Friday, October 4, 2013

ထောင်သားလောက် ရိက္ခာနဲ့ တိုင်းပြည်တာဝန် ထမ်း သေလမ်းလျှောက် နေကြတဲ့ ငတုန်းများ



ကျွန်တော်တို့ ငယ်ငယ်တုန်းက အိမ်နား က ဦးလေးကြီး တစ်ယောက်က စောရနက္ခတ်နဲ့ မွေးတယ် ။ လိုချင်လို့ ခိုးတာမျိုးမဟုတ်ပဲ ၊ သူရဲ့ဗီဇ ကို က မခိုးရ မနေနိုင်ဘူး ။ အရပ်ထဲက လူတွေက တော့ သူ့ဝသီ ကိုသိနေတော့ ဆူတာ ဆဲတာလောက်ပဲ တိုင်တာတောတာ မလုပ်ကြဘူး ။ ဒါပေမဲ့ တခြား နေရာတွေမှာ သွားသွားခိုးလို့ အဲဒီဦးလေးကြီး က ခိုးမှု နဲ့ ထောင်ခဏခဏ ကျတယ် ။

သူထောင်ထဲမှာ နေရတဲ့ အကြောင်းတွေ ရီစရာအနေနဲ့ ပြောပြ တယ် ။ ထောင်ထဲမှာ ရက်တစ်ခါ ဝက်သားဟင်းကျွေးတယ်တဲ့ ။ အပါတ်စဉ် စနေနေ့တိုင်းပေါ့ ။ တပါတ်ဟာတော့ သူ က သူ့ပြစ်ဒဏ်ရက်စေ့လို့ ထောင်ထွက်ရမဲ့ နေ့လည်းရောက်ရော ထောင်မှူး ကို သူက တစ်ရက်လောက်နေပါရစေဦး ဆိုပြီးတောင်းပန်တယ်တဲ့ ။ ထောင်မှူး ကလည်း ကြောင်သွားတာပေါ့ ။ ဘာလို့လဲ လို့ သူ့ကိုမေးတယ်တဲ့ ။ မနက်ဖြန် စနေနေ့ ဝက်သားကျွေးမှာဆိုတော့ အဲဒီနေ့လေးတစ်ရက်လောက်တော့နေသွားပါရစေဦး ။ အိမ်မှာဆို တစ်လစ်တခါတောင်စားရတာမဟုတ်ဘူးဆိုတော့ ... ထောင်မှူး ကနေ မနက်ဖြန်ထိတော့ မနေပါနဲ့ကွာ ..မင်းဝက်သားဟင်းစားချင်ရင် ငါကျွေးပါ့မယ်ဆိုပြီး ဝက်သားဟင်းကျွေးပြီးပြန်လွှတ်လိုက်တယ်တဲ့ ။

အဲဒီတုန်းကတော့ " ဒီလူကြီးနှယ် ... ဝက်သားဟင်းစားချင်တာများထောင်ထဲနေချင်ရတယ်လို့ " လို့ထင်ခဲ့မိတယ် ။ ထောင်အပြင်က သူ့ဘဝ အခြေနေကို ကိုယ်က သဘောမှမပေါက်ခဲ့တာ ။ ခုတော့ အဲဒီဦးလေးကြီးလည်းဆုံးသွားရှာပြီ .. ကိုယ်လည်း လူ့လောကအကြောင်း အတော်နားလည်တတ်လာတယ် ။

ထောင်ထဲမှာ ကြယ်နီဆေးလိပ်လေး တွေ နဲ့ စာဖတ်ရတဲ့ အကြောင်း ဂန္တဝင်ဓာတ်ပုံတွေ ထုတ်ပြတော့ ။သောက်စရာ ဆေးလိပ်တောင်မရှိတဲ့ ကိုယ့်ရဲဘော်တွေ မျက်နှာ ပြန်မြင်ရတယ် ။

ထောင်ထဲ မှာ သဲအစို ထဲ ဒူးထောက် နေပြီး နှိပ်စက်ခံ ရတဲ့ ရင်နင့်ဖွယ်သူရဲကောင်းတွေ အကြောင်းတွေ ကြားရတော့ ... တံတောင်ခေါင်းချိတ်ပြီး ဗြုန်းတောမှာ အစ္စရေးခရောဆွဲခဲ့ရတာတွေ ၊ အုတ်ခဲလွယ်ဂျွမ်းထိုးခဲ့ရတာတွေ ကို လေ့ကျင့်မှုလို့ မှတ်ယူထားတဲ့ ကိုယ့်အမာရွတ်လေးတွေကိုယ်ကြည့်ပြီး .. အများကသတ်မှတ်ထားတဲ့ လူပေါ်လူဇော်စစ်ဗိုလ် ဆိုတဲ့ ကိုယ့်ကိုယ်ကို ပြန်ရီချင်မိတယ် ။

အချုပ်သားတစ်ယောက်အတွက် တစ်ရက်ရိက္ခာ ၄၈၀ ကျပ် ၈၂ ပြား ပဲရလို့ တိုးပေးရန်တောင်း လွှတ်တော်ကြီးမှာ အဆိုတင်သွင်းတော့ ၊ တစ်ရက်ကိုရိက္ခာငွေ ၅၅၈ ကျပ် နဲ့ ကျောပိုးအိတ်ထမ်းပြီး သေလမ်းလျှောက် နေတဲ့ စစ်သည်တွေ ကို(စောက်တုံးတွေလို့) စိတ်ရှိလက်ရှိဟားပစ်ချင်စိတ်တွေပေါက်တယ် ။

ဆိုးတဲ့သားသမီး မိဘကပိုချစ်သတဲ့ ။ ဟုတ်မယ်ထင်တယ် ။ နောက် ကျွန်တော့်သားသမီး တွေ များ မွေးလာရင် လူဆိုးပဲ လုပ်ခိုင်းမယ် ။

(ရုပ်ဆိုး)

မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခံရတဲ့ ရွာများအား သွားရောက်စစ်ဆေးပြီး ထောက်ပံရေးပစ္စည်းများ ပေးအပ်















နိုင်ငံတော်သမ္မတခရီးစဉ်မှာလိုက်ပါလာတဲ့ ညှိနှိုင်း ကွပ်ကဲရေးမှူး ( ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးလှဌေးဝင်းဟာ အောက်တိုဘာလ ၂ ရက် နေ့မှာ မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခံရတဲ့ သဗြုချိုင်ကျေးရွာ၊ ပေါက်တောကျေးရွာ၊ မဲကျွန်းကျေးရွာ၊ ကျောက်ကြီးကျေးရွာနဲ့ ကျီးကန်းရဲကျေးရွာများကို သွားရောက်စစ်ဆေးပြီး ထောက်ပံ့ရေးပစ္စည်းများပေးအပ်ခဲ့ပါတယ်။

From: ပြန်ကြားရေး ဒုဝန်ကြီး

ရေဘေးသင့် ပြည်သူများအား ဆန်နှင့် စားသောက် ဖွယ်ရာများ ပေးအပ်



နေပြည်တော် အောက်တိုဘာ ၂

ချင်းပြည်နယ် ကလေးမြို့နယ် အတွင်း စက်တင်ဘာ ၂၈ရက်နှင့် ၂၉ ရက်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေ ကြီးရေလျှံ ဖြစ်ပွားမှုကြောင့် ရေဘေး ကယ်ဆယ်ရေး စခန်း အသီးသီးတွင် ခေတ္တပြောင်းရွှေ့ နေထိုင်ကြသည့်အိမ် ထောင်စု ၆၃၄စု၊ လူဦးရေ ၂၁၆၂ဦးတို့အား ကလေး တပ်နယ်မှ ဗိုလ်မှူးချုပ် အောင်သူဦးနှင့် တပ်ရင်း/ တပ်ဖွဲ့များ၊ ဌာန ဆိုင်ရာများ စုပေါင်း၍ ဆန်နှင့် စားသောက်ဖွယ် ရာများ ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီတွင် ကလေးမြို့ အမှတ် (၃) အခြေခံပညာ မူလတန်း ကျောင်း၌ ပြုလုပ်ရာ ရေဘေးသင့် ပြည်သူများ အတွက် ဆန် ၃ဝအိတ်၊ ခေါက်ဆွဲခြောက် ၃ဝ ဖာ၊ ဆား ၄ဝဝထုပ်၊ ကော်ဖီမစ် အထုပ်ကြီး ၂ဝထုပ် ပေးအပ်ခဲ့ကြောင်းနှင့် နယ်မြေခံ တပ်မတော် ဆေးတပ်ရင်းမှ ဆေးကုသရေး အဖွဲ့များက ရေဘေးသင့် ပြည်သူများအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးလျက် ရှိကြောင်း သတင်း ရရှိသည်။

(မြ၀တီ)

သမ္မတ အရည်အချင်းနဲ့ပတ်သတ်၍ တစည ပါတီမှ ပါတီကော်မတီဝင် ဦးဟန်ရွှေမှ ပြင်ဆင်ရန်မသင့်ဟုပြော

ပြည်ထောင်စု လွှတ်တော်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းပြီး အခြေခံ ဥပဒေကို လေ့လာသုံးသပ်ရေး လုပ်ဆောင်နေချိန် လွှတ်တော်တွင် အမတ် ၁၇ နေရာ ရရှိထားသော မြန်မာဆိုရှယ်လစ် လမ်းစဉ် ပါတီ၏ အမွေခံ တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေးပါတီကလည်း အခြေခံဥပဒေနှင့် ပတ်သက်သော သဘော ထား များကို တရားဝင် ထုတ်ဖော် ပြောဆိုလာသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင် သမ္မတ အရည်အချင်း ကန့်သတ် ချက်ကို ပြင်ဆင်ရန် မသင့်ဟု ထုတ်ဖော်ပြောဆိုလာသော တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ၏ ဗဟို ကော်မတီဝင် ဦးဟန်ရွှေကို ဧရာဝတီသတင်းထောက် စနေလင်းက တွေ့ဆုံမေးမြန်းထားသည်။



