Friday, June 8, 2012

ဒေါ်စု မသိတာလား သိသိကြီးနဲ့ အစိုးရမကောင်းဘူး ဖြစ်အောင် ပြောတာပဲလား??


ဒေါ်စုအတွက် ဂုဏ်တင်ချီးကျူးပေးနေတဲ့ သူတွေကို မေးချင်ပါတယ်... ပထမဦးစွာ အနေနဲ့ ဒေါ်စု ပြောခဲ့တဲ့ စကားတွေကို ကိုယ့်ဦးဏှောက်နဲ့ လက်တွေ့ ကျမကျနဲ့ ယှဉ်ကြည့်နိုင်တဲ့ သူရှိလား...??

တရားဥပဒေ စိုးမိုးရေးလို့ ဒေါ်စုက ပြောခဲ့တယ်နော်... အခု မသီတာထွေး ဖြစ်စဉ်မှာ တရားဥပဒေအရ မဖမ်းခဲ့လို့လား??

နောက်ပြီး ဒေါ်စုပြောတဲ့ မြန်မြန်ဆန်ဆန်ဆောင် ရွက်နိုင်အောင် ဆိုတာက တရားခံကို ဘယ်သူဘယ်ဝါမှန်း မသိပဲ ရမ်းသမ်းဖမ်းလို့မရဘူး... တ၇ားခံ ဘယ်သူဆိုတာ သိတယ်ထားဦး... သက်သေမပြည့်စုံပဲနဲ့ လည်း ဖမ်းလို့မရဘူး... ပြီးတော့ ဖမ်းပြီးသွားရင်လဲ ချက်ချင်းကြီး မိ ချက်ချင်းကြီး ပြစ်ဒဏ်စီရင်ပြီး သတ်ပစ်လို့မရဘူး... အဲဒါက မြန်မာတစ်နိုင်ငံထဲမှ မဟုတ်ဘူး နိုင်ငံအားလုံးနီးပါးမှာ ဒီလိုပဲ တရားဥပဒေ စိုးမိုးနေတာပဲ... အဲဒါတွေကိုရော ဒေါ်စု မသိတာလား သိသိကြီးနဲ့ အစိုးရမကောင်းဘူး ဖြစ်အောင် ပြောတာပဲလား??

အဲဒီလို ပြောတာတွေကိုရော ဒေါ်စု အတွက် ဂုဏ်တင် ချီးကျူးပေးနေတဲ့ သူတွေက မှန်တယ်လို့ ယူဆနေပါသလား???

0 comments:

Post a Comment

ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...

Twitter Delicious Facebook Digg Stumbleupon Favorites More