Showing posts with label စစ်ရေး. Show all posts
Showing posts with label စစ်ရေး. Show all posts

Tuesday, May 22, 2012

ဆဒုံးမြို့တွင် KIA မှ အမျိုးသားနှင့် အမျိုးသမီးများအား အဓမ္မလူသစ်စု

ဆဒုံးမေ၂၂ ရက်
     ဆဒုံးမြို့ ရပ်ကွက် (၁) သို့ ၂၀ ရက်နေ့ ည ၈နာရီခွဲလောက်က KIA လုံးထန်စခန်းမှ နော်ခမ်းနဲ့ ၁၀ဦးလောက်ရောက်လာပြီး ယောကျာင်္းလေး ၈ ဦးနဲ့ မိန်းကလေး ၂ ဦးကို အတင်း ဖမ်းဆီးပြီး တပ်သားသစ် အဖြစ်ခေါ်ဆောင် သွားခဲ့ပါတယ်။ ဖမ်းဆီးသွားတဲ့သူများကို လက်ပြန်ကြိုး တုတ်ပြီး   ခေါ်ဆောင်  သွားတာဖြစ်ပါတယ်။ ဖမ်းဆီးသွားတဲ့အထဲက မိန်းကလေး ၂ဦးမှာ မရွယ်ဂျာ ၂၁ နှစ်နဲ့ မလဂွေရွယ် ၁၉ နှစ် ဖြစ်ပါတယ်။ ဖမ်းဆီးသွားတဲ့သူတွေကို ၉နာရီခွဲလောက်မှာ လုတောင်တောင်ဘက်ကနေ သူတို့စခန်း လုံထန်စခန်းသို့ ခေါ်ဆောင်သွားခဲ့ပါတယ်။ 

ခေါ်ဆောင်သွားတဲ့ အထဲမှာ ယောကျာင်္းလေးတွေ က၁၅ နှစ်နဲ့ ၃၀ ကြားတွေ   ဖြစ်ပါတယ်။ ယောကျာင်္းလေးတွေကိုတော့ တပ်သားအဖြစ် သင်တန်းပို့လိမ့်မှာ ဖြစ်နိုင်ပါတယ်။ မိန်းကလေး တွေကတော့ တပ်သားသစ် လုပ်ခိုင်းမယ်လို့တော့ မထင်ပါဘူး။ KIA ရဲ့လုပ်ရပ်ကတော့ တော်တော်လေး ဆိုးဆိုးဝါးဝါး ဖြစ်နေပါပြီး လုပ်ရပ်တွေ အားလုံးတွေက အကြမ်းဖက်လုပ်ငန်းတွေဘဲ   ဖြစ်နေပါတယ်လို့ ဆဒုံးမြို့က မြို့ခံတွေက ပြောနေကြပါတယ်။
(http://kachindailynews.blogspot.com)

ကေအိုင်အေ လက်နက်ကိုင်အဖွဲ့က ကုန်တင်ယာဉ် ၂ စီးအား ဆက်ကြေးတောင်းခံပြီး ဗုံးခွဲဖျက်ဆီး


မေ ၁၉ ရက် ည ၁၀ နာရီ မိနစ် ၂၀ ခန့်တွင် မူဆယ်မြို့နယ် နန့်ပေါ်တံတားနှင့် နမ့်အွန်ရွာအကြား ထင်ရှုးတောအနီး မူဆယ်-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်၌ မူဆယ်မှ လားရှိုးသို့ ယာဉ်မောင်း သောင်းထွေးနှင့် ယာဉ်မောင်း အောင်နိုင်တို့က မောင်းနှင်လာသော ခြောက်ဘီး ကုန်တင်ယာဉ် နှစ်စီးအား ယူနီဖောင်း ဝတ်ဆင်ထားသည့် ကေအိုင်အေ လက်နက်ကိုင်အဖွဲ့ ခုနှစ်ဦးခန့်က လက်နက်ငယ်များဖြင့် ပစ်ခတ်တားဆီးကာ ရပ်တန့်စေခဲ့ပြီး သောင်းထွေးထံမှ ဆက်ကြေးငွေကျပ် ၈၀၀၀၀ ကို ရယူခဲ့ကြောင်း၊ ယင်းနောက် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် စုစုပေါင်း လေးဦးကို ထွက်ပြေးစေခဲ့ပြီး ယာဉ်နှစ်စီး၏ ယာဉ်မောင်းခန်းများ အတွင်းသို့ လက်ပစ်ဗုံးတစ်လုံးစီဖြင့် ပစ်ခွဲခဲ့ကြောင်း သိရသည်။ 