မေး။ ။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီအနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ဘယ်အချက်တွေကို အဓိက ပြင်ချင်လဲ။
ဖြေ။ ။ အဓိက ပြင်ဆင်ရမှာက တိုင်းရင်းသားတွေ အပါအ၀င် တမျိုးသားလုံးအတွက် မဟာဗျူ ဟာဖြစ်နိုင်မယ့် အချက် အလက် တွေကို ပြင်ဆင်ဖို့လိုမယ်လို့ ပါတီရဲ့ ကြေညာချက်မှာ ပါတယ်။ ရှင်းအောင်ပြောရရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပုဒ်မ ၉၆ က ပြည်ထောင်စုကနေ လုပ်ရမယ့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာတွေ။ ပုဒ်မ ၁၈၈ က တိုင်း ဒေသကြီး၊ ပြည်နယ်တွေက လုပ်ရမယ့် အာဏာခွဲဝေရေး ကိစ္စ။ ပုဒ်မ ၂၅၄ တို့မှာလည်း ဒီအတိုင်းပဲ။ဒီနေ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဆိုတဲ့ ရှုထောင့်ကနေ ပြန်ကြည့်မယ်ဆိုရင် ဒါတွေက လက်တွေ့မကျတဲ့ အခြေ အနေ တွေပါ။ အာဏာ ခွဲဝေရေး လုပ်တဲ့နေရာတွေမှာ တိုင်းဒေသ ကြီးနဲ့ ပြည်နယ်တွေမှာ လုပ်ပိုင်ခွင့် နည်းနေတယ်။ ဗဟိုကပဲ တော်တော် များများ ချုပ်ကိုင်ထားတယ်။ အဲဒါကို ပြန်ပြင်ဖို့လိုမယ်။ ဗဟိုချုပ်ကိုင်မှုကို လျှော့ပေးဖို့လိုမယ်။ပြည်နယ် နဲ့တိုင်း တွေကို အုပ်ချုပ်ရေး၊ ဥပဒေပြုရေးတွေ ပိုပေးဖို့လိုမယ်။ ဒါတွေလုပ်မှ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး တွေကို လုပ်ဖို့ အထောက်အကူပြုမယ်။ အပစ်အခတ် ရပ်စဲရေး၊ လုံးဝငြိမ်းချမ်းရေး အလုပ်တွေ ရှိနေတဲ့အတွက် ဒါတွေက အရေးကြီး တယ်။ ဒါတွေကို ပြင်လိုက်ရင် အပစ်ရပ်တာ၊ ငြိမ်းချမ်းရေး လုပ်တာ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်တာ တွေကို အထောက် အကူပြုမှာ..

မေး။ ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အသစ်ပြန်ရေးဆွဲမယ်လို့ တိုင်းရင်းသားအင်အားစုတွေက ပြောနေပါပြီ။ အဲဒီအပေါ်မှာ ဘယ်လို မှတ်ချက်ပြုချင်ပါသလဲ။
ဖြေ။ ။ ကိုယ့်စိတ်ကြိုက်၊ ကိုယ့်သဘောနဲ့မတွေ့တိုင်း တစ် ကနေပြီး ပြန်စနေရင် လိုရင်းကို ရောက်တော့မှာ မဟုတ်ဘူး။ ဒီထဲမှာ ပြင်လို့မရနိုင်ဘူးလား။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ရင်း၊ ပြင်ရင်းနဲ့ ဆုတ်ပစ်လိုက်ပြီး အသစ်ပဲ လုပ်ရင် မကောင်းဘူး လားလို့ ပြောတာတွေရှိပါတယ်။ အဲဒီလို လူတွေက ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံချည်စုတ်လောက်ပဲ သဘောထား နေကြတာလား။ ဒါက လက်တွေ့ကျတဲ့ ဥပမာတွေ မဟုတ်ပါဘူး။ အခုမှ ၂ နှစ်ခွဲ လောက် ပဲရှိသေးတယ်။ဒါကိုအသစ်ပြန် လုပ်ဆိုတာ လက်တွေ့ကျတဲ့ နည်းလမ်းမဟုတ်ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဖို့ ဘယ်လောက် ကြာမလဲ၊ အချိန်ဘယ် လောက်စောင့်ရမလဲ၊ ကြားကာလ တခုစောင့်ရဖို့ မလိုဘူးလား။ ဒီကြားကာလမှာ ဘယ်သူကတာဝန်ယူမှာလဲ။ ကျနော်တို့ တိုင်းပြည်မှာလည်း အကူးအပြောင်း ကာလတွေ ဆိုတာ များလာပြီ။ အဲဒါကြောင့် ကျနော်တို့က သဘောမတူတာ။

မေး။ ။ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာပါတဲ့ သမ္မတရဲ့ အရည်အချင်း ပြဋ္ဌာန်း ချက်ကို ပြင်ဆင် ဖို့ တောင်းဆိုမှုတွေလည်းရှိ နေပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီအနေနဲ့ရော ဒီအချက်ကို ပြင်ဖို့ သဘောထားရှိပါသလား။
ဖြေ။ ။ သမ္မတအရည်အချင်း သတ်မှတ်ချက် ပြင်ဖို့ သဘောမတူဘူး။ အမျိုးသား ညီလာခံ မှာ သေချာညှိနှိုင်းပြီးတော့ ဆွေးနွေးခဲ့တဲ့ ဟာတွေပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေက သမ္မတကို တိုက်ရိုက်ရွေး ရတာ မဟုတ်ဘူး။ လွှတ်တော်ထဲကနေ တဆင့် ရွေးရတာ။ တိုက်ရိုက် ဆိုလို့ တပ်က ကိုယ်စားလှယ်တွေ က သမ္မတလောင်း ၁ ဦးပဲ တပ်ဘက်က ပေးတာ။ တနည်း အားဖြင့် ပြည်သူ တွေက လွှတ်တော် ကိုယ်စားလှယ်ကို ရွေးချယ်ပေးရတယ်၊ အဲဒီ လွှတ်တော် ကိုယ်စားလှယ်တွေ အားလုံး ပေါင်းပြီးတော့မှ သမ္မတကိုရွေးပေး တယ်။ အရည်အချင်းသတ်မှတ်တာမှာ လွှတ်တော်ကိုယ်စားလှယ်ကို အရည် အချင်း တခုသတ်မှတ်ရတယ်။လွှတ်တော်က နေ တဆင့်ရွေးတဲ့ နိုင်ငံရဲ့ အကြီးအကဲတွေဖြစ်တဲ့ သမ္မတ၊ ဒုတိယသမ္မတတွေကို အရည်အချင်းတခု သတ်မှတ် ရတယ်။ သူတို့က နိုင်ငံရဲ့ သင်္ကေတတွေ၊ ပြယုဂ်တွေ။ သိပ်အရေးကြီးတယ်။ သူလိုငါလိုမဟုတ်ဘူး။ နိုင်ငံတော် အကြီး အကဲ ဆိုတာ လွှတ်တော် ကိုယ်စားလှယ်အရည်အချင်းထက် တဆင့်တက်လိုက်ပြီးတော့ မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏မိဘ တပါးပါး သော်လည်းကောင်း၊ မိမိ၏ ဇနီး၊ ခင်ပွန်း၊ မိမိ၏တရားဝင် သားသမီးတဦးဦး သော် လည်းကောင်း၊ ထို တရားဝင် သားသမီးတ ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံခြား အစိုးရ၏ လက်အောက် ခံ၊ ကျေးဇူး သစ္စာခံ၊ တိုင်းတပါး၏နိုင်ငံသား မဖြစ်စေရလို့ ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ နိုင်ငံတော်ရဲ့ အကြီး အကဲ ဖြစ်တဲ့ အတွက် ကြောင့်ပဲ။ ဒီဥစ္စာက သမိုင်း ကြောင်းရှိတယ်။လွတ်လပ်ရေး မရခင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲဖို့ လုပ်တဲ့အခါမှာ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ် ရေးရပြီးရင် နိုင်ငံကို နိုင်ငံရေး သြဇာသော် လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း လွှမ်းမိုး ချုပ်ကိုင် သြဇာသက် ရောက်မှာ သိပ်ကြောက်တယ်။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေမှာထဲက သတ်မှတ်ထားခဲ့တာ။ ဟိုတုန်းထဲက သတ်မှတ် ထားခဲ့တာ။ ဒါ့ကြောင့်မိုလို့ အခု ရေးဆွဲထားတဲ့အတိုင်းပဲ ဆက်သွားသင့်တယ်လို့ ခံယူထားတယ်။

