Friday, August 17, 2012

NLD ကော့ကရိတ်မြို့နယ် ပါတီဝင်အချို့နှုတ်ထွက်စာတင်









အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် NLD ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ပါတီဝင် အချို့သည် ပြည်နယ် တာဝန်ခံနှင့် နောက်လိုက် အချို့၏ ပါတီတွင်း အာဏာရှင် သဖွယ် ပြုလုပ် နေခြင်းကြေ
ာင့် နှုတ်ထွက် ကြောင်းနှင့် နှုတ်ထွက် ကော်မတီမြို့နယ်အဖွဲ့ကို ဖွဲ့စည်း လိုက်ကြောင်း ၎င်းတို့၏ နှုတ်ထွက်စာ တင်ရခြင်းနှင့် စပ်လျဉ်းသည့် အစီရင်ခံစာအရ သိရသည်။

အဆိုပါ အစီရင်ခံစာတွင်-

ကရင်ပြည်နယ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြုသည့် ပြည်နယ်တာဝန်ခံနှင့် နောက်လိုက် NLD အဖွဲ့ဝင် အချို့သည် ကော့ကရိတ်မြို့နယ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စည်ပင် တိုးတက်ရာ အောင်ကြောင်း ဝေဖြာလာမည့် အရေးကို တွေးတော ပူပန်လျှက် နည်းအမျိုးမျိုး၊ ပုံစံ အသွယ်သွယ်ကို တီထွင်ဖန်တီးပြီး၊ ပါတီအတွင်း အာဏာရှင်ကြီးသဖွယ် လက်ညှိုး ညွှန်ခိုင်းစေသည့် အတိုင်းလုပ်၊ စောဒကမတက်နဲ့ ရဲရဲသာလုပ် မင်းတို့နောက်မှ ငါရှိတယ် ငါ့နောက်မှာ NLD (ဗဟို)အတွင်းရေးမှူးအဖွဲ့ရှိတယ်။ မကြောက်နဲ့ ငါဒါလုပ်တယ်၊ ဘာဖြစ်လဲ၊ ဘာ ပြောချင်လဲဆိုသည့် မင်းစိုးရာဇာ၊ တကယ့်စွမ်းအားရှင် အာဏာလက်ကိုင်ရ မရဘူးသေးသည့် အခွင့်အာဏာများကို အစွမ်းကုန် ခြယ်လှယ်အသုံးပြုလျှက် စခန်းသွားနေခဲ့သည်မှာ ကြာနေပြီးဖြစ်ပါသည်။ NLD ခေါင်းဆောင်ဆိုသည်မှာ သဘောထားကြီးခြင်း၊ အဖွဲ့အစည်း တိုးတက်ရာ တိုးတက်ကြောင်းကို ရှေ့ရှုခြင်း၊ အခက်အခဲမှန်သမျှကို ကူညီဖြေရှင်းပေးခြင်း၊ ပွင့်လင်းရိုးသားခြင်း၊ ထင်သာမြင်သာရှိခြင်း၊ အပြန် အလှန်တန်းတူရှိခြင်း၊ နိုင်ငံရေးကို အခြေပြု၍ မိမိတစ်ကိုယ်ရည်ကျော်ကြားရေးအပြ
င် စီးပွားရေးအမြင်နှင့် ကိုယ်ကျိုး စီးပွားများကို ရှေ့တန်းမတင်ခြင်း၊ ပါတီဝင်ထုနှင့် ပြည်သူ့မျက်နှာကို တလေးတစား ထောက်ရှုခြင်း၊ စည်းမျဉ်းစည်းကမ်းကို လိုတမျိုး၊ မလိုတမျိုး ဖေါက်ဖျက်ကျူးလွန်မှုအတွက် လွဲမှားစွာ အကာအကွယ် မပေးခြင်း၊ အဖွဲ့ချုပ်ကို သစ္စာ မမဲ့ခြင်း၊ သတင်းတပ်ဖွဲ့၊ အာဏာပိုင်တို့နှင့် ပူးပေါင်းကာ ပါတီအတွင်း မိမိမကြိုက် နှစ်သက်သော အစုအဖွဲ့ကို ဖြိုခွဲရန် မကြိုးစားခြင်း၊ သတင်းအချက်များနှင့် ပြည့်စုံရမည်သာ ဖြစ်ပါသည်။ ဤအခြေခံ အကြောင်းများနှင့် ဆန့်ကျင်ကွဲလွဲလျက်ရှိနေသည့် ဖော်ပြပါ ပုဂ်္ဂိုလ်များ၏ စီမံခန့်ခွဲမှု၊ စည်းရုံး ဆောင်ရွက်မှု၊ ဆက်သွယ် ဆောင် ရွက် ပူးပေါင်းလာမှု အပေါ်တွင် ကျွန်ုပ်တို့ ကော့ကရိတ်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ (ပူးတွဲပါစာရင်းအရ) NLD အဖွဲ့ဝင်များက လုံးဝ(လုံးဝ) သည်းခံနိုင်စွမ်းမရှိတော့ဘဲ ယင်းတို့ကို အယုံအကြည် မရှိတော့ပါသဖြင့် ဤကဲ့သို့ နှုတ်ထွက်ရခြင်း ဖြစ်ပါကြောင်း ဟုဖော်ပြထားသည်။
ယင်းကော့ကရိတ်မြို့နယ် ပါတီဝင်အချို့ နှုတ်ထွက်ခြင်းနှင့် နှုတ်ထွက်ကော်မတီ မြို့နယ်အဖွဲ့ကို ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ NLD ဗဟိုအတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းက “ကျွန်တော်တော့ မသိသေးဘူး။ ဒါကတော့ သူတို့ ဆန္ဒနဲ့ သူတို့ပဲ။ ဘာမှ ထွေထွေထူးထူး ပြောစရာမရှိဘူး”ဟုပြော သည်။

နှုတ်ထွက်ကော်မတီတွင် နာယက (၂) ဦး၊ အလုပ်အမှု ဆောင်အဖွဲ့ဝင် ၁၃ ဦးတို့ဖြင့် ဖွဲ့ စည်းထားပြီးကော်မတီ၏ တာဝန်ကျလုပ်ငန်း၊ သဘောထားရပ်တည် ချက်နှင့် NLD (ဗဟို)က ဆောင် ရွက်ပေးရမည့်အချက်များကို အစီရင်ခံစာတွင် ထုတ်ပြန်ထားသည်။

by Myanmartandawsint Newspaper on Thursday, 16 August 2012 at 20:21 ·

0 comments:

Post a Comment

ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...

Twitter Delicious Facebook Digg Stumbleupon Favorites More