Sunday, June 10, 2012

တိုင်းတစ်ပါး ကျူးကျော် စော်ကားခံနေရ ချိန်တွင် လူထုခေါင်းဆောင် အမည်ခံ ဒေါ်စု U2 တေးဂီတအဖွဲ့၏ဖျော်ဖြေပွဲကို သွားရောက်နားထောင်ပြီး အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့မှ ချီးမြှင့်ထားသော (Ambassador of Conscience) ဆု သွားယူမည်

 
ကိုယ့်အိမ်မှာ ပဠိပက္ခဖြစ်ပြီး ကျူးကျော်စော်ကားနေ တာတွေကို လစ်လျူရှု့ပြီး ပြည်ပခရီး ထွက် အစိုးရကို မကောင်းမြင်ဖို့ သွားပြောဦးမယ်ထင်တယ်... ဦးသိန်းစိန်နဲ့များ မြန်မာပြည်သူလုထု အပေါ် ဂရုစိုက်တာခြင်း ကွာပ မီးရရှိရေး ဆန္ဒပြကြတုန်းက သမ္မတကြီက သူ့ခရီးစဉ်တွေကိုတောင် ဖျက်ပြီး မီးရရှိရေး အစွမ်းကုန် ကြိုးပမ်းပေးခဲ့တာ... အာဏာမရှိလို့ လုပ်ခွင့်မရှိဘူး ဘာညာနဲ့ ပြောနေဦးမယ် ဆိုရင် အာဏာရူးတာတွေ ပေါ်လာကုန်တော့မယ်.. တိုင်းပြည်နဲ့ ပြည်သူတွေ အတွက် လုပ်ပေးချင်ရင် လုပ်ပေးချင်တဲ့ စိတ်ရှိဖို့ပဲ လိုတယ်... အာဏာမရှိလို့ ဆိုပြီး လွဲချနေစရာ အကြောင်း မရှိဘူး...

<<<ရန်ကုန်၊ ဇွန်-၁၀

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ ပြန်ကြားရေးဌာနက ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ်နှင့်ပက်သက်၍ သတင်းထုတ်ပြန်ချက်တစ်ရပ်ကို ယခုနာရီပိုင်းအတွင်းက ထုတ်ပြန်လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဇွန်လ ၁၃ ရက် မှ ၂၉ ရကိထိ ဆွစ်ဇာလန်နိုင်ငံ ၊နော်ဝေနိုင်ငံ၊၊ အိုင်ယာလန်နိုင်ငံ ၊ဗြိတိန်နိုင်ငံ နှင့် ပြင်သစ်နိုင်ငံတို့ သို့ သွားရောက်မည် ဖြစ်ကြောင်းသိရသည်။

ခရီးစဉ်အတွင်း ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ကျင်းပမည့် ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်ညီလာခံတွင် မိန့်ခွန်းပြောကြားမည် ဖြစ်ပြီး၊ဘန်းမြို့သို့လည်း သွားရောက်မည် ဖြစ်သည်။

ဇွန် ၁၅ ရက် တွင် န်ာဝေနိုင်ငံသို့ ငြိမ်းချမ်းရေးနိုဗယ်ဆုကို ကိုယ်တိုင်လက်ခံရယူရန်အတွက်လည်း သွားရောက်မည် ဟု သိရသည်။

နော်ဝေနိုင်ငံမှတဆင့်အိုင်ယာလန်နိုင်ငံ သို့ရောက်ရှိချိန်အတွင်း U2 တေးဂီတအဖွဲ့၏ဖျော်ဖြေပွဲနှင့် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့မှ ချီးမြှင့်ထားသော (Ambassador of Conscience) ဆု ကိုလည်း လက်ခံရယူမည် ဖြစ်သည်။

ထို့ပြင်ဗြိတန်နိုင်ငံသို့ ဆက်လက်သွားရောက်၍ လွှတ်တော်တွင် မိန့်ခွန်းပြောကြားကာ ပြင်သစ်နိုင်ငံသို့ ဆက်လက်သွားရောက်၍ ပြင်သစ်နိုင်ငံတွင် ၃ ရက် ကြာထပ်မံနေထိုင်ပြီး ၃၀ ရက် တွင် မှ မြန်မာနိုင်ငံသြို့ပန်လည်ရောက်ရှိမည် ဖြစ်သည် ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ထုတ်ပြန်ထားသည် ။>>>
               


0 comments:

Post a Comment

ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...

Twitter Delicious Facebook Digg Stumbleupon Favorites More