Friday, February 24, 2012

မိုးကြိုးပစ်တာကို ထန်းလျက်နဲ့ ကာနေကြတဲ့ သူများ အတွက်

ဆန်ရှင်လုပ်ဖို့ ဒေါ်စုက မတောင်းဆိုခဲ့ပါဘူး ဆိုပြီး တစ်ချို့တွေက အတင်းကို ငြင်းခဲ့ကြပါတယ်... ဒေါ်စုရဲ့ နှုတ်ဖျားကလဲ ဆန်ရှင်ကြောင့် ပြည်သူတွေ မထိခိုက်ပါဘူးတဲ့... ဟုတ်ရဲ့လားဗျာ... ?? NLD ကလဲ ငြင်းထားလိုက်ပါသေးတယ်.. ဒေါ်စုက ဆန်ရှင်လုပ်ဖို့ မတောင်းဆိုခဲ့ပါဘူးဆိုပဲ... အောက်က သတင်းလေး ဖတ်ကြည့်ကြပါဦးဗျာ...

မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေက စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ထားသည့် အကြောင်းအမျိုးမျိုးအနက် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က စစ်အစိုးရအပေါ် နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့ဖို့ တောင်းဆိုခဲ့သည့် သာဓကရှိသည်။ သို့သော် နောက်ပိုင်းမှာ အန်အယ်လ်ဒီက စီးပွားရေး ပိတ်ဆို့ဖို့ မတောင်းဆိုခဲ့သယောင် အန်အယ်လ်ဒီမှ ထုတ်ပြန်ချက် ထုတ်ခဲ့ဖူးသည်။ သမိုင်းကြောင်း ရှင်းစေရန် ပြန်ကြည့်မည်။

အန်အယ်လ်ဒီသည် စီးပွားရေးပိတ်ဆို့မှုတွေ မတောင်းဆိုခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည် ၂ဝဝ၃ ခုနှစ် ဧပြီင်္လမှာ ပြောသည့် စကားကို ကိုးကားပြီး အန်အယ်လ်ဒီ၏ တချိန်က ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ကျနေချိန်ဖြစ်သည့်အတွက် မီဒီယာတွေက ဒေါ်စုကို ထိုအချိန်က မေးခွင့်မရခဲ့ပေ။

ဒီမိုကရေစီရေး ထောက်ခံသူတွေကို စစ်အစိုးရက ဖမ်းဆီးနေသည့်အတွက် စစ်အစိုးရအပေါ် နိုင်ငံတကာက စီးပွားရေးဒဏ်ခတ်မှု (ဆန်ရှင်) လုပ်ပေးပါရန် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မေတ္တာရပ်ခံခဲ့သည်။

၁၉၉၇ ခု ဖေဖော်ဝါရီလထဲမှာ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့ရေးအတွက် ရန်ကုန်အခြေစိုက် နိုင်ငံခြားသတင်းထောက်များနှင့် တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံခဲ့သည့်အကြောင်း ၁၉၉၇ ခု ဖေဖော်ဝါရီ ၃ ရက်နေ့စွဲပါ ရန်ကုန်က လာသည့် အေပီသတင်းမှာ အောက်ပါအတိုင်း ဖော်ပြထားသည်။

Burma's Suu Kyi Urges Sanctions

Monday, February 3, 1997 4:53 pm EST

RANGOON, Burma (AP) -- Nobel Peace Prize-winner Aung San Suu Kyi appealed Monday for international sanctions against Burma's military regime, saying it has arrested scores of pro-democracy supporters since quelling a student uprising.

More than 100 people -- double the number acknowledged by the government -- have been arrested in the wake of the December student protests, including 52 supporters of her National League for Democracy, Suu Kyi said. After secret trials, Burma announced it had sentenced 34 people to seven-year prison terms for fomenting the protests, Burma's most significant demonstrations since an uprising against military rule in 1988. Sanctions are essential given ``large-scale repression of the democracy movement,'' Suu Kyi told reporters, who were given a rare chance to meet with her in what has been increasing government restrictions on her movements.

Security officials checked journalists' identifications before allowing them past the government barricades around the lakeside home of Suu Kyi, winner of the 1991 Nobel Peace Prize for her efforts to bring democracy to Burma. Plainclothes officers took photographs of those entering.

Burma's ruling State Law and Order Restoration Council, which succeeded an earlier military regime in 1988 after gunning down thousands of protesters, has opened the economy to foreign investment after years of isolation.

Suu Kyi rejected the argument that foreign investment in Burma will raise living standards and freedom.

