မှတ်မှတ်ရရလေးပေါ့။ စုမှူးသင်တန်းက ဆင်းတော့ တပ်ကို အပြန် ရန်ကုန်မှာ ဖြစ်ပျက်ခဲ့တာလေးပါ….။အဲ့နေ့က ကျနော် အိမ်(၁)ရက်ဝင်နေလို့  တပ်ကို ပြန်ဖို့ရာ နည်းနည်း နောက်ကျတာပါဆိုတာ (ပိုင်အိုနီးယား)မှာ ကားခဏရပ်တဲ့ အချိန် တပ်ရင်းမှူး အဘ ကို ဖုန်းနဲ့ သတင်းပို့တော့ အရာရှိလူပျိုဆောင်က ထမင်းချက် ဇော်ဇော် ခွင့်ပြန်တာ ပြန်မေ၇ာက်သေးလို့ စိတ်ပူလို့ ရန်ကုန်မှာ ၀င်ကြည့်ခဲ့ပါဦးဆိုတဲ့ နှုတ်မိန့်ကို ရရှိချိန်ပေါ့…။
ဇော်ဇော်အိမ်ကို သွားမယ်ဆိုပြီး ရန်ကုန် ကားကွင်းမှာ ဆင်းတယ်ဆိုရုံလေး လူတစ်ယောက်ကို လူအုပ်တွေ ၀ိုင်းရိုက်လို့ပေါ့…။ ရန်ကုန်ကို ကားဆိုက်ချိန်က စောလွန်းတယ်လေ။ မှောင်ရီပျပျ ဆိုတော့ ဘာအတွက်ရယ်ကြောင့်၊ဘယ်သူကို ရိုက်နေတယ်ဆိုတာ ကျနော် မသိဘူး။ တခုခုဆိုတဲ့ စိတ်နဲ့ မဆိုင်သလို ခဏပဲလှည့်ကြည့် လိုက်မိတယ်။ ဒါပေမဲ့ လူလုံးလည်း မကွဲပါဘူးလေ။ အောက်က တယောက်ကတော့ ဘာမှ ကို ပြန်မလုပ်နိင်ရှာဘူး..။ နောက်တော့ အားရ ကျေနပ်ဟန်နဲ့ အဲလူတစုက ထိုးနှက်ကန်ကျောက်အပြီး ထွက်သွားတော့ ထိုးခံရတဲ့သူက ခွေခွေလေး ထတောင် မထနိုင်ရှာဘူး။ မိုးကလည်း ဖျောက်တောက်တောက်နဲ့လေ။ မိုးရေထဲက သူ့ကို ဘယ်သူမှ ထူပေးဖို့ စိတ်ကူးမရှိကြဘူး။ ရန်ကုန်မြို့ကြီးပြကြီး က လူတွေ အဲလိုစိတ်နဲ့ လားလို့တောင် သူတွေးထင်နေမိတယ်။ ဒါပေမဲ့ သူကလည်း ဆိုးပေနေလို့လား ပေါ့လို့လည်း ပြန်တွေးမိပြန်တယ်။ ကားသမားတွေရဲ့ ရှောင်ကွင်းမောင်းနှင် သံကြားမှာ ဆဲဆိုသံတွေကလည်း ညံလို့ပေါ့…။
*************************************************************
သွားထူမယ်လုပ်တော့ ထိုးခံရတဲ့ သူက သူဟာသူထနေတယ် …။ အမူးသမားဆိုလည်း ခက်ချေရဲ့။ သူ့အတွေးပင် မဆုံးလိုက်..။ ထိုးခံရတဲ့ သူက တခြားဘက်ကို ပြေးထွက်သွားတာ ကို တွေ့ မြင်လိုက်ရတယ်။ အော် ဘာမှတော့ မဆိုင် စိတ်ထဲမှာတော့ ဘာကြောင့် ဖြစ်ရတာလဲ ဆိုတာ တွေးနေမိတယ်။ လူကလည်း ခက်သားလား။ မသိချင်နဲ့ဆိုရင် သိချင်ပြန်ေ၇ာလေ…။ ရန်ကုန်မှာလည်း အမျိုး မရှိတာ မို့  ကားကွင်းထဲက တည်းခိုးခန်းမှာပဲ သူအိပ်ရမည် ဖြစ်သည်။ ကားပေါ်မှာ အိပ်ရတာ က ဘယ်လိုမှ အဆင်မပြေ။ မော်လမြိုင် ကို ကူးဖို့က ကားက ညနေမှ ၇ှိမှာဆိုတော့ နေ့တပိုင်းတော့ ကောင်းကောင်း နားလို့ ရသေးသည်။
