Friday, August 17, 2012

(ဒေါ်အောင်ဆန်းစုကြည် ဥရောပမှအပြန် ဖြစ်စဉ်အား ပြန်လည် ဖေါ်ပြပေးပါသည်)

 

ဥပဒေနှင့် မညီသောလုပ်ဆောင်မှုအား ကော်မရှင်က မှတ်တမ်းတင်ထားကြောင်း အသိပေးအကြောင်းကြားခြင်း


၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပခရီးစဉ်မှ အပြန် ၃၀-၆-၂၀၁၂ ရက်နေ့ ၁၀း၃၀ နာရီအချိန်ခန့်တွင် ရန်ကုန်လေဆိပ်သို့ရောက်ရှိကြောင်း၊ ယင်းနေ့ ၁၀း၄၆ နာရီအချိန်ခန့်တွင် ဒေါ်အောင်ဆန်းစုကြည်သည် အနီးကပ်လုံခြုံရေးလူငယ်များလိုက်ပါ၍ ရန်ကုန်လေဆိပ်မှ ထွက်ခွာလာရာ လေဆိပ်လမ်းမကြီး၊ ပြည်လမ်းမကြီးနှင့် တက္ကသိုလ်ရိပ်သာ လမ်းတစ်လျှောက်တို့တွင် NLD ပါတီဝင်နျင့် ပါတီလိုလားသူများက “မြန်မာ့ဂုဏ်ဆောင် ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား လှိုက်လှဲစွာ ကြိုဆိုပါသည်” စာတမ်းနှင့် ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံပါ ပိုစတာဆိုင်းဘုတ် များဖြင့်လည်းကောင်း၊ ပန်းစီးကမ်း၍ လည်းကောင်း ကြိုဆိုခဲ့ကြကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသည့် ယာဉ်တန်းသည် ဇွန်လ ၃၀ ရက် ၁၁း၁၄ နာရီအချိန်ခန့်တွင် ၈ မိုင်လမ်းဆုံ မီးပွိုင့်အနီး လူကူးမျဉ်းကြား အရောက်တွင် လမ်းလယ်မျဉ်းဖြူ၌ အမည်မသိ လူငယ် ၃ ဦးခန့်မှ အသင့်လိပ်ယူလာသော အလျား ၃ ပေ၊ အနံ ၂ ပေခန့်ရှိ ဗီနိုင်းစတွင် အနက်ရောင်ဖြင့် ရေးသားထားသော “ကုလားမယားစုကြည် အလိုမရှိ” စာသားပါ ဆိုင်းဘုတ်ကို ကိုင်ဆောင်ပြသခဲ့ကြောင်း၊ ထိုအခါ ဒေါ်အောင်ဆန်းစုကြည်၏ မော်တော်ယာဉ်ရှေ့မှ လုံခြုံရေးလိုက်ပါလာသည့် အီဇူးဇူးအမျိုးအစား ယာဉ်အမှတ် ၄ဂ/၂၁၆၈ ပေါ်ရှိ စိုးဝင်း၊ ရွှေဂျိုး (ခ) မြစိုးနှင့် မြင့်ဌေး တို့ ၃ ဦးတို့သည် ကားပေါ်မှဆင်းလာပြီး၊ ရွှေဂျိုး (ခ) မြစိုးမှ ဗီနိုင်းစကိုင်ဆောင်သူ လူငယ်အား လက်သီးဖြင့်ထိုးကြိတ်၍ စိုးဝင်းက အဆိုပါဗီနိုင်းစကို သိမ်းဆည်းကာ ဆက်လက် ထွက်ခွာသွားခဲ့ကြောင်း ဖြစ်စဉ်များအား လှုပ်ရှားမှုဓါတ်ပုံများနှင့်တကွ သက်ဆိုင်ရာဌာနမှ သတင်းပေးပို့တင်ပြလာပါသည်။

