Wednesday, April 10, 2013

သင်္ကန်း ၀တ်ထားသော ဘင်္ဂလီ ၈ ဦးနှင့်အတူ လိုက်ပါပို့ဆောင်သည့် ဘုန်းကြီး တစ်ပါးအား အမ်းမြို့အထွက် စစ်ဆေးရေးဂိတ်တွင် ဖမ်းမိခြင်း

အမ်းတွင်ဖမ်းမိသော သင်္ကန်းဝတ် ဘင်္ဂလီကုလား ၈ ဦးအားကားပေါ်တင်ကာ ရန်ကုန်သို့ ပို့ဆောင်ပေးသော ဘုန်းကြီးဖြစ်ပါသည်။ ၉၆၉ ကိုအတုအယောင်လုပ်ကာ ဖန်တီးခြင်းဖြစ်ပါသည်။



ကျိုက်ထိုမြို့ ယခင်ကလည်း ဘင်္ဂလီများကို သင်္ကန်းဝတ်ပြီး ပို့ဆောင်ပေးခဲ့သည် ဟု ထွက်ဆိုပါသည်။ ယခုနှစ်တွင်လည်း ထပ်မံပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး ယခုတစ်ခါနှင့်ဆိုလျင် ၅ ကြီမ်ရှိပြီဟုသိရသည်။

ယခုနှစ်အတွင်း ဒုတိယ ခေါက်အား မတ်လ အတွင်းပြုလုပ်ခဲ့ပြီး ယခုနှစ်တွင် တတိယအကြိမ်၌ ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဘုန်းကြီးမှထွက်ဆိုပါသည်။ ကားသမားမှာ အံခူးနောင်(ခ) ရာဇာအောင် ဖြစ်သည်ဟုတ်လည်းထွက်ဆိုပါသည်။

*အမ်းတွင်ဖမ်းမိသော ကုလား ၈ ယောက်သတင်းအဆက်*

သင်္ကန်း ၀တ်ထားသော ဘင်္ဂလီ ၈ ဦးနှင့်အတူ လိုက်ပါပို့ဆောင်သည့် ဘုန်းကြီး တစ်ပါးအား အမ်းမြို့အထွက် စစ်ဆေးရေးဂိတ်တွင် ဖမ်းမိခြင်းအား အမှုဖွင့်ပြီဟုသိရှိရ
----------------------------------------------------


သင်္ကန်း ၀တ်ထားသော ဘင်္ဂလီ ၈ ဦးနှင့်အတူ လိုက်ပါပို့ဆောင်သည့် ဘုန်းကြီး တစ်ပါးအား အမ်းမြို့အထွက် ၊ ပဲပဒုံ စစ်ဆေးရေးဂိတ်တွင် ဧပြီလ ၅ ရက်နေ့ နံနက် ၉း ၃၅ ခန့်အချိန်တွင် ဖမ်းမိခဲ့ကြောင်းသိရသည်။ ဘုန်းကြီးအား စစ်ဆေးရာတွင် လွန်ခဲ့သော တစ်နှစ်ခန့်ကလည်း ဘင်္ဂလီ ၁၀ ဦးကို ရန်ကုန်သို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

ယခုအခါလည်း တစ်ဦးလျင် ဆယ်သိန်းကျပ်ဖြင့် ပို့ဆောင်ပေးသည်ဟု သိရသည်။

ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ (ပ) ၁၉/၃၆၇ /၂၉၅/၁၁၄ အရ ညနေ ၄း၃၀ တွင် အမ်းမြို့နယ် ရဲစခန်း၌ အမှုဖွင့်အရေး ယူထားကြောင်းသိရသည်။

ကားနံပါတ်မှာ ၅ဃ/၆၃၈၈ ဖြစ်ကြောင်းနှင့် အမှုဖွင့်အရေးယူထားပြီဖြစ်သည်။

အဆိုပါ ဘင်္ဂလီ ၈ ဦးမှာ ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းကျေးရွာနှင့် ခေါင်းတုတ်ကျေးရွာများမှ ဘင်္ဂလီများဖြစ်ကြောင်းနှင့် ၄င်းတို့အား ကားဖြင့် ပို့ဆောင်ပေးသည့် ဘုန်းကြီးမှာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ အင်းအေရွာ ၊ ဇမ္ဗူအေးကျောင်း တိုက် မှ ဦး ကောသိယ၊ သာသနာဝင်အမှတ် ၁၀/ကထန(သ) 002736 ဖြစ်ပြီး ဒရိုက် ဘာမှာ အက်ခူနောင်၊ ၂၄ နှစ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ၁၀/ကထန (နိုင်) 018822 ဖြစ်ကြောင်းသိရသည်။



၎င်းတို့အား ၉၆၉ စကေကာကပ်ထားသည့် CRW ကားအမျိုးအစား ၅ဃ/6388 ဖြင့် ဧပြီလ ၄ ရက်နေ့တွင် ကျောက်တော်မြို့မှ စတင်ခေါ်ဆောင် လာခြင်းဖြစ်ကြောင်းသိရသည်။

ယခုကဲ့သို့ ဘင်္ဂလီများ ပြည်မထဲသို့ မည်မျှထိခိုးဝင်နေခဲ့ကြသည်ကို မသိနိုင် ကြောင်းလည်း ရခိုင်ပြည်သူများက သုံးသပ်ပြောဆိုကြပါသည်။






ဆူးလေး တစ်ချောင်းရဲ့ ခံစားချက်



စစ်သားတွေက အရပ်သားတွေလို မဟုတ်ဘူး အရပ်သားတွေ မိန်းမ ပွေ ရှုပ်နေရင် ဘယ်မှာမှ သွားမတိုင်ရဲကြဘူးလေ... အဲဒီ အပွေ အရှုပ်ခံရတဲ့ မိန်းကလေးတွေက ဒူးနဲ့ မျက်ရည် ကို ကြိတ်ပြီး သုတ်ကြရတယ်...

စစ်သားတွေ စစ်ဗိုလ်တွေ... မိန်းမ ကိစ္စ ဖြစ်လို့... အဆင်မပြေလို့ စိတ်အခန့်မသင့်လို့ ပြတ် ကြလို့ မကျေနပ်ကြရင် တိုင်ကြ တောကြ လုပ်ကြတယ်... အတိုင်ခံရတဲ့ စစ်ဗိုလ်၊ စစ်သား က ဘ၀ပျက်ပြီး ထောင်ကျလို့ပေါ့... အဲဒါကို သူတို့ကပဲ မဟုတ်မခံ သူရဲကောင်းမကြီးတွေ လိုလိုနဲ့ ထောင်ထောင် ထောင်ထောင်နဲ့ ပေါ့...

ဒါပေမယ့် စစ်သား စစ်ဗိုလ်တွေက အရမ်းကို မြတ်မြတ်နိုးနိုးနဲ့ အားလုံးကို ပုံပြီး ချစ်ခဲ့ပေမယ့်... အဲဒီ ချစ်တတ်တဲ့ အသဲနှလုံးကို အက်စစ်နဲ့ ပတ် ဓါးနဲ့ မွှန်း ပြီး ဘ၀ပျက်အောင် လုပ်ခဲ့ ကြတဲ့ မိန်းမတွေကို ကော ဘ၀ပျက်အောင် ခံစားခဲ့ရတဲ့ စစ်သား၊ စစ်ဗိုလ်တွေ အတွက် မျှမျှ တတ ဖြစ်အောင် ဘယ်လို အရေးယူ ပေးကြမှာလဲ ဟင်... ဘယ်သူ့ကို သွားတိုင် ကြရမှာလဲဟင်... :(

အင်းးး.. ဘယ်သူတွေ ဘာပဲ ပြော ပြော စစ်သား စစ်ဗိုလ်တွေရဲ့ ဘ၀က ဆူးပေါ်ဖက်ကျလဲ ဆူးကျိုး... ဖက်ပေါ် ဆူးကြလဲ ဆူးကျိုးရတဲ့ ဘ၀ပါလားနော်....