မေး။ ။ နိုင်ငံတကာအသိုင်းအ၀ိုင်းက ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သမ္မတ အဖြစ် ရွေးချယ်ခံခွင့် ရသင့်တယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အဲဒီလို ရွေးချယ်ခံခွင့်မရခဲ့ရင် မြန်မာ့ဒီမိုကရေစီက တမျိုး ဖြစ်နိုင်မယ်ဆိုတဲ့ သုံးသပ် ဝေဖန်တာ တွေလည်း ရှိတယ်။ အဲဒီအပေါ်မှာ ဘယ်လိုသုံးသပ်ချင် ပါသလဲ။
ဖြေ။ ။ ဒီဟာမပြောင်းလဲဘူး ဆိုရင်တော့ သမ္မတဖြစ်ဖို့ သတ်မှတ်ချက်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်က ငြိစွန်းနေတာပဲ။ ဒါက ကျနော်တို့ နိုင်ငံရဲ့ အချုပ် အခြာအာဏာနဲ့ ဆိုင်တဲ့ဟာပဲ။ နိုင်ငံခြားက လွှမ်းမိုးလို့ ကျနော်တို့နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ထိခိုက် လို့ မရဘူး။ ပွင့်ပွင့်လင်းလင်း ပြောကြရရင် အဲဒီ ဖွဲ့စည်းပုံအခြေခံဥပဒေ ညှိနှိုင်းကြစဉ်က ဒေါ်အောင်ဆန်းစုကြည်က အသိအမှတ် မပြုဘဲ၊ အယုံ အကြည် မရှိဘဲ အမျိုးသားညီလာခံကနေ နုတ်ထွက်သွားတယ်။ အဲဒီအချိန်တုန်းက သူ ကိုယ်တိုင် သမ္မတ ဖြစ်ချင်ပါ တယ် ဆိုတဲ့ ဆန္ဒလည်းမရှိသေးဘူး။အဲဒီ အချိန်ထဲက ဆွဲခဲ့ကြတာ။ အခုချိန်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရလုပ်တဲ့ ရွေးကောက်ပွဲ နဲ့ နိုင်ငံရေးထဲ ၀င်လာပြီ ဆိုတဲ့ အခါ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံတယ်ဆိုတဲ့ သဘောပါလာတယ်။ ဒီနှစ်ပိုင်း အတွင်းမှ သမ္မတ ဖြစ်ချင်တဲ့ ဆန္ဒနဲ့ ဖြစ် ပေါ်လာတာ။ ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေကို နိုင်ငံတကာကသာ အသိအမှတ် မပြုဘူးဆိုရင် အခု ဦးသိန်းစိန် အစိုးရကို နိုင်ငံတကာက ဘယ်လက်ခံပါ့မလဲ။ စီးပွားရေးပိတ်ဆို့ထားတာတွေကို ဘယ်လိုလုပ် ဖြေလျှော့မလဲ။နိုင်ငံတကာနဲ့ ဆက်ဆံနေ တာတွေနဲ့ အနီးစပ်ဆုံးပြောရရင် လာမယ့်နှစ်မှာ အာဆီယံ ဥက္ကဋ္ဌ ဖြစ်တော့မယ်။ ပင်စည်ကိုသာ လက်ခံလို့ရှိရင် အကိုင်းအခက်တွေ ပြောစရာလိုသေးလား။ ကျနော်တို့က ပုဂ္ဂိုလ်ရေး အရ ဒေါ်အောင်ဆန်းစုကြည်ရယ်လို့ မဟုတ်ပါဘူး။ သူ့ရဲ့ပြောရဲ ဆိုရဲ လုပ်ရဲ ကိုင်ရဲတာတွေ အများကြီး အသိအမှတ် ပြုလက်ခံပါတယ်။ ဘာပြဿနာမှ မရှိဘူး။ အဲဒါက ပုဂ္ဂိုလ်ရေးအရပဲ။ တခြားနိုင်ငံတွေ မှာလည်း နိုင်ငံရဲ့ အကြီးအကဲနဲ့ ပတ်သက်လို့ သားသမီးတွေ၊ ဇနီးတွေနဲ့ ပတ်သက်လို့ သတ်မှတ်တာတွေ အများကြီးရှိနေတာပဲ။ ဒီလို အရည်အချင်း သတ်မှတ်ထားတာ ဒေါ်အောင်ဆန်းစုကြည် တဦးတည်း ကို ရည်ရွယ်သတ်မှတ် ထားတာလို့ တချို့က ပြောကြတာ တွေရှိတယ်။လောလောဆယ်မှာ တောင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေဆိုရင် ဒီဟာ ကြောင့် ထိပြီး သွားပြီ မဟုတ်လား။ နောက် ဥပမာတခု ပြောရရင် ဆရာကြီး ဦးသိန်းဖေမြင့် ပြောခဲ့ဖူးတာပါ။ အဲဒီအချိန် က ဦးသိန်းဖေမြင့်တို့က ဗိုလ်တထောင် သတင်းစာ မှာ အယ်ဒီတာချုပ်လုပ်နေတဲ့အချိန်၊ ဦးလောရုံတို့က နေရှင်းသတင်းစာ လုပ်တယ်။ ဦးလောရုံတို့က စာနယ်ဇင်း ကောင်စီကို ချုပ်ကိုင်ထားတယ်။ ဗိုလ်တထောင်သတင်းစာနဲ့ စာနယ်ဇင်းကောင်စီနဲ့ ပြဿနာ ဖြစ်ကြတယ်။ တော်လှန်ရေး ကောင်စီကလည်း တက်ခါစအချိန် သတင်းစာက ရေးသားတာနဲ့ ပတ်သက်ပြီး ဥပဒေကို ထိခိုက်လာတဲ့အခါမှာ အရေးယူ တာ ရှိခဲ့တယ်။အဲဒီဟာကိုအကြောင်းပြုပြီး သပိတ်မှောက်ကြတယ်။ သတင်းစာတွေရဲ့ မျက်နှာဖုံးမှာ ဘာမှမရေးဘဲ အမည်းကွက်ကြီး လုပ်တယ်။ အဲဒီအချိန်မှာ ဦးသိန်းဖေမြင့်ပြောတာက “တည်ဆဲဥပဒေက ရှိနေပြီးသား ဖြစ်တော့ ဒါကို လိုက်နာ ရမယ့်တာဝန်က နိုင်ငံသားတွေရဲ့ တာဝန်ပဲ။ ဥပဒေဖောက်ဖျက်လို့၊ ဥပဒေစည်းကျော် လို့ရှိရင် အရေးယူခံရမယ် ဆိုတာ နိုင်ငံသားတိုင်း သိနေတာပဲ။ အဲဒါကြောင့် အရေးယူခံရတာကို ဘာလို့ မျက်နှာဖုံးတွေမှာ အမည်း တွေ လုပ်နေ တာလဲ။ ကိုယ့်မှာ အပဲ့ရှိလို့ ဆားထိတဲ့အခါ စပ်တာဟာ ဆားရဲ့အပြစ်မဟုတ်ဘူး” လို့ ဥပမာပေး ပြော သွားတယ်။ ပြောချင်တာ ကတော့ အဲဒါပါပဲ။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်သာ သမ္မတ မဖြစ်ရင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲ က ဝေဖန်စရာ ဖြစ်မယ်လို့ သုံးသပ်ချက်တွေနဲ့ပတ်သက်လို့ သဘောထားလေး တိတိကျကျ သိချင်ပါတယ်။
ဖြေ။ ။ အဲဒီကိစ္စ ကျယ်ကျယ်ပြန့်ပြန့်ပြောချင်တယ်။ ကျနော်တို့ တိုင်းပြည်မှာ ဟိုးတုန်းထဲက ပြောခဲ့ကြတာ “တို့လုပ်မှ လွတ်လပ် ရေးစစ်တယ်၊ တို့လုပ်မှ ကွန်မြူနစ် စစ်တယ်၊ တို့လုပ်မှ ဆိုရှယ်လစ်စစ်တယ်၊ တို့လုပ်မှ ဒီမိုကရေစီ စစ်တယ်” လို့ပြောခဲ့ကြ တယ်။ အဲဒီလိုနဲ့ နှစ် ၆၀ ပြည်တွင်းစစ်တွေ ဖြစ်ခဲ့ကြတာပဲ။ အခုလည်း ဒီမိုကရေစီအင်အားစုတွေက အားလုံး ပါဝင်တဲ့ ဖြစ်စဉ် လို့ ပြောနေကြပေမယ့် “တို့လုပ်မှ ဒီမိုကရေစီ” “တို့လုပ်မှ လွတ်လပ်ရေးစစ်တယ်၊ ပြည်ထောင်စုစစ်တယ်” နဲ့ အကြောင်းအရာထက်ကို “တို့” က ရှေ့ရောက်နေတယ်။ အဲဒါက နိုင်ငံရေးမှာလွဲမှားတဲ့အချက်ပဲ။ အဲဒီစကားနဲ့ပဲ ဒီလိုဝေဖန်နေတဲ့ သူတွေကို ပြောချင်ပါတယ်။ ။

ဧရာဝတီ
from - Opposite Eye

Saturday, April 20, 2013

မြန်မာဘုန်းကြီးတစ်ပါး အသက်ခံရတာကို ဘာမှ မပြောပဲ မွတ်ဆလင်များ အတွက် ၀မ်းနည်းကြောင်း ဒေါ်စုပြော..



