Showing posts with label ဆူပူမှုလှုံ့ဆော်မှုများ. Show all posts
Showing posts with label ဆူပူမှုလှုံ့ဆော်မှုများ. Show all posts

Wednesday, April 10, 2013

မိတ္ထီလာပဋိပက္ခနှင့် ပတ်သက်၍ အမှုပေါင်း၂၁ မှု စစ်ဆေး


Wednesday, April 10, 2013

မိတ္ထီလာပဋိပက္ခ စတင်ဖြစ်ပွားသည့် ရွှေအရောင်းအဝယ်ပြဿနာ၊ ဘုန်းကြီး တစ်ပါးကို သတ်၍ မီးရှို့သည့် ကိစ္စရပ်များ အပြင် အပြန်အလှန်မီးရှို့မှု၊ လုယက်မှု များအပါအဝင် အမှုပေါင်း ၂၁ မှုကို အမှုဖွင့် အရေးယူ ဆောင်ရွက် လျက် ရှိကြောင်း တရားဥပဒေ စိုးမိုးရေးကော်မတီ ထံမှ စုံစမ်းသိရသည်။

ရွှေအရောင်းအဝယ်မှ စတင်ဖြစ်ပွားခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ပါဝင်ပတ်သက် သူ လေးဦး ကျူးလွန်သည့် ပစ္စည်းယူခြင်း၊ ဒဏ်ရာရစေခြင်း၊ ဆဲဆိုခြင်း တို့ကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၂၊ ၃၁၆၊ ၂၉၄ တို့အရ မိတ္ထီလာမြို့နယ် တရားရုံးတွင် စတင် စစ်ဆေးလျက်ရှိကြောင်း အဆိုပါကော်မတီ ထံမှ သိရသည်။

တရားရုံးတွင် ဧပြီလ ၈ ရက်နေ့မှ စတင်ကာ သက်သေများကို စစ်ဆေးလျက် ရှိနေပြီး သက်သေ ၁၅ ဦးကို နှစ်ရက် အတွင်း အပြီးစစ်ဆေးမည်ဖြစ်ကြောင်း အဆိုပါကော်မတီထံ စုံစမ်းသိရှိရသည်။

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈၂ အရ ထောင်ဒဏ် ၁၀ နှစ်အထိ ပြစ်ဒဏ်ချ မှတ်နိုင်ကြောင်း ဥပဒေပညာရှင် တစ်ဦးက ဆိုသည်။ အဆိုပါဖြစ်စဉ်တွင် ပါဝင်သူလေးဦးအနက် တစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်လျက် ရှိကြောင်း တရားဥပဒေ စိုးမိုးရေးကော်မတီ မှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

မိတ္ထီလာမြို့တွင် မတ်လ ၂၀ ရက်နေ့ က ဘုန်းကြီးတစ်ပါးကို သတ်ပြီးမီးရှို့မှုတွင် ပါဝင်ကျူးလွန်သူမှာ ကိုးဦး ဖြစ်သော်လည်း သုံးဦးမှာထွက်ပြေးတိမ်းရှောင်လျှက် ရှိကြောင်း ၄င်းကဆိုသည်။

အဆိုပါအမှုအား ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၀၂၊ ၄၃၆၊ ၁၁၄ အရ မိတ္ထီလာခရိုင် တရားရုံးတွင် စတင်စစ်ဆေးလျက် ရှိကြောင်း နှင့် ပုဒ်မ ၃၀၂ မှာ သေဒဏ်အထိ အပြစ်ပေးနိုင်ပြီး ပုဒ်မ ၄၃၆ အရ တစ်သက် တစ်ကျွန်း ချမှတ်နိုင်ကြောင်း ဥပဒေပညာရှင် တစ်ဦးက ပြောဆိုသည်။ "ပြစ်မှုကျူးလွန်ရာမှာ တစ်ဦးထက် ပိုရင် ကျန်တဲ့သူတွေအားလုံး အားပေးကူညီသူ အဖြစ်ပါ သွားပြီးတော့ ပြစ်မှုကျူးလွန်သူကို ပေး တဲ့ပြစ်ဒဏ်အတိုင်း ချမှတ်နိုင်တယ်" ဟု ၄င်းကဆိုသည်။