(ဆူးလေး တစ်ချောင်းရဲ့ ခံစားချက်)

သုဝဏ္ဏ(၂၉) ရပ်ကွက် ရေပြသနာနှင့် ဦးသိန်းညွန့်



လွှတ်တော်နားရက်ဖြစ်တဲ့ ကာလတွေမှာ သင်္ဃန်းကျွန်း ဦးသိန်းညွန့် ကတော့ သင်္ဃန်းကျွန်းလူထုရဲ့ အခက်အခဲပြသနာတွေကို ကွင်းဆင်းပြီး ဆောင်ရွက်ပေးနေပါတယ်

သင်္ဃန်းကျွန်း သုဝဏ္ဏရှိ (၂၉) ရပ်ကွက်သူရပ်ကွက်သားတွေက ဒီနေ့ ၁၀.၄.၂၀၁၃ နေ့မှာ မိမိတို့ ရပ်ကွက်မှာ စည်ပင်ရေ ပေးဝေမှုမှာ ရေ လာသည့်နေရာတွင် လာပြီး မလာသည့် နေရာများတွင် မလာသည့်အတွက် သောက်သုံးရေ အခက်အခဲ ကြုံတွေ့နေရမှုကို စာရေးအကြောင်းကြားပြီး အကူအညီ တောင်းခံလာမှုကြောင့် ဦးသိန်းညွန့် ဦးဆောင်ပြီး သင်္ဃန်းကျွန်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှစ်ဦးဖြစ်ကြသည့် ဦးကျော်နှင့် ဒေါ်စန်းစန်းမြင့် တို့နှင့်အတူ NNDP အဖွဲ့သားများမှ ရေမရှိသည့် နေရာများသို့ သွားရောက်ပြီး ကြည့်ရှုကာ ရေသန့်ဌာနမှုအား အကြောင်းပြီး ရေအခက်အခဲ ပြသနာများ ဖြေရှင်းပေးဖို့ နည်းလမ်းများ ရှာဖွေခဲ့ပါတယ်

တချို့ လမ်းတွေမှာ စည်ပင်ရေမရရှိလို့ သုံးရေဝယ်သုံးရပါတယ် ရေရောင်းတဲ့ နေရာနဲ့ အလှမ်းဝေနေသည့်အတွက် ရေတစ်စည် ရရှိဖို့ ငွေ တစ်ထောင်ပေးရပါတယ် အငြိမ်းစားဝန်ထမ်တွေ အများစုဖြစ်တဲ့အတွက် နေ့စဉ်ပေးရတဲ့ ရေဖိုးကို မတတ်နိုင်လို့ တစ်နေ့ကို ရေတစ်စည်နဲ့ပဲ စခမ်းသွားရပါတယ် ရေချိုးဖို့ကို အိမ်သားတွေ ခွဲတမ်းနဲ့ ပေးချိုးရတဲ့အကြောင်း ဟင်းသီး ဟင်းရွက် သားငါးတွေကို ဆန်ဆေးရေခံပြီး ဆေးရကြောင်း ရေလာမလားလို့ ညစဉ်အိပ်ရေးပျက်ခံပြီး စောင့် လဲ မိုးသာလင်းသွားတယ် ရေမရကြောင်း အိပ်ရေးပျက်ရတဲ့ ညတွေအတွက် ကျမ်းမာရေးပါ ထိခိုက်ကြရကြောင်း တင်ပြကြပါတယ်



စည်ပင် ရေသန့်ဌာန ဌာနမှူး ဒေါ်မာမာအေးမှ ရှင်းလင်တင်ပြရာမှာတော့ ရေပိုက်ထဲမှာ ရေရှိနေကြောင်း မီးပျက် သည့်အခါ မီးအားနည်းသည့်အခါ များတွင် အမြင့်ပိုင်းမှာရှိတဲ့ အိမ်တွေကို ရေမတက်ခြင်းကြောင့် ဖြစ်ကြောင်း ရေပိုက်လိုင်းများသွယ်ခဲ့သည့် သူများ၏စနစ်မကျမှုကြောင့် ဒီလိုအခက်အခဲတွေ ဖြစ်နေရတာဖြစ်ကြောင်း မိမိတို့ဌာနမှလည်း တွန်းအားဖြည့် မော်တာများတပ်ဆင်ပြီး အတတ်နိုင်ဆုံး ဖြေရှင်းပေးနေပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါတယ်

နောက်ဆုံးမှာ ဦးသိန်းညွန့် မှ ရေမရရှိသည့် အမြင့်ပိုင်း aနရာတွေကို ရေရှိအောင် ဆောင်ရွက်နိုင်ဖို့ အားဖြည့် နိုင်ရန် အဝီစိတွင်းတူးပေးဖို့ ဆွေးနွေးရာ စည်ပင်ဌာနမှူးမှ လက်ခံခဲ့ပြီး ရပ်ကွက်အတွင်း ပလပ်ကွက်လပ် တစ်ခုမှာ ရေတွင်းတူးဖို့ သတ်မှတ်ခဲ့ကြပြီး ရေမော်တာ မောင်းနှင်နိုင်ဖို့ အတွက် လိုအပ်တဲ့ လျှပ်စစ်မီး ရရှိရေးကို သက်ဆိုင်ရာ လျှပ်စစ်ဌာနနဲ့ ညှိုနှိုင်း ဆောင်ပေးသွားဖြစ်ကြောင်း ပြောကြခဲ့သည်

ဆက်လက်ပြီး သင်္ဃန်းကျွန်းအတွင်းရှိ ဘုန်းကြီးကျောင်းတစ်ခုသို့ သွားကာ လာမည်သင်္ကြန်းကာလတွင် သုဝဏ္ဏကွင်းမှာ ပြုလုပ်မည့် ရခိုင်ရိုးရာ ရေကစားမဏ္ဍပ် တွင်လည်း မလိုလားအပ်သည့် ပြသနာများ မဖြစ်ပေါ်လာရေးအတွက် သံဃာတော်များမှ ဝိုင်းဝန်းကူညီ ထိမ်းသိမ်းပေးပါရန် ဆရာတော်အား လျှောက်ထားခဲ့သည့် ရခိုင်ပြသနာမိတ္ထီလာ ပြဿနာများ ဖြစ်ပွားနေချိန်တွင်လည်း အဆိုပါဆရာတော်မှ သင်္ဃန်းကျွန်းရှိ ဗလီများကို စောင့်ရှောက်မှု ပေးခဲ့သည်၊

ဆရာတော်မှ ဦးသိန်းညွန့်ထံ ပြန်လည် အကူအညီတောင်ခံရာမှာတော့ သံဃာတော်များဖြေဆိုရမည့် စာမေးပွဲကို ရက်အကန့်မရှိ ရွှေ့ဆိုင်းထားမှုအား စာမေးပွဲ ဖြေဆိုခွင့် ပြန်ပေးဖို့ သက်ဆိုင်ရာနဲ့ ညှိုနှိုင်း ဆောင်ရွက်ပေးပါရန် မိန့်ကြားခဲ့သည့် ဦးသိန်းညွန့်မှလည်း သင်္ကြန်ကာလ လွန်မြောက်ပြီးတာနဲ့ သာသနာရေး ဝန်ကြီးထံ တင်ပြပေးသွားမည် ဖြစ်ကြောင်း ပြန်လည်လျှောက်ထားခဲ့သည်

