Thursday, August 30, 2012

ဒေါ်စုကြည်ရဲ့ သားသမီးတွေ မီဒီယာအားကိုး နဲ့ ပြည်သူ့ ၀န်ထမ်းတွေအား မိုက်ရိုင်း စော်ကားမှုဖြစ်ပွား

ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာ ဒေါ်စုကြည် အားကိုးနဲ့ အမေ့ ဘေးနားမှာ နေတဲ့ ကောင် ငါ့ကို ဘာမှတ်လဲ မင်းတို့ကို အလုပ်ဖြုတ်ပစ်လို့ ရတယ် ဟုဆိုတာ တာဝန်ကျ ၀န်ထမ်းများကို ချိန်းခြောက်မှု ဖြစ်ပွားခဲ့တယ် လို့ သိရှိရပါတယ်... အဲဒီလို ခြိမ်းခြောက်မှုတွေ ကြောင့် တာဝန်ကျ ဆေးရုံအုပ်ကြီးနှင့် တကွ သက်ဆိုင်ရာ ဌာနမှ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒီမိုကရေစီအဖွဲ့ ချုပ်ထံ သို့ စာရေးပြီး တိုင်တန်းထားသော်လည်း အရေးယူဆောင်ရွက်မှု တစ်စုံတစ်ရာ မရှိသေး ( အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်၍ အရေးယူဆောင်ရွက်ပေးမှု တစ်စုံတစ်ရာ ထုတ်ပြန် ကြေငြာထားခြင်း မရှိသေးကြောင်း သိရှိရပါတယ်...)
၎င်းစာကို အောက်တွင် ဖတ်ရူ့ နိုင်ပါသည်...



4 comments:

မဆလ ကြီးပျက်သွားတာလည်း အဲဒီအကြောင်းကြောင့်ပါဘဲ။ ဘာမဟုတ်တဲ့ ငါရုပ်တွေနဲ့ ငါလုပ်ချင်တဲ့

ပုဂ်ဂိုလ်တွေကြောင့်ဆိုတာရှင်းနေတာဘဲ။

တိုင်ကြားမှုအတွက်မှန်ကန်သော ဆုံးဖြတ်ချက်ချမှတ်ရန်မှာ လွန်စွာအရေးကြီးပါသည်
ဆုံးဖြတ်ချက်ချမှတ်ခြင်းမရှိပါက ၄င်းပါတီအား နောင်လေးနှစ်မပေးထောက်ခံရန် များစွာ
စဉ်းစားသင့်သောအချက်တစ်ခုအနေဖြင့် သုံးသပ်ရပါမည်။
၁- NLD ပါတီသည် လက်ရှိအာဏာရပါတီမဖြစ်စဉ်ကာလတွင် ပါတီနိုင်ငံရေးအားကိုးဖြင့် ပြည်သူများအား
ဆက်ဆံရာတွင် ရိုင်းစိုင်းမှုများရှိနေသည်မှာသိသာထင်ရှားသည်။
၂-အကယ်လို့သူတို့ပါတီသည် အာဏာရပါတီဖြစ်ခဲ့ပါမူ နိုင်ငံသားများအား မည်သို့မည်ပုံဆက်ဆံမည်ကို
အလေးထားခန့်မှန်းသင့်သည်။
၃-မည်သို့သော အမှုကိစ္စကိုမဆို တိုင်းပြည်အပေါ် အလေးထားလေးစားသောအားဖြင့် မိမိပါတီ၏ ဂုဏ်
သိက္ခာကိုစောင့်ထိမ်းသောအားဖြင့် မိမိပါတီဝင်များကို ထိမ်းသိမ်းသင့်သည်။
၎-ယ္ခုကိစ္စသည် တိုင်းပြည်ဝန်ထမ်းများကိုပါ မထိလေးစား လုပ်ဆောင်သည့်အဆင့်ထိရောက်ရှိလာခြင်း
ဖြစ်သည်၊ ယ္ခင်က နယ်ဖကဒေသများတွင် ဒေါ်စုကြည် ရောက်မည် နိုင်ငံရေးစည်းရုံးရေးတရားဟော
မည်ဆိုပါလျှင်ပါတီဝင်များသည် ခေါင်းစည်း လက်မောင်းစည်း တလွင့်လွင့်နှင့် ဥပဒေမယ့် ရမ်းကား
မှုများကို လုပ်ကိုင်ခဲ့ကြသည်၊
၅-၄င်းကိစ္စများရှိခဲ့သော်လည်း အာဏာပိုင်များမှ လစ်လျှူရှုနေခဲ့သည် ။
အကောင်းဆုံးကတော့ ကိုယ်ပါတီသိက္ခာကိုကိုယ် ထိမ်းသိမ်းခြင်းဖြင့် အဆင့်အတန်း ဘောင်ကလနားကိုသတ်မှတ်သင့်သည်ကို NLD ပါတီအကြီးအကဲများအလေးထားဆောင်ရွက်သင့်သည် သို့မဟုတ်ပါက ထိုပါတီသည် အမှောင့်အဖျက်သက်သက်သာဖြစ်နိုင်ကြောင်း အလေးထားစဉ်းစားသင့်ကြောင်း ပြည်သူများအားအသိပေးတိုက်တွန်းလိုက်ပါသည်။

