Sunday, February 19, 2012

ဓာတ်ခွဲခန်းသုံးကြွက်ဖြူအား မိုင်းရှာကြွက်အဖြစ် ကိုလံဘီယာရဲတပ်ဖွဲ့ လေ့ကျင့်ပေးလျက်ရှိ

ကိုလံဘီယာနိုင်ငံ ဘိုဂိုးတားမြို့တွင် ဓာတ်ခွဲခန်း၌ အသုံးပြုသည့် ကြွက်ဖြူတစ်ကောင်အား မိုင်းရှာဖွေရာတွင် အသုံးပြုရန်အတွက် ရဲတပ်ဖွဲ့က လေ့ကျင့်ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါကြွက်ကလေးမှာ ရက်တက်စ်နော်ဗီဂျီကပ် အမည်ရှိ ကြွက်ဖြူလေးဖြစ်ပြီး အလေးချိန်မှာ တစ်ပေါင်ပင် မရှိပေ။ သို့ရာတွင် ကြွက်ဖြူလေးသည် မြေအောက်တွင် မြှုပ်နှံထားသော ဖောက်ခွဲရေးပစ္စည်းများအား ရှာဖွေနိုင်ရန်အတွက် လေ့ကျင့်သင်ကြားပေးလျက်ရှိရာ ၄င်းက အဆိုပါပစ္စည်းများအား စက္ကန့်ပိုင်းအတွင်း ရှာဖွေနိုင်ခဲ့သည်။ လေ့ကျင့်သင်ကြားပေးသူများ၏ အဆိုအရ ကြွက်ဖြူများ၏ အနံ့ခံအာရုံသည် ခွေးများ၏ အနံ့ခံအာရုံကဲ့သို့ပင် ကောင်းမွန်ကြောင်း သိရသည်။ ကိုလံဘီယာ ရဲတပ်ဖွဲ့ဝင်များသည် မိုင်းနှင့် အခြားဖောက်ခွဲရေးပစ္စည်းများ ရှာဖွေရာတွင် ခွေးများကို အသုံးပြုခဲ့သော်လည်း ၄င်းတို့၏ လေးလံသော ကိုယ်အလေးချိန်ကြောင့် မိုင်းများ မကြာခဏ ပေါက်ကွဲလေ့ရှိသဖြင့် ယခုကဲ့သို့ အလေးချိန်ပေါ့ပါးသည့် ကြွက်ဖြူများကို အသုံးပြုရန် စီစဉ်ရခြင်းဖြစ်သည်။ (အင်တာနက်)

0 comments:

Post a Comment

ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...

Twitter Delicious Facebook Digg Stumbleupon Favorites More