အသက်ရှူချောင်သွားတဲ့ လှည်းတန်းလမ်းဆုံ



ရန်ကုန်မြို့ ပြည်လမ်းမကြီးပေါ်မှာ ဆောက်လုပ်ပြီးစီးသွားတဲ့ လှည်းတန်းဂုံးကျော်တံတားကို ဒီမနက်စောစော စတင် ဖွင့်ပေး လိုက်တဲ့ အတွက် ကားတွေ ဖြတ်မောင်းနေကြပါပြီ။

တံတားဖွင့်ပွဲကို မကြာခင် ကျင်းပဖွယ် ရှိပါတယ်။
တခမ်းတနား ကျင်းပမယ် ဆိုရင်ဖြင့် ပိုက်ဆံ သောက်သောက်လဲ သုံးရမှာပါ။

ဗိုလ်ချုပ်ကြီးတို့က ပကာသနစရိတ်အတွက်ဆို လက်ဖွာတတ်တဲ့အတွက် ပိုက်ဆံကုန်လည်း ဂရုစိုက်မယ် မထင်ပါဘူး။

တံတားအကြောင်း ပြန်ဆက်ရရင် -
ဒီလမ်းဆုံက လမ်းမကြီး ၄ ခု မဟုတ်ဘဲ ၅ ခု ဆုံတဲ့နေရာဖြစ်တဲ့အတွက် မီးပွိုင့်မှာ ကားတန်းရှည်ကြီးတွေ တွေ့ခဲ့ရမှာပါ။

အခုတော့ တံတားကြီးကျေးဇူးကြောင့် ရန်ကုန်မြို့တွင်း နဲ့ မင်္ဂလာဒုံဘက် ကူးသန်း သွားလာကြတဲ့ ပြည်လမ်းပေါ်က ကားတွေ မီးပွိုင့်စောင့်စရာ မလိုဘဲ တံတားပေါ်ကနေ ဖြတ်မောင်းနေပါပြီ။ ဒါကြောင့် လမ်း ၅ ခုဆုံရာ ဒီနေရာမှာ ယာဉ်ကြောပိတ်ဆို့မှု သိသိသာသာ လျော့ကျသွားမှာ အသေအချာပါပဲ။

ဒီနေရာ ချောင်သွားပေမယ့် တံတားပေါ်ကနေ အဆက်မပြတ် ဖြတ်မောင်းလာတဲ့ကားတွေကြောင့် လမ်း ၄ ခု ဆုံကြတဲ့ ဟံသာဝတီအ၀ိုင်း နဲ့ မြေနီကုန်းမီးပွိုင့်ကို ၀န်ထုပ်ဝန်ပိုး ဖြစ်လာမှာပေါ့ လို့ ထောက်ပြသူလည်း ရှိပါတယ်။

ဒီဝန်ထုပ်ဝန်ပိုးသစ်အတွက်တော့ ဖြေရှင်းကုစားမှုအသစ်တွေ စီစဉ်နေပြီလို့ ယူဆရပါတယ်။ ဥပမာ လမ်းဆုံ ၂ ခုအတွက် ယာဉ်ထိန်းရဲ တာဝန်ပေးမှုတွေ တိုးချဲ့တာမျိုးပါ။

လှည်းတန်းတံတားကြီးပေါ် လူသွားလမ်း ပလက်ဖောင်း ခပ်သေးသေး လုပ်ထားတာ တွေ့ရမှာပါ။ ပေပေါင်း နှစ်ထောင်ကျော် ရှည်တဲ့ ဒီတံတားက ကားတွေဖြတ်မောင်းဖို့ ဆောက်ထားတာပါ။

လမ်းသွားလမ်းလာတွေက တံတားအောက်က သွားရင် ပိုအဆင်ပြေ၊ ခရီးရောက်၊ အန္တရာယ် ကင်းပါလိမ့်မယ်။

ဒီမနက် တံတားပေါ် လမ်းလျှောက်နေသူတွေကတော့ တံတားသစ်ကြီး ဖွင့်ပေးလိုက်လို့ စူးစမ်း ဖြတ်လျှောက်ကြည့်သူတွေ ဖြစ်မယ်လို့ ယူဆရပါတယ်။

ဘင်္ဂလီများ ဘက်မှ မကြာခဏ ဘက်လိုက်ပေးတက်သည့် မစ္စတာ ကင်တားနား မြန်မာ ကိုယ်စားလှယ်အဖြစ် မရှိသင့်တော့ ဟု ဦးသိန်းညွန့်ဆို



အကြမ်းဖက်မှု ဖြစ်စဉ်များ၏ နောက်ကွယ်တွင် လက်ရှိ အစိုးရ ပါဝင်ပတ်သတ်မှု ရှိသည်ဟု ပြောကြား ခဲ့ သော ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှည် မစ္စတာ သောမတ်စ်အိုဟေး ကင်တား နား သည် မြန်မာပြည်ကိုယ်စားလှယ်အဖြစ် မရှိသင့်တော့ဟု ယူဆ ကြောင်း ပြည် သူ့လွှတ်တော် ကိုယ် စားလှယ် ဦးသိန်းညွန့်က မြန်မာ့ခေတ်သို့ ပြောကြားသည်။

မတ်လအ တွင်း ဖြစ်ပွားခဲ့သော မြန်မာပြည် အလယ်ပိုင်း အဓိကရုဏ်း အကြမ်းဖက်ဖြစ်စဉ်များ၏ နောက်ကွယ်တွင် လက်ရှိအစိုးရ ပါဝင်ပတ် သတ်မှု ရှိသည်ဟု မစ္စတာကင်တားနားက မတ်လ ၂၉ ရက်နေ့ တွင် စွပ်စွဲပြောကြားခဲ့သည်။

ယင်းကဲ့သို့ စွပ်စွဲပြောကြားချက်များနှင့် ပတ်သတ်၍ အမျိုးသားဒီမိုကရေစီ ပါတီသစ် ဥက္ကဌ ဦးသိန်းညွန့်က လက်ရှိ အသွင်ကူးပြောင်းရေး ကာလတွေမှာ မမှန်မကန်ရပ်တည်နေတဲ့ အင်အားစုတွေက ပေးတဲ့ အချက်အလက်တွေ မခိုင်မာတဲ့အချက်တွေနဲ့ စွပ်စွဲခြင်းဟာ အလွန်မှား ယွင်းသော လုပ်ရပ်ပါဟု ဆိုသည်။