၂။ ဖော်ပြပါသတင်းဖြစ်စဉ်များအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) တစ်ဦး၏ နိုင်ငံခြားပြန်ခရီးကို ပါတီဝင်များနှင့် ပါတီလိုလားသူများက ၄င်းတို့၏ဆန္ဒကို လွတ်လပ်စွာထုတ်ဖော်ပြသ၍ ဂုဏ်ပြုကြိုဆိုခဲ့ကြသကဲ့သို့၊ ယင်းပါတီကို မလိုလားသူများကလည်း ၄င်းတို့၏ ဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ပြသခွင့်ရှိခြင်းမှာ ဒီမိုကရေစီအခွင့်အရေးပင်ဖြစ်ပါသည်။ သို့ရာတွင် ယင်းသို့ မိမိဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ပြသခြင်းမှာ တည်ဆဲဥပဒေများနှင့်အညီ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ လုပ်ဆောင်ခြင်းဖြစ်ပါ၍ ဥပဒေနှင့် မညီသော လုပ်ဆောင်မှုဖြစ်ကြောင်း ကော်မရှင်က သုံးသပ်ဆုံးဖြတ်ပါသည်။

၃။ ထို့အပြင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲ ဥပဒေများကို လေးစားလိုက်နာပြီး၊ ဥပဒေချိုးဖောက်ပါက ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်းကမ်းများနှင့် အညီသာ ဖြေရှင်းဆောင်ရွက်ကြရပါမည်။ သို့မှသာ တရားဥပဒေစိုးမိုးရေးကို အမှန်တကယ် ရရှိနိုင်မည် ဖြစ်ပါသည်။

၎။ ယခုဖြစ်စဉ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၏ အနီးကပ် လုံခြုံရေး လိုက်ပါသူများ ကိုယ်တိုင်က သူတစ်ပါး၏ လုပ်ဆောင်မှုကို မကျေနပ်ပါက ဥပဒေနှင့်အညီ အရေးယူ ဖြေရှင်းခြင်း မပြုဘဲ လက်လွတ်စပယ် ကိုယ်ထိ လက်ရောက် ကျူးလွန်ခြင်းသည် ဥပဒေမဲ့ လုပ်ရပ်ဖြစ်သည်ဟု ကော်မရှင်က သုံးသပ်ပါသည်။

၅။ သို့ဖြစ်ပါ၍ သက်ဆိုင်ရာဌာနက တင်ပြလာသော ဖြစ်စဉ်အပေါ် ၅-၇-၂၀၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်သော ကော်မရှင် အစည်းအဝေး အမှတ်စဉ် (၂၁/၂၀၁၂)တွင် ဆွေးနွေးသုံးသပ် မှတ်တမ်းတင် ထားရှိကြောင်း အသိပေး အကြောင်းကြား ပါသည်။

♣ ယခု အထက်၌ ဖော်ပြခဲ့ပါသော အကြောင်းအရာများသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ သို့ အကြောင်းကြားထားသော စာသားများအတိုင်း ရေးသားဖော်ပြထားခြင်းဖြစ်ပါသည်။ ♣
http://tanintharyinews.blogspot.com/


2 comments:

သားသမီးမကောင်းတော့ မိဘခေါင်းတဲ့ ဖွားဖွားစုရေ ... အသက်လည်းကြီးပြီ အချိန်စီးအောင် အောက်

ကလေးတွေကိုထိမ်းပါအုံး မိဘကောင်းဆိုတာ သားသမီးကိုစည်းကမ်းရှိအောင် ထိမ်းတတ်ရတယ်ဗျ။

သားသမီးမကောင်းတော့ မိဘခေါင်းတဲ့ ဖွားဖွားစုရေ ... အသက်လည်းကြီးပြီ အချိန်စီးအောင် အောက်

ကလေးတွေကိုထိမ်းပါအုံး မိဘကောင်းဆိုတာ သားသမီးကိုစည်းကမ်းရှိအောင် ထိမ်းတတ်ရတယ်ဗျ။

Post a Comment

ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...

Twitter Delicious Facebook Digg Stumbleupon Favorites More