``The reason why we want sanctions is because what the international investment is doing now is putting more and more money into the pockets of a small privileged group, who become more keen on preserving the status quo,'' she said.

She also praised the ``great perseverance and courage'' of supporters who have gathered at the Shwedagon pagoda, Rangoon's holiest shrine, in recent weeks in the vain hope she would appear to speak.

``We think that every single person who turns up for the weekend has 10,000 behind him or her,'' she said.

Inside the compound, about 20 party supporters made preparations for a celebration Suu Kyi plans to hold Feb. 12 for Union Day, marking a pact signed by anti-colonial leaders against British rule.

Suu Kyi expressed hope that 4,000 to 5,000 people would come -- more than the regime has allowed her to meet in months.

She faulted the government for the secret trials of those accused in the December protests.

``If the authorities have solid evidence of their guilt, they should have no qualms about making the trials public,'' Suu Kyi said.

The U.S. State Department, in its annual human rights report issued last week, said that such trials in Burma usually are decided in advance and that maltreatment in prison is common.

Burmese Foreign Minister Ohn Gyaw said Saturday the report was ``not duly substantiated.''

The SLORC has curtailed Suu Kyi's movement to the extent possible without formally returning her to house arrest. She was freed from six years of house arrest in 1995. The government has refused her calls for a dialogue. Suu Kyi's supporters overwhelmingly won democratic elections in 1990, but the regime never honored the result.

[Associated Press, 3 Feb 1997].

၁၉၉၆ ခု ဇူလိုင်လတုံးကလည်း အီးယူပါလီမန်အမတ်တွေကို ပြသဖို့ မြန်မာပြည်က ခိုးထုတ်လာသည့် ဒေါ်အောင်ဆန်းစုကြည်၏ ဗီဒီယိုတိတ်ခွေထဲမှာ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့ဖို့ တောင်းဆိုထားသည့်အကြောင်း ၁၉၉၆ ခု ဇူလိုင် ၁၈ ရက်နေ့စွဲပါ ဘရပ်ဆဲက လာသည့် ရိုက်တာသတင်းမှာ ဖော်ပြထားသည်။

မြန်မာနိုင်ငံကို ဒဏ်ခတ်ပိတ်ဆို့သည့်အတွက် အခွင့်ထူးခံလူတန်းစားကိုသာ ထိခိုက်မှာဖြစ်ပြီး သာမန်ပြည်သူတွေကို မထိခိုက်နိုင်ကြောင်း အီးယူကို ပို့သည့် ဗီဒီယိုတိတ်ခွေထဲမှာ ဒေါ်အောင်ဆန်းစုကြည် ၁၉၉၆ ခုနှစ်က ပြောခဲ့သည်။

မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ထားခြင်းသည် သာမန်မြန်မာပြည်သူကို ထိခိုက်ဖို့မဟုတ်ဘဲ စစ်အစိုးရ၊ စစ်အစိုးရနှင့် ဆက်စပ်သည့် အဖွဲ့အစည်းများ၊ ကုမ္ပဏီများ စစ်အစိုးရကို မှီပြီး စီးပွားရှာနေသူများအတွက် ရည်ရွယ်ထားသည့် Targeted Sanctions ဖြစ်ကြောင်း အမေရိကန်အစိုးရက ရှင်းရှင်းလင်းလင်း ပြောဆိုထားပြီး ဖြစ်သည်။

အဆိုပါ အထောက်အထားတွေအရ အန်အယ်လ်ဒီ အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရအပေါ် နိုင်ငံတကာက ဆန်ရှင်လုပ် ဒဏ်ခတ်ဖို့ တောင်းဆိုခဲ့ကြောင်း ထင်ရှားသည်။