“မစ္စတာ ကင်တားနားက ရှေ့နေတစ်ယောက်ပဲ။ ရှေ့နေဆိုတာ မှန်မှန်ကန်ကန် အချက်အလက် ယူသင့်ပါတယ်” ဟု ယင်းက ဆက်လက် ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးကာလတွင် တားဆီးနေသူများ၊ မိမိအာဏာရရန် အတွက် ပြည် သူ့အ သက် အိုးအိမ်ကို ချနင်းရန် ဝန်မလေးသော သူများလည်း ရှိနေကြောင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စများ သည် တိုင်းပြည်အေးချမ်းသာယာမှသာ လုပ်ဆောင်နိုင် ကြောင်း၊ အစိုးရမှာ လက်ရှိ အာဏာ ရှိနေ၍ ယင်းကဲ့သို့ အခြေအနေမျိုးကို အဖြစ်မခံနိုင်ကြောင်း၊ ထို့အတွက် မြန်မာ့အရေးနှင့် ပတ် သတ် လာပါ က မှန်မှန်ကန်ကန် မသုံးသပ်နိုင်သော အချက်အလက်မှန်မှန်ကန်ကန် မရှိသော မစ္စတာကင် တားနား သည် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကိုယ်စားလှယ်အဖြစ် မရှိသင့်တော့ပါဘူး ဟု ဦးသိန်းညွန့် က ပြောသည်။ မစ္စတာ ကင်တားနားသည် ၂၀၁၂ ခုနှစ် အတွင်း ဖြစ်ပွားခဲ့သော ရခိုင်အရေးနှင့် ပတ်သတ်၍ အစီရင် ခံစာ တင်သွင်းရာတွင်လည်း ပြည်တွင်း အဖွဲ့အစည်းအများအပြား၏ ဝေဖန်ကန့်ကွက်မှု ခံခဲ့ရသေး သည်။

မြန်မာ့ခေတ်

"Myanmar National Flag and General Aung San to Myanmar citizens"



National flag is the pinnacle of a country. It represents the sovereignty of the country. Myanmar has strong existing laws in case of using national flag improperly.

General Aung San is the national leader, Father of Independence of our country. He is the holy leader of Myanmar people. Pictures, photos, images, symbols and/ or speeches of General Aung San definitely identify with the meaning of Myanmar national flag. Even though, there is no law enacted in relating with General Aung San, every citizen must conform to the National Contract, so called social contract.

General Aung San is a symbol of Myanmar’s independence and national affairs. This is what we value for our national leader, General Aung San and the national flag. Of course, we have faced different paradigms and opinions in politics or social issues. Our president is always eager to form the compromised mutual atmosphere patiently, peacefully and tolerantly.

If one is the Myanmar citizen, one must have the spirit of citizen; take responsibility and accountability of a citizen. Since citizen rights always comes together with responsibility and accountability, everyone who wants to be our citizen have to comply with duties of citizen.

reference and credit to Hmuu Zaw
translated by Haythar Channyein

ဗလီများ၊ ကျောင်းများ ကို တရားဝင်ခွင့်ပြုချက် မရပဲ ဆောက်လုပ်ခွင့် နှင့် စာပေသင်ကြားခွင့်မရှိ..



ဗလီများတွင် စာသင်သားများအား ခွင့်ပြုချက်မရ ဘဲ နေထိုင်ခွင့် မရှိသည့် အပြင် ကျောင်းများ၊ဗလီများကို လည်း တရားဝင်ခွင့်ပြုချက်မရ ဘဲ ဆောက်လုပ်ခွင့် နှင့် စာပေသင်ကြားခွင့် မရှိကြောင်း အရှေ့ပိုင်းခရိုင်အုပ်ချုပ်ရေးမှုးက ရန်ကုန်တိုင်းဒေသကြီး ရှိသတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ထို့ပြင် အစိုးရအဖွဲ့ မှ အတွင်းရေးမှုး ဦးခင်မောင်သိန်းက သာသနမြေ အဖြစ်လျောက်ထားသော မြေသည် သာသနမြေ ဖြစ်ကြောင်း ပိုင်ဆိုင်မှု အထောက်အထားကို ပြနိုင် ရမည် ဖြစ်ကြောင်း၊ လျှောက်ထားမှု တွင် တည်ဆောက်မှု အတွက် စည်ပင်သာယာရေး ကော်မတီ နှင့် အိုးအိမ် ဦးစီးဌာန မှ သက်ဆိုသလို စိစစ် သွားရ ပြီး မြို့နယ် အုပ်ချုပ်ရေး(ထွေ/အုပ်) မှ တာဝန်ယူကာ ကွင်းဆင်း စစ်ဆေးသွားရကြောင်း ပြောကြားသွားသည်။

WM
Popular Myanmar News Journal

1500 တန်က ၅ သိန်းတန်ထက်နယ်မြေကျယ်ပြန့် စွာအသုံးပြုနိုင်မည်...



Wednesday, April 10, 2013 ငါးသိန်ကျပ်ဖြင့် ရောင်းချခဲ့သော CDMA 800MHz ထက် တစ်ထောင့်ငါးရာ ကျပ်ဖြင့် ရောင်းမည့် CDMA 800MHz က ဧရိယာ ပိုမိုကျယ်ပြန့်စွာ သုံးစွဲနိုင်မည် တစ်ထောင့်ငါးရာတန်ဖုန်း သုံးခွင့်ရသည့်နေရာတိုင်း လက်ဟောင်း CDMA 800 လိုင်းမိမည်မဟုတ်

လက်ရှိအသုံးပြုနေသည့် CDMA 800 MHz ဖုန်းများ ထပ်မံချထားပေးမည့် တစ်ထောင့်ငါရာ CDMA 800 MHz ဖုန်းကွန်ရက်မျာအတွင်း Roaming သုံးစွဲခွင့် ရရှိမည်မဟုတ်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ “အခုလုပ်ထားတဲ့စနစ်နဲ့ အရင်လုပ်ထားတဲ့ CDMA 800MHz စနစ် မတူပါဘူး။ ဒါကြောင့် အရင် CDMA 800MHz ဖုန်းတွေ လက်ရှိအသုံးပြုနိုင်တဲ့ နယ်မြေတွေမှာပဲ အသုံးပြုနိုင်မှာပါ။ တစ်ထောင့်ငါးရာ CDMA 800MHz Roaming ထဲမှာ သွားသုံးလို့ မရပါဘူး” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။

လက်ရှိတွင် နိုင်ငံတော် အစိုးရမှ ကျပ်တစ်ထောင့်ငါးရာ CDMA 800MHz ဖုန်းများကို ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်တို့မှ လွဲ၍ ကျန်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ယခုလ ၂၄ ရက်မှစ၍ ရောင်းချပေးမည်ဟု သတင်းထုတ်ပြန်ထားသည်။

ယင်းကြောင့် ကျပ်တစ်ထောင့် ငါးရာ CDMA 800MHz ဖုန်း အသုံးပြုနိုင်မည့် ဧရိယာမှာ တစ်နိုင်ငံလုံးနီးပါး အသုံးပြုနိုင်မည်ဖြစ်သော်လည်း ယခင်ရောင်းချခဲ့သော ကျပ်ငါးသိန်း၊ ကျပ်နှစ်သိန်းခွဲဖုန်းများမှာမူ အထက်ပါ တစ်ထောင်ငါးရာ ဖုန်းကဲ့သို့ အသုံးပြုခွင့် ရရှိမည်မဟုတ်ဟု သိရသည်။ “အခုရောင်းမယ့် ဖုန်းတွေက အရင် MEC က လုပ်နေတဲ့ ဖုန်းတွေပါ။ ဒါကို ဆက်သွယ်ရေးက တာဝန်ယူ ဆောင်ရွက်ပေးတာပါ။ ရောင်းတဲ့ အပိုင်းကတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရပဲ လုပ်မှာပါ။ အကူအညီတောင်းမှသာ ဆက်သွယ်ရေးက ရောင်းပေးမှာပါ” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက် ပြောသည်။ ယင်းကြောင့် လက်ရှိ CDMA 800MHz ဖုန်း ကိုင်ဆောင်သူ အများစုမှာ ဈေးကြီးပေးဝယ်ယူထားပြီး နယ်မြေ ကန့်သတ်ချက်ဖြင့် အသုံးပြုနေရသည့်အတွက် ကျေနပ်မှု မရှိကြပေ။

