အကျိုးရှိတဲ့ စီးပွားရေး ရင်းနှီးမြုပ်နှံမှုတွေ ဘာလို့ အခုမှ လာပြီး ရင်းနှီးမြုပ်နှံရတာလဲ ဆိုတာရယ်... ကို တွေးလိုက်မိတိုင်း မြန်မာပြည်ပေါ်မှာ အစိုးရ မကောင်းလို့ စနစ် မကောင်းလို့ ဆိုပြီး အရေးယူ မှုတွေ ပြုလုပ်ထားတဲ့ Sanction ဟာ.. ပြည်သူတွေကို မထိခိုက်ပါဘူး ဆိုပြီး ပြောနေတဲ့ သူတွေက ဘယ်လို တွေးပြီး ပြောနေတာလဲ ဆိုတာကို စိတ်မကောင်း ဖြစ်မိပါတယ်... အကယ်၍သာ ဟိုးအရင်ကတည်းက မြန်မာပြည်မှာ ဒီလို ဆိုင်ကယ် တွေ လိုမျိုး စက်မှုလုပ်ငန်းကြီးတွေ လာလုပ်မယ်ဆိုရင် မြန်မာပြည်မှာ စက်ရုံတွေ လာတည်မယ်... ပြည်သူတွေ အတွက် အလုပ်တွေပေါလာမယ် မြန်မာပြည်မှာပဲ လစာ ကောင်းကောင်းနဲ့ အလုပ်တွေကို ရွေးလို့ရပြီ... အခုလို မြန်မာပြည်မှာ အလုပ်တွေ ရှာပါးပြီး အလုပ်နဲ့ လခ မတန်အောင် လုပ်နေရတာတွေ ရှိမှာ မဟုတ်ပါဘူး အဲလိုပဲ နိုင်ငံခြားကို မိသားစုနဲ့ ဥကွဲ သိုက်ပျက်နဲ့ အလုပ် ထွက်လုပ် နေရတာတွေလဲ ရှိမှာ မဟုတ်ပါဘူး... နောက်ပြီး ကျွန်တော်တို့ နိုင်ငံမှာ အဲဒီလို စက်မှု လုပ်ငန်းကြီးတွေ လာတည်ထောင်ပြီ ဆိုတာနဲ့ အလုပ်လုပ်ကြမယ့် မြန်မာအလုပ်သမားတွေ နည်းပညာ တတ်ကျွမ်းစေဖို့ ပို့ချမည်မှာ မလွဲဧကန် ဖြစ်သလို လုပ်ငန်းအတွေ့အကြုံတွေ ရှိလာပြီး နည်းပညာတွေကိုလဲ တိုးတက်သထက် တိုးတက်အောင် အောင်လဲ တိုးတက်ကြံ ဆောင်ကြမှာ သေချာပါတယ်... ထိုစက်မှု လက်မှု လုပ်ငန်းကြီးများမှ ထွက်ရှိလာသော ဆိုင်ကယ်များ၊ ကားများ စသဖြင့် ထွက်ကုန် ပစ္စည်းမှာကို နိုင်ငံခြားမှ တိုက်ရိုက် မှာယူ တင်ပို့ခြင်းမျိုး မဟုတ်ပဲ ပြည်တွင်းထုတ် ဖြစ်တာကြောင့် အရည်အသွေးမြင့်မားပြီး ဈေးနှုန်းလဲ ချိုသာစွာဖြင့် ပြည်သူတွေ အသုံးပြုနိုင်ကြမည် ဖြစ်သည်... ထို့ကြောင့် ဒီလိုမျိုး ပြည်သူတွေကို အရမ်းအကျိုး ဖြစ်ထွန်းစေမယ့် စီးပွားရေး လုပ်ငန်းတွေကို အဘယ့်ကြောင့် ပိတ်ထားကြသနည်း?? တစ်ချို့ လူတွေက ပြည်သူတွေ အတွက်ပါဆိုပြီး တကြော်ကြော် အော်ပြီး စီးပွားရေး ပိတ်ဆို့မှုတွေဟာ ပြည်သူတွေကို မထိခိုက်ပါဘူး လို့ ပြောကြပြီး အဘယ်ကြောင့် ဒီလို အကျိုး ဖြစ်ထွန်းတဲ့ စီးပွားရေးတွေ ပိတ်ဆို့တာကို ထောက်ခံနေကြသနည်း??


အစိုးရမကောင်းလို့ အကြောင်းပြချင်လို့လား?? ဟုတ်ပီ အစိုးရကို မကြိုက်ဘူး မကောင်းဘူး ထားပါ... အဆိုးဆုံး အစိုးရနဲ့ သက်ဆိုင်တဲ့၊ အစိုးရကိုပဲ ထိခိုက်တဲ့ အရေး ယူမှုတွေကိုပဲ လုပ်ပါလား?? ဥပမာဗျာ အစိုးရ အဖွဲ့ ၀င်တွေ အနောက်နိုင်ငံ (ဥရောပ) ကိုလာတဲ့ ဗီဇာ ပိတ်တာတွေ လုပ် လက်သင့်ခံပါတယ်... အစိုးရမကောင်းလို့ ဆိုတဲ့ အချက်နဲ့ အရေးယူတာနဲ့ ညီညွှတ်ပါတယ်... ဒါပေမယ့် အစိုးရမကောင်းလို့ပါ၊ ပြည်သူတွေ အတွက်ပါ တိုင်းပြည်တိုးတက်ရေး အတွက်ပါဆိုပြီး ပြည်သူတွေကိုပဲ ထိခိုက်နေတဲ့ စီးပွားရေးပိတ်ဆို့မှုတွေ၊ ထောက်ပံ့မှုတွေကို ဘာလို့ ပိတ်ဆို့လိုက်ရတာလဲ??


နိုင်ငံ တစ်နိုင်ငံရဲ့ စိးပွားရေး တိုးတက်ဖို့ အတွက် ဆိုတာ အဆက်အသွယ်တွေနဲ့ သူ့ထွက်ကုန် ကိုယ့်ထွက်ကုန် ရောင်းချမှု တွေကို ပိတ်ထားရင် စီးပွားရေး တိုးတက်အောင် လုပ်နိုင်ပမလား??



ဒေါ်အောင်ဆန်းစုကြည်ကရော ရွေးကောက်ပွဲ မ၀င်ခင်တုန်းက စီးပွားရေး ပိတ်ဆို့ဖို့ တောင်းဆိုခဲ့ပြီး၊ စီးပွားရေး ပိတ်ဆို့မှုကို အတင်းထောက်ခံ ပိတ်ဆို့ ခိုင်းပြီး သူရွေးကောက်ပွဲ ၀င်ပြီးမှ ပြန်ဖွင့်ဖို့ စဉ်းစားခိုင်းတာ ဘာကြောင့်လဲ?? သူအာဏာရရေးကို တိုင်းပြည်ချွတ်ခြုံကျအောင် စီးပွားရေး ပိတ်ဆို့မှုနဲ့ အကြပ်ကိုင် ယူနေရော့လေသလား??



ဒေါ်အောင်ဆန်းစုကြည် အခုဒီလို ပြောသလိုပဲ တိုင်းပြည်တိုးတက်ရေး အတွက် စီးပွားရေး ပိတ်ဆို့မှုကို ရုတ်သိမ်းဖို့ စောသေးတယ် လို့ ပြောပြီး ကန့်ကွက်နေပြီး ပြည်သူ့အတွက်ပါ တိုင်းပြည်တိုးတက်ရေး အတွက်ပါဆိုတဲ့ စေတနာတွေကကော မှန်ရဲ့လား???

Wednesday, February 22, 2012

NLD ပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတိပေးစာထုတ်ပြန်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) ပါတီ အား တည်ဆဲ ဥပဒေ ၊ နည်းဥပဒေ ၊ အမိန့်နှင့် ညွှန်ကြားချက်များအား တိကျစွာ လိုက်နာဆောင်ရွက်ရေး အောက်ခြေ အဖွဲ့များအားကြပ်မတ် ဆောင်ရွက်နိုင်ရေး သတိပေးစာတစ်စောင်အား ဖေဖော်ဝါရီလ ၁၇ ရက် ရက်စွဲဖြင့်ထုတ်ပြန်သတိပေးခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါစာမှာ အောက်ဖေါ်ပြပါ အတိုင်း ဖြစ်ပါသည်။
လူကြားကောင်းအောင် အော်ခဲ့တာပဲ ဖြစ်ဖြစ် လူကြိုက်များအောင် အော်ခဲ့တာပဲ ဖြစ်ဖြစ် မြန်မာပြည်မှာ ဥပဒေ စိုးမိုးရေး ရှိသင့်တယ်ဆိုတဲ့ အန်တီကြီး အနေနဲ့ ကိုယ့်ပါတီကို ဥပဒေနဲ့ အညီ ဦးစီးပြီး လုပ်ကိုင်ပြပြီး ကိုယ်ကိုကိုယ်တိုင်ကလဲ ဥပဒေနဲ့ အညီ ကျင့်ကြံနေထိုင်ပြ ဖို့လိုပါတယ်...

သူ့ $ စားမှ ဒီမိုရမည်

အရင်တစ် ချိန်တုန်းကတော့ ပရိုဂျူဆာက ထောက်ပံ့ ပေးထားတာလေးတွေနဲ့ အဝေတွေ တည့်လို့ သူ့အရပ်နဲ့ သူဇာတ် ဟုတ်လို့ ကတဲ့သူက ကလို့၊ ဇာတ်ရံတွေနဲ့ လူကြမ်းတွေကလဲ မင်းသမီးကို နာမည်ကြီးအောင် အားသွန်ခွန်စိုက် ပံ့ပိုးပေးကြလို့၊ ကောင်းကြောင်းချီးမွမ်းခန်း ဖွင့်တဲ့ သူတွေက ဖွင့်လို့ မင်းသမီးကို ကြိုက်လို့ ချီးမွမ်းခန်းဖွင့်တဲ့ သူကို ချီးကျူးတဲ့ သူက ချီးကျူးလို့...

အခုတော့ ဒီလိုတွေ မဟုတ်တော့ပါဘူး... ပရိုဂျူဆာကို မင်းသမီးက ဇာတ်ထဲမှာ မီးတို့ တကယ်က နေတဲ့ သူတွေကိုပဲ ဦးစားပေး ထောက်ပံ့သင့်တယ် ဘာညာ သာရကာဆိုပြီး ညုပြလိုက်တော့ ပရိုဂျူဆာဂျီးက ပြောပါလေရော... မင်းသမီးကြောင့် မင်းတို့ကို ထောက်ပံ့ပေးထားတာ အခု မင်းတို့ထဲက ထောက်ပံ့ကြေးတွေကို လျော့ပြီး မင်းသမီး အတွက်ကိုပဲ ထောက်ပံ့ပေးသွား မယ်ဆိုရာက စပြီး ပြဿနာ တက်ပါလေရော....


ဟုတ်တယ်လေ အကျယ်ချုပ်ခင်စိန် ဇာတ်ကခဲ့တုန်းကတော့ သူတို့လဲ တဖက်တစ်လမ်းကနေ ခင်စိန် ထောင်က လွှတ်ပြီလို့ အော်နိုင်အောင် နာမည်ကြီးအောင် ပါခဲ့တာ အားပေးအားမြောက် ပြုပေးခဲ့ကြတာ ချည်းပါပဲ... အခုလို ဇာတ်လိုက်မင်းသားနဲ့ အဆင်ပြေသွားတဲ့ အချိန်မှာ...ဇာတ်ရံလူကြမ်း တွေကို ချောင်ထိုးပြီး ဘ၀တွေ ပျက်အောင် လုပ်တာကတော့ ဇာတ်ရံနဲ့ လူကြမ်းတွေ အတွက် ရင်နာစရာပါပဲဗျာ... ဒါပေမယ့် မင်းသမီးကို အားပေးနေကြတဲ့ ထောက်ခံသူ အချို့နဲ့ ပရိတ်သတ်တွေကတော့ မင်းသမီးကြောင့် စားရနေကျ ၀မ်းစာ ခက်ခဲသွားတာကြောင့် ခံစားချက်အရ မကောင်းကြောင်း၊ မဖြစ်သင့်ကြောင်း ပြောမိတာလေးကို အနာပေါ် အက်ဆစ်လောင်းမိသလို မချိငဲ့ကင်ဖြစ်ခါ ဇာတ်ရံနဲ့ လူကြမ်းတွေကို သမ္မတမဂျီး ဖြစ်ရင် ဘာဖြစ်သွားမယ် ညာဖြစ်သွားမယ် ဆိုပြီး ကလော်တုတ်နေကြလေရဲ့...

thura said...
good because the whole world respect to her
that's great for our leader DAW SU
December 28, 2011 4:04 PM

အိုးဝေ said...
အေး နောက် 2015 ဒေါ်စုသမ္မတ ဖြစ်ရင် ခွက်ဆွဲပြီးသာ တောင်းစားပေတော့။ မင်းတို့ကို ဘယ်သူမှ မပေးတော့ဘူး။ ဘာမှလဲ ဖြစ်မြောက်အောင် လုပ်တာလဲ မဟုတ်ပဲနဲ့။
December 28, 2011 4:12 PM

sai william said...
မှန်တယ်။ ကိုယ့်တိုင်းပြည် မကောင်းပြောတဲ့ လူပေးမယ့်အစား ကိုယ့်တိုင်းပြည်က အကူအညီ လိုတဲ့လူတွေပေးတာ ၀မ်းတောင်သာရအုံးမှာ။
December 28, 2011 4:23 PM

admin said...
ငါဆံပင်ရှည်ထားတာ ဖြတ်ရောင်းဖို့ကွာ ငါက ကြိုမြင်တယ် အားလုံးကို.... မယုံရင် အောင်မျိုးမင်းကို မေးကြည့်ပါလား.....
December 28, 2011 4:35 PM

admin said...
ငါပြောတာ သိတယ်ဟုတ်
December 28, 2011 4:37 PM

Michael said...
ရတုန်းကတော့ ကြိတ်စားနေတယ်ခုလို အစာမ၀မှ ထဟောင်တာ၊ ခွေးဟောင်လို့ ဖုန်မထပါဘူး မင်းတို့ကို ဘယ်သူကမှလည်း မယုံကြည့်တော့ဘူးဟေ့
December 28, 2011 4:59 PM

ven said...
အင်း ဒီလိုလဲ ဖြစ်တတ်သကိုး၊ ဒါတွေက လူ့သဘာဝတွေပါ၊ အပြစ်မမြင် ချစ်ခင်ကြပါနော်။
December 28, 2011 5:18 PM

တောရိုင်းနှင်းဆီ said...
တနေ့ ဒီလိုပြော လာလိမ့်မယ်ဆိုတာ သိထားပြီးသား ... တလျှောက်လုံး လုပ်စားလာတာ ကြာပါကော ... မင်းတို့ကို ပေးမဲ့အတူတူ အထဲက အလုပ်လုပ်တဲ့သူ တကယ် လိုအပ်နေတဲ့ သူတွေ တိုက်ရိုက်ပေးတာ မကောင်းဘူးလား ... အေးလေ ဘယ်ကောင်းပ့ါမလဲ ... မင်းတို့ အကျိုးစီးပွါး ထိခိုက်နစ်နာသကိုး ... ဝင်ငွေ မကောင်းဖြစ်တာကိုး ......
December 28, 2011 5:26 PM

zhkk said...
These guys are parasites. They have been living on donations and sucking the blood money of Burmese for a decate. I am really support the DASSK judgment.
December 28, 2011 5:58 PM