ဘေးနားက ရွှေမိုး တည်းခိုးခန်းမှာ ခဏ၀င်တည်းသည်။ မနက် (၁၀)နာ၇ီလောက်မှ သူပြန်နိုးဖြစ်သည်။ မနက်ေ၇ာက်တော့  အောက်က လက်ဘက်ရည်ဆိုင်မှာ မနက်စာစားဖို့ သူသွားတော့ မိုးလင်းတုန်းက အထိုးခံရသည် သူကိုပြန်တွေ့ သည်။သေချာတာပေါ့ သူ့ ရဲဘော် ။ ဇော်ဇော်မှ ဇော်ဇော်။
********************************
လက်ဘက်ရည်ဆိုင် ထောင့်နားမှာ ခွက်တလုံးနှင့်။ ဒါဆို သူတောင်းစား နေတာပေါ့ ။
မောင်ဇော် ကျနော်လှမ်းခေါ်တော့ သူ့ က လှမ်းကြည့်သည်။
ဟာ………ဗိုလ်ကြီး …..သူ ကျနော်ထံ ပြေးလာပြီး ဖက်သည်။ ပြီးနောက် ရှိုက်ကြီးတငင်နဲ့  ငိုသည်။ မျက်နှာက ဒဏ်ရာဒဏ်ချက်တွေနဲ့ ။
မောင်ဇော် မင်း …မင်း ဒါဆိုရင် မနက်က ထိုးခံရတာ မင်းပေါ့…။
သူက ခေါင်းညိတ်ပြသည်။ မော်ဇော် ရာ ငါ အနားမှာ ရှိရက်နဲ့ကွာ ….။ သူ့ ကျိတ်ခဲမရ နိုင်ဖြစ်မိသည်။ ဘာဖြစ်လို့လဲ ငါ့ကိုပြောစမ်း… မောင်ဇော်လို့ဆိုတော့...။
***************************************
ဗိုလ်ကြီး ကျနော် အမေ နေမကောင်းဘူး..။ ကျနော် အင်းဝဘဏ်က စုကြေးငွေက လည်း အမေ့ဆေးဖိုးနဲ့ ကုန်ပြီ…။ ပြန်ဖို့ လမ်းစရိတ်လည်း မရှိတော့ဘူး။ ခုလည်း တပ်က ကျနော်ကို တပ်ပြေးလို့ သတ်မှတ်တော့မလား မသိဘူး ဗိုလ်ကြီးရာ။ ကျနော်ခွင့် လွန်နေပြီ။ ခုလည်း ကျနော် အလွန်မဟုတ်ပါဘူး။ ခရီးသည်တွေရဲ့ အထုပ် အပိုးတွေကို စက်ဘီးနဲ့  ကားဂိတ်တွေ လိုက်ပြောင်း ပေးတာလုပ်နေတာ လေ။ ခုနက ခရီးသည် တယောက်က ဒီနားလေးတင် သူ့ လိပ်စာက ။ TAXI သမားက အဝေးကြီးဆိုပြီး ပိုက်ဆံ လိမ်တောင်းနေတာ ။ကျနော်ကလည်း ပိုက်ဆံ လိုနေတော့  အမရယ် ကျနော် စက်ဘီးနဲ့ လိုက်ပို့ ပါ့ မယ် ၁၅၀၀ ပဲ ပေးပါ။ အမသွားချင်တာ ဒီနားလေး တင်ပါလို့ပြောတာ ကို သူတို့ က ၀ိုင်းထိုးတော့တာပဲ ဗိုလ်ကြီးရာ….။။
ကျနော် တော်တော်လေး စိတ်တိုသွားသည်။ လုပ်ရက် လိုက်ကြလေခြင်း။ မိုးေ၇တွေကလည်း စိုနေပြီ။ မောင်ဇော်ကို ကော်ဖီပူပူလေးနဲ့  မုန့် ကျွေးသည်။ တကယ်တော့ မောင်ဇော်လို့ ခေါ်တာ ကျနော် အကျင့်တခု ။ရဲဘော်တိုင်းကို ဘယ်တော့မှ ရဲဘော်ဟု ကျနော် မခေါ်။ တပည့်ဟုလည်း မသုံးနှုန်း။ သူတို့နာမည် ရှေ့ မှာ မောင်ထည့်ပြီး ကျနော်ခေါ်သည်။ ဆရာများဆိုလျှင်တော့ ရှင်းသည်။ ရာထူးနဲ့ ခေါ်ယုံသာ။ နောက် ကျနော်တည်းခိုးခန်း ခေါ်သွားပြီး မောင်ဇော်ကိုေ၇ချိုးစေသည်။ ကျနော် အ၀တ်တွေပေးဝတ်ပြီး သူ့ အိမ်ကို လိုက်ပို့ရန် ပြောသောအခါ လိုလိုငှာငှာပင် ဖိတ်ခေါ်သည်။ မောင်ဇော်အိမ်က မြောက်ဒဂုံမှာ ။ စက်ဘီးတောင် အငှားဟုဆိုသည်။ အိမ်လည်းေ၇ာက်တော့ သူ့အမေ က စောင်လေးခြုံလို့  အဖျားတက်နေသည့်ဟန်။ မောင်ဇော် အမ လင်မယားတော့ေ၇ာက်နေကြသည်။ ကျနော်လည်း မောင်ဇော် က ခွင့်ရက်စေ့ နေပြီဖြစ်လို့ ပြန်ခေါ်သွားရမှာ ဖြစ်တဲ့အကြောင်း ပြောပြရသည်။ ပြီးနောက် ကျနော်တွင် လက်ကျန်ငွေ ၃ သောင်းခွဲထဲက ၂သောင်းကို ထားခဲ့သည်။သူ့အမေကလည်း ကျေးဇူးတွေ တင်လို့။ မောင်ဇော် မျက်နှာကတော့ ဆိုဖွယ်ရာမရှိတော့။
မောင်ဇော် ကိစ္စလုံးပန်းနေသည်နှင့် ကားလက်မှတ် ၀ယ်ဖို့ သူ့ မေ့သွားသည်။ ကားကွင်း ရောက်တော့ အတော်လေး နောက်ကျလို့ နေပြီ။ ဒါပေမဲ့ ဒီဘက်ကားတွေမှာ အမြဲတမ်း VIP ခုံချန်ထားလို့ တော်သေးသည်။ သူသွားတော့ေ၇ှ့ ခန်း ၂ ခုံ က မည်သူ့မှ မယူသေး။ ကားလက်မှတ်ဝယ်ပြီး ကားထွက်ဖို့ စောင့်နေလိုက်သည်။ မောင်ဇော် က ဗမာလူမျိုး။ ရုပ်ကတော့ အနည်းငယ် ကုလားဆန်သည်။ ရှေ့ တန်းမှာ သိပ်အားကိုးရတဲ့ သူပေါ့။ ကျနော်တပ်ခွဲက ပွိုင့်မှာ ဆိုရင် အတော်စိတ်ချရတဲ့ သူလေ။ ကျနော် သူ့ကို တခြားရဲဘော်တွေထက် ပိုအားကိုးတယ်။ အမြဲတမ်း ကျနော်ခိုင်းသမျှ လည်း ဖြစ်အောင် လုပ်ပေးတဲ့ သူလေ။ လုပ်ပေးတယ်ဆိုမှ ကျနော် က အုန်းသီး သိပ်ကြိုက်တာ။ တပ်က လူပျိုဆောင်ရိပ်သာမှာ ဆို အုန်းပင်တွေ ပေါမှပေါ။ နေ့လည်ဘက် အုန်းရည် သောက်ချင်ရင်…ဒါမှမဟုတ် အုန်းခြစ် စားချင်ရင် မောင်ဇော်ရေ ဆိုတာ နဲ့ တဗုန်းဗုန်းနဲ့ပေါ့။ နောက်တန်းမှာလည်း အဲလို အားကိုးရတာ ။
ကားထွက်ခါနီးကျတော့ ပြသနာတက်သည်။ကောင်မလေးတယောက် လိုက်ဖို့  ကားလက်မှတ် မရတော့ ။သူတို့ အုပ်စု က (၁၅)ယောက်လောက် ၇ှိသည်။ ပျော်ပွဲစားလား တခုခုဖြစ်မည်။ ကားထွက်ခါနီး အပေါ့ ခဏကျနော်သွား၊ ပြန်လာတော့ ဘယ်က ဘယ်လို ဖြစ်သည်မသိ မောင်ဇော်က ကျနော်ဆီလာပြီး
ဗိုလ်ကြီး ကျနော်လက်မှတ်က ယူပြီးသားလို့ ပြောနေတယ် ………..လို့  ကျနော်ကို လာပြောသည်။အာ…ငါကိုယ်တိုင်ဝယ်ထားတာ မင်းကလည်း…..