“အဓိပ္ပာယ် မရှိတာ၊ ငါးသိန်း တန်ဖုန်းက ထောင့်ငါးရာတန် ဖုန်းလောက် နယ်မြေသယ်ဆောင် အသုံးပြုခွင့် မရဘူးဆိုတာ ဘယ်လို အစီအစဉ်နဲ့ လုပ်မှန်းမသိဘူး။ ဒီဖုန်းတွေ ထပ်မထုတ်တော့လို့ နယ်မြေတိုးချဲ့ သုံးစွဲခွင့် မရဘူးဆိုတာ လက်ခံနိုင်ပါသေးတယ်။ အခုတော့ နယ်မြေတိုးချဲ့ ထားတာ တစ်နိုင်ငံလုံးနီးပါး ဖြစ်နေတာတောင် သုံးစွဲခွင့် မပေးတာကတော့ လုံးဝမတရားပါဘူး” ဟု ကျပ်ငါးသိန်း CDMA 800MHz ဖုန်းကိုင်ဆောင်သူ ပဲခူးမြို့မှ မဝင်းမော်က ပြောသည်။

လက်ရှိတွင် ရောင်းချထားသည့် CDMA 800MHz ဖုန်းများ သယ်ဆောင် အသုံးပြုနိုင်သည့် မြို့များမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မုံရွာ၊ ပဲခူး၊ တောင်ငူ၊ ပုသိမ်၊ မော်လမြိုင်၊ ပြည် ၊ စစ်ကိုင်း စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ မြို့ကြီးများသာ အသုံးပြုနိုင်ပြီး မြို့ငယ်အချို့တွင် သုံးစွဲနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ကျပ်ငါးသိန်းတန် CDMA 800MHz ဖုန်းများကို ၂၀၁၀ နှစ်ဆန်းပိုင်းတွင် လည်းကောင်း၊ ကျပ်နှစ်သိန်းခွဲ CDMA 800MHz ကို ၂၀၁၂ ခုနှစ် ဧပြီလတွင် လည်းကောင်း ရောင်းချပေးခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဧပြီ ၁၁ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်
Myanamr Online News

မိတ္ထီလာပဋိပက္ခနှင့် ပတ်သက်၍ အမှုပေါင်း၂၁ မှု စစ်ဆေး


Wednesday, April 10, 2013

မိတ္ထီလာပဋိပက္ခ စတင်ဖြစ်ပွားသည့် ရွှေအရောင်းအဝယ်ပြဿနာ၊ ဘုန်းကြီး တစ်ပါးကို သတ်၍ မီးရှို့သည့် ကိစ္စရပ်များ အပြင် အပြန်အလှန်မီးရှို့မှု၊ လုယက်မှု များအပါအဝင် အမှုပေါင်း ၂၁ မှုကို အမှုဖွင့် အရေးယူ ဆောင်ရွက် လျက် ရှိကြောင်း တရားဥပဒေ စိုးမိုးရေးကော်မတီ ထံမှ စုံစမ်းသိရသည်။

ရွှေအရောင်းအဝယ်မှ စတင်ဖြစ်ပွားခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ပါဝင်ပတ်သက် သူ လေးဦး ကျူးလွန်သည့် ပစ္စည်းယူခြင်း၊ ဒဏ်ရာရစေခြင်း၊ ဆဲဆိုခြင်း တို့ကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၂၊ ၃၁၆၊ ၂၉၄ တို့အရ မိတ္ထီလာမြို့နယ် တရားရုံးတွင် စတင် စစ်ဆေးလျက်ရှိကြောင်း အဆိုပါကော်မတီ ထံမှ သိရသည်။

တရားရုံးတွင် ဧပြီလ ၈ ရက်နေ့မှ စတင်ကာ သက်သေများကို စစ်ဆေးလျက် ရှိနေပြီး သက်သေ ၁၅ ဦးကို နှစ်ရက် အတွင်း အပြီးစစ်ဆေးမည်ဖြစ်ကြောင်း အဆိုပါကော်မတီထံ စုံစမ်းသိရှိရသည်။

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈၂ အရ ထောင်ဒဏ် ၁၀ နှစ်အထိ ပြစ်ဒဏ်ချ မှတ်နိုင်ကြောင်း ဥပဒေပညာရှင် တစ်ဦးက ဆိုသည်။ အဆိုပါဖြစ်စဉ်တွင် ပါဝင်သူလေးဦးအနက် တစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်လျက် ရှိကြောင်း တရားဥပဒေ စိုးမိုးရေးကော်မတီ မှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

မိတ္ထီလာမြို့တွင် မတ်လ ၂၀ ရက်နေ့ က ဘုန်းကြီးတစ်ပါးကို သတ်ပြီးမီးရှို့မှုတွင် ပါဝင်ကျူးလွန်သူမှာ ကိုးဦး ဖြစ်သော်လည်း သုံးဦးမှာထွက်ပြေးတိမ်းရှောင်လျှက် ရှိကြောင်း ၄င်းကဆိုသည်။

အဆိုပါအမှုအား ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၀၂၊ ၄၃၆၊ ၁၁၄ အရ မိတ္ထီလာခရိုင် တရားရုံးတွင် စတင်စစ်ဆေးလျက် ရှိကြောင်း နှင့် ပုဒ်မ ၃၀၂ မှာ သေဒဏ်အထိ အပြစ်ပေးနိုင်ပြီး ပုဒ်မ ၄၃၆ အရ တစ်သက် တစ်ကျွန်း ချမှတ်နိုင်ကြောင်း ဥပဒေပညာရှင် တစ်ဦးက ပြောဆိုသည်။ "ပြစ်မှုကျူးလွန်ရာမှာ တစ်ဦးထက် ပိုရင် ကျန်တဲ့သူတွေအားလုံး အားပေးကူညီသူ အဖြစ်ပါ သွားပြီးတော့ ပြစ်မှုကျူးလွန်သူကို ပေး တဲ့ပြစ်ဒဏ်အတိုင်း ချမှတ်နိုင်တယ်" ဟု ၄င်းကဆိုသည်။

မိတ္ထီလာဖြစ်ရပ်နှင့်ပတ်သက်၍ အမှုပေါင်း ၂၁ မှုတွင် အပြန်အလှန် မီးရှို့မှု မှာ ၁၉ မှုရှိကြောင်း တရားဥပဒေစိုးမိုး ရေးကော်မတီ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။ မိတ္ထီလာအရေးအခင်း နှင့်ပတ်သက်၍ အစီရင်ခံစာနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ချက်များကို မကြာမီထုတ်ပြန် ကြေညာမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

မတ်လ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က မိတ္ထီလာမြို့ဈေး အရှေ့ပြင် ရပ်ကွက်၊ ဈေးကြီးအရှေ့ဘက်ရှိ ထွန်းထွန်းဦး၊ မြင့်မြင့်အေး၏ နယူးဝိန့်စိန် ရွှေဆိုင်တွင် မိတ္ထီလာမြို့နယ် ကွက်ငယ်အုပ်စု၊ ပြွန်ကောက်ကျေးရွာမှ ဦးခင်မောင်ဝင်း၊ ဒေါ်အေးအေးနိုင်နှင့် အဖော် ဒေါ်ညိုသန်းတို့ ရွှေဆံကုပ် လာရောင်းရာမှ အချေအတင် စကားများရာ ရွှေဆိုင်အုပ်စုမှ စတင်၍ ဦးခင်မောင်ဝင်းနှင့် ဒေါ်အေးအေးနိုင် တို့အား ဝိုင်းဝန်းရိုက်နှက် ခဲ့ရာမှ မိတ္ထီလာ ပဋိပက္ခ စတင်ခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