Aung said...
ဖြတ်သင့်တာပေါ့
December 28, 2011 6:10 PM

Unknown said...
အော် အခုတော့ ဒီလိုလဲ အပြစ်တင်တတ်တာကိုး ကိုအောင်ဇော် ။ ကျွန်တော် အမြင် ပြောရရင် အဲ့တာက သူများနဲ့ မဆိုင်ဘူး ကိုအောင်ဇော်တိှု့နဲ့ပဲဆိုင်တယ် ။ အဲ့တာလို ပြောလို့ ရန်ပုံငွေ ထောက်ပံ့ မယ့်သူ မရှိဘူး ဆိုရင် ကိုအောင်ဇော်တို့လည်း ပြန်ပြောလေ တခြား အဖွဲ့အစည်းတွေကို မထောက်ပံ့ နဲ့ ဧရာဝတီ ကိုပဲ ထောက်ပံ့လို့
December 28, 2011 6:27 PM

Kha_Laung said...
DVB နဲ့  Irrawaddy က တကယ်ပြောတာ ကောဟုတ်လို့ လား။ သူတို့ တွေက အရူးတွေမှ မဟုတ်တာ။ ချင့်ယုံဗျို့ ။
December 28, 2011 6:28 PM

yein said...
အောင်မာ.....ရာရာစစ......မင်းတို့ပါးစပ်က..စကားတွေအမျိုးမျိုးထွက် လည်းထွက်နိုင်တယ်...ဒို့ဖခင်ဗိုလ်ချုပ်အောင်ဆန်းကို...ရင့်ရင့်သီးသီး(အောင်ဆန်း)လို့ရေးခဲ့တဲ့ ကာင်တွေ အမေစုကြောင့် ထောက်ပံ့ကြေး မရတော့လို့ဆိုပဲ မရတော့ရင် ပြည်တွင်းပြန်လာလေ ဒီမှာလုပ်စရာတွေ အများကြီး... သတ္တိရှိရင် ပြည်တွင်း ကနေလုပ် အဝေးကြီးက လှမ်းအော် နေတာရပ်...
December 28, 2011 6:28 PM

Thaw Demo said...
"စကားဆိုတာပြောတိုင်းလည်း မကောင်းပါဘူး ။။ problem အစ ပါးစပ် က "သတိ" ထားပြောလေ" ကိုယ်ပြောတာအားလုံး မှန်တယ်လို့ တော့မထင်လိုက် ပါနဲ့။ ခင် ဗျား ဘာကိုဆိုလို တာနဲ့ ...စာဖတ်သူ ဘာတွေ ထင်သွားလည်းဆိုတာ ? so,,,,,ခင်ဗျားတို့ တိုင်းပြည်ကို အများကြီးလုပ် ခဲ့ရင် လုပ်ခဲ့မယ် ...BUT စကားကို သတိလေးထားပြီး ပြေစေချင်ပါတယ်။ ခင်ဗျား အဲဒီ လောက် မဆိုးပါဘူး။ မာန်လေးတော့နဲနဲ လျော့ပေါ့။ အမေ့ကို ခင်များ မပုတ်ခက်ပါနဲ့။ အမေက ကျွန်တော်တို့ရဲ့ ''ဘ၀'' ပါ။ အမေ မရှိရင် ...........ခင်များစဉ်းစား??? အားလုံး ခွေး ဖြစ်ကုန်မယ်။ ခင်များရဲ့ personal ကိုစော်ကားတာ မဟုတ်ပါဘူး ။ ဒီမို ကရေစီ စနစ်ဆိုတော့ ခင်များပြောလို့တော့ ရပါတယ် ။ အမေ့ရဲ့ personal ကို တော့မပြောပါနဲ့။။။။ ကျေးဇူးတင်ပါတယ်။။ အခုလက်ရှိ ကျွန်တော့်စိတ်ခံစားချက်။ ။ DVB နဲ့ ခင်များပါ တဲ့ dateline ARRIAWADDY အစီစဉ် တောင် ကျွန်တော် မကြည့်ချင်လောက်အောင် ဖြစ်သွားခဲ့ပါပြီ။
December 28, 2011 6:30 PM

saw said...
This event point out your situation and everyone easy to know that is your associations are spare.No need for current society.
December 28, 2011 7:04 PM

yein said...
dhammawadi နှင့် tony tony တို့ရေ မင်းတို့ comment ကြမ်းကြမ်းတွေ နဲ့ဆော်ချင်ရင်.. ဒီသတောင်းစား ခွက်စောင်းခုတ်တွေကို ဆော်ဟေ့
December 28, 2011 7:11 PM

စက်တင်ဘာထာဝရ said...
This post has been removed by the author.
December 28, 2011 7:16 PM

thetswan88 said...
အခုလိုဖြတ်ပစ်တာကို ကြားရတဲ့အတွက် အရမ်းဝမ်းသာကြောင်း၊ နောင်လုံးဝ မပေးတော့ရန် ဆုံးဖြတ်လျှင် ပိုမိုပြီးဝမ်းသာကြောင်း.........
December 28, 2011 8:26 PM

angry ppl said...
What is their purpose? What are they doing? People donate to Daw Su is better, she can make develop for country. All of you are talk only nothing for our nation and our country. All news are not describe true. Shouting only, she is really to do develop our nation. Now every countries like to invest in our country.We support DAW AUNG SAN SU KYI AND HER PARTY.
December 28, 2011 9:12 PM

အော်... ဒီဇာတ်လမ်းမှာကွယ်... ပရိုဂျူဆာနဲ့ မင်းသမီးတို့ကြောင့် ဇာတ်ရံတွေနဲ့ လူကြမ်းတွေက ဖော်လို့ သူ့ $ စားမှ ဒီမိုရမည် ဆိုတဲ့ လုပ်ဇာတ်တွေ ပေါ်ပြီး ဇာတ်ခေါင်းတော့ ကွဲပြီထင်ပါရဲ့... :P

(မှတ်ချက် >> အရင်တစ်ချိန် တုန်းက သူတို့ အချင်းချင်း ဝေစုမတည့် ဖြစ်ပြီး အဆင်မပြေ စဉ်က ကျွန်တော် ရေးခဲ့တာလေး ပြန်တင်ပေးခြင်း ဖြစ်ပါသည်)

(သွေးသစ္စာ)

Tuesday, February 21, 2012

အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံ သဘောအမြင်များ ပြောင်းလဲသင့်ပြီဟု နိုင်ငံတော် သမ္မတ အကြံပေး ပြော

အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံဟူသည့် သဘောထားများကို ဆက်လက် ကျင့်သုံးရန် မသင့်တော့ကြောင်း နိုင်ငံတော်သမ္မတ နိုင်ငံရေးအကြံပေး အဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်က ပြောသည်။ ယင်းကို ဖေဖော်ဝါရီ ၁၀ ရက်နေ့က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (မြို့တော်ခန်းမ) ၌ ပြုလုပ်သော စည်ပင်အမှုထမ်း အရာထမ်းများအား ဟောပြောစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ၎င်းက အစိုးရနှင့် ပြည်သူများအကြားတွင် အုပ်ချုပ်သူ၊ အုပ်ချုပ်ခံဟူသည့် သဘောထားများကို ပြောင်းလဲသင့်ပြီဖြစ်ကြောင်း၊ သို့မှသာ ဒီမိုကရေစီ ပန်းတိုင်သို့ ရောက်ရန် လွယ်ကူမည်ဖြစ်ကြောင်း ပြောသည်။ “ဒီမိုကရေစီခေတ်ကို လျှောက်လှမ်းတဲ့အခါမှာ ပြည်သူတွေရဲ့ သဘောဆန္ဒကိုပါ ထည့်သွင်း စဉ်းစားဖို့ လိုပါတယ်” ဟု ၎င်းက ထပ်လောင်းပြောသည်။ လက်ရှိအစိုးရသည် ပြည်သူများ တင်မြှောက်ထားခြင်း ဖြစ်သည့်အတွက် ပြည်သူ့အစိုးရဖြစ်ပြီး အစိုးရ ဝန်ထမ်းများမှာလည်း ပြည်သူ၏ အခွန်ငွေဖြင့် လခပေးအပ်ထားသည့်အတွက် ပြည်သူ့ဝန်ထမ်းများသာ ဖြစ်သည်ဟု ၎င်းက စည်ပင်ဝန်ထမ်းများကို ပြောသည်။ “အစိုးရ ဝန်ထမ်းတွေအနေနဲ့ ပြည်သူ့ဝန်ထမ်းဆိုတဲ့ သဘောထားသာ ပြောင်းလိုက်ရင် ပြည်သူတွေအတွက် ဘာလုပ်ပေးရမလဲဆိုတာ ဖြစ်လာမယ်။ ဒါမှသာ ပြည်သူကလည်း ဒီအစိုးရက ငါတို့အစိုးရပဲ၊ ငါတို့လိုချင်တာ လိုအပ်တာ ပြောလို့ရပြီ၊ အားကိုးလို့ရပြီ၊ သူတို့နဲ့ ပူးပေါင်းမှ ဖြစ်မယ်။ ဒါမှသာ ပိုပြီးတော့ သဟဇာတဖြစ်တဲ့ အပြောင်အလဲကို သွားမယ်ဆိုတာမျိုး ဖြစ်လာပါမယ်။ အဲဒီလို သွားချင်ပါတယ်” ဟု အစိုးရနှင့် ပြည်သူကြား အပေးအယူ မျှတရန် လိုပုံကို ပြောသည်။ အစိုးရဟု ဆိုရာ၌ ဌာနပေါင်းစုံ ပါဝင်သဖြင့် အစိုးရဌာန တစ်ခုချင်းစီ၏ အပြုအမူများသည် အစိုးရဌာန တစ်ခုလုံးနှင့် သက်ဆိုင်သည့်အတွက် ဌာနတစ်ခုချင်းစီ၏ လုပ်ရပ်တိုင်းသည် အရေးကြီးပြီး ကောင်းမွန်သည့် အစိုးရဖြစ်ရန်အတွက် အစိုးရဝန်ထမ်းများသည်လည်း ပြည်သူလူထုအပေါ် ဆက်ဆံရေး ကောင်းမွန်ရန် လိုအပ်သည်ဟု ၎င်းက ဆိုသည်။ အစိုးရအနေဖြင့် လူ့အဖွဲ့အစည်းကို စနစ်တကျဖြစ်ရန် ထိန်းချုပ်ပေးရာ၌ ပြည်သူလူထု၏ အခွင့်အရေးကို မထိခိုက်ရန်နှင့် စည်းကမ်းကိုလည်း ထိန်းသိမ်းနိုင်ရန် မျှတအောင် လမ်းကြောင်းပေးသင့်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

Monday, February 20, 2012

ရုပ်ရည်ကြည့် ပြီးမဆုံးဖြတ်ပါနဲ့  .....နှလုံးသားနဲ့ ဆုံးဖြတ်ပါ..(သို့ ) နှလုံးလှတဲ့  ရဲဘော်ဇော်ဇော်

မှတ်မှတ်ရရလေးပေါ့။ စုမှူးသင်တန်းက ဆင်းတော့ တပ်ကို အပြန် ရန်ကုန်မှာ ဖြစ်ပျက်ခဲ့တာလေးပါ….။အဲ့နေ့က ကျနော် အိမ်(၁)ရက်ဝင်နေလို့  တပ်ကို ပြန်ဖို့ရာ နည်းနည်း နောက်ကျတာပါဆိုတာ (ပိုင်အိုနီးယား)မှာ ကားခဏရပ်တဲ့ အချိန် တပ်ရင်းမှူး အဘ ကို ဖုန်းနဲ့ သတင်းပို့တော့ အရာရှိလူပျိုဆောင်က ထမင်းချက် ဇော်ဇော် ခွင့်ပြန်တာ ပြန်မေ၇ာက်သေးလို့ စိတ်ပူလို့ ရန်ကုန်မှာ ၀င်ကြည့်ခဲ့ပါဦးဆိုတဲ့ နှုတ်မိန့်ကို ရရှိချိန်ပေါ့…။

ဇော်ဇော်အိမ်ကို သွားမယ်ဆိုပြီး ရန်ကုန် ကားကွင်းမှာ ဆင်းတယ်ဆိုရုံလေး လူတစ်ယောက်ကို လူအုပ်တွေ ၀ိုင်းရိုက်လို့ပေါ့…။ ရန်ကုန်ကို ကားဆိုက်ချိန်က စောလွန်းတယ်လေ။ မှောင်ရီပျပျ ဆိုတော့ ဘာအတွက်ရယ်ကြောင့်၊ဘယ်သူကို ရိုက်နေတယ်ဆိုတာ ကျနော် မသိဘူး။ တခုခုဆိုတဲ့ စိတ်နဲ့ မဆိုင်သလို ခဏပဲလှည့်ကြည့် လိုက်မိတယ်။ ဒါပေမဲ့ လူလုံးလည်း မကွဲပါဘူးလေ။ အောက်က တယောက်ကတော့ ဘာမှ ကို ပြန်မလုပ်နိင်ရှာဘူး..။ နောက်တော့ အားရ ကျေနပ်ဟန်နဲ့ အဲလူတစုက ထိုးနှက်ကန်ကျောက်အပြီး ထွက်သွားတော့ ထိုးခံရတဲ့သူက ခွေခွေလေး ထတောင် မထနိုင်ရှာဘူး။ မိုးကလည်း ဖျောက်တောက်တောက်နဲ့လေ။ မိုးရေထဲက သူ့ကို ဘယ်သူမှ ထူပေးဖို့ စိတ်ကူးမရှိကြဘူး။ ရန်ကုန်မြို့ကြီးပြကြီး က လူတွေ အဲလိုစိတ်နဲ့ လားလို့တောင် သူတွေးထင်နေမိတယ်။ ဒါပေမဲ့ သူကလည်း ဆိုးပေနေလို့လား ပေါ့လို့လည်း ပြန်တွေးမိပြန်တယ်။ ကားသမားတွေရဲ့ ရှောင်ကွင်းမောင်းနှင် သံကြားမှာ ဆဲဆိုသံတွေကလည်း ညံလို့ပေါ့…။
*************************************************************
သွားထူမယ်လုပ်တော့ ထိုးခံရတဲ့ သူက သူဟာသူထနေတယ် …။ အမူးသမားဆိုလည်း ခက်ချေရဲ့။ သူ့အတွေးပင် မဆုံးလိုက်..။ ထိုးခံရတဲ့ သူက တခြားဘက်ကို ပြေးထွက်သွားတာ ကို တွေ့ မြင်လိုက်ရတယ်။ အော် ဘာမှတော့ မဆိုင် စိတ်ထဲမှာတော့ ဘာကြောင့် ဖြစ်ရတာလဲ ဆိုတာ တွေးနေမိတယ်။ လူကလည်း ခက်သားလား။ မသိချင်နဲ့ဆိုရင် သိချင်ပြန်ေ၇ာလေ…။ ရန်ကုန်မှာလည်း အမျိုး မရှိတာ မို့  ကားကွင်းထဲက တည်းခိုးခန်းမှာပဲ သူအိပ်ရမည် ဖြစ်သည်။ ကားပေါ်မှာ အိပ်ရတာ က ဘယ်လိုမှ အဆင်မပြေ။ မော်လမြိုင် ကို ကူးဖို့က ကားက ညနေမှ ၇ှိမှာဆိုတော့ နေ့တပိုင်းတော့ ကောင်းကောင်း နားလို့ ရသေးသည်။
ဘေးနားက ရွှေမိုး တည်းခိုးခန်းမှာ ခဏ၀င်တည်းသည်။ မနက် (၁၀)နာ၇ီလောက်မှ သူပြန်နိုးဖြစ်သည်။ မနက်ေ၇ာက်တော့  အောက်က လက်ဘက်ရည်ဆိုင်မှာ မနက်စာစားဖို့ သူသွားတော့ မိုးလင်းတုန်းက အထိုးခံရသည် သူကိုပြန်တွေ့ သည်။သေချာတာပေါ့ သူ့ ရဲဘော် ။ ဇော်ဇော်မှ ဇော်ဇော်။