မိတ္ထီလာဖြစ်ရပ်နှင့်ပတ်သက်၍ အမှုပေါင်း ၂၁ မှုတွင် အပြန်အလှန် မီးရှို့မှု မှာ ၁၉ မှုရှိကြောင်း တရားဥပဒေစိုးမိုး ရေးကော်မတီ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။ မိတ္ထီလာအရေးအခင်း နှင့်ပတ်သက်၍ အစီရင်ခံစာနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ချက်များကို မကြာမီထုတ်ပြန် ကြေညာမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

မတ်လ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က မိတ္ထီလာမြို့ဈေး အရှေ့ပြင် ရပ်ကွက်၊ ဈေးကြီးအရှေ့ဘက်ရှိ ထွန်းထွန်းဦး၊ မြင့်မြင့်အေး၏ နယူးဝိန့်စိန် ရွှေဆိုင်တွင် မိတ္ထီလာမြို့နယ် ကွက်ငယ်အုပ်စု၊ ပြွန်ကောက်ကျေးရွာမှ ဦးခင်မောင်ဝင်း၊ ဒေါ်အေးအေးနိုင်နှင့် အဖော် ဒေါ်ညိုသန်းတို့ ရွှေဆံကုပ် လာရောင်းရာမှ အချေအတင် စကားများရာ ရွှေဆိုင်အုပ်စုမှ စတင်၍ ဦးခင်မောင်ဝင်းနှင့် ဒေါ်အေးအေးနိုင် တို့အား ဝိုင်းဝန်းရိုက်နှက် ခဲ့ရာမှ မိတ္ထီလာ ပဋိပက္ခ စတင်ခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

Tuesday, May 22, 2012

မီးရရေးတောင်းဆို ဆန္ဒပြခြင်းများကို နိုင်ငံရေး ဆူပူမှု ဖြစ်အောင် ဆွဲယူ လှုံဆော်လာကြ



မီးရရေးနဲ့ မဆိုင်တာတွေ ၀င်နှမ်းဖြူးပြီး နိုင်ငံရေး ဆူပူမှု ဖြစ်အောင် လုပ်နေကြပြန်ပီ... အေးချမ်းလာလို့ စီးပွားရေး ရင်းနှီးမြုပ်နှံမှုတွေ လာနေတာ မှ မကြာသေးဘူး... ဒီလိုလူတွေနဲ့ တိုးတက်ဦးမယ်... အင်းလေ ဒါကြောင့်မို့လည်း မြန်မာပြည် ဒီအချိန် ဒီလို မတိုးတက်ပဲ နေနေကြရတာ မဆန်းပါဘူး... လျှပ်စစ်ထုတ်ဖို့ (နျူး) ဓါတ်ပေါင်းဖို ဆောက်မယ် လုပ်တော့ ကန့်ကွက်လိုက်ကြ၊ ကျောက်မီးသွေးလျှပ်စစ် ဓါတ်အားထုတ် စက်ရုံတည်မယ်ဆိုတော့လည်း ကန့်ကွက်လိုက်ကြ၊ မြစ်ဆုံလျှပ်စစ်ရေကာတာ ဆောက်မယ်ဆိုတော့လဲ ဘာမသိ ညာမသိနဲ့ သူများ ကန့်ကွက်တာနဲ့ လိုက်ကန့်ကွက်လိုက်ကြနဲ့... ရှိတဲ့  ခြစ်ချုပ်ပေးနေရတဲ့  လျှပ်စစ် ဓါတ်အား လိုင်းလေးကြတော့လဲ... KIA ကဖျက်စီးလိုက်နဲ့ ကြားထဲက မီးမရပြန်တော့လဲ... မီးရရေး အော်ကြပြန်ကော... ကြားထဲက နိုင်ငံရေး အမြတ်ထုတ်တဲ့ သူတွေက ၀င်နှမ်းဖြူး ကောင်းရော.. ဘယ်အစိုးရတက်တက် ဒုန်းရင်းက ဒုန်းရင်းပဲ ဖြစ်မှာပဲ... ထင်ပါတယ်... ဒေါ်စုကို အာဏာမပေးပဲ စီးပွားရေး ပြန်ဖွင့်အောင် လက်ရှိ အစိုးရက ကြိုးစားနေတာကို... စီးပွားရေး မဖွင့်ဖို့ နိုင်ငံတကာကို တားလို့ရရင်ရ မရရင် အခုတော့ ဖြစ်ပြီမလား... :(

Twitter Delicious Facebook Digg Stumbleupon Favorites More