ရခိုင်မှာ မြန်မာ မိန်းကလေး မှုဒိန်း အကျင့်ခံရတာ၊ မိတ္ထီလာမှာ ဘုန်းကြီးတစ်ပါး ကုလားတွေ ရဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခြင်း ခံရတာတွေကို လျစ်လျူရှု့ပြီး မြန်မာနိုင်ငံအတွင်းမှ မွတ်ဆလင်များအတွက် အလွန်ဝမ်းနည်းမိကြောင်း ဒေါ်စု ဂျပန်မှာပြောကြား
============================

ရခိုင်ဒေသနှင့် မိထ္ထီလာ ဒေသတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍ နိုဘယ်ငြိမ်း ချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်မှ မွတ်ဆလင်များအတွက် အလွန်ဝမ်းနည်းကြောင်း ပြောဆိုခဲ့တယ်လို့ RFA သတင်း အင်္ဂလိပ်ပိုင်းမှာ ဖော်ပြထားခဲ့ပါတယ်။

“ မကြာသေးခင်ကပဲ မွတ်စ်လင်မ်ခေါင်းဆောင်တစ်ချို့နဲ့ ကျွန်မ တွေ့ဆုံလာခဲ့ပါတယ်။ သူတို့ဟာ မြန်မာ ကလွဲပြီး တခြားနိုင်ငံကို မရောက်ဖူးကြပါဘူး။ မြန်မာကလွဲပြီး တခြားဘယ်နေရာကိုမှ အမိမြေအဖြစ် မခံယူကြ ပါဘူး။ သူတို့ကို ကျွန်မတို့ရဲ့နိုင်ငံသားမဟုတ်သလို အထင်ရောက် သွားအောင် ဖန်တီးနေတာက တကယ် စိတ်မ ကောင်း စရာပါ။ ဒီအနေအထားမျိုးက တကယ်ဝမ်းနည်း စရာကောင်းတဲ့ ဖြစ်စဉ်ပါ။ ကျွန်မတို့အနေနဲ့ ဒီအရေး အရာတွေကို အခြားရှုထောင့်အမြင်ကနေ အံဝင်ခွင်ကျဖြစ်လာစေဖို့ ချဉ်းကပ်လေ့လာရပါလိမ့်မယ် ”။

ထို့ပြင် မြန်မာနိုင်ငံသားဥပဒေကိုလည်း အစိုးပိုင်းမှ ပြန်လည် သုံးသပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားခဲ့သည်။ သူမ အနေဖြင့် လူမျိုးစု တို့ နိုင်ငံသားဖြစ်ခွင့်အတွက် အကြိမ်များစွာ ပြောဆိုခဲ့ကြောင်း၊ သူမ၏ ပြောဆိုချက်များသည် လူတိုင်းအတွက် ကျေနပ်စရာ ဖြစ်မည် မဟုတ်ကြောင်း ကိုလည်း ပြောပြခဲ့သည်။ သို့သော် ဘင်္ဂလီများမှာ နိုင်ငံသား ဟုတ်မဟုတ် ကိစ္စကိုမူ တိုက်ရိုက် မဖြေကြားခဲ့ချေ။

“ နိုင်ငံသားဆိုင်ရာ ဥပဒေများဟာ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့မကိုက်ညီယင် ဖြစ်နိုင်ချေများကို ပြန်လည် သုံး သပ်ဖို့ နိုင်ငံတိုင်းမှာ တာဝန်ရှိပါတယ်။ မြန်မာအစိုးရအနေနဲ့ ဒီလိုလုပ်နိုင်အောင် သတ္တိမွေးဖို့ လိုအပ်နေ တယ်။ နိုင်ငံသားကိစ္စနဲ့ပတ်သက်ပြီး တရားမျှတစွာ ရင်ဆိုင်ဆောင်ရွက် ရပါလိမ့်မယ် ” ဟု သတင်းထောက် များအား ပြောဆိုခဲ့သည်။

http://www.rfa.org/english/news/burma/muslim-04172013204636.html Suu Kyi 'Very Sad' Over Muslim Plight in Burma
=================================

Opposition leader Aung San Suu Kyi expressed sadness Wednesday that some of Burma's Muslim leaders whom she met recently felt as if they did not belong to the country.

In rare comments on sectarian violence at a news conference during her Japan visit, she said Buddhist-majority Burma must learn to accommodate divergent views and that the minority Muslim community must be made to feel secure.

"I've met some Muslim leaders very recently," she said of her talks last week with representatives from the country’s leading Islamic groups following deadly March violence between Muslims and Buddhists in central Burma.

"It is very sad, because none of them has been to any other country apart from Burma. They did not feel that they belonged anywhere and it was sad for them that they were made to feel that they didn't belong in our country either," Aung San Suu Kyi said.

"This is a very sad state of affairs. We must learn to accommodate those with different views from ours."

Speaking separately Wednesday to students at Tokyo University, Aung San Suu Kyi said she was "not a magician" to make deep-rooted ethnic disputes disappear instantly, in an apparent reference to criticism from rights and other groups against her for being largely silent over the communal clashes and minority rights.

At least 43 people were reported dead and thousands, mostly Muslims, driven from their homes and businesses in the latest violence in central Burma.

"They wanted me to talk about how to make these communal differences disappear ... I'm not a magician. If I were, I'd say 'disappear' and they would all disappear. Differences take a long time to sort out," she said, according to Reuters news agency.

Citizenship

She also said that the government of President Thein Sein should review Burma's citizenship laws, although she again failed to directly answer a question on whether she considered the Muslim Rohingyas, who had lived for generations in the country, to be citizens.

Burma, she said, is entitled to abide by its own laws, such as its citizenship law, but it also has to assess those laws to ensure they comply with international standards.

"This is what the Burmese government should do, to face the issue of citizenship fairly," she was quoted saying by the Associated Press.

"I have said that any violation of human rights and any acts of violence are inimical to a united and peaceful society and I stand by that," said Suu Kyi, a Nobel laureate who was locked up for 15 years by Burma's former military junta.

Last year, clashes between Muslim Rohingyas and Buddhist Rakhines occurred twice in Burma's Rakhine state, leaving at least 180 dead and tens of thousands homeless. Rights groups said Rohingyas bore the brunt of the violence.

Around 800,000 Muslim Rohingyas live in Rakhine state but most of them, according to rights groups, have been denied citizenship as they are considered by most Burmese and the government to be illegal immigrants from neighboring Bangladesh.

The stateless Rohingyas have been described by the U.N. as one of the world's most persecuted minorities.

Aung San Suu Kyi defended her conciliatory political style, saying her focus was on building a more unified society rather than making headlines, Agence France-Presse reported.

She said she has been addressing the plight of minority groups albeit in ways that people may consider "boring."

"In fact, I have been speaking all the time about ethnic nationalities. But the point was that my statements were not colorful enough to please everybody," she told the press conference.

The recent violence in central Burma has been linked to radical monks and triggered international concerns. Rights groups accused the security forces of standing by while the attacks, which appeared to be well organized, took place.

rfa

ကျွန်တော် မရှင်းလင်းခဲ့သော ဒေါ်ဆုကြည်ရဲ့ ပြောဆို လုပ်ဆောင်နေတဲ့ မေးခွန်း နှစ်ခုရဲ့ အဖြေ....



မေးခွန်း ၁။

ဒေါ်ဆုကြည်နဲ့ NLD က လွှတ်တော်ထဲမှာ ဒီလောက် ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ ပြင်ဆင်သင့်တဲ့ အချက်တွေ... လိုအပ်တာတွေကို ပြင်ဆင်ရေးဆွဲ နေလို့ ရနေတဲ့ ကြားထဲက ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဘာကြောင့် ပြင်ရမယ်လို့ အသံတွေ ထွက်နေရတာလဲ??

အဖြေ

( ဒေါ်အောင်ဆန်းစုကြည်က သူမ၏လမ်းကြောင်းတွင် အတားအဆီးများ ရှိနေ သည့်တိုင်အောင် နိုင်ငံရေးပါတီမှန်သမျှ၏ ခေါင်းဆောင်များကဲ့သို့ပင် နိုင်ငံသမ္မတဖြစ်လာရန် မျှော်လင့်ထားကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားလိုက် ပါသည်။

“ဟုတ်တယ်။ကျွန်မ သမ္မတဖြစ်ချင်တယ်လို့ လုံးဝ ပွင့်ပွင့်လင်းလင်းပြော လိုက်ရင် သတင်းထောက်တွေ အားလုံး အံ့အားသင့်သွားကြမယ်ဆိုတာ ကျွန်မသိပါတယ်။ အစိုးရအဖွဲ့ခေါင်းဆောင် တကယ်ကို မဖြစ်ချင် ပါဘူးဆိုတဲ့ နိုင်ငံရေးပါတီခေါင်းဆောင်ရှိတယ်ဆိုရင် ကျွန်မ တွေ့ချင်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က တိုကျိုမြို့တွင် သတင်းထောက်များအား ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်ကသူမအား သမ္မတလောင်းစာရင်းမဝင်နိုင်အောင် တားဆီးထားသော လက်ရှိအခြေခံဥပဒေကို ကန့်ကွက်သည်ဟု ဂျပန်သတင်းထောက်ကလပ်တွင် ပြောကြားသည်။ )

မေးခွန်း ၂။

၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို ဒေါ်ဆုကြည်က နိုင်ငံတကာ စံချိန်စံနှုန်းတွေနဲ့ ညီ ပြန်လည် သုံးသပ်ဖို့ လိုတယ် ဆိုပြီး ပြင်ဆင် ရေးဆွဲဖို့ ဘာကြောင့် နှပ်ကြောင်းပေး နေရတာလဲ??

