Showing posts with label တပ်မတော်ရဲ့ ပြည်သူ့ အကျိုးပြုလုပ်ငန်းများ. Show all posts
Showing posts with label တပ်မတော်ရဲ့ ပြည်သူ့ အကျိုးပြုလုပ်ငန်းများ. Show all posts

Friday, October 4, 2013

မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခံရတဲ့ ရွာများအား သွားရောက်စစ်ဆေးပြီး ထောက်ပံရေးပစ္စည်းများ ပေးအပ်















နိုင်ငံတော်သမ္မတခရီးစဉ်မှာလိုက်ပါလာတဲ့ ညှိနှိုင်း ကွပ်ကဲရေးမှူး ( ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးလှဌေးဝင်းဟာ အောက်တိုဘာလ ၂ ရက် နေ့မှာ မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခံရတဲ့ သဗြုချိုင်ကျေးရွာ၊ ပေါက်တောကျေးရွာ၊ မဲကျွန်းကျေးရွာ၊ ကျောက်ကြီးကျေးရွာနဲ့ ကျီးကန်းရဲကျေးရွာများကို သွားရောက်စစ်ဆေးပြီး ထောက်ပံ့ရေးပစ္စည်းများပေးအပ်ခဲ့ပါတယ်။

From: ပြန်ကြားရေး ဒုဝန်ကြီး

ရေဘေးသင့် ပြည်သူများအား ဆန်နှင့် စားသောက် ဖွယ်ရာများ ပေးအပ်



နေပြည်တော် အောက်တိုဘာ ၂

ချင်းပြည်နယ် ကလေးမြို့နယ် အတွင်း စက်တင်ဘာ ၂၈ရက်နှင့် ၂၉ ရက်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေ ကြီးရေလျှံ ဖြစ်ပွားမှုကြောင့် ရေဘေး ကယ်ဆယ်ရေး စခန်း အသီးသီးတွင် ခေတ္တပြောင်းရွှေ့ နေထိုင်ကြသည့်အိမ် ထောင်စု ၆၃၄စု၊ လူဦးရေ ၂၁၆၂ဦးတို့အား ကလေး တပ်နယ်မှ ဗိုလ်မှူးချုပ် အောင်သူဦးနှင့် တပ်ရင်း/ တပ်ဖွဲ့များ၊ ဌာန ဆိုင်ရာများ စုပေါင်း၍ ဆန်နှင့် စားသောက်ဖွယ် ရာများ ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီတွင် ကလေးမြို့ အမှတ် (၃) အခြေခံပညာ မူလတန်း ကျောင်း၌ ပြုလုပ်ရာ ရေဘေးသင့် ပြည်သူများ အတွက် ဆန် ၃ဝအိတ်၊ ခေါက်ဆွဲခြောက် ၃ဝ ဖာ၊ ဆား ၄ဝဝထုပ်၊ ကော်ဖီမစ် အထုပ်ကြီး ၂ဝထုပ် ပေးအပ်ခဲ့ကြောင်းနှင့် နယ်မြေခံ တပ်မတော် ဆေးတပ်ရင်းမှ ဆေးကုသရေး အဖွဲ့များက ရေဘေးသင့် ပြည်သူများအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးလျက် ရှိကြောင်း သတင်း ရရှိသည်။

(မြ၀တီ)

Twitter Delicious Facebook Digg Stumbleupon Favorites More