********************************

လက်ဘက်ရည်ဆိုင် ထောင့်နားမှာ ခွက်တလုံးနှင့်။ ဒါဆို သူတောင်းစား နေတာပေါ့ ။
မောင်ဇော် ကျနော်လှမ်းခေါ်တော့ သူ့ က လှမ်းကြည့်သည်။

ဟာ………ဗိုလ်ကြီး …..သူ ကျနော်ထံ ပြေးလာပြီး ဖက်သည်။ ပြီးနောက် ရှိုက်ကြီးတငင်နဲ့  ငိုသည်။ မျက်နှာက ဒဏ်ရာဒဏ်ချက်တွေနဲ့ ။
မောင်ဇော် မင်း …မင်း ဒါဆိုရင် မနက်က ထိုးခံရတာ မင်းပေါ့…။
သူက ခေါင်းညိတ်ပြသည်။ မော်ဇော် ရာ ငါ အနားမှာ ရှိရက်နဲ့ကွာ ….။ သူ့ ကျိတ်ခဲမရ နိုင်ဖြစ်မိသည်။ ဘာဖြစ်လို့လဲ ငါ့ကိုပြောစမ်း… မောင်ဇော်လို့ဆိုတော့...။

***************************************

ဗိုလ်ကြီး ကျနော် အမေ နေမကောင်းဘူး..။ ကျနော် အင်းဝဘဏ်က စုကြေးငွေက လည်း အမေ့ဆေးဖိုးနဲ့ ကုန်ပြီ…။ ပြန်ဖို့ လမ်းစရိတ်လည်း မရှိတော့ဘူး။ ခုလည်း တပ်က ကျနော်ကို တပ်ပြေးလို့ သတ်မှတ်တော့မလား မသိဘူး ဗိုလ်ကြီးရာ။ ကျနော်ခွင့် လွန်နေပြီ။ ခုလည်း ကျနော် အလွန်မဟုတ်ပါဘူး။ ခရီးသည်တွေရဲ့ အထုပ် အပိုးတွေကို စက်ဘီးနဲ့  ကားဂိတ်တွေ လိုက်ပြောင်း ပေးတာလုပ်နေတာ လေ။ ခုနက ခရီးသည် တယောက်က ဒီနားလေးတင် သူ့ လိပ်စာက ။ TAXI သမားက အဝေးကြီးဆိုပြီး ပိုက်ဆံ လိမ်တောင်းနေတာ ။ကျနော်ကလည်း ပိုက်ဆံ လိုနေတော့  အမရယ် ကျနော် စက်ဘီးနဲ့ လိုက်ပို့ ပါ့ မယ် ၁၅၀၀ ပဲ ပေးပါ။ အမသွားချင်တာ ဒီနားလေး တင်ပါလို့ပြောတာ ကို သူတို့ က ၀ိုင်းထိုးတော့တာပဲ ဗိုလ်ကြီးရာ….။။

ကျနော် တော်တော်လေး စိတ်တိုသွားသည်။ လုပ်ရက် လိုက်ကြလေခြင်း။ မိုးေ၇တွေကလည်း စိုနေပြီ။ မောင်ဇော်ကို ကော်ဖီပူပူလေးနဲ့  မုန့် ကျွေးသည်။ တကယ်တော့ မောင်ဇော်လို့ ခေါ်တာ ကျနော် အကျင့်တခု ။ရဲဘော်တိုင်းကို ဘယ်တော့မှ ရဲဘော်ဟု ကျနော် မခေါ်။ တပည့်ဟုလည်း မသုံးနှုန်း။ သူတို့နာမည် ရှေ့ မှာ မောင်ထည့်ပြီး ကျနော်ခေါ်သည်။ ဆရာများဆိုလျှင်တော့ ရှင်းသည်။ ရာထူးနဲ့ ခေါ်ယုံသာ။ နောက် ကျနော်တည်းခိုးခန်း ခေါ်သွားပြီး မောင်ဇော်ကိုေ၇ချိုးစေသည်။ ကျနော် အ၀တ်တွေပေးဝတ်ပြီး သူ့ အိမ်ကို လိုက်ပို့ရန် ပြောသောအခါ လိုလိုငှာငှာပင် ဖိတ်ခေါ်သည်။ မောင်ဇော်အိမ်က မြောက်ဒဂုံမှာ ။ စက်ဘီးတောင် အငှားဟုဆိုသည်။ အိမ်လည်းေ၇ာက်တော့ သူ့အမေ က စောင်လေးခြုံလို့  အဖျားတက်နေသည့်ဟန်။ မောင်ဇော် အမ လင်မယားတော့ေ၇ာက်နေကြသည်။ ကျနော်လည်း မောင်ဇော် က ခွင့်ရက်စေ့ နေပြီဖြစ်လို့ ပြန်ခေါ်သွားရမှာ ဖြစ်တဲ့အကြောင်း ပြောပြရသည်။ ပြီးနောက် ကျနော်တွင် လက်ကျန်ငွေ ၃ သောင်းခွဲထဲက ၂သောင်းကို ထားခဲ့သည်။သူ့အမေကလည်း ကျေးဇူးတွေ တင်လို့။ မောင်ဇော် မျက်နှာကတော့ ဆိုဖွယ်ရာမရှိတော့။
မောင်ဇော် ကိစ္စလုံးပန်းနေသည်နှင့် ကားလက်မှတ် ၀ယ်ဖို့ သူ့ မေ့သွားသည်။ ကားကွင်း ရောက်တော့ အတော်လေး နောက်ကျလို့ နေပြီ။ ဒါပေမဲ့ ဒီဘက်ကားတွေမှာ အမြဲတမ်း VIP ခုံချန်ထားလို့ တော်သေးသည်။ သူသွားတော့ေ၇ှ့ ခန်း ၂ ခုံ က မည်သူ့မှ မယူသေး။ ကားလက်မှတ်ဝယ်ပြီး ကားထွက်ဖို့ စောင့်နေလိုက်သည်။ မောင်ဇော် က ဗမာလူမျိုး။ ရုပ်ကတော့ အနည်းငယ် ကုလားဆန်သည်။ ရှေ့ တန်းမှာ သိပ်အားကိုးရတဲ့ သူပေါ့။ ကျနော်တပ်ခွဲက ပွိုင့်မှာ ဆိုရင် အတော်စိတ်ချရတဲ့ သူလေ။ ကျနော် သူ့ကို တခြားရဲဘော်တွေထက် ပိုအားကိုးတယ်။ အမြဲတမ်း ကျနော်ခိုင်းသမျှ လည်း ဖြစ်အောင် လုပ်ပေးတဲ့ သူလေ။ လုပ်ပေးတယ်ဆိုမှ ကျနော် က အုန်းသီး သိပ်ကြိုက်တာ။ တပ်က လူပျိုဆောင်ရိပ်သာမှာ ဆို အုန်းပင်တွေ ပေါမှပေါ။ နေ့လည်ဘက် အုန်းရည် သောက်ချင်ရင်…ဒါမှမဟုတ် အုန်းခြစ် စားချင်ရင် မောင်ဇော်ရေ ဆိုတာ နဲ့ တဗုန်းဗုန်းနဲ့ပေါ့။ နောက်တန်းမှာလည်း အဲလို အားကိုးရတာ ။

ကားထွက်ခါနီးကျတော့ ပြသနာတက်သည်။ကောင်မလေးတယောက် လိုက်ဖို့  ကားလက်မှတ် မရတော့ ။သူတို့ အုပ်စု က (၁၅)ယောက်လောက် ၇ှိသည်။ ပျော်ပွဲစားလား တခုခုဖြစ်မည်။ ကားထွက်ခါနီး အပေါ့ ခဏကျနော်သွား၊ ပြန်လာတော့ ဘယ်က ဘယ်လို ဖြစ်သည်မသိ မောင်ဇော်က ကျနော်ဆီလာပြီး

ဗိုလ်ကြီး ကျနော်လက်မှတ်က ယူပြီးသားလို့ ပြောနေတယ် ………..လို့  ကျနော်ကို လာပြောသည်။အာ…ငါကိုယ်တိုင်ဝယ်ထားတာ မင်းကလည်း…..

ဂိတ်မှာ သွားပြောတော့ ကားသမားက နှာ ကျ တဲ့ အဖြစ်။ ခရီးသည် ရှားသလားလို့။ မောင်ဇော်ကလည်း တကယ့် နုံသည်။ စာမတက် ပေမတက်ဆိုတော့။ ကောင်မလေးတွေဘက်မှ အုပ်ထိန်းသူ အမျိုးသမီး အသက်(၃၅) ခန့်  က သူဆီ လာ အကူအညီ တောင်းသည်။ သူ ကလည်း ဘုတော။ ခရီးသည် ရှားသလားဗျာ။ ဆိုတော့ ကျန်တဲ့ သူတွေက ဦးဇင်းတွေနဲ့ မိသားစုလိုက် ခရီးသည်တွေမို့ ပါတဲ့။ ခရီးကလည်း မသွားမဖြစ်လို့ ပါဆိုတော့။ ဘာလုပ်ရမယ် ကျနော်မသိ။ နောက်ဆုံးတော့ ဦးဇင်းတပါးကို သူနဲ့ အတူ ထိုင်ပြီး ခုံပေးလိုက်ရသည်။ မောင်ဇော်ကိုတော့ ကြားခုံလုပ်ပေးသည်။ ကားအတော်လေးသွားမိတော့ ပြသနာက စတက်ပြန်သည်။ မောင်ဇော်ကို သူတို့ နားမှာ ကြားခုံ ပေးထားခြင်းဖြစ်သည်။ ကားသမားကို မောင်ဇော် က နံလို့ ဆိုပြီးလာပြောသည်။ဒီကုလားကို နေရာပြောင်းပေးပါဟု မိန်းကလေးတစ်ယောက်က လာပြောသည်။ဒေါသ က ထိန်းမရတော့  ။ခုံလည်းပေးထားရသေးတယ်။အကြောကလည်း မပြင်သေးဘူး။ပိုက်ဆံပေးလိုက်တာတောင် သူ့ ရဲဘော်က အနစ်နာခံထားတာ ကိုမှ မထောက်။စစ်သားဆို ကြည့် မရဘူးဆိုတဲ့  အသံလည်းကြားလိုက်ရသည်။ဘာမို့ လို့  VIP ခုံမှာ နေရာရတာလဲနှင့်  အတင်းအုပ်ခံနေရသည်။သတိတရပဲ။ဆေးရောင်စုံ အညိမ့်  ကားပေါ်မှာပြနေတာ ။တအုပ်လုံး ပွဲကျလို့  အတင်းပြောတဲ့  အသံတွေနဲ့ ။သူတို့  စစ်သားတွေကို စောင်းပြောနေမှန်းတော့ သိသည်။မခံနိုင်တော့  ။ကားလယ်လောက် ကြားမှာ မတ်တပ်ရပ်ပြီး လူမိုက်လုပ်လိုက်သည်။နောက်တော့  ပွစိသံတွေငြိမ်သွားသည်။မတက်နိုင်။လူလူခြင်း နိမ်သလိုလို ပြောတာ ကိုတော့  လက်မခံ။
နောက်တော့ မောင်ဇော်က ရှက်ရှက်နဲ့  ကျနော်နားလာထိုင်သည်။ကားရှေ့ နားလေးမို့  စပယ်ယာနဲ့  ထိုင်ခုံအပိုက မရှိ။အလယ်ကောင်မှာ ငုတ်တုတ်လေး။ဒေါသကထွက်ထွက်လာသည်။ပဲခူးရောက်တော့  ဗိုက်ကြီးသည် လင်မယားတက်လာသည်။မသွားမဖြစ်လို့ ဆိုကာ တောင်းပန်ပြီးလိုက်လာသည်။အလယ်ခုံက ဗိုက်ကြီးသည် မိန်းမ အတွက်ဖြစ်လာတော့ သူ့ ယောက်ျားက လည်း အလယ်ကောင်မှာ ငုတ်တုတ်လေး။ကံဆိုးပြီဟုတွေးလိုက်မိသည်။သူ မနေသာတော့  ။ သူ့ တို့ ထဲက တယောက်ကို ရှေ့ တက်ခိုင်းပြီး အလယ်ခုံနားမှာ အမျိုးသမီးယောက်ျားကို ထိုင်စေသည်။ကျနော်နဲ့ ဇော်ဇော်က ကားအနောက်မှာ ခုံကြားထဲ ၂ ယောက်သား။ကားပေါ်ပါလာတဲ့  (၃၅)ယောက်သော သူများက လုံးဝတုတ်တုတ်မလှုပ်ကြ။အိပ်နေသလိုလို မသိကျေးကျွန်ပြူသည်။