အဖြေ

(မြန်မာနိုင်ငံ၏အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် မိမိနိုင်ငံတွင်းရှိ လူနည်းစုမွတ်စ်လင်မ်တို့၏အခြေအနေမှာ ၀မ်းနည်းဖွယ်ဖြစ်နေကြောင်း၊ ယင်းလူ့အဖွဲ့အစည်းအား လုံခြုံမှုရရှိစေရန်လိုအပ်ကြောင်း ပြောကြားလိုက်သည်။ ...... မကြာသေးခင်ကပဲ မွတ်စ်လင်မ်ခေါင်းဆောင်တစ်ချို့နဲ့ ကျွန်မ တွေ့ဆုံလာခဲ့ပါတယ်။ သူတို့ဟာ မြန်မာကလွဲပြီး တခြားနိုင်ငံကို မရောက်ဖူးကြပါဘူး။ မြန်မာကလွဲပြီး တခြားဘယ်နေရာကိုမှ အမိမြေအဖြစ် မခံယူကြပါဘူး။ သူတို့ကို ကျွန်မတို့ရဲ့နိုင်ငံသားမဟုတ်သလို အထင်ရောက်သွားအောင် ဖန်တီးနေတာက တကယ်စိတ်မကောင်းစရာပါ။ ဒီအနေအထားမျိုးက တကယ်ဝမ်းနည်းစရာကောင်းတဲ့ ဖြစ်စဉ်ပါ။ ကျွန်မတို့အနေနဲ့ ဒီအရေးအရာတွေကို အခြားရှုထောင့်အမြင်ကနေ အံဝင်ခွင်ကျဖြစ်လာစေဖို့ ချဉ်းကပ်လေ့လာရပါလိမ့်မယ် ...။
အောင်ဆန်းစုကြည်)

၂၀၁၃ ဆီးဂိမ်းဖွင့်ပွဲတွင် အာဆီယံ အနုပညာရှင် ၃၀၀ ပါဝင်ဖျော်ဖြေမည်



Friday, April 19, 2013

၂၇ ကြိမ်မြောက်အဖြစ် မြန်မာနိုင်ငံတွင် လက်ခံကျင်းပမည့် အရှေ့တောင်အာရှဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြိုင်ပွဲဝင် အာဆီယံ ၁၀ နိုင်ငံမှ သက်ဆိုင်ရာ နိုင်ငံအလိုက် ယဉ်ကျေးမှု အနုပညာရှင် စုစုပေါင်း ၃၀၀ တို့က မြန်မာ ယဉ်ကျေးမှု ပညာရှင် များနှင့် တွဲဖက်ကာ ဖျော်ဖြေ တင်ဆက်သွားရန် စီစဉ်ထားကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရန်နိုင်ဦးက ပြောသည်။

“နိုင်ငံတကာကနေ အားကစားပြိုင်ပွဲတွေမှာ အနုပညာ ပေါင်းစပ်ဖျော်ဖြေတာက နည်းပါးတယ်။ ရွှေနိုင်ငံက ကြိုနေမယ် ဆိုတဲ့ သီချင်းကို သက်ဆိုင်ရာ နိုင်ငံအလိုက် ရိုးရာအကတွေနဲ့ ဖျော်ဖြေကြမှာပါ။ မြန်မာကောအပါအဝင် ၁၁ နိုင်ငံက အနုပညာ ရှင်တွေ ကပြကြမှာပါ” ဟု ၎င်းက ဧပြီ ၁၂ ရက်နေ့တွင် ကျင်းပခဲ့သော ဆီးဂိမ်းအကြို သတင်းစာ ရှင်းလင်းပွဲ၌ ရှင်းပြသည်။

ထိုင်း၊ ဘရူနိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယမ်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ အရှေ့တီမော၊ စင်ကာပူနှင့် ဖိလစ်ပိုင်တို့မှ ယဉ်ကျေးမှု အနုပညာရှင်များက ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် လာရောက် ဖျော်ဖြေကြမည် ဖြစ်ပြီး တနိုင်ငံလျှင် အနုပညာရှင် ၃၀ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

“အနုပညာရှင်တွေက ယဉ်ကျေးမှုဝန်ကြီး ဌာနကရယ်၊ ယဉ်ကျေးမှုတက္ကသိုလ် ကျောင်းတွေက ကလေးတွေရယ် ပါမယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံ တ၀န်းလုံးမှာရှိတဲ့ အနုပညာရှင်တွေကလည်း သူတို့တတ်နိုင်တဲ့ ဘက်က ကူညီကြမှာပါ။ ဒီဆီးဂိမ်းမှာ ကဏ္ဍစုံ အနုပညာရှင်ပေါင်း သောင်းနဲ့ချီ ပါဝင်သွားမှာပါ။ အာဆီယံ နိုင်ငံတွေနဲ့ တွဲဖက်ကဖို့ အတွက် ကတော့ မြန်မာ ဘက်က အနုပညာရှင် ၁၆၀၀ လောက် ပါဝင်ပါမယ်” ဟု ဦးရန်နိုင်ဦးက ဧရာဝတီသို့ ပြောသည်။

အနုပညာ ဆိုင်ရာနှင့်ပတ်သတ်၍ ရုပ်ရှင်နှင့် သဘင်အစည်းအရုံးမှ အကြံဉာဏ်များ တောင်းခံထားကြောင်း၊ ပါဝင်မည့် နိုင်ငံတကာ အနုပညာရှင်များနှင့် အချိန် ၁ လကျော်ကြာ လေ့လာဆည်းပူး ဖလှယ်သွားရန် စီစဉ်ထားကြောင်း၊ နိုင်ငံတကာမှ ကကွက်များ၊ ကပြမည့် တေးသွားများကို ဧပြီလကုန်မှ စ၍ သက်ဆိုင်ရာ နိုင်ငံများမှ မြန်မာနိုင်ငံသို့ ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံ ကိုယ်စားပြု ယဉ်ကျေးမှု အကအလှ အနုပညာရှင် မစ္စစ် ဘွန်တရာဂျွန်တရာက “ကျမတို့ နိုင်ငံ ရိုးရာ အကတွေ ကို မြန်မာနိုင်ငံက ရိုးရာအကနဲ့ ပေါင်းစပ်သွားမှာပါ။ ဟာမိုနီဖြစ်အောင် ကပြသွားမှာပါ။ ကျမတို့ ရိုးရာအကကို မြန်မာပရိသတ်တွေ သိပ်ရင်းနှီးမှာ မဟုတ်ပေမယ့် ကြိုက်နှစ်သက်ကြမယ် ထင်ပါတယ်။ မြန်မာ့ရိုးရာ အကဟာ အနုစိတ်ပြီး တကယ့်ကို သိမ်မွေ့လှပတဲ့ အကတွေပါ။ ပူးတွဲကရင်း လေ့လာဖြစ်ခဲ့ရလို့ ကျေနပ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ၂၀၁၃ ဒီဇင်ဘာ ၁၁ မှ ၂၂ ရက်နေ့အထိ လက်ခံကျင်းပသွားမည် ဖြစ်ကာ မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှ ၁၀ နိုင်ငံ၊ ပေါင်း ၁၁ နိုင်ငံမှ ၀င်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံ အနေဖြင့် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲကို ၁၉၆၁ ခုနှစ်တွင် တကြိမ်၊ ၁၉၆၉ တွင် တကြိမ် အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံကျင်းပခဲ့ပြီး ယခုအခါ ၄၄ နှစ်အကြာတွင် တတိယအကြိမ်မြောက် ကျင်း ပခြင်း ဖြစ်သည်။

ဧရာဝတီ

၁၉၈၂ နိုင်ငံသား ဥပဒေကို ဒေါ်စုကပြင်ဆင်ချင် ပေမယ့် ဦးခင်ရီက ပြင်ဖို့ အစီအစဉ်မရှိ ကြောင်းပြော

ခိုးဝင်နေထိုင်လာခဲ့ကြတဲ့ ဘင်္ဂလီ (ရိုဟင်ဂျာ) တွေ နိုင်ငံသား ဖြစ်ရေး မဖြစ်ရေးဟာ နိုင်ငံသား ဥပဒေနဲ့ ညီမညီ ဆိုတဲ့အချက်အပေါ် မူတည်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဂျပန်နိုင်ငံမှာ အမေးအဖြေလုပ်ရာမှာ ပြောကြားခဲ့ပြီး နိုင်ငံသား ဥပဒေဟာ နိုင်ငံတကာ စံချိန်စံနှုန်းတွေနဲ့ ညီမညီကိုလည်း ပြန်လည် သုံးသပ်ဖို့လိုတယ်လို့ ပြောဆိုခဲ့ပေမယ့်လည်း အခု အစိုးရအနေနဲ့ လက်ရှိ အသုံးပြုနေတဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ ကို ပြင်ဆင် ပြောင်းလဲဖို့ အစီ အစဉ်မရှိကြောင်း လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီက ပြော

----- ----- ----- ----- ----- ----- ----- ----- -----

နိုင်ငံသား ဥပဒေကို ပြင်ဆင် ပြောင်းလဲ စရာ အကြောင်း မရှိဘူးလို့ ဘီဘီစီနဲ့ သီးသန့် မေးမြန်းခန်းမှာ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီက ပြောလိုက်ပါတယ်။

ရိုဟင်ဂျာတွေ နိုင်ငံသား ဖြစ်ရေး မဖြစ်ရေးဟာ နိုင်ငံသား ဥပဒေနဲ့ ညီမညီ ဆိုတဲ့အချက်အပေါ် မူတည်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဂျပန်နိုင်ငံမှာ အမေးအဖြေလုပ်ရာမှာ ပြောကြားခဲ့ပြီး နိုင်ငံသား ဥပဒေဟာ နိုင်ငံတကာ စံချိန်စံနှုန်းတွေနဲ့ ညီမညီကိုလည်း ပြန်လည် သုံးသပ်ဖို့လိုတယ်လို့ ဆိုပါတယ်။

ဒီတော့ ပြန်လည် သုံးသပ်ဖို့ အလားအလာ ရှိမရှိ ဝန်ကြီး ဦးခင်ရီကို မေးရာမှာ ဒီဥပဒေကို ပြည်သူလူထုသဘောထား ကောက်ယူ ရေးဆွဲခဲ့တာလို့ ဝန်ကြီး ဦးခင်ရီက ပြောပါတယ်။