ဂိတ်မှာ သွားပြောတော့ ကားသမားက နှာ ကျ တဲ့ အဖြစ်။ ခရီးသည် ရှားသလားလို့။ မောင်ဇော်ကလည်း တကယ့် နုံသည်။ စာမတက် ပေမတက်ဆိုတော့။ ကောင်မလေးတွေဘက်မှ အုပ်ထိန်းသူ အမျိုးသမီး အသက်(၃၅) ခန့်  က သူဆီ လာ အကူအညီ တောင်းသည်။ သူ ကလည်း ဘုတော။ ခရီးသည် ရှားသလားဗျာ။ ဆိုတော့ ကျန်တဲ့ သူတွေက ဦးဇင်းတွေနဲ့ မိသားစုလိုက် ခရီးသည်တွေမို့ ပါတဲ့။ ခရီးကလည်း မသွားမဖြစ်လို့ ပါဆိုတော့။ ဘာလုပ်ရမယ် ကျနော်မသိ။ နောက်ဆုံးတော့ ဦးဇင်းတပါးကို သူနဲ့ အတူ ထိုင်ပြီး ခုံပေးလိုက်ရသည်။ မောင်ဇော်ကိုတော့ ကြားခုံလုပ်ပေးသည်။ ကားအတော်လေးသွားမိတော့ ပြသနာက စတက်ပြန်သည်။ မောင်ဇော်ကို သူတို့ နားမှာ ကြားခုံ ပေးထားခြင်းဖြစ်သည်။ ကားသမားကို မောင်ဇော် က နံလို့ ဆိုပြီးလာပြောသည်။ဒီကုလားကို နေရာပြောင်းပေးပါဟု မိန်းကလေးတစ်ယောက်က လာပြောသည်။ဒေါသ က ထိန်းမရတော့  ။ခုံလည်းပေးထားရသေးတယ်။အကြောကလည်း မပြင်သေးဘူး။ပိုက်ဆံပေးလိုက်တာတောင် သူ့ ရဲဘော်က အနစ်နာခံထားတာ ကိုမှ မထောက်။စစ်သားဆို ကြည့် မရဘူးဆိုတဲ့  အသံလည်းကြားလိုက်ရသည်။ဘာမို့ လို့  VIP ခုံမှာ နေရာရတာလဲနှင့်  အတင်းအုပ်ခံနေရသည်။သတိတရပဲ။ဆေးရောင်စုံ အညိမ့်  ကားပေါ်မှာပြနေတာ ။တအုပ်လုံး ပွဲကျလို့  အတင်းပြောတဲ့  အသံတွေနဲ့ ။သူတို့  စစ်သားတွေကို စောင်းပြောနေမှန်းတော့ သိသည်။မခံနိုင်တော့  ။ကားလယ်လောက် ကြားမှာ မတ်တပ်ရပ်ပြီး လူမိုက်လုပ်လိုက်သည်။နောက်တော့  ပွစိသံတွေငြိမ်သွားသည်။မတက်နိုင်။လူလူခြင်း နိမ်သလိုလို ပြောတာ ကိုတော့  လက်မခံ။
နောက်တော့ မောင်ဇော်က ရှက်ရှက်နဲ့  ကျနော်နားလာထိုင်သည်။ကားရှေ့ နားလေးမို့  စပယ်ယာနဲ့  ထိုင်ခုံအပိုက မရှိ။အလယ်ကောင်မှာ ငုတ်တုတ်လေး။ဒေါသကထွက်ထွက်လာသည်။ပဲခူးရောက်တော့  ဗိုက်ကြီးသည် လင်မယားတက်လာသည်။မသွားမဖြစ်လို့ ဆိုကာ တောင်းပန်ပြီးလိုက်လာသည်။အလယ်ခုံက ဗိုက်ကြီးသည် မိန်းမ အတွက်ဖြစ်လာတော့ သူ့ ယောက်ျားက လည်း အလယ်ကောင်မှာ ငုတ်တုတ်လေး။ကံဆိုးပြီဟုတွေးလိုက်မိသည်။သူ မနေသာတော့  ။ သူ့ တို့ ထဲက တယောက်ကို ရှေ့ တက်ခိုင်းပြီး အလယ်ခုံနားမှာ အမျိုးသမီးယောက်ျားကို ထိုင်စေသည်။ကျနော်နဲ့ ဇော်ဇော်က ကားအနောက်မှာ ခုံကြားထဲ ၂ ယောက်သား။ကားပေါ်ပါလာတဲ့  (၃၅)ယောက်သော သူများက လုံးဝတုတ်တုတ်မလှုပ်ကြ။အိပ်နေသလိုလို မသိကျေးကျွန်ပြူသည်။