လမ်း မှတ်ပုံတင်စစ်တော့  မိန်းကလေးများအုပ်စုထဲမှ တယောက်က မှတ်ပုံတင်မပါခဲ့ ။မှတ်မှတ်ရရ ဘီးလင်းတံကား ပစ်ခတ်မှု့ အပြီး လုံခြုံရေးတွေ တင်းကျပ်လို့ ။ဂိတ်မှာ စစ်လို့ မပြီးတော့  ချေ။ကားက ဆက်မထွက်နိုင်တော့ ။သူ့ တာဝန်ခံပြောခါမှ အဆင်ပြေတော့ သည်။ဒါတောင် သူ့ လက်မှတ်က အဆစ်ပါကျန်ခဲ့ ရသေးသည်။ဒါနဲ့  ပြသနာက မဆုံးလိုက်။ကျိုက်ထို ကျော်ကျော်လေးကျတော့  ဗိုက်ကြီးသည် အမျိုးသမီးက မွေးချင်ပြန်သည် ဟု အော်နေပြန်သည်။တကားလုံးဆူညံသွားသည်။ကားသမား ဦးလေးကြီးက ဘာလုပ်ရမယ်မသိ။ကားကို လမ်းဘေးထိုးရပ်လိုက်ရသည်။ကျိုက်ထို ကို ပြန်မောင်းဖို့  ပြောတော့  မရတော့ ဆိုကာ အတင်းအော်နေပြန်သည်။နောက်မှ မောင်ဇော်က ကျနော်မွေးပေးမယ်ဟုဆိုကာ ကားလမ်းဘေးက အိမ်လေးမှာ အတင်းခေါ်သွားကြသည်။အဓိက ကတော့  ကျနော်နဲ့ မောင်ဇော် ။သူ့ ယောက်ျားနဲ့ ကားစပယ်ယာ၊နောက်ခရီးသည် ယောက်ျားကြီး (၁)ယောက် ။လမ်းဘေးက အိမ်ကလည်း အိပ်မောကျတုန်း ။တဒုန်းဒုန်းနဲ့ နိုးပြီး အကူအညီတောင်းရသည်။နိုးနေတုန်းမှာပဲ ဗွား ဆိုတဲ့  အသံတခု။ခြေထောက်တခုလုံး စိုရွှဲလို့ ။သွားပြီ။ဒါသူကြားဖူးနေကျစကားလုံး။ေ၇မွှာဆိုတာ တမ်းသိလိုက်ပြီ။အခန်းထဲထည့် ပြီး မကြာ မောင်ဇော်လက်စွမ်းနဲ့  ကလေးတယောက် ထွက်လာသည်။ မောင်ဇော်က တပ်မှာ ဆေးခန်းအကူဆိုတာ သူမေ့ သွားခဲ့ သည်။အော် တော်သေးသည်။မောင်ဇော်ရှိလို့  မဟုတ်ရင် ကားပေါ်မှာ ဘယ်သူမှ အားကိုးစ၇ာမပါ။နောက် မောင်ဇော်နဲ့ ကျနော် အဲအိမ်က ရေနဲ့ ခြေထောက်လက်ဆေးသည်။အ၀တ်အစားတော့ လဲချိန်မရ။ ထိုလင်မယားကိုလည်း ကားသမားနဲ့ ဘယ်လို ညှိလိုက်သည်မသိ အဲဒီအိမ်မှာပဲ ထားခဲ့လိုက်သည်။ ထိုခါကျမှ ကားဆရာနဲ့ ကားပေါ်က တဖွဲ့လုံး မောင်ဇော် ကို ၀မ်းပန်းတသာနဲ့ ကျေးဇူးတင်ကြသည်။ ခေါ်ခေါ်ပြောပြောနဲ့  ဖြစ်လာကြသည်။ စိတ်ထဲကတော့ ဆရာမင်းသုဝဏ် ကဗျာလေးကို ပဲသတိရမိလိုက်သည်။
ကျေးပင် ကျေးရိုး ကျေးမျိုးဆွပ်မှ ကျေးဇူးတင်သည် လူအမျိုးတည်းတဲ့လေ………..။
(မင်းသန့် )

Sunday, February 19, 2012

အွန်လိုင်းသုံးတတ်သော ခွေးဆိုသော ခွေးများ အကြောင်း

ကျွန်ုပ်တို့ အွန်လိုင်းပေါ်ဝယ်....

မင်းတို့က စစ်ခွေးးးးးးးးးး... စစ်ခွေးးးး .... စစ်ခွေးး... အရင်ကဆိုလျှင် သန်းရွှေ ရဲ့ စစ်ခွေး အခုတော့ ကျွန်တော်တို့ကို ဗားရှင်း အသစ်ပြောင်းခေါ်ကြပြန်ပါတယ်... ဦးသိန်းစိန်ရဲ့ စစ်ခွေးတဲ့ ကြံ့ဖွတ်စစ်ခွေးတဲ့....




ကျွန်တော်တို့ ဘက်မှ တစ်ချို့က ပြန်ပြောကြသည် မင်းတို့ကသာ ဒီမိုလုပ်စား ခွေးသူတောင်းစား....



ဟုတ်ပါသည် ကျွန်တော်တို့ အားလုံးသည် အများအပြောအရ အွန်လိုင်း အသုံးပြုတတ်သော ခွေးများ ဖြစ်ကြပါသည်။

ခွေးဟု ဆိုလိုက်လျှင် ခွေး၏ သစ္စာစောင့်သိမှု အမိန့်နာခံတတ်မှု စသည့် အရည် အချင်းများ ရှိသည်ကို သတိပြုမိ ကြပေလိမ့်မည်...

ဟုတ်ပါသည်... ကျွန်ုပ်တို့သည် သစ္စာစောင့်သိကြပါသည် အမိန့်နာခံတတ်ကြပါသည်... သို့သော် မည်သူ့ အပေါ်နည်း?? ဦးသန်းရွှေရဲ့စစ်ခွေး?? သူယခုအငြိမ်းစား ယူသွားပြီလေ ကျွန်တော်တို့ သူ့အမိန့်ကို ဆက်နာခံနေသေးလို့လား? ဦးသိန်းစိန်ရဲ့ စစ်ခွေး?? အခုသူသမ္မတ ဖြစ်ပါသည်... သူသမ္မတ မဟုတ်ခဲ့လျှင် ဘယ်သူနည်း?? ကျွန်တော်တို့သည် နိုင်ငံခြားသားရဲ့ ယောက်ျား မိန်းမ မဟုတ် နိုင်ငံခြားသားတွေရဲ့ အထောက်အပံ့ခံသူ မဟုတ်ပဲ စည်းမျဉ်းစည်းကမ်းနှင့် အညီ တက်လာသော အရည်အချင်းရှိသည့် တိုင်းပြည်၏ ခေါင်းဆောင်များရဲ့ အမိန့်ကို နာခံပြီး တိုင်းပြည်နှင့် လူမျိုး အတွက် တာဝန်ထမ်း ရွက်နေခြင်းသာ ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့ သည် တိုင်းပြည်၏ ကိုယ်စား အလုပ်လုပ်သော တက်ရောက် လာသည့် ခေါင်းဆောင်ကြီးများရဲ့ အမိန့်နှင့် ညွှန်ကြား ချက်တွေကို နာခံဆောင်ရွက်တတ်သော၊ တိုင်းပြည်နှင့် လူမျိုးအပေါ် သစ္စာစောင့် သိပြီး တာဝန်ထမ်းရွက်ရသော စစ်ခွေးများ ဖြစ်ကြပါသည်...


အငတ်အပြတ်ခံပြီး တောထဲတောင်ထဲမှာ စစ်တိုက်လဲ ဒီစစ်ခွေး

မိုင်းရှာလဲ ဒီစစ်ခွေး၊


တိုင်းပြည် လုံခြုံဖို့ လုံခြုံရေးယူလဲ ဒီစစ်ခွေး၊


စစ်ပွဲမှာ ဖမ်းမိလဲ ဒီစစ်ခွေး


ရန်သူသတ်တာ ခံရတာလဲ ဒီစစ်ခွေး

ကျွန်တော်တို့ သည် တိုင်းပြည် အပေါ် သစ္စာစောင့် သိပြီး အရည်အချင်းရှိ၍ တက်လာသော နိုင်ငံ့ကိုယ်စား အလုပ်လုပ်နေကြသည့် ခေါင်းဆောင်များ၏ အမိန့်ကို နာခံကာ တိုင်းပြည်အေးချမ်းရေး အတွက် ဒီလိုတွေ တာဝန်ထမ်းရွက်နေကြတဲ့ စစ်ခွေးများ ဖြစ်ကြပါသည်... ထို့အတွက် ကျွန်တော်တို့သည် ဂုဏ်ယူပါသည်... သို့သော် ကျွန်တော်တို့ကို ပြောဆိုနေကြသော ခွေးများမှာ ဘယ်သူ့အပေါ် သစ္စာစောင့်သိပြီး ဘယ်လိုခွေးမျိုးများနည်း? ကြည့်ရအောင်ပါ...



အထက်ပါ ပုံသည် မင်းသားမင်းသမီး များမှ မီးလောင်သည့် ဒုက္ခသည်များ ကိုကြည့် ပြီး အားပေးပြီး ပြန်လာရာ အားပေးသည့် အလုပ်လုပ်ရာ ချင်းတူရာ အကြောင်း တစ်ခုခု ရှိ၍ပဲ ပြုံးပြုံး မည်သို့ပဲ ပြုံးပြုံး ကွန်မန့်တွေ ဘာလို့ မတူရတာလဲ? တစ်ဖက်က အားပေးခဲ့တဲ့ သူတွေကိုကြတော့ ဆဲပြီး ကျန်တဲ့ ဘက်ကတော့ ဘာလုပ်လုပ် ချီးမြှောက်နေရတာလဲ??

အဘယ်သို့သော ခွေးများတည်း??



ဤကဲ့သို့သော ခွေးများပင်တည်း...

တစ်ချို့ တစ်ချို့သော အချောင်ပြည်ပထွက် တောင်းစားချင်ကြသော ခွေးများသည် တိုင်းပြည်ကြီး မွဲပြာကျနေပါပီ အစိုးရ မကောင်းပါဘူး လွတ်လပ်ခွင့် မရှိပါဘူး ကျွန်တော်တို့ စစ်ခွေးများက မဒိန်းကျင့်လွှတ်လိုက်လို့ ရိုက်နှက်လွှတ်လိုက်လို့ ထွက်ပြေးခဲ့ကြရပါတယ် ဆိုပြီး ဤကဲ့သို့ သီချင်းဆိုကြလေသည်

♪♫ အစိုးရကိုပုန်ကန်♪♫ ပြည်ပကို Asylum ခရီး ♪♫အမေ့ထမီကို ရီးလေးလေး ခိုကာရယ်..♪♫ ဒီမိုကရေစီထံ မနားတမ်း ၀ဲပျံမှာ တကယ်... ♪♫

ဤသည်မှာ အများတံဆိပ်ကပ် ရိုက်နှိပ်လိုက်ကြသော ကျွန်ုပ်တို့ ခွေးလောကပင်တည်း..

The Lady ရုပ်ရှင်ကားသည် မြန်မာပရိတ်သတ်အတွက်မဟုတ်



The Lady ရုပ်ရှင်ကားသည် မြန်မာပရိတ်သတ်အတွက်မဟုတ်ဟု Bangkok Post ၏သတင်းတရပ်တွင်ဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အထ္တုပ္ပတ္တိအကြောင်းကို ရိုက်ကူးထားသည့် The Lady ရုပ်ရှင်ကားအား မြန်မာနိုင်ငံတွင် ခိုးကူးအဖြစ် အလွယ်တကူ ရရှိနိုင်ကြောင်းလည်း ရေးသားထားသည်။

လပ်ဘတ်ဆန်အနေနှင့် The Lady သည် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးသမားဘဝကို အဓိက ရိုက်ကူးထားခြင်း မဟုတ်ဘဲ သူမ၏တစ်ကိုယ်ရေဘဝ၊ အမျိုးသမီး နိုင်ငံရေးသမားတစ်ယောက်၏ နိုင်ငံရေးနှင့် မိသားစုဘဝ၏ ဆက်နွယ်ပုံကို တင်ပြလိုခြင်းဖြစ်ကြောင်း ပြောသည်။

ရုပ်ရှင်ကားသည် ကြေကွဲဖွယ် ရင်နင့်ဖွယ်ဖြစ်အောင် ရိုက်ကူးထားသော်လည်း ဟာသဖြစ်နေကြောင်း ဆောင်းပါးရှင်က ဆိုသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးကို ယာယီသိခြင်းဖြင့်သာ ရိုက်ကူးထားခြင်းဖြစ်ကြောင်း မြန်မာပြည်သူလူထုကို လျစ်လျူရှုထားခြင်း ဖြစ်ကြောင်း ရေးသားထားသည်။

Continue:>>>

http://www.bangkokpost.com/opinion/opinion/279700/the-lady-is-not-for-myanmar-audiences


(by Mratt Kyaw Thu from facebook)

NLD ပါတီရဲ့ အစောင်းအချိတ်များ နှင့် ပုတ်ခတ်မှုများ...

လူ့အခွင့်အရေးဆိုသည်မှာ လူတစ်ယောက်၏ ကိုယ်ပိုင် မွေးရာပါ အခွင့်အရေးများ ပင်ဖြစ်သည် ထိုအခွင့်အရေးများကြောင့် တစ်ခြားသူ၏ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်အား (တခြားသူအား) မထိခိုက်စေခြင်း ပင်ဖြစ်သည်...

သို့သော် ထိုအခွင့်အရေးများကို လေးစားလိုက်နာပါသည် ဖော်ဆောင်နေပါသည် ဆိုသော NLD တွင် (လူ့အခွင့်အရေး)သူများ တစ်ခြား တစ်ပါး သူများ၏ အခွင့်အရေးနှင့် သိက္ခာကို လူပုံအလယ်တွင် စောင်းမြောင်း ထိပါး စော်ကားမှုများ ရှိနေပါသည်...



အထက်ပါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန်းခွန်းထဲတွင် ထိကပါး ရိကပါးနဲ့ စောင်းချိတ်ပြီး ပြောထားသည်များကို ကြားသိရမည် ဖြစ်သည်... လူထုခေါင်းဆောင်ပါ ဒီမိုကရေစီ ခေါင်းဆောင်ပါဆိုပြီး ခံယူထားသည့် သူမသည် ဘယ်လို နေထိုင် ပြောဆိုရမည် ဆိုသည်များကို မသိသလော??



အထက်ပါ NLDရဲ့ နာယကကြီး ဦးတင်ဦးသည်လည်း ယခင် ခမောက် အမှတ်တံဆိပ် ယူသုံးသွားသော NLDမှ ခွဲထွက်သွားသည့် NDF အား လူပုံအလယ်တွင် ထိပါး တိုက်ခိုက် စော်ကားထားသည် ကိုလဲ တွေ့ရပြန်ပါသည်...



အထက်ပါ ဒေါ်စုစုနွေး၏ ကော့မှူးမြို့နယ် စည်းရုံးရေး ဟောပြောပွဲ တွင် ပြောခဲ့သည့် အထဲတွင်လည်း ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီအား တိုက်ခိုက် စော်ကား မဲဆွယ်ထားပြန်သည်...

အထက်ပါ အကြောင်းအရာများတွင် NLD သည် သူတစ်ပါးအား (တစ်ခြားပါတီအား) တစ်ဖက်သတ် တိုက်ခိုက် စော်ကား စောင်းမြောင်း ထားသည်ကို တွေ့ရပေသည်.. ဤအရာများသည် နိုင်ငံနဲ့လူမျိုး အတွက် ဦးဆောင်လုပ်ပေးမယ် ဆိုပြီး ကြွေးကြော်ထား သော NLDက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဖော်ဆောင်ပေးကြမည့် ခေါင်းဆောင်များ ပီပီ လူကြီးလူကောင်းဆန်ဆန် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို လေးစားလိုက်နာခြင်းလား?? သို့တည်းမဟုတ် သူတို့၏ ပြောဆိုမှုများအရ လူမှုရေးအရသော်လည်းကောင်း၊ လူအခွင့်အရေး အရသော်လည်းကောင်း နားမလည်ကြသော၊ လေးစားလိုက်နာမှု မရှိကြသော သူတွေများလား??

ဒီပုံထဲကလို ဖြစ်နေပြီလား??