၁၉၈၂ ခုနှစ်ဥပဒေကို မဆလ အစိုးရလက်ထက်မှာလည်း တိုင်းရင်းသားတွေရဲ့ သဘောထား ကောက်ယူပြီး ရေးဆွဲခဲ့တယ်လို့ ဦးခင်ရီက ဆုပ်ကိုင် ပြောဆိုပါတယ်။
၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို လွှတ်တော်မှာ ပြန်လည် သုံးသပ်ဖို့ အရင်က တင်သွင်းခဲ့ဖူးပြီး အဲသလို တင်သွင်းရာမှာ စကားလုံး အနည်းငယ်မှ အပ ပြင်ဆင်ဖို့ မလိုဘူးလို့ လွှတ်တော် ကိုယ်စားလှယ်တွေက ဆုံးဖြတ်ခဲ့တယ်လို့ ဦးခင်ရီက ပြောပါတယ်။
လွှတ်တော်ဟာ ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့ သူတွေနဲ့ ဖွဲ့ထားတာလို့လည်း ဦးခင်ရီက ထပ်လောင်း ပြောဆိုပါတယ်။
ပြည်သူတွေက ရွေးချယ်ထားတဲ့ လွှတ်တော်က မပြင်ဆင်ဘူးလို့ ဆုံးဖြတ်ထားတာဖြစ်တဲ့အတွက် ဒါဟာ ပြည်သူ့ဆန္ဒ ဖြစ်တယ်လို့ ဦးခင်ရီက ဆိုပါတယ်။

ဗုဒ္ဓဘာသာရဲ့ နောက်ဆုံးသော ခံတပ်နိုင်ငံတွေကို မွတ်ဆလင်တွေ လက်မှ အစွမ်းကုန်ကာကွယ်ပေးကြပါ။



နှစ်ပေါင်း ၁၅၀၀ ကျော် အိန္ဒိယမှာ နေလို လ လို ထွန်းကားခဲ့ တဲ့ ဗုဒ္ဓသာသနာ လည်း ဖျက်ဆီးခံခဲ့ရပြီးပြီ... နှစ်ပေါင်း ၁၀၀၀ ကျော် ဗုဒ္ဓဘာသာနိုင်ငံတော်ကြီး အဖြစ် တည်တံ့ခဲ့တဲ့ အင်ဒိုနီးရှားလည်း အစ္စလာမ်ဇာတ် သွင်းခံခဲ့ရပြီး မူလ ဗုဒ္ဓဘာသာဝင် လူဦးရေ ၀.၈% ( ၁%တောင် မရှိတော့ ) တဲ့ အထိ အဗျင်းခံထားခဲ့ရပြီးပြီ။ မလေးရှား၊ ပါကစ္စတန် ၊ အာဖဂန်နစ္စတန် စတဲ့ ကြီးကျယ်ခမ်းနားခဲ့တဲ့ ဗုဒ္ဓဘာသာနိုင်ငံတော်ကြီးတွေလည်း စုတ်ပြတ်သတ်အောင် ဖျက်ဆီးခံခဲ့ရပြီး အစ္စလာမ်ဇာတ် သွင်းခံခဲ့ရပြီးပြီ။

အင်ဒိုနီးရှား ၊ မလေးရှား၊ အာဖဂန်နစ္စတန် စတဲ့ ဗုဒ္ဓဘာသာ နိုင်ငံ တွေ က ရဟန်းသံဃာတွေကို လည် လှီး ခေါင်းဖြတ် သတ်ဖြတ်ချေမှုန်းပြီး အစ္စလာမ်နိုင်ငံအဖြစ်သို့ သွတ်သွင်းလာခဲ့သော မွတ်ဆလင် အစ္စလမ်မစ်တွေဟာ...... အခုဆိုရင် အင်ဒိုနီးရှား ၊ မလေးရှား၊ အာဖဂန်နစ္စတန် စတဲ့ ဗုဒ္ဓဘာသာ နိုင်ငံ တွေ ကို တစ်နိုင်ငံပြီး တစ်နိုင်ငံ ချေမှုန်းပြီး …… ဗုဒ္ဓဘာသာ ရဲ့နောက်ဆုံးသော ခံတပ်နိုင်ငံတွေကို ချေမှုန်းသိမ်းပိုက် အစ္စလာမ်ဇာတ်သွင်းပြီး ဗုဒ္ဓဘာသာ၊ ဗုဒ္ဓသာသနာကို ကျူပင်ခုတ် ကျူငုတ်မကျန်အောင် အပြီးတိုင် ချေမှုန်းဖို့ တာဆူနေကြပါပြီ။

ဗုဒ္ဓဘာသာ ရဲ့ နောက်ဆုံးခံတပ် မြန်မာနိုင်ငံရဲ့ အချက်အချာနေရာတွေ အားလုံးမှာ လည်း ဗလီတွေ ၂၇၀၀ ကျော်ဆောက်ပြီးပြီ၊ ရခိုင်သွေးချင်းတွေကို လည်း သတ်ဖြတ်ပြီး အစ္စလာမ်ဇာတ် သွင်းဖို့လုပ်နေပြီ။ ဘူသီးတောင် မောင်တော မူဆလင် ၉၆%၊ မြန်မာ ၄% ကုန်သလောက် ဖြစ်သွားပြီ မူဆလင် ၉၆ယောက်၊ မြန်မာ ၄ယောက်။

ဗုဒ္ဓဘာသာ ရဲ့ နောက်ဆုံးခံတပ် ထိုင်းနိုင်ငံတစ်ဝှမ်းလုံးရဲ့ အချက်အချာနေရာတွေ အားလုံးမှာ လည်း ဗလီတွေ ၃၄၉၄ ( ၃၅၀၀ နီးပါး) ဆောက်ပြီးသွားပြီ။ http://en.wikipedia.org/wiki/Mosques_in_Thailand
ထိုင်းနိုင်ငံ တောင်ပိုင်းလည်း ပါသွားပြီ။ ဗလီတွေ ပြွတ်ခဲပြီး မူဆလင် နယ်မြေဖြစ်သွားပြီ။

ဗုဒ္ဓဘာသာ ရဲ့ နောက်ဆုံးခံတပ် သီရိလင်္ကာနိုင်ငံတစ်ဝှမ်းလုံးရဲ့ အချက်အချာနေရာတွေ အားလုံးမှာ လည်း ဗလီပေါင်း ၅၀၀၀ ကျော်ဆောက်ပြီးသွားပြီ။ http://en.wikipedia.org/wiki/Islam_in_Sri_Lanka

( နိုင်ငံသေးသေးလေးနဲ့ ဗလီ အရေအတွက် က ကြောက်စရာ ၊ တစ်ခု ချင်းဆို မသိသာပေမယ့် အားလုံးသော အချက်အလက်တွေ ကို စုစည်း ဆက်စပ်မိတဲ့ အခါမှာတော့မူဆလင်တွေ နိုင်ငံတိုင်းမှာ ဘာလုပ်နေသလဲဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ပေါ်လာတော့တာ ပါပဲ။ )

သီရိလင်္ကာ မှ လည်း မူဆလင် လူဦးရေ အချိုးအစား ( ၁၀% ) ဖြစ်လာနေပြီ။ သီရိလင်္ကာ ၁၀ယောက်မှာ မူဆလင် ၁ ယောက် နှုန်းဖြစ်နေပြီ။

ဗုဒ္ဓဘာသာရဲ့ နောက်ဆုံးသော ခံတပ်နိုင်ငံတွေကို တစ်လက်မ မှ အထိမခံပါနဲ့တော့။ ဒီခံတပ်တွေ ဟာ ဗုဒ္ဓဘာသာရဲ့ နောက်ဆုံးသော ခံတပ်တွေပါပဲ၊ ဒီခံတပ်တွေ ကျဆုံးသွားရင် ဘာမှ မကျန်တော့ပါဘူး။ ထိုင်း၊ မြန်မာ၊ သီရိလင်္ကာ စတဲ့ ဗုဒ္ဓဘာသာရဲ့ နောက်ဆုံးသော ခံတပ်နိုင်ငံတွေ ကို မွတ်ဆလင်တွေ လက်မှ အစွမ်းကုန်ကာကွယ်ပေးကြပါ။

ဗုဒ္ဓဘာသာ ရဲ့နောက်ဆုံးသော ခံတပ် နိုင်ငံတွေ ကို သာ အစ္စလာမ် နိုင် ငံ ဖြစ်သွားအောင်လုပ်နိုင်ရင် ဤ ကမ္ဘာ မြေပေါ်မှာ ဗုဒ္ဓဘာသာ ဟာ အပြီးတိုင်အောင် ပျောက်ကွယ် သွား ပြီ လို့  ဆိုနိုင် ပါတယ်။

ဗုဒ္ဓဘာသာ ရဲ့နောက်ဆုံးသော ခံတပ် နိုင်ငံ တွေ ကို သာ အစ္စလာမ် နိုင် ငံ ဖြစ်သွားအောင် မွတ်ဆလင်တွေ လုပ်နိုင်ခဲ့ရင် ဤ ကမ္ဘာ မြေပေါ်မှာ ဗုဒ္ဓဘာသာ ဟာ အပြီးတိုင်အောင် ပျောက်ကွယ် သွား ပြီ လို့  ဆိုနိုင် ပါတယ်။