ဒေါ်စုက ကိုယ်တောင်းဆိုခဲ့တဲ့ ဆန်ရှင်အတွက် အမြဲတမ်း ငြင်းခဲ့တဲ့ ဆန်ရှင်က ပြည်သူကို မထိခိုက်ပါဘူးဆိုတာကရော ဟုတ်ပါသလား?? ဒေါ်စုတို့ ပြောပြောနေတဲ့ ဆန်ရှင်ဆိုတာ အစိုးရရယ် အစိုးရနဲ့ ဆက်စပ်တဲ့ အဖွဲ့ အစည်းတွေ ကုမ္ပဏီတွေကိုပဲ ထိခိုက်ခဲ့ပါသလား?? ဘယ်သူတွေက ပိုထိခိုက်ပါသလဲ?? ပိုက်ဆံရှိနေတဲ့ သူတွေက ပိုက်ဆံရှိနေရင် ကြိုက်တဲ့ စီးပွားရေးကို လုပ်လို့ရပါတယ်.. ရင်းနှီးမြုပ်နှံမှုတွေ မရှိရင် အလုပ်တွေ မရှိတော့ဘူး အလုပ်တွေ မရှိရင် အလုပ်လက်မဲ့တွေ ပေါလာမယ်.... အလက်မဲ့တွေက ဘယ်သူတွေလဲ?? ပိုက်ဆံမရှိတဲ့ ဆင်းရဲသားကျောမွဲတွေကသာ အလုပ်တွေ ရှားသွားရင် ဘာတွေ လုပ်စားကြမလဲ?? ဆန်ရှင် လုပ်လိုက်လို့ ထွက်သွားတဲ့ အထည်စက်ရုံတွေကနေ အလုပ်လက်မဲ့ဖြစ်သွားမဲ့ ဖြစ်သွားတဲ့ အလုပ်သမားတွေက ဘယ်လို လူတန်းစားတွေလဲ ဒေါ်စုသိပါသလား?? ဆင်းရဲသားတွေ အလုပ်ရှားသွားရင် ကျောကော့အောင် ခံရတယ်ဆိုတာကော ဒေါ်စုစာနာတတ်ပါသလား?? ကိုယ့်နိုင်ငံမှာ အလုပ်တွေ ရှားလာလို့ လခတွေက အပြိုင်အဆိုင်ပေးမယ့် သူတွေ မရှိကြလို့ လခတွေ နည်းလို့ နိုင်ငံခြား ထွက်အလုပ်လုပ်ကြရတော့ ကိုယ့်နိုင်ငံအတွက် လူအင်အားတွေ ဆုံးရှုံး၊ လူစွမ်းအားအရင်းအမြစ်တွေ ဆုံးရှုံးနေကြတာတွေ အများကြီးပါ.... အဲဒါတွေက ဆန်ရှင် ကြောင့် ပြည်သူတွေကို မထိခိုက်ပါဘူးဆိုတဲ့ ဒေါ်စုနဲ့ ဒေါ်စုဘာ လုပ်လုပ် မှန်ပါတယ်ဆိုပြီး ထောက်ခံနေတဲ့ သူတွေ စဉ်းစားမိပါသလား??

ဆန်ရှင်လုပ်လိုက်လို့ တိုင်းပြည်တိုးတက်ဖို့နဲ့ ပြည်သူတွေ မထိခိုက်ပါဘူး လို့ ပြောနေပေမယ့် လက်တွေ့မှာ အပြိုင်အဆိုင် ရင်းနှီးမြုပ်နှံမယ့် သူတွေ နိုင်ငံတွေ မရှိတော့တဲ့ အတွက် တိုင်းပြည်တိုးတက်ဖို့ အတွက် လာရောက် ရင်းနှီးမြုပ်နှံကြတဲ့ စက်ရုံတွေ ရင်းနှီးမြုပ်နှံမှုတွေကနေ လက်တွေ့မှာ အလုပ်လုပ်ရင်းရလာတဲ့ ဗဟုသုတတွေ နည်းပညာတွေ အများကြီး ဆုံးရှုံးသွားရတယ်ဆိုတာ ဘယ်သူငြင်းနိုင်ပါသလဲ??

နောက်ပြီး ကိုယ့်နိုင်ငံက ထွက်ကုန်တွေ ၀ယ်သူတွေ မရှိလို့ ဈေးချိုချိုးနဲ့ ရောင်းရတာတွေ... အဲဒီလို ရောင်းရတဲ့ အတွက် ကုန်ပစ္စည်းတွေကို တိုးတက်အောင် မလုပ်နိုင်တာတွေ ရှိနေခဲ့တာတွေကလဲ ဆန်ရှင်ကြောင့် ဆုတ်ယုတ်လာတဲ့ ဖြစ်ရပ် တစ်ခုပါပဲ...