မြန်မာပြည်ရဲ့ ပြည်သူတွေ အတွက်ပါဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည် အတွက်နဲ့ မြန်မာပြည်က ပြည်သူတွေ အတွက် ဘာတွေ လုပ်ပေးခဲ့ပြီးပြီလဲ?? လုပ်မပေးနိုင်တာလား?? လုပ်ပေးနိုင်ရက်နဲ့ ငါအာဏာ မရသေးခင် ဘာမှ မဖြစ်စေရဘူး ဆိုတဲ့ ပုံစံနဲ့ ပိတ်ဆို့ရေးတွေ လုပ်နေတာလား??



အပြောင်းအလဲတွေနဲ့ ကိုယ့်နိုင်ငံနဲ့ ကိုယ်တိုင်းပြည်ကို တိုးတက် ခေတ်မီအောင် ပြည်သူပြည်သားတွေ အလုပ်အကိုင် ပေါများအောင် သက်သာ ချောင်ချိအောင် လုပ်နေတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေး ပိတ်ဆို့မှုတွေကို ဖွင့်ပေးဖို့ ကိုယ့်နိုင်ငံနဲ့ ကိုယ့်လူမျိုး အတွက် မတောင်းဆိုပေးတဲ့ အပြင် ဘာဖြစ်လို့ အမေရိကန်ကြီးကို ကာဗာပေးနေရတာလဲ??




ဒီပုံထဲကလို ဖြစ်နေပြီလား??

ဓာတ်ခွဲခန်းသုံးကြွက်ဖြူအား မိုင်းရှာကြွက်အဖြစ် ကိုလံဘီယာရဲတပ်ဖွဲ့ လေ့ကျင့်ပေးလျက်ရှိ

ကိုလံဘီယာနိုင်ငံ ဘိုဂိုးတားမြို့တွင် ဓာတ်ခွဲခန်း၌ အသုံးပြုသည့် ကြွက်ဖြူတစ်ကောင်အား မိုင်းရှာဖွေရာတွင် အသုံးပြုရန်အတွက် ရဲတပ်ဖွဲ့က လေ့ကျင့်ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါကြွက်ကလေးမှာ ရက်တက်စ်နော်ဗီဂျီကပ် အမည်ရှိ ကြွက်ဖြူလေးဖြစ်ပြီး အလေးချိန်မှာ တစ်ပေါင်ပင် မရှိပေ။ သို့ရာတွင် ကြွက်ဖြူလေးသည် မြေအောက်တွင် မြှုပ်နှံထားသော ဖောက်ခွဲရေးပစ္စည်းများအား ရှာဖွေနိုင်ရန်အတွက် လေ့ကျင့်သင်ကြားပေးလျက်ရှိရာ ၄င်းက အဆိုပါပစ္စည်းများအား စက္ကန့်ပိုင်းအတွင်း ရှာဖွေနိုင်ခဲ့သည်။ လေ့ကျင့်သင်ကြားပေးသူများ၏ အဆိုအရ ကြွက်ဖြူများ၏ အနံ့ခံအာရုံသည် ခွေးများ၏ အနံ့ခံအာရုံကဲ့သို့ပင် ကောင်းမွန်ကြောင်း သိရသည်။ ကိုလံဘီယာ ရဲတပ်ဖွဲ့ဝင်များသည် မိုင်းနှင့် အခြားဖောက်ခွဲရေးပစ္စည်းများ ရှာဖွေရာတွင် ခွေးများကို အသုံးပြုခဲ့သော်လည်း ၄င်းတို့၏ လေးလံသော ကိုယ်အလေးချိန်ကြောင့် မိုင်းများ မကြာခဏ ပေါက်ကွဲလေ့ရှိသဖြင့် ယခုကဲ့သို့ အလေးချိန်ပေါ့ပါးသည့် ကြွက်ဖြူများကို အသုံးပြုရန် စီစဉ်ရခြင်းဖြစ်သည်။ (အင်တာနက်)

နှလုံးခုန်သံကို စကားဝှက်အဖြစ်အသုံးပြု၍ ကွန်ပျူတာဖွင့်နိုင်သည့်စနစ် တရုတ်တီထွင်

လူသားများ၏ နှလုံးခုန်သံကို စကားဝှက်အဖြစ်အသုံးပြု၍ ကွန်ပျူတာကို ဖွင့်နိုင်သည့် လုံခြုံရေးစနစ်သစ်တစ်ခုကို တရုတ်သုတေသနပညာရှင်များက တီထွင်နိုင်ခဲ့ကြောင်း သိရသည်။ သုတေသနပညာရှင်များသည် လူသားများ၏ နှလုံးခုန်သံကို တစ်ခဏခြင်းတွင် သင်္ချာနည်းလမ်းအရ တွက်ချက်မှတ်သားနိုင်သည့် နည်းလမ်းတစ်ခုကို တွေ့ရှိခဲ့ကြပြီး ၄င်းမှတ်သားထားသည့် ဂဏန်းများကို စကားဝှက်အဖြစ် အသုံးပြုခဲ့ရာမှ အဆိုပါလုံခြုံရေးစနစ်ကို တီထွင်ခဲ့ကြခြင်းဖြစ်သည်။ ကွန်ပျူတာများကို စကားဝှက်သုံး၍ ဖွင့်ရာတွင် လူသားနစ်ဦးနှင့်တစ်ဦးကြားရှိ နှလုံးခုန်သံများမှာ မည်သည့်အခါတွင်မျှ မတူညီနိုင်ကြသလို နှလုံခုန်သံများမှာလည်း ထပ်တူညီနေသည်ဟူ၍ မရှိခြင်းကြောင့် အဆိုပါ လုံခြုံရေးစနစ်ကို အသုံးပြုခြင်းဖြင့် မိမိကွန်ပျူတာ၏ လုံခြုံရေးစနစ်ကို ပိုမိုကောင်းမွန်စွာ ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း တရုတ်(တိုင်ပေ)မှ ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။ (အင်တာနက်)

နိုင်ငံ့ဝန်ထမ်းများ၏ လစာများကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှသာ တိုးမြှင့်ပေးရန် ဆောင်ရွက်သင့်ကြောင်း ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် တင်ပြ

နိုင်ငံတော်အစိုးရက အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရေးဆွဲရာတွင် လုပ်ငန်းလမ်းညွှန်အဖြစ် သတ်မှတ် ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုလွှတ်တော်မှ တိုက်တွန်းကြောင်း အဆိုတွင် ပါရှိသော နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ခ၊ လစာစရိတ်နှင့် ချီးမြှင့်ငွေများကို လာမည့်ဘတ်ဂျက်နှစ်အစတွင် မဖြစ်မနေ တိုးမြှင့်ပေးရေးကိစ္စနှင့် စပ်လျဉ်း၍ ဖေဖော်ဝါရီ ၁၆ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတကိုယ်စား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြရာတွင်- ပြည်ထောင်စုလွှတ်တော်မှ ပေးပို့သည့် ဆုံးဖြတ်ချက်မှာပါဝင်တဲ့ “နိုင်ငံသားများ ၀န်ထမ်းများ၏ လုပ်ခ၊ လစာနှင့် ချီးမြှင့်ငွေများကို လာမည့်ဘဏ္ဍာရေးနှစ်အစတွင် မဖြစ်မနေ တိုးမြှင့်ပေးရေး” အဆိုမှာ ပြည်ထောင်စုအစိုးရမှ အကောင်အထည်ဖော်ဖို့ စဉ်းစားနေတဲ့ကိစ္စ ဖြစ်သလို နိုင်ငံ့ဝန်ထမ်းများအတွက်လည်း ဆောင်ရွက်ပေးသင့်တဲ့ ကိစ္စဖြစ်လို့ ကြိုဆိုပါကြောင်း ပြောကြားလိုပါတယ်။ နိုင်ငံတော်အနေနဲ့ ပုဂ္ဂလိကပိုင် အခန်းကဏ္ဍရဲ့ ပါဝင်မှုအချိုးကို တိုးတက်အောင် ဆောင်ရွက်သွားဖို့ ရည်မှန်းထားတဲ့အတွက် နိုင်ငံ့ဝန်ထမ်းများရဲ့ လစာ၊ လုပ်ခတိုးမြှင့်မှုဟာ ပုဂ္ဂလိကကဏ္ဍမှာရှိတဲ့ အလုပ်သမားများအပေါ်လည်း အကျိုးသက်ရောက်မှု ရှိနိုင်တာကြောင့် ပုဂ္ဂလိကကဏ္ဍမှာရှိတဲ့ လုပ်ခ၊ လစာ အခြေအနေအပြင် ပြည်သူလူထုတစ်ဦးချင်းရဲ့ ပျမ်းမျှဝင်ငွေဟာ ဖြစ်ပေါ်လာမယ့် အခြေအနေနဲ့ လိုက်လျောညီထွေ ရှိရန်ကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်မှာဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံ့ဝန်ထမ်းလစာများကို တိုးမြှင့်ဆောင်ရွက်မပေးနိုင်ခင် လွှတ်တော်ကိုယ်စားလှယ်ကြီးများ တိုက်တွန်းတောင်းဆိုထားတဲ့ ဝေးလံခေါင်သီဒေသမှာ တာဝန်ထမ်းဆောင်နေကြတဲ့ တိုင်းရင်းသား လုပ်သားပြည်သူများကို အလုပ်အကျွေး ပြုနေကြတဲ့ ၀န်ထမ်းများရဲ့ ဒေသစရိတ်နှုန်းထားတွေကို ဦးစွာ တိုးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။ ၀န်ထမ်းလစာ တိုးပေးရေးကိစ္စ ဆောင်ရွက်ရာမှာလည်း နိုင်ငံတော်ရဲ့ စီမံခန့်ခွဲမှုစနစ် အကောင်းဆုံး အနေအထားကို ရောက်ရှိစေဖို့ အဓိကလိုအပ်ပါတယ်။ အဲဒီလို ရောက်ရှိနိုင်ရန်မှာ နိုင်ငံတကာမှ ဆောင်ရွက်တဲ့ နည်းလမ်းများကို စံနမူနာထားပြီး ပြည်တွင်း၊ ပြည်ပမှ ပညာရှင်များနှင့် အစိုးရဌာနမှ ပညာရှင်များ ပါဝင်တဲ့အဖွဲ့ကို ဖွဲ့စည်းရမှာဖြစ်ပါတယ်။

အဲဒီအဖွဲ့အနေနဲ့ အမျိုးသားစီမံကိန်း ရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်မှုကို အခြေခံပြီး နိုင်ငံ့ဝန်ထမ်းများရဲ့ လစာတိုးမြှင့်ရေး အစီရင်ခံစာများအပေါ် သုံးသပ်ပြီးတော့ နိုင်ငံ့ဝန်ထမ်းများရဲ့ လုပ်ခ၊ လစာနှင့် ချီးမြှင့်ငွေများ တိုးမြှင့်ပေးရေးကို ဆောင်ရွက်ပေးသွားရမှာဖြစ်ပါတယ်။ လက်တလောဆောင်ရွက်မှုကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ဆောင်ရွက်မယ်ဆိုရင် ပိုမိုကုန်ကျလာမယ့် လစာနှင့် အခြားအသုံးစရိတ်တွေ များပြားလာမှာဖြစ်လို့ နိုင်ငံတော်ရဲ့ ဘတ်ဂျက်မှာ အခက်အခဲ တွေ့လာနိုင်မှာ ဖြစ်ပါတယ်။ သို့ပါ၍ နိုင်ငံ့ဝန်ထမ်းများရဲ့လစာ၊ လုပ်ခများ တိုးမြှင့်ပေးနိုင်ဖို့ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုများ ပြီးမြောက်အောင် ဆောင်ရွက်ပြီးနောက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှသာ နိုင်ငံ့ဝန်ထမ်းများရဲ့ လစာ၊ လုပ်ခများ တိုးမြှင့်ရေးကို ဆောင်ရွက်သင့်ပါကြောင်းနှင့် ဝေးလံခေါင်သီဒေသများမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ၀န်ထမ်းများကို ငဲ့ညှာထောက်ထားသောအားဖြင့် ၄င်းတို့ရဲ့ ဒေသစရိတ်နှုန်းထားများကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် စတင်တိုးမြှင့်ပေးနိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတကိုယ်စား ပြည်ထောင်စုလွှတ်တော်သို့ လေးစားစွာ တင်ပြအပ်ပါကြောင်းဖြင့် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

ကမ္ဘာအဆင့်မီ ရေနက်ဆိပ်ကမ်းအတွက် ပြောင်းရွှေ့ရမည့် အစားထိုးအိမ်ရာများ အကောင်အထည်ဖော်

တနသာင်္ရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ဘဝါဆိပ်ကမ်းတွင် ကမ္ဘာ့အဆင့်မီ ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး စီမံချက်အရ နဘုလည်ဒေသ ထိန်ကြီးကျေးရွာမှ ၄၄၅ အိမ်၊ မယင်းကြီးကျေးရွာမှ ၁၃၆ အိမ်၊ ပရဒတ်ကျေးရွာမှ အိမ် ၃၁၀ ၊ မူးဒူးကျေးရွာမှ ၃၄၃ အိမ်၊ လဲရှောင်ကျေးရွာမှ အိမ် ၆၁၀၊ ဘဝါကျေးရွာမှ ၅၅ အိမ် စုစုပေါင်းအိမ်ပေါင်း ၁၈၉၉ အိမ်တို့ ပြောင်းရွှေ့ပေးရမည်ဖြစ်သည်။ ယင်းသို့ ပြောင်းရွှေ့ပေးရမည့် အိမ်ရာများအတွက် (ဘဝါမြို့သစ်စီမံကိန်း) ရေးဆွဲကာ ဘဝါဆိပ်ကမ်းသို့ ပြောင်းရွှေ့ပေးရမည့် မိသားစုများ မနစ်နာစေရေးအတွက် တစ်ပြေးညီ တိုက်များအခမဲ့ အစားထိုး ဆောက်လုပ်ပေးလျက် မိသားစုများ ပြောင်းရွှေ့စရိတ်ကိုပါ သက်ဆိုင်ရာကုမ္ပဏီမှ ဝန်ဆောင်မှုပေးမည်ဖြစ်သည်။ မြို့သစ်စီမံကိန်း ရေးဆွဲရာတွင် သာသနာ့မြေ၊ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း၊ စာကြည့်တိုက်၊ ဘိုးဘွားရိပ်သာ၊ အားကစားကွင်း၊ ပန်းခြံ၊ ရုံးများ၊ ဈေး၊ ပျိုးဥယျာဉ်၊ လူမှုစီးပွားဆိုင်ရာ အခြေခံဆောက်အအုံ၊ မူကြိုကျောင်း၊ အရန်မြေ၊ ဆေးရုံ၊ ရဲစခန်း၊ သုသာန်မြေ၊ လမ်းများဖြင့် မြေတိုင်းဧရိယာ (Surveyed Area ) ၇၃၂ ဧကဖြင့် စီမံကိန်းဧရိယာ Project Area) ၅၁၄ ဧက ၁၀၀ ရာခိုင်နှုန်း ချမှတ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ခုတ်လှဲသီးနှံပင်များအတွက် ကာလတန်ကြေးအလိုက် လျော်ကြေးငွေများ ပေးသွားမည်ဟု အီတာလျှံ ထိုင်းကုမ္ပဏီမှ ပြောဆိုထားကြောင်း ၂၀၁၂ ခုနှစ်ဖေဖော်ဝါရီ ၁၈ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