ထိုသို့ ဗုံးခွဲဖျက်ဆီးမှုကြောင့် ယာဉ်အမှတ် ဂ(၈ဈ/ ၇၈၇၆)၏ ခေါင်းပိုင်းဝဲဘက်ခြမ်း ပျက်စီးခဲ့ပြီး ယာဉ်အမှတ် (၈ဈ/ ၇၈၈၀) ၏ ခေါင်းပိုင်းပျက်စီးခြင်း၊ ဘေးနှစ်ဖက် တံခါးမှန်ကွဲခြင်းနှင့် ကားရှေ့လေကာမှန်တွင် လက်နက်ငယ်ကျည်များ ထိမှန်ခြင်းတို့ ဖြစ်ပေါ်ခဲ့ကာ လူထိခိုက်ဒဏ်ရာရမှု မရှိကြောင်း၊ အခင်းဖြစ်ပွားရာ နေရာမှ အရှည် နှစ်လက်မခွဲ၊ အချင်းတစ်လက်မခွဲခန့်ရှိ သံကိုယ်ထည်တွင် အရှည်ငါးလက်မခန့် သစ်သားလက်ကိုင်တပ် KRL 68 စာတန်းပါ မပေါက်ကွဲသေးသည့် လက်ပစ်ဗုံးတစ်လုံးအား တွေ့ရှိခဲ့ရကြောင်းနှင့် ပျက်စီးသွားသည့် မော်တော်ယာဉ် နှစ်စီးအနက် တစ်စီးအား ရွှေ့ပြောင်းနိုင်ခဲ့ပြီး မေ ၂၀ ရက် နံနက် အစောပိုင်းမှစ၍ အဆိုပါလမ်းပေါ်တွင် ယာဉ်များပုံမှန် သွားလာနိုင်ပြီဖြစ်ကြောင်း ၂၀၁၂ ခုနှစ် မေလ ၂၂ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

Sunday, May 6, 2012

အမှတ် (၁၀၀၂) နယ်ခြားစောင့် တပ်ဌာနချုပ်ကို တိုက်ခိုက်ခဲ့သည့် ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့များ ကျရှုံး



