Showing posts with label အနုပညာနှင့်ဆိုင်သော. Show all posts
Showing posts with label အနုပညာနှင့်ဆိုင်သော. Show all posts

Tuesday, May 22, 2012

သင်ဇာဝင့်ကျော်ပုံ ရိုက်နှိပ်ထားသည့် ဆင်ဆာမဲ့ သင်္ကြန်ခွေများအား စတင်ဖမ်းဆီးပြီ


ရန်ကုန်မြို့ လူစည်ကားရာနေရာများတွင် ရောင်းချနေသည့် သင်ဇာဝင့်ကျော်၏ သင်္ကြန်တွင်းပုံများ ရိုက်နှိပ်ထားသည့် ဆင်ဆာမဲ့ သင်္ကြန်ခွေများအား စတင် ဖမ်းဆီး နေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက၉-၅-၂၀၁၂ ရက်တွင် ပြောကြားသည်။ ''ဒီခွေတွေကို ဖမ်းဆီးဖို့အတွက် သက်ဆိုင်ရာရဲတွေကို မေတ္တာရပ်ခံထားပြီးလို့ ဖမ်းဆီးနေပါပြီ။ ဒီခွေက သင်္ကြန်ခွေလို့ပြောပေမယ့် အထဲမှာ ညစ်ညမ်းတာတွေပါ ထည့်ထားတယ်။ တော်တော်ကို ဆိုးရွားပါတယ်။ ဒီခွေတွေ ဖမ်းဆီးပြီးသွားရင် ဗီဒီယိုအက်ဥပဒေနဲ့ရော ပုံနှိပ်ဥပဒေနဲ့ပါ ထိထိရောက်ရောက် အရေးယူသွားမှာပါ'' ဟု ၎င်းကပြောကြားသည်။ 

 ထိုသင်္ကြန်ခွေဟု ရောင်းချနေသော အခွေများမှာ လူစည်ကားရာ နေရာများဖြစ်သည့် ရန်ကုန်မြို့ ပန်းဆိုးတန်း၊ လှည်းတန်း၊ မြေနီကုန်း၊ မြို့တော်ခန်းမဘေး မှတ်တိုင်များနှင့် ဦးဝိစာရလမ်း မီးပွိုင့်၊ ရွှေဂုံတိုင်မီးပွိုင့် အစရှိသည့် မီးပွိုင့် လမ်းလေးခွ ဆုံများတွင်လည်း ပေါ်ပေါ်ထင်ထင် ရောင်းချ လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဗီဒီယိုအဖွဲ့ ထိုသင်္ကြန်ခွေများအပြင် ခိုးကူးခွေများကို ဧပြီလကုန်ပိုင်းမှစတင်၍ ဆက်တိုက်လိုက်လံ ဖမ်းဆီး လျက်ရှိကြောင်း သိရသည်။

ထိုသင်္ကြန်ခွေများ ထွက်ပေါ်လာခြင်းနှင့် ပတ်သက်၍ ခေတ်လူငယ် မိန်းကလေးတစ်ဦးက သင်္ကြန်မှာ သင်ဇာဝင့်ကျော်က အရမ်းhotသွားတော့ စီးပွားရေးသမားတွေက လုပ်စားကြတဲ့ သဘောလို့ ထင်တယ်။ ကာဗာမှာ သင်ဇာဝင့်ကျော်ပုံ တင်ထားပြီး အထဲမှာ ညစ်ညမ်းတွေပါတော့ မသိတဲ့လူကတော့ ဝယ်သွားမယ်။ ပြီးရင် ထပ်ဝယ်တော့မှာ မဟုတ်ဘူး။ ဒါပေမယ့် သင်ဇာဝင့်ကျော်ဆိုတော့ စိတ်ဝင်စားကြပြီး တစ်ယောက်တစ်ခွေနှုန်းနဲ့ ဝယ်ကြတော့ ဘာပဲဖြစ်ဖြစ် စီးပွားရေးသမားတွေကတော့ အဆင်ပြေ သွားတာပေါ့ ဟု၎င်း၏ အမြင်ကို ပြောကြားသည်။