အော်တိုတယ်လီဖုန်းများ Prepaid စနစ်သို့ ပြောင်းလဲဆောင်ရွက်မည့် အစီအစဉ် သတင်းထုတ်ပြန်

၂၀၁၂ ခုနှစ် မတ်လ ၁ ရက်မှစတင်၍ (၀၁-၂၃၀xxxx) နံပါတ်ဖြင့်စသော အော်တိုတယ်လီဖုန်း (လိုင်းဖုန်း)များကို Prepaid စနစ်မှ ကြိုတင်ငွေဖြည့်ကတ် Prepaid စနစ်သို့ စတင်ပြောင်းလဲ တပ်ဆင်ပေးမည်ဖြစ်သည်။ ကြိုတင်ငွေဖြည့်ကတ် Prepaid စနစ်သို့ ပြောင်းလဲလိုသူများသည် လိုအပ်မည့် ပုံစံများကို အော်တိုတယ်လီဖုန်းရုံး အမှတ်(၁၀၃)၊ လမ်း(၄၀) ကျောက်တံတား မြို့နယ်တွင် အခမဲ့ရယူဖြည့်သွင်း ဆန္ဒပြုနိုင်သည်။ ဖုန်းပြောဆိုခ ပေးချေရမှု လွယ်ကူအဆင်ပြေစေရန် Prepaid စနစ်သို့ ပြောင်းလဲပေးခြင်းဖြစ်ရာ မူရင်းဖုန်းနံပါတ်များ ပြောင်းလဲမည်မဟုတ်ကြောင်း၊ တယ်လီဖုန်းတစ်လုံးသည် တစ်ကြိမ်သာ ပြောင်းလဲနိုင်ကြောင်း၊ Prepaid စနစ်သို့ ပြောင်းလဲလိုသည့် တယ်လီဖုန်းများသည် ၁.၃.၂၀၁၂ ရက်မှစတင်၍ ပြောင်းလဲနိုင်မည်ဖြစ်ပြီး မိမိတို့ဖုန်းတွင် ငွေဖြည့်ကတ် (Top-Up-Card) များဖြင့် ငွေဖြည့်သွင်း၍ အသုံးပြုရမည်ဖြစ်ကြောင်း။ Prepaid စနစ်သို့ ပြောင်းလဲသည့် တယ်လီဖုန်းများသည် Prepaid စနစ်သို့ မပြောင်းလဲမီအထိ ခေါ်ဆိုထားသည့် တယ်လီဖုန်း ခေါ်ဆိုခများကို ယခင်စနစ်အတိုင်း ပေးချေရမည်ဖြစ်ပြီး ကြိုတင်ငွေပေးသွင်းထားသော တယ်လီဖုန်းများသည် Prepaid စနစ်သို့ မပြောင်းလဲမီအထိ ခေါ်ဆိုခများကို ပေးချေပြီးနောက် ပိုငွေ ကျန်ရှိပါက ပိုငွေကို Prepaid စနစ်သို့ ထည့်သွင်းဖြည့်တင်းပေးမည် ဖြစ်ကြောင်း။ ဌာနဆိုင်ရာနှင့် All in FE တယ်လီဖုန်းများသည် Postpaid စနစ်ဖြင့် ဆက်လက်အသုံးပြုနိုင်မည်ဖြစ်ကြောင်း။ Prepaid Top-Up-Card များကို အမှတ်(၁၀၃) လမ်း(၄၀) ကျောက်တံတားမြို့နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အော်တိုတယ်လီဖုန်းရုံးနှင့် အမှတ် (၄၆၅/၄၆၉) မဟာဗန္ဓုလလမ်း ပန်းပဲတန်းမြို့နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ငွေစာရင်းရုံးတို့တွင် ဦးစွာရောင်းချပေးသွားမည်ဖြစ်ပြီး တယ်လီဖုန်းအခွန်ငွေ လက်ခံသည့် စခန်းများတွင်ပါ ရောင်းချပေးသွားမည်ဖြစ်ကြောင်း။ အသေးစိတ် သိရှိလိုပါက Call Center ဖုန်း-၁၈၇၆ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတင်းထုတ်ပြန်ထားကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

မြန်မာနိုင်ငံက အပြောင်းအလဲများကို ကူညီချိန်ရောက်ပြီ

(အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဥက္ကဌ ဂျွန်ကယ်ရီရဲ့ Supporting change in Burma ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆို တင်ပြလိုက်ပါတယ်။ )
နှစ်ငါးဆယ်ကျော် စစ်အာဏာရှင် အုပ်ချုပ်ရေးအောက်မှာ နေခဲ့ရပြီးတဲ့နောက် အခုအချိန်မှာတော့ မြန်မာနိုင်ငံဟာ သူ့တို့ အနေနဲ့ အမေရိကန် နိုင်ငံနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် လုပ်ဖို့ ဆန္ဒရှိတယ် ဆိုတာ အချက်ပြလာ ခဲ့ပါပြီ။ သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံကို စောင့်ကြည့်နေသူတွေ စိတ်လှုပ်ရှားစေတဲ့၊ စဉ်းစားစရာတွေ အများကြီး ဖြစ်စေတဲ့ ပြုပြင် ပြောင်းလဲမှုတွေ တစ်သီတစ်တန်းကြီး လုပ်ခဲ့တယ်။ အခု အဲဒီနိုင်ငံက ဒီမိုကရေစီ လှုပ်ရှားသူတွေ အနေနဲ့ ဆယ်စုနှစ်များစွာ အတွင်း ပထမဆုံးအကြိမ် စိတ်အားတက်စရာတွေ တွေ့လာနေရပြီ ဖြစ်တယ်။
ပြီးခဲ့တဲ့ သြဂုတ်လမှာ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ပြီး ကထဲက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ အရှိန် ရလာခဲ့တယ်။ နိုဝင်ဘာမှာ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က မြန်မာနိုင်ငံကို သမိုင်းဝင်ခရီး သွားခဲ့ပြီး ဆက်ဆံရေး ကောင်းဖို့အတွက် ဘာတွေလိုတယ် ဆိုတာ ရှင်းရှင်းလင်းလင်း ပြောပြခဲ့တယ်။ သမ္မတ ဦးသိန်းစိန် အစိုးရက အိုဘားမား အစိုးရရဲ့ မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံရေး ကိစ္စကို အပြုသဘော ဆောင်ပြီး တုန့်ပြန်ခဲ့တယ်။
မြန်မာ ခေါင်းဆောင်တွေက အပြောနဲ့မဟုတ် အလုပ်နဲ့ သက်သေ ပြခဲ့တဲ့အတွက် တိုးတက်မှုအချို့ ဖြစ်လာခဲ့တယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေ အတွင်းမှာ အစိုးရက ရာချီနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးခဲ့တယ်၊ လာမည့် ဧပြီလမှ ရွေးကောက်ပွဲလုပ်ဖို့ သတ်မှတ်ပေးတယ်၊ တိုင်းရင်းသားအဖွဲ့ တွေနဲ့ ဖြစ်နေတဲ့ နှစ်ပေါင်းများစွာ ကြာတဲ့ ပဋိပက္ခတွေကို အဆုံးသတ်နိုင်ဖို့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲတွေ လုပ်ခဲ့တယ်။ အခု အမေရိကန် မူဝါဒ ချမှတ်သူ တွေနဲ့ ဥပဒေပြုသူတွေ အတွက် မေးခွန်းက ဘာဆက်လုပ်မလဲ၊ အစိုးရရဲ့ ရည်ရွယ်ချက်တွေကို သိရအောင် ဘယ်လို လုပ်နိုင်သလဲ၊ ပြုပြင် ပြောင်းလဲ လိုသူတွေ ဘယ်လို အကောင်းဆုံး ကူညီနိုင်မလဲ ဆိုတဲ့ မေးခွန်းပဲ။
အစဉ်အလာအရ အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ကွန်ဂရက်က ချုပ်ကိုင်ထားတာ ဖြစ်တယ်။ တင်းကျပ်တဲ့ ပိတ်ဆို့မှုတွေ ချထားတယ်၊ အမေရိကန် အစိုးရရဲ့ မြန်မာမူဝါဒကို အနီးကပ် စောင့်ကြည့်တယ်၊ ငွေသုံးစွဲမှု တွေကို ထိန်းချုပ်ထားတယ်။ လွှတ်တော် အမတ်တွေရဲ့ နှစ်ပေါင်းများစွာ ရှိလာတဲ့ မြန်မာနိုင်ငံ အပေါ် သဘောထားကို နေ့ချင်း ညချင်း ပြောင်းလိုက်ဖို့တော့ မဖြစ်နိုင်ဘူး။ ဒါမေမယ့် မြန်မာအစိုးရ ဘက်က တိုးတက်မှုတွေ ရှိလာရင်တော့ အရင်တုန်းက ပြုပြင် ပြောင်းလဲမှုတွေ လုပ်ခဲ့တဲ့ အစိုးရတွေကို ဆက်ဆံသလိုပဲ ဆက်ဆံရေး တိုးတက်ဖို့ အတွက် လုပ်ဆောင်ဖို့ အသင့် ရှိပါတယ်။
အဲဒီလို ဖြစ်ဖို့အတွက် ဆိုရင် ရွေးကောက်ပွဲဟာ ဘက်မလိုက်တဲ့ နိုင်ငံတကာ စောင့်ကြည့် လေ့လာသူတွေ ပါပြီး လွတ်လပ် တရားမျှတဖို့ လိုတယ်။ ရွေးကောက်ပွဲသာ အဆင်ပြေမယ် ဆိုရင် ကျွန်တော်တို့ဟာ ဒေါ်အောင်ဆန်းစုကြည်၊ တစ်ခြား ဒီမိုကရေစီ လှုပ်ရှားသူများ၊ နိုင်ငံတကာ မိတ်ဆွေများနဲ့ တိုင်ပင်ပြီး ပြုပြင်ပြောင်းလဲမှု တွေကို အားပေးရာ ရောက်အောင်၊ မြန်မာပြည်သူတွေ ဘဝ တိုးတက်လာအောင် ပိတ်ဆို့မှုတွေကို လျှော့ပေါ့ပေးဖို့ စဉ်းစား ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ အနေနဲ့ တစ်ခြားနေရာ တွေမှာလည်း တိုးတက်မှုတွေ ရတာ မြင်ချင်တယ်။ ပထမဆုံး အနေနဲ့ အစိုးရဘက်က ကျန်နေသေးတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရသူတွေ အားလုံးကို လွှတ်ပေး စေချင်တယ်။ ဒုတိယ အနေနဲ့ တိုင်းရင်းသား လူနည်းစုတွေနဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေကို ရပ်ပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် ဆွေးနွေးနိုင်မယ့် နည်းလမ်းတွေကို ရှာရမယ်။ တတိယ အနေနဲ့တော့ ကျွန်တော်တို့ဟာ မြန်မာ-မြောက်ကိုရီးယား စစ်ရေး ဆက်ဆံမှုနဲ့ ပတ်သက်ပြီး အများကြီး စိုးရိမ်ခဲ့တယ်။ အထူးသဖြင့် ဒုံးပျံ နည်းပညာနဲ့ အနုမြူ နည်းပညာ ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေ ဖြစ်တယ်။ အဲဒါနဲ့ ပတ်သက်ပြီး ယုံကြည်မှု ရဖို့အတွက် မြန်မာဘက်က နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီရဲ့ အနုမြူဆိုင်ရာ ကိစ္စတွေကို စောင့်ကြည့် စစ်ဆေးမယ့် နောက်ဆက်တွဲ သဘောတူညီချက်ကို လက်မှတ် ထိုးတာကို ကျွန်တော်တို့ မြင်ချင်တယ်။ အဲဒါတွေဟာ ကွန်ဂရက်က မြန်မာနိုင်ငံ အပေါ် အမြင်တွေ ပြောင်းသွားစေဖို့ အတွက် လိုအပ်တဲ့ အခြေခံ ပြောင်းလဲမှုတွေပဲ ဖြစ်ပါတယ်။ မြန်မာဘက်ကသာ ရှေ့တိုး လုပ်ဆောင်ခဲ့မယ် ဆိုရင် ကျွန်တော်တို့ ဘက်က အပြန်အလှန် လုပ်ပေးဖို့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။

ဥပမာအားဖြင့် အစိုးရမှာ နှစ်ပေါင်းများစွာ အထီးကျန် နေခဲ့တဲ့အတွက် စွမ်းဆောင်ရည် မြှင့်တင်ရေးတွေ လုပ်ဖို့ လိုနေတယ်။ လွှတ်တော်ကလည်း လုပ်ငန်းတွေ လုပ်နိုင်ဖို့ အကူအညီတွေ လိုနေတယ်။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံရေး လုပ်ငန်းစဉ်မှာ ပြန်ပါလာနေပြီး သူအနေနဲ့ လွှတ်တော် နေရာအတွက် ဝင်ပြိုင်ဖို့ ရှိနေတယ်။ တကယ်လို့ အစိုးရဘက်က အပြုသဘော ဆောင်တဲ့ ပြုပြင် ပြောင်းလဲမှုတွေကိုသာ ဆက်လုပ်မယ် ဆိုရင် မကြာခင်မှာ ကျွန်တော်တို့ အနေနဲ့ အဆင့်မြင့် လွှတ်တော် ကိုယ်စားလှယ်တွေကို ပထမဆုံး အကြိမ်အဖြစ် ကွန်ဂရက်ကို လေ့လာဖို့ ဖိတ်ခေါ်မှာပါ။ နောက်ပြီး အရှေ့ ဥရောပမှာ ဘာလင် တံတိုင်းကြီး ပြိုကျသွားပြီး နောက်လုပ်ခဲ့သလို လွှတ်တော် လုပ်ငန်းဆိုင်ရာ အကူအညီ တွေလည်း ပေးလို့ ရပါတယ်။

မြန်မာ့ စီးပွားရေးဟာလည်း နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းများ ဆီကနေ အကြံဉာဏ်နဲ့ အကူအညီတွေ ရလာ နိုင်ပါတယ်။ အခုအချိန်မှာတော့ ဒီလိုပေးတာကို လွှတ်တော် ဥပဒေအရ တားဆီးထားတယ်။ ဒါပေမယ့် အစိုးရကသာ ပြောင်းလဲမှုတွေ ဆက်လုပ်ခဲ့ရင် ကျွန်တော်တို့ အနေနဲ့ ဒီပိတ်ဆို့ တားဆီးထားမှု တွေကို ပြန်ပြီး သုံးသပ်မှာပါ။ နောက်ပြီး ယုံကြည်မှုကို တည်ဆောက် နိုင်ဖို့နဲ့ ပြုပြင် ပြောင်းလဲရေးတွေကို အားပေးနိုင်ဖို့ အတွက် အထက်လွှတ်တော် အနေနဲ့လည်း အိုဘားမား အစိုးရက မြန်မာနိုင်ငံကို သံအမတ်အဆင့် ပြန်ထားဖို့၊ မြန်မာ သံအမတ်ကို လက်ခံဖို့ ဆုံးဖြတ်တာကို အတည်ပြုဖို့ လိုတယ်လို့ ယုံကြည်ပါတယ်။