ကချင်ပြည်နယ် ပန်ဝါမြို့နယ်ခွဲ လုပီကျေးရွာအနီး တည်ရှိသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးချုပ်ရုံး ကွပ်ကဲမှုအောက် အမှတ် (၁၀၀၂) နယ်ခြားစောင့်တပ်ဌာနချုပ်အား ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့သည် ၄င်းတို့၏ ကျဆင်းနေသော စစ်ရေးသိက္ခာ မြှင့်တင်နိုင်ရေး နယ်စပ်မြို့ဖြစ်သည့် ပန်ဝါမြို့နယ်ခွဲအား သိမ်းပိုက်နိုင်ရေး၊ ကေအိုင်အေ အမာခံနယ်မြေ ဖြစ်စေရေးနှင့် အခြားစီးပွားရေးလုပ်ငန်းများ သိမ်းပိုက်ချဲ့ထွင်ရေး စသည့်ရည်ရွယ်ချက်များဖြင့် ၂၀၁၂ ခုနှစ် ဧပြီလ ၂၇ ရက်နေ့မှစ၍ အင်အားအလုံးအရင်းဖြင့် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ပါသည်။ အဆိုပါ ကေအိုင်အေ(ကချင်) လက်နက်ကိုင် အင်အားစုများအား အမှတ် (၁၀၀၂) နယ်ခြားစောင့်တပ်မှ တပ်မှူးနှင့်တကွ အရာရှိ/စစ်သည်မိသားစုများက ဧပြီလ ၂၇ ရက်နေ့အထိ ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်သကဲ့သို့ လှုပ်ရှားတပ်မတော် စစ်ကြောင်းများမှလည်း ဧပြီလ ၂၇ ရက်တွင်ပင် စစ်ကူပစ်ကူ အချိန်မီရောက်ရှိပြီး နယ်ခြားစောင့်တပ်နှင့် ပူးပေါင်းတိုက်ပွဲဝင်ခဲ့ရာ ဧပြီလ ၂၉ ရက်နေ့ တပ်မတော်စစ်ကြောင်းများ၏ တန်ပြန်တိုက်ခိုက်မှု အပါအဝင် တိုက်ပွဲကြီးငယ် ၁၁ ကြိမ်ဖြစ်ခဲ့ပြီးနောက် ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့များသည် အထိအခိုက်အကျအရှုံးများစွာဖြင့် အမှတ် (၁၀၀၂) နယ်ခြားစောင့်တပ်ဌာနချုပ်၏ တောင်ဘက်နှင့် အနောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးခဲ့ပါသည်။ ဆုတ်ခွာထွက်ပြေးလျက်ရှိသည့် သောင်းကျန်းသူများနောက်သို့ တပ်မတော်စစ်ကြောင်းများမှ ထက်ကြပ်လိုက်လံ ရှင်းလင်းလျက်ရှိကြောင်း သိရှိရပြီး မေလ ၃ ရက်ထိ ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့ဘက်မှ လက်နက် ၁၄ လက်၊ အလောင်း ၂၉ လောင်း၊ အရှင်ဖမ်းဆီးရမိ တစ်ဦး၊ ခဲယမ်းနှင့် မိုင်းအမြောက်အမြား သိမ်းဆည်းရမိကာ တပ်မတော်ဘက်မှ စစ်သည်နှစ်ဦး တိုင်းပြည်အတွက် အသက်စွန့်ခဲ့ရပြီး အရာရှိသုံးဦးနှင့် စစ်သည် ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပြင် တိုက်ပွဲကြောင့် အမှတ် (၁၀၀၂) နယ်ခြားစောင့်တပ်ဌာနချုပ်ရှိ ရိက္ခာဂိုဒေါင် အဟောင်းတစ်လုံး မီးလောင်ပျက်စီးပြီး စစ်သည်နေအိမ် အဆောက်အအုံများ လက်နက်ကြီး/ လက်နက်ငယ် ကျည်များထိမှန်ကာ အနည်းငယ်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ကေအိုင်အေ သောင်းကျန်းသူအဖွဲ့များသည် လမ်းခရီးတစ်လျှောက် ဒေသခံတိုင်းရင်းသားများအား စစ်ဆင်ရေး အထမ်းသမားများအဖြစ် ကျေးရွာပေါင်း ၂၃ ရွာမှ ရွာသူရွာသား ၃၄၅ ဦးအား အဓမ္မဖမ်းဆီး ခေါ်ဆောင်အသုံးပြုခဲ့ကြောင်း၊ ထွက်ပြေးလွတ်မြောက်လာကြသည့် အထမ်းသမားနှစ်ဦးမှ ပြောကြားခဲ့သည်။

Tuesday, April 17, 2012

KIO မှ တပ်ကြပ်ကျော်ဆန်း ခေါင်းဆောင်သော ၃၅ ယောက် အလင်းဝင်ပြီ


မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်မှာ ၂၀၁၁ ဇွန်မှစ၍ တပ်မတော် စစ်ကြောင်းတစ်ကြောင်းမှ အရာရှိ ၊စစ်သည် ၃ဦး အားအကြောင်းမဲ့ ဖမ်းဆီးခဲ့ရာမှ စတင်ဖြစ်ပေါ်လာတဲ့ KIAနှင့် မြန်မာစစ်တပ်ကြား တိုက် ပွဲများဟာ တဖြည်းဖြည်း အရှိန်မြင့်လာခဲ့ပြီး ပြည်တွင်း၊ ပြည်ပမီဒီယာ များ တွင် လူအများ စိတ်ဝင်တစား ဖြစ်လာခဲ့ ရတာဟာ ယနေ့တိုင်ပါ။