စနစ်တကျနဲ့၊ အရည်အချင်းရှိသူတွေနဲ့ပဲ ကျစ်ကျစ်လစ်လစ် ဖွဲ့စည်းသင့်တယ်။
တွေ့ကရလူတွေကို ပါတီထဲ ဆွဲမထည့်ထားသင့်ဘူး။
မဟုတ်ရင် ကြံ့ဖွတ်တွေတွေမျိုး နောက်ပိုင်းကြရင် လူတွေ မျက်မုန်းကျိုးတဲ့ပါတီဖြစ်လာလိမ့်မယ်။

အန်တီစု သမ္မတဖြစ်ထိုက် မထိုက်ဆိုသည်ကို မြန်မာပြည်မှ မဲဆန္ဒပေးပိုင်ခွင့် ၇ှိသူတိုင်း
နိုင်ငံရဲ့ ရှေ့ရေးထိ မိမိ ဥာဏ်မှီသမျှ စဉ်းစားသင့်ပြီဟု ထင်မြင်လာမိပါသည်...။ နိုင်ငံ၏
ရှေ့ဆောင်ကောင်းတစ်ယောက်ရွေးချယ်ရာမှာ သူများ ခြစ်ရာကို လိုက်မကြပနှင့် ။ မိမိနိုင်ငံတော်ကြီး အရောင်တောက်လာချင်လျှင် ခေါင်းဆောင်းမှု့ ကောင်သော ခေါင်းဆောင်ကောင်းကို ရွေးချယ်တတ်ဖို့ လိုအပ်မည် ထင်ပါတယ် ။သို့ပြင် မိမိသည်လည်း တိုးတက်ကောင်းမွန်သော နိုင်ငံတစ်ခု ဖြစ်ပေါ်လာချင်သော စိတ်ဆန္ဒနှင့် ကိုယ်တိုင်ပါဝင်ဆောင်ရွက် ရမည်ဖြစ်ပါသည် ။ ဤနည်းများဖြင့်သာ ကျတော်တို့ လိုလားသော ခေတ်မှီ၍ ဖွံ့ဖြိုးတိုးတက်သော နိုင်တော် ကြီး တည်ဆောက်သွားနိုင်ကြည်မည်ဖြစ် လိမ့်မည် ဟု ယူဆမိပါသည်။ ( အမှန်ဆုံးကတော့ ခေါင်းဆောင်ကောင်းတစ်နောက်မှ နောက်လိုက်ကောင်းများ ရှိနေဖို့ အမြဲ လိုအပ်ပါသည် ။)

Post a Comment

ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...

Twitter Delicious Facebook Digg Stumbleupon Favorites More