Showing posts with label NNDP. Show all posts
Showing posts with label NNDP. Show all posts

Wednesday, April 10, 2013

သုဝဏ္ဏ(၂၉) ရပ်ကွက် ရေပြသနာနှင့် ဦးသိန်းညွန့်



လွှတ်တော်နားရက်ဖြစ်တဲ့ ကာလတွေမှာ သင်္ဃန်းကျွန်း ဦးသိန်းညွန့် ကတော့ သင်္ဃန်းကျွန်းလူထုရဲ့ အခက်အခဲပြသနာတွေကို ကွင်းဆင်းပြီး ဆောင်ရွက်ပေးနေပါတယ်

သင်္ဃန်းကျွန်း သုဝဏ္ဏရှိ (၂၉) ရပ်ကွက်သူရပ်ကွက်သားတွေက ဒီနေ့ ၁၀.၄.၂၀၁၃ နေ့မှာ မိမိတို့ ရပ်ကွက်မှာ စည်ပင်ရေ ပေးဝေမှုမှာ ရေ လာသည့်နေရာတွင် လာပြီး မလာသည့် နေရာများတွင် မလာသည့်အတွက် သောက်သုံးရေ အခက်အခဲ ကြုံတွေ့နေရမှုကို စာရေးအကြောင်းကြားပြီး အကူအညီ တောင်းခံလာမှုကြောင့် ဦးသိန်းညွန့် ဦးဆောင်ပြီး သင်္ဃန်းကျွန်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှစ်ဦးဖြစ်ကြသည့် ဦးကျော်နှင့် ဒေါ်စန်းစန်းမြင့် တို့နှင့်အတူ NNDP အဖွဲ့သားများမှ ရေမရှိသည့် နေရာများသို့ သွားရောက်ပြီး ကြည့်ရှုကာ ရေသန့်ဌာနမှုအား အကြောင်းပြီး ရေအခက်အခဲ ပြသနာများ ဖြေရှင်းပေးဖို့ နည်းလမ်းများ ရှာဖွေခဲ့ပါတယ်

တချို့ လမ်းတွေမှာ စည်ပင်ရေမရရှိလို့ သုံးရေဝယ်သုံးရပါတယ် ရေရောင်းတဲ့ နေရာနဲ့ အလှမ်းဝေနေသည့်အတွက် ရေတစ်စည် ရရှိဖို့ ငွေ တစ်ထောင်ပေးရပါတယ် အငြိမ်းစားဝန်ထမ်တွေ အများစုဖြစ်တဲ့အတွက် နေ့စဉ်ပေးရတဲ့ ရေဖိုးကို မတတ်နိုင်လို့ တစ်နေ့ကို ရေတစ်စည်နဲ့ပဲ စခမ်းသွားရပါတယ် ရေချိုးဖို့ကို အိမ်သားတွေ ခွဲတမ်းနဲ့ ပေးချိုးရတဲ့အကြောင်း ဟင်းသီး ဟင်းရွက် သားငါးတွေကို ဆန်ဆေးရေခံပြီး ဆေးရကြောင်း ရေလာမလားလို့ ညစဉ်အိပ်ရေးပျက်ခံပြီး စောင့် လဲ မိုးသာလင်းသွားတယ် ရေမရကြောင်း အိပ်ရေးပျက်ရတဲ့ ညတွေအတွက် ကျမ်းမာရေးပါ ထိခိုက်ကြရကြောင်း တင်ပြကြပါတယ်



