Sunday, May 6, 2012

သဘာဝ ဓါတ်ငွေ့ အတွက် မြန်မာနိုင်ငံမှ သဘာဝ ဓါတ်ငွေ့ ထွက်သော ရေပိုင်နက်ကို လာလုခဲ့သည့် ဘင်္ဂလားတွေ ပွဲပျက်နေ

 ဆယ်စုနှစ်တစ်ခုနီးပါး ကြာမြင့်ခဲ့ပြီဖြစ်သော မြန်မာ-ဘင်္ဂလားဒေ့ရှ်-အိန္ဒိယသုံးနိုင်ငံ ချိတ်ဆက် Tri-nation ပိုက်လိုင်းစီမံကိန်းမှာ မြန်မာနိုင်ငံဘက်က အကြောင်းပြန်လက်ခံပေးခြင်း မရှိတော့သည့်အတွက် ရပ်ဆိုင်းလိုက်ရပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြောကြားလိုက်ကြောင်း သိရသည်။ မူလက ရည်ရွယ်ထားခဲ့သော မြန်မာနှင့် ချိတ်ဆက်သည့် သုံးနိုင်ငံ ဂက်စ်ပိုက်လိုင်းမှ တစ်ဆင့် အာရှအရှေ့အလယ်ပိုင်းဒေသများအထိ ပိုက်လိုင်းထပ်ချဲ့မည့် အစီအစဉ်မှာလည်း မြန်မာနိုင်ငံက အကြောင်းမပြန်သည့်အတွက် ရပ်ဆိုင်းပစ်လိုက်ရခြင်းဖြစ်ကာ မြန်မာနိုင်ငံက တရုတ်နိုင်ငံကို အဓိကပေးပို့ရတော့မည့် ကိစ္စရပ်ကြောင့်လည်း အပါအဝင် ဖြစ်သည်ဟု သိရသည်။ ဘင်္ဂလားဒေ့ရှ် စွမ်းအင်ဝန်ကြီးဌာန၏ အဆိုအရ မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ် ကမ်းရိုးတန်းမှ ထွက်သော ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းသို့ လည်းကောင်း၊ ထိုမှတစ်ဆင့် အိန္ဒိယကိုးလ် ကတ္တားသို့လည်းကောင်း တစ်ဆင့်စီ ပို့လွှတ်မည် ဖြစ်သော်လည်း လွန်ခဲ့သည့် နှစ်နှစ်ကလည်းက မြန်မာ အစိုးရဘက်သို့ အဆိုပြုခဲ့မှုမှာ ယခုနှစ်တွင် မအောင်မြင် နိုင်တော့ကြောင်း ဘင်္ဂလားဒေ့ရှ် စွမ်းအင် ဝန်ကြီးဌာနက ထုတ်ဖော် ပြောကြားသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ပြီးခဲ့သော မတ်လ ၁၄ ရက်က ပင်လယ်ပြင် ရေပိုင်နက်ပြဿနာ ပြေလည်စွာ ဖြေရှင်းနိုင်ခဲ့သော်လည်း ရေနံနှင့် သဘာဝ ဓာတ်ငွေ့သိုက် ရှိရာနေရာများမှာ မြန်မာနိုင်ငံ၏ ရေပြင်ပိုင်နက် အတွင်း၌ ပင်သာ ရှိနေသေး သောကြောင့် စွမ်းအင်ရရှိရေးမှာ မြန်မာနိုင်ငံ အပေါ်တွင် မှီခိုရတော့မည့် အလားအလာ ရှိနေသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံကို ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ လာရောက်ခဲ့စဉ် ကလည်း မြန်မာနိုင်ငံမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များ ဝယ်ယူလိုနေကြောင်း တရားဝင်ပြောကြားခဲ့ပြီး မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့မည်ဖြစ်သော ရေနံနှင့် သဘာဝဓာတ်ငွေ့ ပမာဏမှာ ပိုမိုမြင့်တက် လာနေသောကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ဝေစုကို Trinationက ရရှိရန် မဖြစ်နိုင်တော့ကြောင်း သိရကာ အိန္ဒိယနိုင်ငံက လည်း ယင်းအပေါ် စိုးရိမ်ပူပန်မိနေကြောင်း သိရသည်။ ကျွန်တော်တို့ တရုတ်နဲ့ သဘောတူထားတဲ့ အတိုင်း ၂၀၁၃ ဆိုရင် စပြီးရောင်းတော့မယ်။ ကျောက်ဖြူနဲ့ ရခိုင်ဒေသက ထွက်တဲ့ ဓာတ်ငွေ့တွေကိုလည်း တရုတ်ကိုပဲ ရောင်းရတော့မယ်။ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကို မသွားနိုင်တော့ပါဘူး” ဟု စွမ်းအင်ဝန်ကြီးဌာန နေပြည်တော် ရုံးချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် မေလ ၃ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment

ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...

Twitter Delicious Facebook Digg Stumbleupon Favorites More