သံအမတ် အဆင့် ပြန်ဆက်သွယ်တာဟာ မြန်မာအစိုးရကို ဆုချတာ မဟုတ်ဘူး။ သံအမတ် အဆင့်ကို တိုးမြှင့်နိုင်တဲ့ အတွက် မြန်မာနိုင်ငံထဲက အဖြစ်အပျက်တွေကို ပိုပြီး ထိထိရောက်ရောက် စောင့်ကြည့်နိုင်မယ်၊ လူ့အခွင့်အရေး တွေကို မြှင့်တင်နိုင်မယ်၊ အမေရိကန် နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ တန်ဘိုးတွေကို ဖော်ဆောင်နိုင်မှာ ဖြစ်တယ်။ ပြီးရင် လူထု အခြေပြု အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားတွေရဲ့ လှုပ်ရှားမှုတွေကို ပိုပြီး ကူညီနိုင်မှာ ဖြစ်တယ်။
ဆက်ဆံရေး တိုးတက်ဖို့အတွက် လုပ်ဆောင်ဖို့ လိုတဲ့ အချက်တွေ အပြင် မြန်မာအစိုးရ အနေနဲ့ သူ့ပြည်သူတွေကို ပိုပြီး ဂရုစိုက်တာကို လုပ်မယ်ဆိုရင် ကွန်ဂရက်ရဲ့ အမြင်ကို ပြောင်းစေမှာ ဖြစ်ပါတယ်။ ဆင်းရဲမှုနဲ့ အခက်အခဲတွေကို ဖြစ်စေတဲ့ ဥပဒေတွေကို ပြင်ဆင်ခြင်း၊ နိုင်ငံရေးမှာ အားလုံး ပါဝင်ခွင့် ပြုခြင်းတို့ဟာ မြန်မာအစိုးရ အပေါ် ယုံကြည်မှုတွေ ပိုရစေမှာ ဖြစ်ပါတယ်။

အစိုးရက လယ်မြေတွေ သိမ်းတာကို ဆန့်ကျင်တဲ့ လယ်သမားတွေကို အရေးယူမှု မျိုးဟာ အစိုးရကို အထင်မှားစေတယ်။ ကျေးလက် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ အခြေခံ အဆောက်အအုံတွေမှာ ပိုပြီး ရင်းနှီးမြှုပ်နှံခြင်းဟာ အစိုးရကို ပိုပြီး ယုံကြည်မှု ရစေမှာ ဖြစ်တယ်။
မြန်မာနိုင်ငံဟာ လမ်းဆုံလမ်းခွမှာ ရောက်နေပြီ။ အခု မြင်နေရတဲ့ အပြောင်းအလဲ တွေဟာ မခိုင်မာသေးဘူး။ ကျွန်တော်တို့ ဘက်ကတော့ လွှတ်တော် အနေနဲ့ အပြောင်းအလဲတွေကို အားပေးမယ်၊ မြန်မာအစိုးရ ဘက်က သူ့ပြည်သူတွေ အတွက် ကဏ္ဍသစ် ဖွင့်လှစ်ဖို့ အတွက် တကယ် ဆောင်ရွက်နေသလား ဆိုတာကိုလည်း စောင့်ကြည့် သွားမှာ ဖြစ်ပါတယ်။

ပိတောက်မြေ

ဦးဂမ္ဘီရကို အာဏာစက်ဖြင့် အရေးယူတော့မည်



မစင်ကြယ်သော ရဟန်းများ ၊ ပုဂ္ဂိုလ်များ ပိုမိုအတင့်ရဲလာမည်ကို စိစစ်တွေ့ရှိရသဖြင့် ဦးဂမ္ဘီရ (ခ) ဦးစန္ဒောဘာသ (ခ) လူအမည် ညီညီလွင်အား ၀ိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်းများ ပြစ်မှုဆိုင်ရာ ဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ယနေ့ထုတ်ကြေးမုံသတင်းစာ တွင် အတိအလင်း ဖေါ်ပြထားသည် ။

အဆိုပါ ဦးဂမ္ဘီရ (ခ) ဦးစန္ဒောဘာသ (ခ) လူအမည် ညီညီလွင် သည် လူအတန်းပညာ ၄တန်း ( မအောင်ပါ ) ၊ ရဟန်းပညာ ပထမငယ်တန်းပင် အောင်မြင်ခြင်းမရှိသော်လည်း ၊ အစိုးရအတိုက်အခံ များ ၊ အစိုးရနှင့်ဆန့်ကျင်ဘက်အသွင်ဆောင်သော သတင်းဌာနများက သံဃတပ်ပေါင်းစု ခေါင်းဆောင်အဖြစ် ဘုံမြှောက်ခြင်းခံရသူဖြစ်သည် ။

(မူရင်း>> http://doctorsatephwar.blogspot.com/2012/02/blog-post_7503.html)

Friday, February 17, 2012

မြန်မာပါဆိုပြီး ဖွနေကြတဲ့ အပုပ်ချချင်သူများ...

ဖေ့ဘွတ်မှာ ဘယ်သူက ဘယ်လို မြန်မာကျောင်းသူလေးတွေ ဖဲရိုက်နေပါတယ်ဆိုပြီး ဖွလိုက်မှန်း မသိတဲ့ အောက်ကပုံလေးက မြန်မာ တွေ မဟုတ်ပါဘူး တဲ့ခင်ဗျာ... သူတို့ရဲ့ ရည်ရွက်ချက်တွေကတော့ ထုံးစံ အတိုင်း အစိုးရနဲ့ လက်ရှိ တက္ကသိုလ်က ၀န်ထမ်းတွေကို မကောင်းကြောင်း အပုပ်ချချင်လို့ အလွဲသုံးစားလုပ်လိုက်တာလို့ ယူဆရပါတယ်...



ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ

Facebook အင်တာနက်စာမျက်နှာပေါ်မှာ....

ကျောင်းသူလေးငါးဦး ဖဲရိုက်နေပုံ တက်လာပါတယ်....

ဝတ်စုံကို ကြည့်တဲ့အခါ... ကွန်ပျူတာတက္ကသိုလ်က လုံချည်အရောင် စိမ်းပြာလေးနဲ့ပါ...

သို့သော်.. ကွန်ပျူတာကလိုလို.. နည်းပညာကလိုလို....မသိသူများ အမျိုးမျိုးက

ပညာရေးတိုးတက်အောင် လေ့လာနေကြတာပါဆိုတဲ့ ပုံစံမျိုးနဲ့...

နှိမ့်ချပြီး Share လုပ်ကြပါတယ်....။

အဲဒီပုံကို ပထမဆုံးကြည့်လိုက်တဲ့အချိန်မှာ.. သတိထားမိတာက...

လုံချည်အရောင်က ကွန်ပျူတာတက္ကသိုလ်က အရောင်နဲ့ ဆင်တူပေမယ့်

ယူနီဖောင်းပုံစံပါ.... မိန်းကလေးတွေ ဝတ်ထားတဲ့ ယူနီဖောင်းအကျီ င်္က

ကွန်ပျူတာကျောင်းကမိန်းကလေးတွေဝတ်ရတဲ့ အိကျီ င်္ပုံစံမဟုတ်ပါဘူး...

ရင်ဘတ်မှာလည်း စာတမ်းလေးတစ်ခုပါတာကိုတွေ့ရပါတယ်....

မူလ Source ကို လိုက်ရှာတဲ့အခါ.....

အောက်ပါ လင့်ခ်မှာတွေ့ပါတယ်

http://moreimagesrally.blogspot.com/2011/12/blog-post_1516.html

ကမ္ဘာဒီယားက ခမာဘာသာနဲ့ ရေးထားတဲ့ Blog Site တစ်ခုကပုံဖြစ်ပါတယ်...

ကမ္ဘောဒီယား ကျောင်းသူတွေပါ...

ဒါကို မူလပထမဦးဆုံး ရှယ်ယာ စလုပ်သူက....

ဘယ်လို ရည်ရွယ်ချက်နဲ့လုပ်ပါသလဲ...

ကိုယ့်တိုင်းပြည်.. ကိုယ့်လူမျိုး... သိက္ခာကျအောင် လုပ်တာဆိုရင်

အင်မတန်မှကို အောက်တန်းကျတဲ့လုပ်ရပ်တစ်ခုအဖြစ်

သတ်မှတ်ပြီး ကန့်ကွတ်ရှုတ်ချပါတယ်....

Facebook မှာတော့ အင်မတန်မှကို ပြန့်နှံ့နေပါပြီ...

နည်းပညာကျောင်းသား.. ကျောင်းသူများ...

ကွန်ပျူတာ ကျောင်းသား.. ကျောင်းသူများ....

ဒီကျောင်းအသိုင်းအဝန်းနဲ့ပတ်သက်နေသူများအားလုံး...

လင့်ခ်အမှန်ကို လက်လှမ်းမှီရာများမှာ.. ပြန်လည်ဖြန့်ဝေခြင်းဖြင့်

မိမိတို့ ဂုဏ်သိက္ခာ... ကျောင်း၏ ဂုဏ်သိက္ခာ.... နိုင်ငံ့ဂုဏ်သိက္ခာကို

ပြန်လည် မြှင့်တင်ပေးကြပါလို့...........

By: Kyaw Swar Winn Thant (from Facebook)

NLD ရဲ့ အာဏာရှင် ဆန်သော လုပ်ရပ်...

အရင်ရွေးကောက်ပွဲ ကျင်းပတုန်းက ရွေးကောက်ပွဲ ၀င်တယ်ဆိုတာကလဲ တကယ်လုပ်ပိုင်ခွင့် ရမှာမဟုတ်ဘူးလို့ ယုံကြည်နေရက်နဲ့ ၀င်ပြိုင်တယ်ဆိုရင် ပြည်သူတွေကို လှည့်ဖြားရာလဲ ရောက် ခရီးလဲ မပေါက် ဖြစ်ပါလိမ့်မယ် ဆိုပြီး ရွေး ကောက်ပွဲ မ၀င်ပဲနဲ့ နိုးဗုတ် လုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်း စုကြည် နဲ့ NLD ပါတီဟာဆိုရင် အခုကြားဖြတ် ရွေးကောက်ပွဲမှာ တိုင်းပြည်နဲ့ ပြည်သူ့အတွက်ဆိုရင် အသုံးချခံရရင် ခံရပစေဆိုပြီး ၀င်ဖို့ ဆုံးဖြတ်ခဲ့ပြီး ပါတီ မှတ်ပုံပြန်လည် တင်ခဲ့ပါတယ်... (ကြိုဆိုပါတယ် ၀မ်းသာပါတယ်... အပြင်မှာ ပေါက်ကရ ပြောနေတာထက်စာရင် လွှတ်တော်မှာ ပြောတာ ပိုကောင်းပါတယ်...) အဲဒီနောက်မှာ ဆိုရင် ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD က ကိုယ်စားလှယ်လောင်းတွေကို သူတို့ရဲ့ ဗဟိုကပဲ ဆုံးဖြတ်ပြီး ရွေးကောက်ခဲ့ပါတယ်...



အဲဒီလို ရွေးကောက်ခဲ့ရာမှာ ဗဟိုက ချပေးလိုက်တဲ့ ကိုယ်စားလှယ်တွေကိုပဲ ဆိုင်ရာဒေသမှာ ရွေးကောက်ပွဲ ၀င်ဖို့ အမိန့်ချမှတ်လိုက်သလိုပါပဲ၊ အဲဒီအတွက် ကြောင့် အနှစ်နှစ် အလလက ဒီနယ်မြေမှာ အပင်ပန်းခံပြီး လုပ်ပေးထားတာတွေ အမှန်တကယ် ကြိုးစားထားတာတွေ ကြောင့် ပြည်သူတွေနဲ့ စည်းရုံးမှုတွေ ရှိနေပြီးသားဖြစ်တဲ့ တစ်ချို့ဒေသတွေက သက်ဆိုင်ရာ နယ်မြေခံ ခေါင်းဆောင်တွေဟာ ဆိုရင် တကယ်လို့ NLD အနေနဲ့ ရွေးကောက်ပွဲ ၀င်ပြိုင်ရင် ဒီနေရာ ဒီမြို့မှာ သူ့ကိုပဲ ဒီမြို့က လူတွေက ရွေးထားသလို NLDကနေ သူပဲ ဒီမြို့ကနေ ပြိုင်ရမှာပဲ ဆိုတဲ့ တွေးထင်ထားမှုနဲ့ လွဲချော်ခဲ့တဲ့ ပြဿနာတွေ ဖြစ်ပွားခဲ့ပါတယ်.... အဲဒါကို ဦးတင်ဦးက ဘယ်လို ဖြေရှင်းထားသလဲ ဆိုရင် အောက်ကပုံလေးမှာ ဖတ်ရူ့ကြည့်ပါ...



အဲဒီလို ဖြေရှင်းမှုတွေ ကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်သူတွေက တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ကြားဖြတ်ရွေးကောက်ပွဲ ၀င်ဖို့ ဆုံးဖြတ်သွားခဲ့ပါတယ်...




ကဲဗျာ ပြည်သူ့အသံ နားထောင်ပြီး ပြည်သူတွေ အတွက်ပါဆိုပြီး အော်နေတဲ့ NLD မှာ ဗဟိုကနေ ချပေးတဲ့ သူတွေကပဲ အဲဒီ မြို့မှာ ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ရမယ် တခြားသူတွေ သူ့နယ်မြေမှာ ယုံကြည်လို့ လူတွေက သူ့ကိုပဲ ပြိုင်စေချင်လို့ ၀င်ပြိုင်ချင်ခဲ့ရင် အပေါ်က ဦးတင်ဦး ပြောသလို အရှက်ခွဲ ဆက်ဆံစော်ကားတာတွေ လုပ်ပြီး အထက်က ဗဟို ကချပေးထားတဲ့ လူတွေပဲ အဲဒီနေရာဒေသမှာ ၀င်ပြိုင်ရမယ် ဆိုတာကြီးက ဗဟိုကချမှတ်လိုက်တဲ့ အမိန့်ကြီးကိုပဲ နားထောင်ရမယ်လို့ ဖြစ်နေတာ အာဏာရှင်ဆန်တဲ့ လုပ်ရပ်လား?? ဒီမိုကရေစီလား ခင်ဗျာ??

ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ ဗိုလ်ချုပ် ဆိုသည့် အဓိပ္ပာယ်??



ပြည်သူတွေ ပြောနေပါတယ်ဆိုတဲ့ ဗိုလ်ချုပ်ရဲ့ အဓိပ္ပာယ်က ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ ဗိုလ်ချုပ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ တူပါသလား?? မှန်ပါသလား??? ဗိုလ်ချုပ်က မြန်မာ့တပ်မတော်ကို တည်ထောင်ခဲ့သူ မဟုတ်ဘူးလား?? ဒေါ်စုက ဗိုလ်ချုပ် ဆိုတဲ့ အဓိပ္ပာယ်ကို တပ်မတော်နဲ့ မဆိုင်လုနီးပါး ဖြစ်အောင် ဘာဖြစ်လို့ ဒီလိုလျှောက် ပြောနေသလဲ??