မြန်မာစစ်တပ်ရဲ့ပိတ်ဆို့တိုက်ခိုက်မှု၊ KIAရဲ့ ခံစစ်အားကောင်းမှု နယ်မြေစိုးမိုး ကျွမ်းကျင်မှု တွေကြောင့် တမြေ့မြေ့ လောင်ကျွမ်းခဲ့တဲ့ ဖွဲမီးလို တိုက်ပွဲတွေ ဖြစ်ခဲ့ကြပါတယ်။
 

အစိုးရက KIOနဲ့ အကြိမ်ကြိမ် သွားရောက် ညှိနှိုင်း နေစဉ်မှာဘဲ KIO ဘက်က တပ်ကြပ် အဆင့်ရှိ ကျော်ဆန်း ခေါင်းဆောင်သော တပ်မဟာ(၅) လက် အောက်ခံ တပ်ဖွဲဝင် ၃၅ယောက် ဟာ မြစ်ကြီးနားမြို့နယ် တာလောကြီး နယ်မြေရှိ တပ်မတော် စခန်းသို့ ဧပြီ ၁၆ ရက် နေ့က လက်နက်ကြီး လက်နက်ငယ် မျိုးစုံဖြင့် ငြိမ်းချမ်းရေး ၀င်ရောက် ခဲ့ကြတယ်လို့ သိရှိရပါတယ်။

ယနေ့ ဧပြီလ(၁၇)ရက်နေ့ တွင်လည်း မြစ်ကြီးနားမြို့ တပ်စခန်းသို့ KIAတပ်ဖွဲ့ဝင် (၂)ဦး တာလောကြီး တပ်စခန်းသို့ တပ်ဖွဲ့ဝင်(၅)ဦး ထပ်မံဝင်ရောက်လာ ကြောင်း စုစုပေါင်း တပ်ဖွဲ့ဝင် ၄၂ ဦး အလင်း ၀င်ရောက်ခဲ့ ကြကြောင်း သိရှိ ရပါတယ်။

ယခုလို တိုင်းပြည်နဲ့ အ၀ှမ်း ငြိမ်းချမ်းရေး ဖော်ဆောင်ပြီး တိုင်းပြည် တိုးတက်အောင် လက်ရှိ အစိုးရနှင့် အစိုးရ အဖွဲ့ဝင် လွှတ်တော် ကိုယ်စားလှယ်များမှ အားကြိုးမာန်တက်နှင့် ဆောင်ရွက် နေချိန်မှာ.. အားလုံး တက်ညီ လက်ညီနဲ့ ပူးပေါင်း ပါဝင်သင့်ပါတယ်... ယခု အလင်းဝင်ရောက် လာသော တပ်ကြပ်ကျော်ဆန်း ခေါင်းဆောင်တဲ့ အလင်းဝင် အဖွဲ့များ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ် နောက်ထပ် အလင်းဝင်မယ့် ရဲဘော်ရဲဘက်များ ရှိရင်လည်း ဒီလို အချိန်မျိုးမှာ အလင်းဝင်ပါလို့ တိုက်တွန်းပါရစေ... ယခုလို တိုင်းပြည် တိုးတက်ဖို့ ဆောင်ရွက်ရာမှာ... မကတ်သတ်သင့်တာ စကားလုံးလေးတွေက အစ မကတ်သတ်ကြပဲ... အားလုံး ပူးပေါင်း ဆောင်ရွက်ကြခြင်းဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံကြီး တိုးတက်အောင် တက်ညီလက်ညီ ဖြင့် စွမ်းဆောင်နိုင်ကြပါစေ....


From Facebook (Myo Thant)

Twitter Delicious Facebook Digg Stumbleupon Favorites More