Monday, May 21, 2012

ဂန္တ၀င်မြောက်ရုပ်ရှင် သင်္ကြန်မိုးဇာတ်ကား ရိုက်ကူးခဲ့သောအိမ်၌ ကျည်ဆံဟောင်းများ တွေ့ရှိခြင်းအပေါ် အနုပညာရှင်များ တအံ့တသြရှိ


ဂန္တ၀င်မြောက်မြန်မာ့ရုပ်ရှင် သင်္ကြန်မိုးဇာတ်ကား ဇာတ်ဝင်ခန်းတချို့ ရိုက်ကူးခဲ့သော မန္တလေးမြို့၊ ၂၆ လမ်း၊ ၉၀ x ၉၁ လမ်းကြား၊ ခြံအမှတ် (၂၈) ရှိ တိုတ်အိမ်ဟောင်းများကို ဖြိုဖျက်နေရာ၊ မေလ ၁၂ ရက်၊ နံနက်ပိုင်းက တိုတ်အိမ်ဟောင်း မျက်နှာကြက်ကြားက ခဲယမ်းမီးကျောက် ကျည်တောင့်များ တွေ့ခဲ့ကြောင်း သိရသည်။ သင်္ကြန်မိုး ဇာတ်ကားရိုက်ကူးခဲ့သော ခြံဝင်းအတွင်း တိုတ်အိမ်ဟောင်း ၃ လုံး ရှိပြီး၊ ခြံအတွင်းပိုင်းရှိ အဆောင်ငယ်ကို ဖြိုဖျက်ရာမှ အမျိုးအစားစုံ ကျည်ဆန်ဟောင်း ၁၇၄ တောင့် တွေ့ရှိခြင်းဖြစ်ပြီး
ကျည်တောင့်များအား ၁ဝတောင့် တစ်ထုတ်စီစက္ကူဖြင့် ထုတ်ထားပြီး စက္ကူပေါ် တွင် ၁၇ဇူလိုင်၊ ၁၉၇၂ဟူသော စာတန်းပါရှိ ကြောင်းနှင့် သက်ဆိုင်ရာဌာနသို့ ပေးအပ်နှံ ပြီးဖြစ်ကြောင်း တိုက်အိမ်ဖြိုဖျက်ရာတွင် ပါဝင်ခဲ့သူ ပန်းရံဆရာတစ်ဦးက ပြောသည်။
သင်္ကြန်မိုးဇာတ်ကား ရိုက်ကူးခဲ့သည့် အဆိုပါ တိုက်အိမ်များကို ၁၉၅ဝ ဝန်းကျင်ကာလက ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ မန္တလေးမြို့ခံများ အပါအဝင်၊ မြန်မာ့ရုပ်ရှင်ကြည့် ပရိသတ်များက သင်္ကြန်မိုး ဇာတ်ကားနှင့် ထိုတိုက်အိမ်များကို စိတ်ဝင်စားကြကြောင်း သိရသည်။ သင်္ကြန်မိုးဇာတ်ကား ရိုက်ကူးသည့် နေအိမ်မှာ ခဲယမ်းမီးကျောက်များတွေ့ရှိခြင်း သတင်းအပေါ် အံ့သြစကား နှင့် သင်္ကြန်မိုး အမှတ်တရများကို မန္တလေးမှ စာရေးဆရာများနှင့် သင်္ကြန်မိုး ဇာတ်ကားတွင် ပါဝင်ရိုက်ကူးခဲ့ကြသော အနုပညာရှင်များက ပေါ်ပြူလာသို့ ပြောပြခဲ့သည်။
ဆရာသိုက်ထွန်းသက်
“သင်္ကြန်မိုး ကားရိုက်နေတဲ့ အချိန်တုန်းကတော့ ကျွန်တော်သတင်းလောကထဲ မဝင်သေးဘူး။ ကျွန်တော် ဝတ္ထုတိုလေးတွေရေး တာပဲရှိပါသေးတယ်။ သင်္ကြန်မိုး ရိုက်နေ တယ်ဆိုတာကိုတော့ ကြားတယ်။ အဲဒီအိမ်မှာရိုက် နေတာဆိုတာလည်း သိတယ်။ ဒါပေမဲ့ သွားတော့မကြည့်ဖြစ်ခဲ့ဘူး။ သင်္ကြန်မိုးဇာတ်ကား ရိုက်ခဲ့တဲ့အိမ်မှာ အခုလို လက်နက်ခဲယမ်းတွေ တွေ့တယ်ဆိုတဲ့အတွက်ကြောင့် ကျွန်တော်တို့အနေနဲ့ တအားကိုအံ့သြရတယ်။ တကယ်ကို အံ့သြစရာတစ်ခုပါပဲ”