ဒေါ်စုပြောသလို သာဆိုရင် ဗိုလ်ချုပ်အောင်ဆန်း ငယ်ငယ်လေးကတည်းက ပြည်သူတွေက ဗိုလ်ချုပ် အဖြစ်နဲ့ နာမည် ပေးနေခဲ့ကြပြီလား?? ဒါမှ မဟုတ်ရင် တပ်မတော်ရဲ့ ရာထူးအကြီးဆုံး ဗိုလ်ချုပ် ရာထူးရခဲ့လို့ တပ်မတော်ရဲ့ ဖခင်တစ်ယောက် အဖြစ်နဲ့ ဗိုလ်ချုပ်အောင်ဆန်းရယ်လို့ အမည်တွင်ခဲ့တာလား???

ပြည်သူ့အတွက်လား?? လူကြိုက်များဖို့ အတွက်လား??

\

တော်ကြာဒုတိယ ပင်လုံလုပ်မယ် ပြောလိုက်...



တော်ကြာ အမျိုးသား ရင်ကြားစေ့မယ် လုပ်လိုက် အခုလက်ရှိ မီးရထား ၀န်ကြီးနှင့် ငြိမ်းချမ်းရေး လုပ်ဆောင်နေသည်ကို စိတ်ရောကိုယ်ပါ မကူညီပဲ ကြည့်နေလိုက်...



တော်ကြာ နိုင်ငံမှာ ပြည်တွင်းစစ် ရပ်စဲရေးနဲ့ တရားဥပဒေ စိုးမိုးဖို့ လိုတယ်ပြောလိုက် ဦးတင်ရီ ကိစ္စကို တရား ဥပဒေနဲ့ အညီ ပွင့်လင်းမြင်သာစွာ ရှင်းပြမယ် မရှိပဲ ရှောင်လွဲဖို့ ကြိုးစားလိုက်...



ပြည်သူတွေ အတွက် အကျိုးမရှိတဲ့ ဥပဒေတွေကို ပြင်မယ်ပြောလိုက်



လူများအကြိုက် စကားလုံးလေးတွေ ပြောလိုက်



စီးပွားရေးဘက်လှည့်ပြီး အလုပ်အကိုင် ရရှိရေး လုပ်ပေးမယ်ပြောလိုက် စီးပွားရေး ဖွင့်ပေးဖို့ စောသေးတယ်လုပ်လိုက် ပြည်သူတွေ အတွက် ပညာရေးနဲ့ ဆိုင်တဲ့ အထောက်အပံ့တွေ ပေးဖို့ (ဖွင့်ပေးဖို့) မလုပ်ပဲ မပြောရဲပဲနဲ့ ပညာရေးက အဓိက ကျတယ် ပညာရေးကို ဦးစားပေး ရမယ်ပြောလိုက်... တခြားနိုင်ငံတွေကနေ ကျန်းမာရေးနဲ့ ဆိုင်တဲ့ စတဲ့ အထောက်အပံ့တွေ အစား ဒီမိုကရေစီရရှိရေး အတွက် သူ့ကိုပဲ ထောက်ပံ့ဖို့ ပြောဆိုခဲ့ပြီး ကျန်းမာရေး ဘက်လှည့်သွားလိုက်နဲ့



ဘာတွေ ပြီး မြောက်ခဲ့ပြီလဲ??? ဘယ်အချိန်ကျမှ တကယ် တိုးတက်အောင် လုပ်ပေးဖို့ စိတ်ပါမှာလဲ??? အာဏာရမှလား??? အာဏာမရသေးပဲ ပြည်သူ့အကျိုး အတွက် တဖက်တလမ်းကနေ တိုးတက်အောင် လုပ်မပေးနိုင်ဘူးလား??



တကယ် လုပ်မပေးပဲ ဘာလို့ အဲဒီလို တွေ ပြောခဲ့ရတာလဲ??? ပြည်သူအတွက်လား?? လူကြိုက်များဖို့ အတွက်လား??
:(

မဖြစ်သင့်သော ဝေဖန်မှုနှင့် မဖြစ်သင့်သော သတင်းဌာနများမှ သတင်း

ဝန်ထမ်းများသည် လုပ်ခ၊ လစာနည်းခြင်းကို အကြောင်းပြု၍ လက်ဘက်ရည်ဖိုး တောင်းခံခြင်းနှင့် အလှူငွေ ကောက်ခံခြင်း စသည့် အကျင့်ပျက် ခြစားမှုများကို လုပ်ဆောင်နေကြကြောင်း၊ ထို့ကြောင့် ၀န်ထမ်းများ စားဝတ်နေရေး ဖူလုံရန်အတွက် လစာတိုးရင်လဲ ကုန်ဈေးနှုန်းကြီး မြင့်မှုမရှိရန် စသဖြင့် ပြောကြားခဲ့ပြီးဖြစ်ပါတယ်..

(ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြားချက်များကို အပြည့်အစုံ နားထောင်ချင်ရင် >> ဒီနေရာကိုနိပ်ပြီးနားထောင်ပါ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က ဒီလို အကြောင်းတွေ ကြောင့် လစာတိုးဖို့ အဆိုပြု တင်သွင်းခဲ့တာ ဖြစ်ပါတယ်... အဲဒါကို ဒါတွေကြောင့် ဒီလိုတွေ လုပ်ပါ့မယ်ဆိုတာကို ချပြပြီး အဆိုတင် သွင်းတာကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အောက်က လို ဘာမှသေသေချာချာ မသိပဲ အိပ်မှုန်စုံမွှား လူတစ်ယောက်လို ထပ်ပြီး ဝေဖန်တယ် အဲဒါကို တစ်ချို့ သတင်းဌာန ၀က်ဆိုက်တွေက သတင်းအနေနဲ့ ဖြန့်ဝေကြတယ်... တစ်ချို့ သတင်းတွေ (ဦးရွှေမန်းရဲ့ လစာတိုးမယ်ဆိုတဲ့ သတင်း) ကို မဖတ်ရသေးတဲ့ သူတွေ အနေနဲ့ ဖတ်မိသွားခဲ့ရင် ဘယ်လို မြင်မလဲ??

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က ဝန်ထမ်းတွေကို လစာနဲ့ အခြားအခွင့်အရေးတွေ အလျင်အမြန်တိုးပေးဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့တာကို ကြိုဆိုလိုက်ပြီး တစ်ပြိုင်တည်းမှာပဲ အကျင့်ပျက် လာဘ်စားပြီး ချမ်းသာကြွယ်ဝ နေသူတွေကို ထိထိရောက်ရောက် အရေးယူဖို့လည်း လိုအပ်ကြောင်း ဝေဖန် ပြောဆိုလိုက်ပါတယ်။
http://www.blogger.com/img/blank.gif
“ဒီလို ပြည်သူတွေရဲ့အသံကို နားထောင်တယ်ဆိုတာ အင်မတန်မှ ကောင်းပါတယ်။ လုံလုံလောက်လောက် http://www.blogger.com/img/blank.gifလခပေးရမယ်ဆိုတာ၊ ဒါတော့ လိုအပ်ပါတယ်။ နောက်ပြီးတော့ စည်းမျဉ်း စည်းကမ်းအရ မလုပ်ဘဲနဲ့ လာဘ်ပေးလာဘ်ယူ လုပ်တဲ့ ဝန်ထမ်းတွေကို တိတိကျကျ ဥပဒေအရ အရေးယူရမယ်။ နောက် တတိယ တစ်ခုကတော့ ဒီဟာတွေကို စိတ်ဓာတ်ရေးရာ အရလည်း ပြန်ပြင်ဖို့ လိုတယ်”။

အပြည့်အစုံ ဖတ်ချင်ရင်>> (ဒီနေရာ နှင့် ဒီနေရာ တွင်နိပ်၍ ဖတ်ရူ့နိုင်ပါသည် )

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကလည်း မသိလို့ပဲ ဝေဖန်တာလား သိသိကြီးနဲ့ပဲ လူတွေအကြိုက် စကားလုံးတွေနဲ့ ၀င်ပြီးနှမ်းဖြူးတာလား ဘာလားတော့ မသိပါ...???

Tuesday, February 7, 2012

နိုင်ငံ့ ၀န်ထမ်းများ လစာတိုးရေး သူရဦးရွှေမန်း၏ အဆို ကန့်ကွက်သူ မရှိ အတည်ပြု



လာမည့်ဘဏ္ဍာရေးနှစ်တွင် နိုင်ငံသားများ၊ ၀န်ထမ်းများ၏ လုပ်ခ၊ လစာစရိတ်နှင့် ချီးမြင့်ငွေများကို မဖြစ်မနေ တိုးမြှင့်ပေးရေးအပါအ၀င် အချက် ( ၆ ) ချက်ကို ယနေ့ကျင်းပနေသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက အဆိုတစ်ရပ် တင်သွင်းပြောကြားခဲ့ကြောင်း သိရှိရပါသည် ။

အဆိုပါ အဆိုကိုတင်သွင်းရာတွင် သူရဦးရေရွှမန်းက ကိုယ့်လုပ်အားကို အရင်းတည်ပြီး ဆရာ၊ ဆရာမများက အချိန်ပို ကျူရှင်ပြရတာ၊ ဆရာဝန်၊ သူနာပြုက ပြင်ပဆေးခန်းများမှာ ညဥ့်နက်သန်းခေါင်အထိ ဆောင်ရွက်နေရတာ၊ ရငွေ၊ လုပ်ခ၊ လစာနှင့် မလုံလောက်လို့ ပြင်ပနိုင်ငံများသို့ ထွက်ခွာ အလုပ်လုပ်ရတာ၊ ထိုသို့ လုပ်ရာတွင်လည်း မိမိပညာနှင့် အဆင့်အတန်းကို နှိမ့်ချပြီး လုပ်နေရတာတွေ ရှိနေဆဲဖြစ်ကြောင်း ၊ ၀န်ထမ်းများ လုပ်ငန်းခွင် ပျော်စေရေး၊ ကျောင်းသား များ ကျောင်းနေ ပျော်စေရေး၊ တပ်မတော်သားများ တပ်နေပျော်စေရေးတို့အတွက် တာဝန်နှင့် လုပ်ပိုင်ခွင့် အခွင့်အရေး၊ လုပ်ခ၊ လစာ၊ စရိတ်ချီးမြှင့်မှုများဟာ အဓိက သက်ဆိုင်နေတယ်ဆိုတာ သတိပြုရ မှာ ဖြစ်ပါကြောင်း ၊ အခြား အချို့ဌာနများမှ တာဝန်ထမ်းဆောင်နေကြတဲ့ ၀န်ထမ်းများကလည်း လုပ်ခ၊ လစာနည်းတာကို အကြောင်းပြုပြီး လက်ဖက်ရည်ဖိုး၊ အလှူငွေ၊ စာရွက်စာတမ်းကြေး တောင်းယူခြင်းနှင့် အခြားမလျော်ကန်သော လာဘ်ပေး၊ လာဘ်ယူဆန်သည့် ပြုမူဆောင်ရွက်ခြင်းများကို နေရာအနှံ့ ဌာနစုအများစုလိုလိုပင် တစ်ခုမဟုတ်တစ်ခု ပုံစံအမျိုးမျိုး ဖြစ်ပေါ်နေတာကို ၀မ်းနည်းစွာ ကြားသိနေရပါကြောင်း ဖြင့် ထည့်သွင်းပြောကြားသွားခဲ့ကြောင်း သိရှိရပါသည် ။

ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ အဆိုကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အထွေထွေအတွင်းရေးမှူး ဦးစောလှထွန်းနှင့် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင် ဒေါ်နန်းဝါနုတို့ ထောက်ခံ ခဲ့ကြပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံးက ကန့်ကွက်သူမရှိ သဘောတူညီခဲ့သည့်အတွက် အဆိုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့ကြကြောင်းသတင်းရရှိပါသည် ။

http://doctorsatephwar.blogspot.com/2012/02/blog-post_07.html

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ NLD ဘာဆိုင်လဲ ????

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက NLD အဖွဲ့ဝင်လား????






ဗိုလ်ချုပ်က NLD အဖွဲ့ဝင် ခေါင်းဆောင်လဲ မဟုတ်ခဲ့ပါဘူး... အဲဒါကို ဘာလို့ ဒီလူတွေက တစ်နိုင်ငံလုံး လေးစားရတဲ့ သမိုင်းဝင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်ရဲ့ပုံကို အလွဲသုံးစား လုပ်နေရတာလဲ???


အော်... ဗိုလ်ချုပ်သမီး တည်ထောင်ထားတဲ့ ပါတီမို့လား??? ကဲဗိုလ်ချုပ် သမီးမဟုတ်ဘူးဆိုရင် ဒီနိုင်ငံေ၇း စင်ပေါ်ကို ဒေါ်စုအနေနဲ့ ရောက်လာနိုင်စရာ ရှိလား??? အကယ်၍ ဒေါ်စုအဖေသာ ဗိုလ်ချုပ်မဟုတ်ပဲ သာမန်အရပ်သား တစ်ယောက်သာ ဆိုရင်ကော ဒီလိုမျိုးပုံတွေ ချိတ်ပမလား??? နောက်ပြီး ဒေါ်စုက ဗိုလ်ချုပ်ရဲ့ စောင့်လေမျိုးနွယ်ကို ထိန်းသိမ်းခဲ့တဲ့ သမီးကောင်း တစ်ယောက် မဟုတ်ခဲ့ပါဘူး...၊ပြီးတော့ ဗိုလ်ချုပ်ရဲ့ မြေးလေးတွေက ဗိုလ်ချုပ် သိပ်ချစ်ပါတယ်ဆိုပြီး ကာကွယ်သွားတဲ့ မြန်မာလူမျိုးတွေရဲ့ စကားကို တစ်ယောက်မှ မတတ်ဘူးတဲ့ဗျာ... :(




ဗိုလ်ချုပ်သာရှိရင် အင်္ဂလိပ်ကြီး ရင်ခွင်ထဲ ဘ၀ပါမက မျိုးဆက်သစ်တွေကိုပါ ထိုးအပ်ထားတဲ့ အင်္ဂလိပ်မယား ဖြစ်နေတဲ့ ဒေါ်စု လက်ကို နိုင်ငံကို အပ်ပမလား??? စဉ်စားကြည့်....

ကဲ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ NLD ဘာဆိုင်လဲ ????

(ဒါပေမယ့် ဒေါ်စုလို နိုင်ငံတကာနဲ့ တည့်အောင် ပေါင်းနိုင်မယ့်သူ လွှတ်တော်ထဲဝင်ရောက် ခြင်းကို ကြိုဆိုပါတယ်ခင်ဗျာ ဒီထက်ပိုပြီး တခြားနိုင်ငံနဲ့ ပူးပေါင်းကာ နိုင်ငံကို လွှမ်းမိုးခြင်းကို မလိုလားပါ...)

(သွေးသစ္စာ)

Twitter Delicious Facebook Digg Stumbleupon Favorites More