Tuesday, May 22, 2012

ရန်ကုန်မြို့တော် ရေပေးဝေရေးနှင့် ရေဆိုးသန့်စင်ရေး မစ်ဆူဘီရှီနှင့် ပူးပေါင်းဆောင်ရွက်မည်


ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ လုပ်ငန်းစီမံကိန်းနှစ်ရပ်ကို နာမည်ကြီး ဂျပန်ကုမ္ပဏီ မစ်ဆူဘီရှီနှင့် ပူးပေါင်း၍ စီမံကိန်းနှစ်ရပ် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ ယင်းစီမံကိန်းများမှာ ရန်ကုန်မြို့တော် ရေပေးဝေရေး စီမံကိန်း၊ ရေဆိုးသန့်စင်ခြင်းနှင့် သန့်ရှင်းရေး လုပ်ငန်းတို့ဖြစ်ပြီး လက်ရှိအချိန်တွင် လေ့လာမှုများ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း မစ်ဆူဘီရှီ ရန်ကုန်ရုံးခွဲ၏ ဒုတိယအထွေထွေ မန်နေဂျာ ဦးမောင်မောင်တင်က ပြောသည်။ 

အဆိုပါ စီမံကိန်းများကို ဂျပန်နိုင်ငံမှ တရားဝင် အထောက်အပံ့များဖြင့် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းစီမံကိန်း အပြင် လူမှုရေးလုပ်ငန်းများတွင် လည်း မြန်မာအစိုးရနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု သိရသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက “ဂျပန်ကုမ္ပဏီကနေ ပထမဦးဆုံးအနေနဲ့ အကြိုလေ့လာဆန်းစစ်မှုတွေ လုပ်ဆောင်သွားမှာပါ။ ပြီးမှ ရေပေးဝေရေးနဲ့ ရေဆိုးသန့်စင် သန့်ရှင်းစနစ်တွေကို ဘယ်လိုလုပ်မလဲဆိုတာ ပြန်ခွဲရမှာပါ။ တစ်ဆင့်ချင်းစီ ဆောင်ရွက် သွားမှာပါ။ နိုင်ငံခြားက ငွေကြေးထောက်ပံ့မှုတွေရယ်၊ နည်းပညာပိုင်း၊ အတတ်ပညာပိုင်း ကူညီပံ့ပိုးမှု တွေကြောင့် ရေပေးဝေရေးစနစ်က ပိုပြီးကောင်းမွန်လာမှာပါ” ဟု အတည်ပြု ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် မေလ ၂၄ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment

ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...

Twitter Delicious Facebook Digg Stumbleupon Favorites More