ဆရာဆူးငှက်
“မန္တလေးက အဲဒီအဆောက်အအုံတွေ ဆိုတာကလည်း ဒုတိယကမ္ဘာစစ်ကို ကြုံခဲ့ရမှာပဲ။ ၁၉၅ဝကျော်ကာလတုန်းကလည်း မန္တလေးက ပြည်တွင်းစစ်ကာလကို ကြုံခဲ့ရပြန် တယ်။ ဒီလိုကြုံခဲ့ရတော့ အိမ်ကြီးတွေအနေနဲ့လည်း ကိုယ့်လုံခြုံရေး အတွက် စစ်အတွင်းတုန်းက လုပ်ခဲ့တာမျိုးလည်းရှိနိုင်တယ်။ ဂျပန်ခေတ်တုန်းကဆိုရင် ကိုယ့်အိမ် ပစ်ပြီးတော့တောင် ပြေးကြတဲ့အခါ ဒီလိုအဆောက်အအုံတွေထဲမှာ ဂျပန်ကလည်း ဝင်နေနိုင်တာပဲလေ။ ဂျာနယ်ထဲမှာပါတဲ့ သတင်းအရဆိုရင် အဆောက်အအုံ အဟောင်းကြီး ဖြိုလိုက်တော့မှအတွင်းက မျက်နှာကြက်ပေါ်မှာ တွေ့တာလေ။ မူလအိမ်ရှင်တောင်မှ သိချင်မှသိမှာ။ ကျည်တွေကတော့ ကျည်အတွေပါ။ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ ဆန်းစစ်လိုက်ရင်တော့ ဘယ်ခေတ်တုန်းက ဆိုတာသိမှာပါ။ သင်္ကြန်မိုး ဇာတ်ကား ရိုက်တုန်းက ကျွန်တော်တို့က ကျောင်းတက်နေတုန်းပဲ ရှိသေးတယ်။ ဒါကြောင့် ဇာတ်ကားရိုက်ကွင်းတော့ မရောက်ခဲ့ဘူး”
ဇင်ဝိုင်း
“အဲဒီအိမ်မှာ မင်္ဂလာဆောင်တဲ့ အခန်းရိုက်တော့ ဦးလည်းရှိနေပါတယ်။ အဲဒီအိမ် မှာ ပါပါကြီးကရိုက်ချင်တယ်ဆိုလို့ ဦးတို့ ပထမတစ်ရက် သွားကြည့်ကြပါတယ်။ သွား ကြည့်ပြီးတော့မှ အဲဒီမှာရိုက်မယ်ဆိုပြီး ရိုက်ခဲ့တာ။ အဲဒီခြံလေးက နေချင်စဖွယ်လေးပါ။ ပန်းအိုးတွေနဲ့ ပန်းပင်တွေရှိတယ်။ ခြံပိုင်ရှင်မိသားစုကလည်း တအား သဘောကောင်းတယ်။ ဒီဇာတ်ကားမှာပါဝင်ပြီးကူညီရတာကိုပဲ ဂုဏ်ယူတဲ့သဘောလည်းရှိပါတယ်။ ဒီသတင်းကြားတော့ အံ့သြတာပေါ့။ ရှေးတုန်းကတည်းက ကျန်ခဲ့တဲ့ပစ္စည်းတွေ ထင်ပါတယ်´´
မေသန်းနု
“ဒီကိစ္စက အခုမှကြားတာ။ သိတောင် မသိဘူး။ သင်္ကြန်မိုး ဇာတ်ကားရိုက်တုန်းက အဲဒီအိမ်မှာ ဒေါ်ခင်သန်းနုတို့ ရိုက်ကြတော့ ကိုယ့်အခန်းမပါပေမယ့် သွားကြည့်ဖြစ် တယ်။ အဲဒီအိမ်ကြီးက ရှေးခေတ်အိမ်ကြီးပေါ့”
နေကွန်းထင်၊လင်းအက္ခရာ၊ မေမွန်မောင်

Twitter Delicious Facebook Digg Stumbleupon Favorites More