စည်ပင် ရေသန့်ဌာန ဌာနမှူး ဒေါ်မာမာအေးမှ ရှင်းလင်တင်ပြရာမှာတော့ ရေပိုက်ထဲမှာ ရေရှိနေကြောင်း မီးပျက် သည့်အခါ မီးအားနည်းသည့်အခါ များတွင် အမြင့်ပိုင်းမှာရှိတဲ့ အိမ်တွေကို ရေမတက်ခြင်းကြောင့် ဖြစ်ကြောင်း ရေပိုက်လိုင်းများသွယ်ခဲ့သည့် သူများ၏စနစ်မကျမှုကြောင့် ဒီလိုအခက်အခဲတွေ ဖြစ်နေရတာဖြစ်ကြောင်း မိမိတို့ဌာနမှလည်း တွန်းအားဖြည့် မော်တာများတပ်ဆင်ပြီး အတတ်နိုင်ဆုံး ဖြေရှင်းပေးနေပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါတယ်

နောက်ဆုံးမှာ ဦးသိန်းညွန့် မှ ရေမရရှိသည့် အမြင့်ပိုင်း aနရာတွေကို ရေရှိအောင် ဆောင်ရွက်နိုင်ဖို့ အားဖြည့် နိုင်ရန် အဝီစိတွင်းတူးပေးဖို့ ဆွေးနွေးရာ စည်ပင်ဌာနမှူးမှ လက်ခံခဲ့ပြီး ရပ်ကွက်အတွင်း ပလပ်ကွက်လပ် တစ်ခုမှာ ရေတွင်းတူးဖို့ သတ်မှတ်ခဲ့ကြပြီး ရေမော်တာ မောင်းနှင်နိုင်ဖို့ အတွက် လိုအပ်တဲ့ လျှပ်စစ်မီး ရရှိရေးကို သက်ဆိုင်ရာ လျှပ်စစ်ဌာနနဲ့ ညှိုနှိုင်း ဆောင်ပေးသွားဖြစ်ကြောင်း ပြောကြခဲ့သည်

ဆက်လက်ပြီး သင်္ဃန်းကျွန်းအတွင်းရှိ ဘုန်းကြီးကျောင်းတစ်ခုသို့ သွားကာ လာမည်သင်္ကြန်းကာလတွင် သုဝဏ္ဏကွင်းမှာ ပြုလုပ်မည့် ရခိုင်ရိုးရာ ရေကစားမဏ္ဍပ် တွင်လည်း မလိုလားအပ်သည့် ပြသနာများ မဖြစ်ပေါ်လာရေးအတွက် သံဃာတော်များမှ ဝိုင်းဝန်းကူညီ ထိမ်းသိမ်းပေးပါရန် ဆရာတော်အား လျှောက်ထားခဲ့သည့် ရခိုင်ပြသနာမိတ္ထီလာ ပြဿနာများ ဖြစ်ပွားနေချိန်တွင်လည်း အဆိုပါဆရာတော်မှ သင်္ဃန်းကျွန်းရှိ ဗလီများကို စောင့်ရှောက်မှု ပေးခဲ့သည်၊

ဆရာတော်မှ ဦးသိန်းညွန့်ထံ ပြန်လည် အကူအညီတောင်ခံရာမှာတော့ သံဃာတော်များဖြေဆိုရမည့် စာမေးပွဲကို ရက်အကန့်မရှိ ရွှေ့ဆိုင်းထားမှုအား စာမေးပွဲ ဖြေဆိုခွင့် ပြန်ပေးဖို့ သက်ဆိုင်ရာနဲ့ ညှိုနှိုင်း ဆောင်ရွက်ပေးပါရန် မိန့်ကြားခဲ့သည့် ဦးသိန်းညွန့်မှလည်း သင်္ကြန်ကာလ လွန်မြောက်ပြီးတာနဲ့ သာသနာရေး ဝန်ကြီးထံ တင်ပြပေးသွားမည် ဖြစ်ကြောင်း ပြန်လည်လျှောက်ထားခဲ့သည်

ဘင်္ဂလီများ ဘက်မှ မကြာခဏ ဘက်လိုက်ပေးတက်သည့် မစ္စတာ ကင်တားနား မြန်မာ ကိုယ်စားလှယ်အဖြစ် မရှိသင့်တော့ ဟု ဦးသိန်းညွန့်ဆို