Friday, March 8, 2013

ထုတ်ပယ်မှုက NLD ပြိုကွဲရေး လမ်းစလား



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ညီလာခံ ကျင်းပရေး ဗဟိုကော်မရှင်က အဖွဲ့ချုပ်အတွင်း ညီညွတ်ရေးကို ပြိုကွဲ ပျက်စီးစေသည့် အပြုအမူ၊ အပြောအဆို၊ လှုပ်ရှားမှုများကို ပြုလုပ်မှုကြောင့်ဟု ဆိုကာ ညီလာခံကိုယ်စားလှယ် ၄ ဦးကို ညီလာခံတက်ခွင့် ရပ်ဆိုင်း အရေးယူမှုသည် ပါတီပြိုကွဲရေးကို အားပေးရာရောက်ကြောင်း ပါတီနာယက ဦးဝင်းတင်က ပြောဆိုလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကျင်းပရေးကော်မရှင်က အဖွဲ့ချုပ်အတွင်း ပြိုကွဲပျက်စီးစေသည့် အပြုအမူ၊ အပြောအဆို၊ လှုပ်ရှားမှု ပြုလုပ်သည်ဟု ခိုင်မာသော အထောက်အထားများ ရရှိထားသဖြင့် နိုင်ငံလုံးဆိုင်ရာ ညီလာခံကိုယ်စားလှယ် ဖြစ်ကြသော လမ်းမတော်မြို့နယ် ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ ရွှေပြည်သာမြို့နယ် ဥက္ကဋ္ဌ ဦးသန့်ဇင်၊ ရန်ကုန်မြောက်ပိုင်းခရိုင် ဥက္ကဋ္ဌ ဦးခင်မောင်ရှိန်၊ စစ်ကိုင်း ကောလင်းမြို့နယ် ဥက္ကဋ္ဌ ဒေါ်မိမိကြီးတို့ကို ညီလာခံ ကိုယ်စားလှယ် အဖြစ်မှ ရပ်ဆိုင်းသည်ဟု မတ်လ ၅ ရက်နေ့တွင် တရားဝင်သတင်း ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းထုတ်ပြန်ချက်သည် ပါတီစည်းရုံးရေး၊ ပါတီကေဒါများ ဆုံးရှုံးပြီး အဖွဲ့ချုပ်တွင်း ညီညွတ်မှုကို ပျက်ပြားစေနိုင်ကြောင်း၊ ထိုသို့ ပြင်းပြင်းထန်ထန် အရေးယူမှုကို မူအားဖြင့် သဘောမတူကြောင်း၊ ဦးနေ၀င်းလက်ထက် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က တတိယ ညီလာခံတွင် ယင်းကဲ့သို့သော ဖြစ်ရပ်များ ဖြစ်ပွားခဲ့ဖူးကြောင်း NLD နာယက သတင်းစာဆရာကြီး ဦးဝင်းတင် ဧရာဝတီသို့ ပြောသည်။ “ကျနော့်သဘောကတော့ ဒီလို ပြင်းပြင်းထန်ထန်လုပ်တာက ပါတီကို ထိခိုက်နိုင်တယ်။ ညီညွတ်ရေး ဖြိုခွဲတယ်ဆိုတာ အဲဒီသူတွေ ဖြိုခွဲတာထက် အခုလိုလုပ်ခြင်းအားဖြင့် ပါတီပြိုကွဲမှုကို အားပေးရာရောက်မှာ စိုးတယ်။ ပါတီဖြိုခွဲရေးအတွက် သူတို့ လုပ်ကိုင်တယ်ဆိုရင် အဲဒီလို လုပ်ကိုင်တဲ့သူကို ဒီလို အရေးယူခြင်းက ပြိုကွဲရေးအတွက် ဦးတည်မှုကို ပိုပြီးတော့ တွန်းပို့သလိုတောင် ဖြစ်နိုင်တယ်လို့ ကျနော်ယူဆတယ်။ အနည်းဆုံး ၄ ဦးကို အရေးယူတယ်ဆိုရင် ပါတီရဲ့ အစုအဖွဲ့ ပေါင်းစည်းမှု ပျက်တယ်။ Over React ဖြစ်တာ မကောင်းဘူး။ သမိုင်းမှာ ဦးနေ၀င်း မဆလခေတ် တုန်းကလည်း တတိယပတ် ညီလာခံမှာ ဒီလိုဟာမျိုးတွေ ဖြစ်ခဲ့တယ်။ Over React ကို မလိုလားဘူး။ လိုအပ်တာထက် ပြင်းထန်စွာ တုံ့ပြန်လိုက်ရင် လိုအပ်တဲ့ အကျိုးသက်ရောက်မှု ရစေမှာမဟုတ်ဘူး”ဟု ဦးဝင်းတင်က ပြောသည်။ နိုင်ငံလုံးဆိုင်ရာ ညီလာခံ နီးကပ်လာချိန်တွင် ညီလာခံ ကိုယ်စားလှယ်များ ၄ဦး ညီလာခံ တက်ခွင့်ရပ်ဆိုင်းခြင်း ဆိုသော အရေးယူမှုမျိုး မလုပ်ဘဲ သေချာစွာဆန်းစစ်ပြီး စောင့်ကြည့်သည့် သတိထားသောစနစ်ပုံစံ အရေးယူမှုမျိုး လုပ်ဆောင်သင့်သည်ဟုလည်း ဦးဝင်းတင်က ဆက်လက်ပြောသည်။

“အရေးယူတဲ့ပုံစံ ကောင်းခြင်း ဆိုးခြင်းလည်း ကျနော်မပြောချင်ဘူး။ ကျနော်ပေးနိုင်တဲ့ မှတ်ချက်က ဒီလို ပြင်းပြင်းထန်ထန် အရေးယူတာကို မူအားဖြင့် သဘောမတူဘူး။ ဒါက ပါတီ ထိခိုက်နိုင်တယ်။ ပါတီ စည်းရုံးရေးကို ထိခိုက်နိုင်တယ်။ ပါတီကေဒါတွေ ဆုံးရှုံးနိုင်တယ်။ ကျနော်ကတော့ အပြစ်ရှိတယ် ထင်ရင်၊ စိုးရိမ်ရတယ်ထင်ရင် သူတို့ ဘယ်ကိုဦးတည်သလဲ။ သူတို့မြှားဦးက ဘယ်ကိုလှည့်လဲဆိုတာ လေ့လာသင့်တယ်။ လေ့လာပြီးရင် Containment ပေါ်လစီပေါ့ဗျာ။ ၀ိုင်းပတ်တဲ့ပေါ်လစီနဲ့ ကန့်သတ်ပြီးတော့ လုပ်ပြီးတော့ ဒီလူ လေးငါးဆယ်ယောက်ကို မယုံကြည်ဘူး၊ သတင်းအရ မကောင်းဘူးဆိုရင် သူတို့ကိုကြည့်ရမှာပေါ့။ ညီလာခံအတွင်းမှာ ဒီလိုရပ်စဲတာဆိုရင်တော့ ကျနော်ကတော့ သင့်တင့်တယ်လို့ မယူဆဘူး။ ပါတီမှာ ဂယက်ရိုက်တတ်တယ်” ဟု ဦးဝင်းတင်က ဆိုသည်။ NLD ညီလာခံကျင်းပရေး ဗဟိုကော်မရှင်အဖွဲ့ဝင်တဦးဖြစ်သူ ရှေ့နေဦးဥာဏ်ဝင်းက ညီလာခံကိုယ်စားလှယ် ၄ ဦးကို ညီလာခံ တက်ခွင့်ရပ်ဆိုင်းရခြင်းသည် အုပ်စုဖွဲ့၊ ဂိုဏ်းဖွဲ့ခြင်းကြောင့်ဖြစ်ပြီး မည်သို့မည်ပုံ အုပ်စုဖွဲ့သနည်းဆိုသည်ကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်သည်။