ထို့ပြင် ကျွန်တော်တို့က ပြန်ဝယ်သုံးနေရတဲ့ အခါတွေမှာ ၀ယ်လို့ရတဲ့ တရုတ်စက် (တရက်စုတ်တွေ)ကို ဈေးပေါပေါနဲ့ ပစ္စည်းခပ်ညံ့ညံ့တွေကို သုံးနေရတဲ့ အတွက် လေလွင့်မှုတွေ ပြုန်းတီးမှုတွေ အများကြီး ဖြစ်နေတယ် ဆိုတာကော ဒေါ်စုနဲ့ ဒေါ်စုဘာလုပ်လုပ် ထောက်ခံနေကြတဲ့ သူတွေ သိပါသလား?? ပြည်သူတွေ ခေတ်နဲ့ အမှီ မလိုက်နိုင်ကြတာလဲ မပြောပါနဲ့... သုံးရတဲ့ ပစ္စည်းတွေ အများစုက တရုတ်ပြည်ကနေ ကွာလတီ မပြည့်မှီတဲ့ အသုံးအဆောင် ပစ္စည်းတွေကို ၀ယ်သုံးနေရတဲ့ အတွက် အများကြီး ဆုံးရှုံးနှစ်နာကြပါတယ်.. (ဥပမာ မြန်မာနိုင်ငံထဲကိုဝင်တဲ့ တရုတ်လုပ် အမ်ပီး သရီ၊ အမ်ပီဖိုးတို့ဆို ကြာကြာသုံးလို့ မရပါဘူး ခဏလေးနဲ့ ပျက်ကြပါတယ်... )

အဲဒါတွေက ပြည်သူတွေကို မထိဘူးတဲ့လားဗျာ... ???

စီးပွားရေး ပိတ်ဆို့ရခြင်းရဲ့ ရည်ရွက်ချက်က ဘာလဲ ဆိုရင် ပြည်သူတွေကို အလုပ်လက်မဲ့တွေ ဖြစ်အောင် လုပ်မယ် အလုပ်ရှားပြီး အလုပ်လက်မဲ့ ဖြစ်လာပြီ ဆိုရင် ပြည်သူတွေ လမ်းပေါ်ထွက် ဆူပူမယ်.. အစိုးရကို ပြစ်တင် ရှုံချကြမယ်.... ပြီးရင် ထိန်းမရအောင် ဖြစ်လာရင် အုပ်ချုပ်နေတဲ့ အစိုးရ ပြုတ်ကျမယ်... စတဲ့ ရည်ရွက်ချက်နဲ့ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုတွေ လုပ်ကြတာပါ.. အဲဒါကြောင့် အဲဒါရဲ့ အဓိက ရည်ရွယ်တဲ့ ပစ်မှတ်ကတော့ ပြည်သူတွေပါပဲ... ပြည်သူတွေ အထိနာလေလေ ပိုဆူပူလေလေ ရည်မှန်းချက် ပိုအောင်မြင်လေလေ ဖြစ်ပါတယ်...

သို့သော် ဘယ်လိုပဲ စီးပွားရေးပိတ်ဆို့မှု ဒို့မမှုဆိုပြီး ကြိုးစားခဲ့ပေမယ့် တိုင်းပြည်တိုးတက်ဖို့ အတွက်နဲ့ ပြည်သူတွေ စားဝတ်နေရေးချောင်လည်ဖို့က ဆန်ရှင်က အရေးကြီးတယ်ဆိုတာ သိသိကြီးနဲ့ အနှစ် ၂၀လုံးလုံး မမြင်ချင်ယောင်ဆောင်ပြီး ပြည်သူတွေ ငတ်ပြတ်လို့ အုံကြွဆူပူပြီး အစိုးရပြုတ် အေးသာပဲ ဆိုတဲ့ အထာနဲ့ လုပ်ချင်ရာလုပ် တာကတော့ မကောင်းပါဘူး...

ဒေါ်စုပါးစပ်ကသာ ဆန်ရှင်က ပြည်သူတွေကို မထိခိုက်ပါဘူး လို့ ဆိုပြီး မိုးကြိုးပစ်တာကို ထန်းလျက်နဲ့ ကာနေပေမယ့် တကယ်တန်းကြတော့ လယ်ပြင်မှာ ဆင်သွားသလို အသိသာကြီးပါ...ပြည်သူ့ အတွက်ပါဆိုပြီး ပါးစပ်ကသာ မိုးမွှန်အောင် ပြောနေပေမယ့် လုပ်ရပ်နဲ့ ရလဒ်က ပြည်သူတွေကို ထိခိုက်နေတယ်ဆိုတာကိုလဲ ကိုယ့်ကိုယ်ကို ခေါင်းဆောင်ပါဆိုရင် (ခေါင်းဆောင်လို့ ခံယူထားရင်) ပြန်သုံးသပ်သင့်နေပြီ....

0 comments:

Post a Comment

ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...

Twitter Delicious Facebook Digg Stumbleupon Favorites More