လမ်း မှတ်ပုံတင်စစ်တော့  မိန်းကလေးများအုပ်စုထဲမှ တယောက်က မှတ်ပုံတင်မပါခဲ့ ။မှတ်မှတ်ရရ ဘီးလင်းတံကား ပစ်ခတ်မှု့ အပြီး လုံခြုံရေးတွေ တင်းကျပ်လို့ ။ဂိတ်မှာ စစ်လို့ မပြီးတော့  ချေ။ကားက ဆက်မထွက်နိုင်တော့ ။သူ့ တာဝန်ခံပြောခါမှ အဆင်ပြေတော့ သည်။ဒါတောင် သူ့ လက်မှတ်က အဆစ်ပါကျန်ခဲ့ ရသေးသည်။ဒါနဲ့  ပြသနာက မဆုံးလိုက်။ကျိုက်ထို ကျော်ကျော်လေးကျတော့  ဗိုက်ကြီးသည် အမျိုးသမီးက မွေးချင်ပြန်သည် ဟု အော်နေပြန်သည်။တကားလုံးဆူညံသွားသည်။ကားသမား ဦးလေးကြီးက ဘာလုပ်ရမယ်မသိ။ကားကို လမ်းဘေးထိုးရပ်လိုက်ရသည်။ကျိုက်ထို ကို ပြန်မောင်းဖို့  ပြောတော့  မရတော့ ဆိုကာ အတင်းအော်နေပြန်သည်။နောက်မှ မောင်ဇော်က ကျနော်မွေးပေးမယ်ဟုဆိုကာ ကားလမ်းဘေးက အိမ်လေးမှာ အတင်းခေါ်သွားကြသည်။အဓိက ကတော့  ကျနော်နဲ့ မောင်ဇော် ။သူ့ ယောက်ျားနဲ့ ကားစပယ်ယာ၊နောက်ခရီးသည် ယောက်ျားကြီး (၁)ယောက် ။လမ်းဘေးက အိမ်ကလည်း အိပ်မောကျတုန်း ။တဒုန်းဒုန်းနဲ့ နိုးပြီး အကူအညီတောင်းရသည်။နိုးနေတုန်းမှာပဲ ဗွား ဆိုတဲ့  အသံတခု။ခြေထောက်တခုလုံး စိုရွှဲလို့ ။သွားပြီ။ဒါသူကြားဖူးနေကျစကားလုံး။ေ၇မွှာဆိုတာ တမ်းသိလိုက်ပြီ။အခန်းထဲထည့် ပြီး မကြာ မောင်ဇော်လက်စွမ်းနဲ့  ကလေးတယောက် ထွက်လာသည်။ မောင်ဇော်က တပ်မှာ ဆေးခန်းအကူဆိုတာ သူမေ့ သွားခဲ့ သည်။အော် တော်သေးသည်။မောင်ဇော်ရှိလို့  မဟုတ်ရင် ကားပေါ်မှာ ဘယ်သူမှ အားကိုးစ၇ာမပါ။နောက် မောင်ဇော်နဲ့ ကျနော် အဲအိမ်က ရေနဲ့ ခြေထောက်လက်ဆေးသည်။အ၀တ်အစားတော့ လဲချိန်မရ။ ထိုလင်မယားကိုလည်း ကားသမားနဲ့ ဘယ်လို ညှိလိုက်သည်မသိ အဲဒီအိမ်မှာပဲ ထားခဲ့လိုက်သည်။ ထိုခါကျမှ ကားဆရာနဲ့ ကားပေါ်က တဖွဲ့လုံး မောင်ဇော် ကို ၀မ်းပန်းတသာနဲ့ ကျေးဇူးတင်ကြသည်။ ခေါ်ခေါ်ပြောပြောနဲ့  ဖြစ်လာကြသည်။ စိတ်ထဲကတော့ ဆရာမင်းသုဝဏ် ကဗျာလေးကို ပဲသတိရမိလိုက်သည်။
ကျေးပင် ကျေးရိုး ကျေးမျိုးဆွပ်မှ ကျေးဇူးတင်သည် လူအမျိုးတည်းတဲ့လေ………..။
(မင်းသန့် )
0 comments:
Post a Comment
ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...