Showing posts with label မြောက်ကိုရီးယား. Show all posts
Showing posts with label မြောက်ကိုရီးယား. Show all posts

Wednesday, May 23, 2012

ဒုံးပျံ လွှတ်တင်မှု ပြုလုပ်ခဲ့ရာ နေရာကို မြောက်ကိုရီးယားတို့ ပြန်လည် လုပ်ဆောင်နေ


အမေရိကန်နှင့် မြောက်ကိုရီးယားတို့ အကြားတွင် တင်းမာမှု ပိုမို ဖြစ်စေမည့် အငြင်းပွားမှု တစ်ခု ထပ်မံ ဖြစ်လာရပြန်ပြီ ဖြစ်သည်။ အမေရိကန်ရှိ ကျွမ်းကျင်သူများ ပါဝင်သော အဖွဲ့တစ်ခုမှာ အင်္ဂါနေ့က ပြောရာ၌ ဂြိုဟ်တု ပုံရိပ်များ အရ မြောက်ကိုရီးယားတို့ အနေဖြင့် ယခင် မအောင်မြင်ခဲ့သည့် ဒုံးပျံ လွှတ်တင်ရာ နေရာတွင် ပိုမို ကြီးမားသည့် ဒုံးပျံများ လွှတ်တင်နိုင်ရေး အတွက် လုပ်ဆောင်မှု အသစ်များကို ပြုလုပ်နေသည့် လက္ခဏာ များကို တွေ့ရှိရကြောင်း ပြောကြားလိုက်ပြီ ဖြစ်သည်။

မြောက်ကိုရီးယား နိုင်ငံမှာ လွန်ခဲ့သည့် ဧပြီလက မအောင်မြင်သည့် ဒုံးပျံ လွှတ်တင်မှုနှင့် ပတ်သက်ပြီး နိုင်ငံတကာ အဖွဲ့အစည်းများမှ နျူးကလိယ စမ်းသပ်မှုများကို ရပ်တန့်ရန် ဖိအားပေးမှုများ ရှိနေသော်လည်း ၎င်းတို့၏ အစီအစဉ်ကို ရှေ့တိုး လုပ်ဆောင်ရန် အတွက် ခြိမ်းခြောက်သည့် လုပ်ဆောင်ချက်များကို ပြုလုပ်နေခြင်း ဖြစ်သည်ဟု AP သတင်းတွင် ဖော်ပြသည်။

အမေရိကန်နှင့် အခြားသော နိုင်ငံများမှာ မြောက်ကိုရီးယား၏ ဒုံးပျံ အစီအစဉ်တွင် နျူးကလိယ လက်နက်များကို သယ်ဆောင်နိုင်သည့် ဒုံးလက်နက်များ ပါဝင်နေမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။ မြောက်ကိုရီးယားတို့မှာလည်း အမေရိကန်မှ ၎င်းတို့ အပေါ်တွင် ဖိအားများ တိုးမြှင့်လာပါက ၎င်းတို့ အနေဖြင့် ရွေးချယ်စရာ လမ်းရှိမည် မဟုတ်ဘဲ မိမိကိုယ်ကို ကာကွယ်ရေး အတွက် တန်ပြန် စစ်ဆင်မှုကို ပြုလုပ်ရမည်သာ ဖြစ်သည်ဟု ကြွေးကျော်ခဲ့ကြောင်းလည်း အဆိုပါ သတင်းတွင် ဖော်ပြခဲ့သည်။

source : AP

နျူးကလိယ စမ်းသပ်ရန် အစီအစဉ် မရှိဟု မြောက်ကိုရီးယားပြော


အမေရိကန်တို့ အနေဖြင့် မြောက်ကိုရီးယား နိုင်ငံအပေါ် ဖိအားပေးမှုများနှင့် ပိတ်ဆို့မှုများ တိုးတက် လုပ်ဆောင်မှု ဆက်လက် ပြုလုပ်ခြင်း မရှိပါက မြောက်ကိုရီးယားတို့ အနေဖြင့် နျူးကလိယ စမ်းသပ်မှုများကို ဆက်လက် လုပ်ဆောင်လိမ့်မည် မဟုတ်ဟု ပြောကြားလိုက်ပြီ ဖြစ်သည်။ မြောက်ကိုရီးယား အစိုးရပိုင် သတင်းဌာန ဖြစ်သည့် Korean Central News Agency မှ  နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ၏ အပြောကို ကိုးကားပြီး အင်္ဂါနေ့က ထုတ်ဖော် ပြောကြားလိုက်သည်။ 

အဆိုပါ ပြောရေးဆိုခွင့် ရှိသူ အပြောအရ မြောက်ကိုရီးယား အနေဖြင့် စစ်ရေးအရ လုပ်ဆောင်ချက်များ ဖြစ်သည့် နှုကလိယ စမ်းသပ်မှုများကို ဂြိုဟ်တု လွှတ်တင်နေစဉ် အချိန်အတွင်း ပြုလုပ်ရန် မည်သည့်အခါမျှ စဉ်းစားခဲ့ခြင်း မရှိကြောင်း ပြောကြား သွားခဲ့သည်။  အမေရိကန် ပြည်ထောင်စု အပေါ်  မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် နျူးကလိယ စမ်းသပ်နေသည် ဆိုသော သတင်းများကို ဖြန့်ချိပြီး ကတုံးကတိုက် ဖြစ်စေရန် ကြိုးစားနေသူများ ဖြစ်သည်ဟုလည်း အဆိုပါ ပြောရေးဆိုခွင့် ရှိသူမှ ဝေဖန် ပြောကြား သွားခဲ့သည်။

source : NHK News

Twitter Delicious Facebook Digg Stumbleupon Favorites More