ထပ်ပြောမယ်......
မွတ်ဆလင်တွေ ဟာ ဗုဒ္ဓဘာသာ ရဲ့နောက်ဆုံးသော ခံတပ် နိုင်ငံ တွေ ကို သာ အစ္စလာမ် နိုင် ငံ ဖြစ် အောင်လုပ် နိုင် ရင် ၊
မွတ်ဆလင်တွေ ဟာ ဗုဒ္ဓဘာသာ၊ ဗုဒ္ဓသာသနာ ကို ကမ္ဘာ မြေပေါ်မှာ အပြီး တိုင် ဖျက်ဆီးနိုင်ခဲ့ပြီလို့ ဆို နိုင်မှာဖြစ်ပါတယ်။
အင်ဒိုနီးရှား ၊ မလေးရှား၊ အာဖဂန်နစ္စတန် စတဲ့ ဗုဒ္ဓဘာသာ နိုင်ငံ တွေ က ရဟန်းသံဃာတွေကို လည် လှီး ခေါင်းဖြတ် သတ်ဖြတ်ချေမှုန်းပြီး အစ္စလာမ်နိုင်ငံအဖြစ်သို့ သွတ်သွင်းလာခဲ့သောမွတ်ဆလင်အစ္စလမ်မစ်တွေ ဟာ.......
အခုဆိုရင် အင်ဒိုနီးရှား ၊ မလေးရှား၊ အာဖဂန်နစ္စတန် စတဲ့ ဗုဒ္ဓဘာသာ နိုင်ငံ တွေ ကို တစ်နိုင်ငံပြီး တစ်နိုင်ငံ ချေမှုန်းပြီး ……
ဗုဒ္ဓဘာသာ ရဲ့နောက်ဆုံးသော ခံတပ်နိုင်ငံတွေကို ချေမှုန်းသိမ်းပိုက် အစ္စလာမ်ဇာတ်သွင်းပြီး ဗုဒ္ဓဘာသာ၊ ဗုဒ္ဓသာသနာကို ကျူပင်ခုတ် ကျူငုတ်မကျန်အောင် အပြီးတိုင် ချေမှုန်းဖို့ မွတ်ဆလင်အစ္စလမ်မစ်တွေ တာဆူနေကြပါပြီ။
မွတ်ဆလင်တွေ ရက်စက်ယုတ်မာစွာ ချေမှုန်းခဲ့လို့ တစ်နိုင်ငံပြီးတစ်နိုင်ငံကွယ်ပျောက်သွားခဲ့တဲ့ ဗုဒ္ဓသာသနာရဲ့  နောက်ဆုံးသောခံတပ် တွေ ကို အစွမ်းကုန်ကာကွယ်ပေးကြပါ။

ကျနော်တို့ဟာ မိမိကိုယ်ကို ခုခံကာကွယ်တဲ့ တရားသောစစ်ကို ဆင်နွှဲနေခြင်းသာဖြစ်ပါတယ်။

>>အရှင် သုမင်္ဂလ<<

Friday, April 12, 2013

စစ်တွေရှိ ဘင်္ဂါလီ ဒုက္ခသည် စခန်းများတွင် လူဦးရေ အဆမတန် များပြားလာသောကြောင့် တာဝန်ရှိသူများနှင့် ဒေသခံများ စိုးရိမ်နေ



စစ်တွေမြို့နယ်တွင် ရှိနေသော ဘင်္ဂါလီ ဒုက္ခသည် စခန်းသုံးခုဖြစ်သည့် သက်ကယ်၊ သဲချောင်းနှင့် အခြားစခန်း တစ်ခုတွင် ဘင်္ဂါလီ ဒုက္ခသည်ဦးရေ အဆမတန် များပြားလာသောကြောင့် တာဝန်ရှိသူများနှင့် ဒေသခံများ စိုးရိမ်နေကြောင်း ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ဥက္ကဌ ဦးအေးသာအောင်က ပြောသည်။

လက်ရှိ ဘင်္ဂါလီဒုက္ခသည် စခန်းရှိ လူဦးရေမှာ ယခင်ကထက် အဆမတန် များလာပြီး စစ်တွေမြို့ပေါ်နေ လူဦးရေထက် များပြားလာခြင်းဖြစ်ကြောင်း၊ ထို့သို့မြို့ပေါ်နေ လူဦးရေထက် များပြားနေခြင်းကြောင့် ပြဿနာ တစ်စုံတစ်ရာ ဖြစ်လာပါက ဖြေရှင်းရန် ခက်ခဲလာနိုင်ပြီး နှစ်ဦးနှစ်ဖက် ထိခိုက်နစ်နာမှု များပြားမည်ကို တာဝန်ရှိသူများနှင့် ဒေသခံများက စိုးရိမ်နေကြခြင်းဖြစ်ကြောင်း ဦးအေးသာအောင်က ဆိုပါသည်။

"အခု ဘင်္ဂါလီ ဒုက္ခသည်စခန်းမှာ လူတော်တော်များလာတယ်၊ တကယ်လို့ ပြဿနာ တစ်စုံတစ်ရာ ဖြစ်လာရင် ဖြေရှင်းရ ခက်သွားနိုင်တယ်၊ စစ်တွေမြို့ပေါ်နေ လူဦးရေက သိပ်မရှိဘူး၊ ဘင်္ဂါလီ ဒုက္ခသည်စခန်းမှာ ဒုက္ခသည်ဦးရေ တဖြည်းဖြည်း တိုးလာနေတော့ အကုန်လုံးက စိုးရိမ်နေကြတယ်၊ ဒီအချက်ကို ကျွန်တော်တို့ အစီရင်ခံစာမှာ ထည့်သွင်းသွားဖို့ ဆွေးနွေးနေကြတယ်၊ ဒါက တကယ့်ကို စိုးရိမ်စရာ အခြေအနေပါ" ဟု ရခိုင်မျိုးသား ဒီမိုကရေစီ အဖွဲ့ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောသည်။

ထိုဘင်္ဂါလီများမှာ ဒေသအတွင်း ရှိနေသူများဖြစ်ကြပြီး ပဋိပက္ခအတွင်း မပါဝင်သူများလည်း ရောက်ရှိလာပြီး တူရကီနိုင်ငံက လုံးချင်းအိမ်ဆောက်လုပ်ပေးရန် လာရောက်ကမ်းလှမ်းပြီး နောက်ပိုင်း သိသိသာသာ တိုးလာကြောင်း ဦးအေးသာအောင်က ပြောပါသည်။

"ကျွန်တော် သိရသလောက်တော့ အရင်က ဘင်္ဂါလီ ဒုက္ခသည်စခန်းမှာ ၇၅၀၀၀ လောက်ဘဲ ရှိတယ်၊ အခု တစ်သိန်းခွဲလောက် ဖြစ်နေပြီ အနယ်နယ် အရပ်ရပ်က ဘာမှဒုက္ခမရောက်ကြတဲ့ လူတွေလည်း ရောက်လာကြတယ်၊ ဘယ်လို ရောက်လာကြတယ် ဆိုတာတော့ အတိအကျ မသိဘူး။

တအားကို တိုးသွားတာ၊ လုံးချင်းအိမ်တော့ မဆောက်တော့ပါဘူး၊ ဒါပေမယ်လို့ ဒုက္ခသည် စခန်းတွေမှာ နေစရာ စားစရာကအစ ဘာမှမပူရဘူး၊ အဲဒီတော့ အလုပ်မလုပ်ချင်တဲ့ လူတွေက ဒုက္ခသည်စခန်းကို ရောက်လာကြတယ်" ဟု ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောပါသည်။

ဘင်္ဂလီများအား တူရကီမှ လုံးချင်းအိမ်များ ဆောက်လုပ်ပေးရန် အစီအစဉ်နှင့် ပတ်သက်ပြီး ဒေသခံများက သဘောမတူသောကြောင့် မတ်လ ၇ ရက်နေ့က စစ်တွေ၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာတို့တွင် ဆန္ဒထုတ်ဖော်မှုများ ရှိခဲ့ကြောင်း သိရသည်။

လက်ရှိ စစ်တွေဘင်္ဂါလီ ဒုက္ခသည်စခန်း သုံးခုကို ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

EMG

ဗိုလ်ချုပ်ပုံသည် အသုံးချခံပစ္စည်း တစ်ခုမဟုတ်



{ကဲဒီကိစ္စကို NLD ကဘယ်လိုတာဝန်ယူမှာလဲ}

ထိုင်းနိုင်ငံက မွတ်ဆလင်အရေးဆန္ဒပြပွဲတစ်ခုမှာဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ဒေါ်စုပုံပါတဲ့ အင်္ကျီကို မွတ်ဆလင်တစ်စုက မီရှို့ပြကြတယ်

ဆန္ဒပြပွဲရဲ့တာဝန်ခံဖြေရှင်းသွားတာက ရခိုင်အရေး မှာ မူဆလင်ကိစ္စကို နှုတ်ဆိပ်ခဲ့လို့ ဒေါ်စုပုံကို မီးရှို့ရင်း ဗိုလ်ချုပ်အောင်ဆန်းပုံပါ အစစ်ပါသွားရပါတယ်လို့ ၁၁.၄.၂၀၁၃ နေ့မှာ ဖြေရှင်ချက်ထုတ်သွားတာကို ဖတ်လိုက်မိတယ်

သူတို့ရည်ရွယ်ချက်က ဒေါ်စုကို မကြေနပ်လို့ ပါတဲ့ အဲဒီတော့ ဒေါ်စုကို မကျေနပ်ရာကနေ ကျုပ်တို့ နိုင်ငံရဲ့ လွတ်လပ်ရေးဗိသုကာ ကြီး တပ်မတော်ရဲ့ဖခင်ကောင်းကြီး အမျိုးသားခေါင်းဆောင်ကြီပါ အစစ်ပါသွားပါလေရဲ့

လူကြားလို့ ကောင်းတဲ့ကိစ္စလည်းမဟုတ် လူကြားလို့ကောင်းတဲ့ အဖြစ်အပျက်လဲမဟုတ်တာတော့ သေချာနေပြီ

ဒီကိစ္စဖြစ်ရပ်ကို တွေးတောရင်း တရာခံ စစ်စစ်တွေကို ပြေးမိတယ် အဲဒီလူတွေက အခုခေတ် ကိုရွှေ NLD နဲ့ မရွှေ NLD တို့ပါပဲ