“အုပ်စုဖွဲ့၊ ဂိုဏ်းဖွဲ့လို့ပါ။ ညီလာခံမှာ ရွေးချယ်ပွဲတွေရှိတယ်၊ အုပ်စုဖွဲ့ပြီးတော့ အုပ်စုနဲ့ ဒီလိုလုပ်တာမျိုးကို လက်မခံဘူး။ ပုဂ္ဂိုလ်တဦးချင်းစီရဲ့ လွတ်လပ်စွာပြောဆိုခွင့်က သက်သက်ပါ” ဟု ဦးဥာဏ်ဝင်းက ဆိုသည်။

NLD ပါတီပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်ကမူ ညီလာခံကျင်းပရေး ကော်မရှင်အနေဖြင့် ညီလာခံအတွင်း စကားများ၊ ရန်ဖြစ်ခြင်းနှင့် ပြိုင်ဆိုင်မှု မဖြစ်စေရန်အတွက် ညီလာခံ ကိုယ်စားလှယ် ၄ ဦးကို ညီလာခံ တက်ခွင့် ရပ်ဆိုင်းသည်ဆိုသော အရေးယူမှု ဆောင်ရွက်ရခြင်း ဖြစ်သည်ဟု ဆိုသည်။

“ရပ်ကွက်တွေ မြို့နယ်တွေမှာ ဒီမိုကရေစီဆိုတော့ ရင့်ကျက်တဲ့ ဒီမိုကရေစီ နိုင်ငံတွေမှာလိုပဲ စည်းရုံးတာတွေ၊ အုပ်စုဖွဲ့တွေရှိတာပေါ့။ မြို့နယ်အဆင့်၊ ရပ်ကွက်အဆင့်လောက်မှာ လုပ်တာကတော့ ထားလိုက်ပေါ့ဗျာ။ ပြဿနာမရှိဘူး။ တဖြည်းဖြည်း အရှိန်တွေက မြင့်လာပြီးတော့ တပြည်လုံး အတိုင်းအတာနဲ့ ကွန်ရက်တွေ ဘာတွေဖြစ်လာတယ်။ ကျယ်ပြန့်လာတော့ လူကြီးတွေက ဒါ ပထမအကြိမ်ဖြစ်တယ်။ အဲဒါတွေ သိပ်ခွင့်ပြု လွှတ်ထားလိုက်ရင် ကျနော်တို့ ဘာမှ မရင့်ကျက်သေးတဲ့အချိန် အချင်းချင်း ထစကားများကြ၊ ပြိုင်ကြ၊ ဆိုင်ကြ ဆိုရင် ညီလာခံ လုပ်လိုက်ကာမှ အချင်းချင်း ရန်ဖြစ်ခိုင်းသလို ဖြစ်နေမယ်ဆိုပြီးတော့ ဖြစ်မှာစိုးလို့။ ညီိလာခံ တက်ရောက်ခွင့် ရုပ်သိမ်းတာပါ”ဟု ဦးအုန်းကြိုင်က ဆိုသည်။

ညီလာခံကိုယ်စားလှယ်အဖြစ် ရပ်ဆိုင်းခံရသူ ဦးခင်မောင်ရှိန်က NLD ဗဟိုအလုပ်အမှုဆောင် နေရာရယူရေး၊ ၂၀၁၅ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာပါက ပါတီဥက္ကဋ္ဌ ရာထူးမှ ဖယ်ရှားရေး စီမံနေသည်ဆိုသော သတင်းများ ကြားသိခဲ့ ရပြီး စည်းလုံးညီညွတ်မှု ပြိုကွဲစေရန် လုပ်ဆောင်သည်ဟု ဆိုကာ အရေးယူခံခဲ့ရကြောင်း၊ ၎င်းအနေဖြင့် မည်သို့သော ဖြိုခွဲမှုမျိုးကိုမှ မလုပ်ဆောင်ပါကြောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပါတီဝင်အဖြစ်မှ နုတ်ထွက်တော့မည်ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ဒီလို အခြေအနေမျိုး မဟုတ်ဘဲနဲ့ စွပ်စွဲခံရတာ၊ စွပ်စွဲချက်က ကြီးတယ်ဗျာ။ ကျနော့် နိုင်ငံရေးဂုဏ်သိက္ခာလည်း ကျနော့်မှာ ထိတယ်။ ကျနော်တို့ ရပ်တည်တဲ့အဖွဲ့ထဲမှာလည်း ဒါမျိုးတွေရှိတယ်ဆိုရင် အနာဂတ်အတွက် မကောင်းဘူး။ နိုင်ငံရေး ခရီးမှာလည်း စည်းစည်းလုံးလုံးနဲ့ ဖြစ်စေချင်တယ်။ ကျနော်တို့က စည်းလုံးမှုကို ဖြိုခွဲပြီး ပျက်စီးရာ ပျက်စီးကြောင်း ပြုမူပြောဆိုတာတော့ မရှိဘူး။ ဒီစွပ်စွဲချက်ကြီးနဲ့တော့ နှစ် ၂၀ ကျော်လုပ်ခဲ့တဲ့ နိုင်ငံရေးဂုဏ်သိက္ခာ ကျသွားပြီ။ ရှင်းရှင်းလင်းလင်း ဖြေရှင်းဆောင်ရွက်ပြီးတာနဲ့ ပါတီဝင်အဖြစ်က ထွက်ပါ့မယ်” ဟု ဦးခင်မောင်ရှိန်က ဆိုသည်။

NLD ပါတီ၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကို မတ် ၈၊ ၉၊ ၁၀ ရက်နေ့များတွင် ကျင်းပသွားမည်ဖြစ်ပြီး မတ်လ ၈ ရက်နေ့တွင် ပြည်နယ်/တိုင်းအလိုက် ဗဟိုကော်မတီများ ပမာဏရွေးချယ်ခြင်း၊ အတည်ပြုချက်ခြင်း၊ ညီလာခံတွင်တင်ပြမည့် စာရွက်စာတမ်းများ၊ ပါတီလုပ်ထုံးလုပ်နည်းများ၊ ပါတီ စည်းကမ်းထိန်းသိမ်းရေး ဆောင်ရွက်မှုဆိုင်ရာ စည်းကမ်းများ ဖြန့်ဝေမည်ဖြစ်ကြောင်း၊ မတ်လ ၉ ရက်နေ့တွင် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ညီလာခံကို တရားဝင် ဖွင့်လှစ်ပေးမည်ဖြစ်ပြီး မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း၊ ယင်းနောက် ဗဟိုကော်မတီဝင်များ ရွေးချယ်ခြင်း၊ ဗဟို အလုပ်အမှုဆောင် ရွေးချယ်တင်မြှောက်မည်ဖြစ်ကြောင်း၊ မတ် ၁၀ ရက်နေ့တွင် ရွေးချယ်ခံ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ပထမဆုံးအကြိမ် အစည်းအဝေး ကျင်းပမည်ဖြစ်ပြီး လုပ်ငန်းဆပ်ကော်မတီ၊ ကော်မတီများခွဲဝေ တာဝန်ပေးအပ်ခြင်း၊ အစီရင်ခံစာများ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ချခြင်းတို့ကို လုပ်ဆောင်သွားမည်ဟု သိရှိရသည်။ ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပမည့် NLD ပါတီညီလာခံသို့ တနိုင်ငံလုံးမှ ပါတီညီလာခံ ကိုယ်စားလှယ် ၉၀၀ တက်ရောက်ကြမည်ဖြစ်သည်။

ဧရာဝတီ

Thursday, March 7, 2013

ညီလာခံ ကိုယ်စားလှယ် ၄ဦး အား ဗဟိုအဖွဲ့အစည်းက အာဏာရှင်ဆန်ဆန် ဖြုတ်ချလိုက်သည်ကို ပါတီ နာယက ဦးဝင်းတင်မှ ပါတီပြိုကွဲမှုကို အားပေးရာ ရောက်သည်ဟု အပြစ်တင် ဝေဖန်...



