Friday, June 8, 2012

တိုင်းပြည်ရဲ့ တိုးတက် ပြောင်းလဲ လာတဲ့ ရလဒ်ကောင်းတွေကို ဘယ်လိုလူက ဖျက်စီးကြမှာလဲ?

တစ်ချို့လူတွေ ပြောနေကြတာ အခု ဖြစ်လာတဲ့ ကိစ္စတွေမှာ မငြိမ် မသက် ဖြစ်အောင် လုပ်တာ စစ်တပ်က အာဏာ ပြန်သိမ်းချင်လို့ ဆိုပဲ...?? စစ်တပ်က အာဏာ ပြန်သိမ်းချင်လို့ ပြောကြတဲ့ သူတွေ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အတိအလင်း ပါပြီးသား အကယ်၍ ဆူဆူပူပူတွေ ဖြစ်လာရင် စစ်တပ်ကနေ ၀င်ထိန်းပေးဖို့ အာဏာလွဲယူရင် အနည်းဆုံး ၆လ အများ ဆုံး၁ နှစ်ပဲ... ပြီးရင် ပြန်လွဲပေးဖို့ ပါပြီးသား... တကယ်လို့ သာ စစ်တပ်က အာဏာ သိမ်းထားမယ်ဆိုရင် ဖြစ်လာမယ့် ပြဿနာတွေ က အများကြီးပါ... စီးပွားရေး ပိတ်ထားတာ ပြန်မဖွင့်ဘူး... လူမျိုးရေး ပြဿနာတွေ ပိုတက်လာနိုင်တယ်... ပြီးတော့ အခုလွှတ်တော်ထဲမှာလည်း စစ်တပ်က ၂၅% ပါထားပြီးသားပါ... အဲဒါတွေကြောင့် စစ်တပ်က အာဏာ ပြန်သိမ်းဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး... အဲဒီလို ပါနေတာကို မနှစ်မြို့တဲ့ မျိုးမစစ်တွေက အခြေခံဥပဒေကို ပြင်ပြီး ငါ့ခြေငါ့လက်နဲ့ ငါအာဏာရအောင် လုပ်ချင်လို့ ဖယ်ရှား ချင်နေကြပါတယ်...

လောလောဆယ် အခြေအနေမှာ အာဏာသိမ်းချင်းသိမ်း.... မြန်မာနိုင်ငံသား မဟုတ်တဲ့ မျိုးမစစ်တွေနဲ့ အမျိုးကို မစောင့်ထိန်းပဲ သရမ်းခဲ့တဲ့ သူတွေက အာဏာသိမ်းချင်နေကြတာပါ... ဘာလို့လဲ ဆိုတော့ အခုလက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေက မြန်မာနိုင်ငံသား စစ်စစ်တွေပဲ နိုင်ငံကို အုပ်ချုပ်ခွင့်ရှိတာလေ... မစစ်တဲ့ သူတွေက ဆူပူအောင် လုပ်ပြီပေါ့.... ပြီးရင် စနစ်မကောင်းဘူး လွဲချမယ်... စစ်တပ်က အာဏာပြန်သိမ်း ချင်လို့ဆိုပြီး လွဲချမယ်... ဆူပူအောင် လုပ်မယ်.. ပြီးရင် ကိုယ်တွေ ဆွဲချင်သလို ဆွဲထားတဲ့ အခြေခံဥပဒေနဲ့ မြန်မာနိုင်ငံကို အုပ်ချုပ်ချင်ကြတယ်... ဒါတွေ က ရိုးနေပါပြီ...






မယုံရင် မီးပေးရေး လှုပ်ရှားမှုတွေမှာ ဘာတွေ နွယ်လာသလဲ ဆိုတာ ပြန်ကြည့်ကြည့်လိုက်... စက်ရုံမှာ လစာတိုးရေး လှုပ်ရှားမှုတွေမှာ ဘာသီချင်းတွေ ဆိုလဲ ပြန်ကြည့်ကြည့်ုလိုက်... ဆူပူမှုတွေ ဖြစ်အောင် လုပ်တာ စစ်တပ်ကပါ ဆိုပြီး လွဲချချင်နေတဲ့ သူတွေ... ရခိုင်က ဘင်္ဂလီ ကိစ္စမှာ တပ်ကနေ ပြဿနာတွေ ပိုပြီးကြီးမသွားအောင် ဆက်မဖြစ်ပွားအောင် ဘယ်လို သွားထိန်းလိုက်လဲ စုံစမ်းကြည့်လိုက်.... ကြားထဲက စစ်တပ်က တာဝန်ယူပြီး သွားထိန်းလိုက်လို့ ငြိမ်သွားတာ မဟုတ်ရင် အဲဒီကိစ္စမျိုးလား ငြိမ်မှာ... သဘောပေါက်...

နောက်ပြီး လက်ရှိ အစိုးရ နာမည်ကောင်း တွေ ရနေတဲ့ အချိန်မှာ ဘယ်သူ့မှ ကိုယ် လုပ်ထားတဲ့ ရလဒ်ကောင်းတွေကို မဖျက်စီးပါဘူး... ပိုကောင်းအောင် လုပ်ပေးဖို့ပဲ ရှိမှာပါ.... အဲဒီ အစိုးရကို အကောင်း မပြောချင်တဲ့ သူတွေကသာ တိုးတက်ပြောင်းလဲ လာမှုတွေကို အကောင်း မပြောချင်ကြလို့ ဖျက်စီးကြမှာ အမှန်ဧကန်ပါပဲ...

0 comments:

Post a Comment

ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...

Twitter Delicious Facebook Digg Stumbleupon Favorites More