အကြမ်းဖက်မှု ဖြစ်စဉ်များ၏ နောက်ကွယ်တွင် လက်ရှိ အစိုးရ ပါဝင်ပတ်သတ်မှု ရှိသည်ဟု ပြောကြား ခဲ့ သော ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှည် မစ္စတာ သောမတ်စ်အိုဟေး ကင်တား နား သည် မြန်မာပြည်ကိုယ်စားလှယ်အဖြစ် မရှိသင့်တော့ဟု ယူဆ ကြောင်း ပြည် သူ့လွှတ်တော် ကိုယ် စားလှယ် ဦးသိန်းညွန့်က မြန်မာ့ခေတ်သို့ ပြောကြားသည်။

မတ်လအ တွင်း ဖြစ်ပွားခဲ့သော မြန်မာပြည် အလယ်ပိုင်း အဓိကရုဏ်း အကြမ်းဖက်ဖြစ်စဉ်များ၏ နောက်ကွယ်တွင် လက်ရှိအစိုးရ ပါဝင်ပတ် သတ်မှု ရှိသည်ဟု မစ္စတာကင်တားနားက မတ်လ ၂၉ ရက်နေ့ တွင် စွပ်စွဲပြောကြားခဲ့သည်။

ယင်းကဲ့သို့ စွပ်စွဲပြောကြားချက်များနှင့် ပတ်သတ်၍ အမျိုးသားဒီမိုကရေစီ ပါတီသစ် ဥက္ကဌ ဦးသိန်းညွန့်က လက်ရှိ အသွင်ကူးပြောင်းရေး ကာလတွေမှာ မမှန်မကန်ရပ်တည်နေတဲ့ အင်အားစုတွေက ပေးတဲ့ အချက်အလက်တွေ မခိုင်မာတဲ့အချက်တွေနဲ့ စွပ်စွဲခြင်းဟာ အလွန်မှား ယွင်းသော လုပ်ရပ်ပါဟု ဆိုသည်။

“မစ္စတာ ကင်တားနားက ရှေ့နေတစ်ယောက်ပဲ။ ရှေ့နေဆိုတာ မှန်မှန်ကန်ကန် အချက်အလက် ယူသင့်ပါတယ်” ဟု ယင်းက ဆက်လက် ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးကာလတွင် တားဆီးနေသူများ၊ မိမိအာဏာရရန် အတွက် ပြည် သူ့အ သက် အိုးအိမ်ကို ချနင်းရန် ဝန်မလေးသော သူများလည်း ရှိနေကြောင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စများ သည် တိုင်းပြည်အေးချမ်းသာယာမှသာ လုပ်ဆောင်နိုင် ကြောင်း၊ အစိုးရမှာ လက်ရှိ အာဏာ ရှိနေ၍ ယင်းကဲ့သို့ အခြေအနေမျိုးကို အဖြစ်မခံနိုင်ကြောင်း၊ ထို့အတွက် မြန်မာ့အရေးနှင့် ပတ် သတ် လာပါ က မှန်မှန်ကန်ကန် မသုံးသပ်နိုင်သော အချက်အလက်မှန်မှန်ကန်ကန် မရှိသော မစ္စတာကင် တားနား သည် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကိုယ်စားလှယ်အဖြစ် မရှိသင့်တော့ပါဘူး ဟု ဦးသိန်းညွန့် က ပြောသည်။ မစ္စတာ ကင်တားနားသည် ၂၀၁၂ ခုနှစ် အတွင်း ဖြစ်ပွားခဲ့သော ရခိုင်အရေးနှင့် ပတ်သတ်၍ အစီရင် ခံစာ တင်သွင်းရာတွင်လည်း ပြည်တွင်း အဖွဲ့အစည်းအများအပြား၏ ဝေဖန်ကန့်ကွက်မှု ခံခဲ့ရသေး သည်။

မြန်မာ့ခေတ်

Twitter Delicious Facebook Digg Stumbleupon Favorites More