ဘာကြောင့် တရာခံစရင်းသွင်ရသလဲဆိုရင်

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကာလတုံးက ပြည်သူတွေဆီကနေ ထောက်ခံမဲရဖို့ ဗိုလ်ချုပ်ပုံနဲ့ ဒေါ်စုပုံတွေပါတဲ့ တီရှပ်တွေ အသုံးအဆောင်ပစ္စည်းတွေကို စီးပွားဖြစ်ရောင်းချခဲ့တယ် ကိုယ်တိုင်လဲဝတ်ဆင်ခဲ့ကြတယ်

ပါတီတစ်ခုက အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံကို မဲဆွယ်တဲ့နေရာမှာ အသုံးပြုတဲ့အတွက် ကော်မရှင်ကို ကန့်ကွက်ခဲ့ဘူးတယ် အဲဒီအချိန်မှာ NLD ကတုန့်ပြန်တာကတော့ " သူ့အဖေပုံ သူသုံးတာဘာဖြစ်လဲ ခင်ဗျားတို့လဲ ခင်ဗျားတို့အဖေရဲ့ပုံကို သုံးပိုင်ခွင့်ရှိနေတာပဲ " လို့ ခပ်ပိန်းပိန်း ပြန်ဖြေသွားကိုလဲ အမှတ်ရမိတယ်

အခုတော့ လူကြားမကောင်းတဲ့ လက်မခံနိုင်တဲ့ ဖြစ်ရပ်အတွက် NLD ဘယ်လို တာဝန်ယူပြီး ဖြေရှင်းပေးမှာလည်း မေးချင်ပါတယ်

ဒေါ်စုကို မကျေနပ်လို့ လုပ်တဲ့ လုပ်ရပ်မှာ NLD ခံနိုင်ရည်ရှိမရှိတော့ မသိဘူး ဒေါ်စုပုံကို မီးရှိုရင် ပူတွဲပါသွားတဲ့ ကျုပ်တို့ အမျိုးသားခေါင်းဆောင်ကြီး ပုံအတွက် မချိအောင်နာရပါတယ် မီးရှို့သူ ကိုလဲ နာကျည်းမိသလို ဗိုလ်ချုပ်ပုံနဲ့ ဒေါ်စုပုံ ကိုပူးတွဲပြီး ထုတ်လုပ်သူ ဖြန့်ဝေသူ ဝတ်ဆင်သူ ခွင့်ပြုသူတွေကိုတော့ အသဲထဲနာမိတယ် ဒီလိုတွေ ပြုလုပ်ခဲ့ကြလို့ ဒီလိုဖြစ်ရတယ်ဆိုတဲ့ ကြောင်းကျိုးတရားနဲ့ တိုက်ဆိုင်နေတယ်

ရှေ့ဆက်ပြီး ကျူပ်တို့ မြန်မာပြည်သူတွေ အနေနဲ့ အသက်မရှိတော့ပေမယ့် ရာသက်ပန် မြန့်မာသမိုင်းအတွက်ဝိဥာည် တည်ရှိနေတဲ့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံလွှာများကို အိမ်ဥိးခန်း ၊ဆင်မြင့် တွေမှာ ချိပ်ဆွဲထားပြီး ဂုဏ်ပြုကြဖို့နဲ့ အခြားနေရာတွေ တန်ဖိုးမဲ့နေရာတွေမှာ သုံးစွဲနေရင် ကန့်ကွက်ရှုံချကြဖို့ တိုက်တွန်းနှိုးဆောင်လိုက်ပါတယ်

(မှတ်ချက်)

ဗိုလ်ချုပ်ပုံသည်
{အသုံးချခံပစ္စည်း တစ်ခုမဟုတ်}
ဗိုချုပ်ပုံသည်
{အသုံးအဆောင်ပစ္စည်း တစ်ခုမဟုတ်}



ကိုသန်းထွန်း

Thursday, April 11, 2013

နိုင်ငံသား စိစစ်ရေးကတ်များကို စမတ်ကတ်အဖြစ် ပြောင်းနိုင်ရန် စမ်းသပ်



Thursday, April 11, 2013

မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုနေသော နိုင်ငံသား စိစစ်ရေးကတ်ပြားများကို စမတ်ကတ် အဖြစ်ပြောင်းလဲ နိုင်ရေးအတွက် နိုင်ငံခြား ကုမ္ပဏီများက လာရောက် စမ်းသပ်မှု ပြုလုပ်နေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန (လဝက) ထံမှ သိရသည်။

စမတ်ကတ် ပုံစံအဖြစ် ပြောင်းနိုင်ရန် တောင်ကိုရီးယား၊ ဂျပန် နှင့် မလေးရှားနိုင်ငံတို့မှ ကုမ္ပဏီ ၆ ခုက လဝက ဌာနမှ နိုင်ငံသား စိစစ်ရေး ကိုယ်ရေး အချက်အလက်များကို ယူ၍ စတင် စမ်းသပ်နေပြီဖြစ်ကြောင်း လဝက ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်း က ဧရာဝတီသို့ ပြောသည်။

“စမတ်ကတ်လုပ်ဖို့ Data Center ကို အရင်သွင်းပြီးမှ လုပ်ရမှာကိုး ဒီဥစ္စာကြတော့ နည်းပညာပိုင်းတွေ ပါလာတယ်ဆိုတော့ ပြန်ပြီး စိစစ်တဲ့ အခါလည်း အဆင်ပြေအောင် လာကမ်းလှမ်းတဲ့ ကုမ္ပဏီမှန်သမျှကိုလည်း သူတို့ အဆင်ပြေအောင် ဘယ်လို လုပ်နိုင်မလဲ ဆိုတာကို ပြန်တင်ပြနိုင်အောင်လို့ စမ်းသပ် လေ့လာ ခိုင်းထားတာပါ”ဟု ဦးမောင်မောင်သန်းက ပြောသည်။

ယင်းလုပ်ငန်းစဉ်ကို နိုင်ငံခြားကုမ္ပဏီများက ကမ်းလှမ်းလာခြင်းဖြစ်သော်လည်း မြန်မာအစိုးရဘက်မှလည်း ခေတ်နှင့် လျော်ညီ သည့် စမတ်ကတ်များအဖြစ်ပြောင်းလဲ အသုံးပြုနိုင်ရေး ပြုလုပ်ပေးရန် အစီအစဉ်များ ရှိပြီးသားဖြစ်ကြောင်းလည်း သူက ဆက်ပြော သည်။

လက်ရှိ အသုံးပြုလျက်ရှိသော နိုင်ငံသား စိစစ်ရေးကတ်မှာ စက္ကူဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ယင်းကတ်တွင် ကာယကံရှင် နိုင်ငံ သား ၏ ကိုယ်ရေး အချက်အလက်များ ပြည့်စုံစွာ ထည့်ထားနိုင်ခြင်း မရှိပေ။

စမတ်ကတ်တွင်မူ နိုင်ငံသား၏ ကိုယ်ရေး အချက်အလက်များ၊ ထင်ရှားသည့် အမှတ်အသားများနှင့် မိဘ၊ ဘိုးဘွားများ၏ ကိုယ်ရေး အချက်အလက်များပါ ပါဝင်မည်ဖြစ်ပြီး စက်ဖြင့် စစ်ဆေးသည့် နည်းစနစ်လည်း ဖြစ်သည်။

အချက်အလက်များကို သိမ်းဆည်းထားသော အဆိုပါ စမတ်ကတ်ကို ကွန်ပျူတာစက်အတွင်းသို့ ထည့်သွင်း စစ်ဆေးလျင် ကာယကံ ရှင်၏ ကိုယ်ရေး အချက်အလက်များအားလုံး ပေါ်ထွက်လာမည်ဖြစ်ပြီး လက်ရှိအသုံးပြုနေသည့် နိုင်ငံသား စိစစ်ရေး ကတ် ထက် ခိုင်ခန့်ပြီး အသုံးပြုရန်လွယ်ကူမည် ဖြစ်ကြောင်း သိရသည်။

“ပြောင်းမယ်ဆိုရင် ကုန်ကျမယ့် စရိတ်တွေက အများကြီးရှိတာပေါ့နော့ ဒါကို ဘယ်လိုလုပ်လို့ရမလဲ ဆိုတာကို အရင်ဆုံး ကျနော် တို့က စမ်းသပ်နေတာပေါ့၊ ဒါတွေအပေါ်မှာ မူတည်ပြီးတော့ ငွေကြေး ကုန်ကျစရိတ်တွေ တွက်ချက်ရမယ်၊ ပြီးတော့မှ ဘယ်လိုလုပ် ပေးလို့ရမလဲ၊ နိုင်ငံတော်ကပဲ လုပ်ပေးနိုင်မလား၊ ပြည်သူဆီကနေ ကတ်ဖိုး ကောက်ရင်ရော ဘယ်လိုရှိမလဲ ဒါတွေကို အကုန်လုံး ချိန်ဆရ ဦးမှာပေါ့၊ ပထမဦးဆုံး ကတော့ Data Center ကြီးကိုဆောက်ဖို့ အဓိကပေါ့”ဟု ဦးမောင်မောင်သန်းက ပြောဆိုသည်။

ဧရာဝတီ

ယမန်နှစ် ဇွန်လမှ ဇူလိုင်လ အတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ ပြုလုပ်သော မိုးပွင့် အဆင့် ၃ စီမံချက်တွင် နိုင်ငံသား စိစစ်ရေး ကတ်ပြား ထုတ်ပေးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ – MRTV4)

Twitter Delicious Facebook Digg Stumbleupon Favorites More