“ကျနော့်သဘောကတော့ ဒီလို ပြင်းပြင်းထန်ထန်လုပ်တာက ပါတီကို ထိခိုက်နိုင်တယ်။ ညီညွတ်ရေး ဖြိုခွဲတယ်ဆိုတာ အဲဒီသူတွေ ဖြိုခွဲတာထက် အခုလိုလုပ်ခြင်းအားဖြင့် ပါတီပြိုကွဲမှုကို အားပေးရာရောက်မှာ စိုးတယ်။ ပါတီဖြိုခွဲရေးအတွက် သူတို့ လုပ်ကိုင်တယ်ဆိုရင် အဲဒီလို လုပ်ကိုင်တဲ့သူကို ဒီလို အရေးယူခြင်းက ပြိုကွဲရေးအတွက် ဦးတည်မှုကို ပိုပြီးတော့ တွန်းပို့သလိုတောင် ဖြစ်နိုင်တယ်လို့ ကျနော်ယူဆတယ်။

အနည်းဆုံး ၄ ဦးကို အရေးယူတယ်ဆိုရင် ပါတီရဲ့ အစုအဖွဲ့ ပေါင်းစည်းမှု ပျက်တယ်။ Over React ဖြစ်တာ မကောင်းဘူး။ သမိုင်းမှာ ဦးနေ၀င်း မဆလခေတ် တုန်းကလည်း တတိယပတ် ညီလာခံမှာ ဒီလိုဟာမျိုးတွေ ဖြစ်ခဲ့တယ်။ Over React ကို မလိုလားဘူး။ လိုအပ်တာထက် ပြင်းထန်စွာ တုံ့ပြန်လိုက်ရင် လိုအပ်တဲ့ အကျိုးသက်ရောက်မှု ရစေမှာမဟုတ်ဘူး”ဟု ဦးဝင်းတင်က ပြောသည်။

နိုင်ငံလုံးဆိုင်ရာ ညီလာခံ နီးကပ်လာချိန်တွင် ညီလာခံ ကိုယ်စားလှယ်များ ၄ဦး ညီလာခံ တက်ခွင့်ရပ်ဆိုင်းခြင်း ဆိုသော အရေးယူမှုမျိုး မလုပ်ဘဲ သေချာစွာဆန်းစစ်ပြီး စောင့်ကြည့်သည့် သတိထားသောစနစ်ပုံစံ အရေးယူမှုမျိုး လုပ်ဆောင်သင့်သည်ဟုလည်း ဦးဝင်းတင်က ဆက်လက်ပြောသည်။

“အရေးယူတဲ့ပုံစံ ကောင်းခြင်း ဆိုးခြင်းလည်း ကျနော်မပြောချင်ဘူး။ ကျနော်ပေးနိုင်တဲ့ မှတ်ချက်က ဒီလို ပြင်းပြင်းထန်ထန် အရေးယူတာကို မူအားဖြင့် သဘောမတူဘူး။ ဒါက ပါတီ ထိခိုက်နိုင်တယ်။ ပါတီ စည်းရုံးရေးကို ထိခိုက်နိုင်တယ်။ ပါတီကေဒါတွေ ဆုံးရှုံးနိုင်တယ်။ ကျနော်ကတော့ အပြစ်ရှိတယ် ထင်ရင်၊ စိုးရိမ်ရတယ်ထင်ရင် သူတို့ ဘယ်ကိုဦးတည်သလဲ။

သူတို့မြှားဦးက ဘယ်ကိုလှည့်လဲဆိုတာ လေ့လာသင့်တယ်။ လေ့လာပြီးရင် Containment ပေါ်လစီပေါ့ဗျာ။ ၀ိုင်းပတ်တဲ့ပေါ်လစီနဲ့ ကန့်သတ်ပြီးတော့ လုပ်ပြီးတော့ ဒီလူ လေးငါးဆယ်ယောက်ကို မယုံကြည်ဘူး၊ သတင်းအရ မကောင်းဘူးဆိုရင် သူတို့ကို ကြည့်ရမှာပေါ့။ ညီလာခံအတွင်းမှာ ဒီလိုရပ်စဲတာဆိုရင်တော့ ကျနော်ကတော့ သင့်တင့်တယ်လို့ မယူဆဘူး။ ပါတီမှာ ဂယက်ရိုက်တတ်တယ်” ဟု ဦးဝင်းတင်က ဆိုသည်။

Sunday, February 10, 2013

ဖေဖေါ်ဝါရီရက်စွဲများ

ဒို့များငယ်ငယ်က

ဖေဖေါ်ဝါရီလမှာ အတန်းတင်စာမေးပွဲကြီးတွေဖြေဆို၊

စာတွေကျက်ခဲ့ရလို့ ရင်ခုန်ခဲ့ရဖူးတယ်။


၁၂ ရက်နေ့မှာ ဈေးပွဲတော်များ

ပြည်ထောင်စုနေ့ ပျော်ပွဲရွှင်ပွဲများလည်း

ကျင်းပပျော်ရွှင်မြူးထူးခဲ့ဖူးတယ်။


၁၃ ရက်နေ့ ဗိုလ်ချုပ်မွေးနေ့မှာ

စာစီစာကုံးများ၊ ကျပန်းများပြိုင်လို့

ဇာတိသွေး ဇာတိမာန်တို့ အားကျထက်သန်ခဲ့ကြတယ်။


ဒါပေမယ့်လေ …

ရင်နာစရာ ဒီဘက်ခေတ်မှာတော့

လူငယ်တို့ ရင်ခုန်ကြ

ချစ်သူများနေ့ဟာ ၁၄ ရက်နေ့မှာ ကျရောက်လို့လာ။


၁၂ ရက်နေ့မှာ ကျောင်းပိတ်လို့ ရွှင်မြူး၊

၁၃ ရက်နေ့ ဘာနေ့မှန်းမသိကျော်ဖြတ်၊

၁၄ ရက်နေ့ ရောက်ရန်သာ စိတ်လိုနေကြ။


ကိုကိုတို့ ချစ်သူများနေ့

ပျိုမေနဲ့ နွဲပျော်လို့

စင်တာတွေမှာ ရဲရဲတောက်အသဲပုံတွေချိတ်ကာဆွဲလို့

ဆယ်စုသစ်ရဲ့ ဖေဖေါ်ဝါရီမှာ

၁၄ ရက်နေ့သာ အထင်ကရဖြစ်လို့လာ။








ဟေသာချမ်းငြိမ်း

Twitter Delicious Facebook Digg Stumbleupon Favorites More