Friday, June 8, 2012

ကမ္ဘာ့အမြင့်ဆုံး ငြိမ်းချမ်းရေး နိုဗယ်ဆုရထားတဲ့ သူ ရှိတဲ့ နိုင်ငံတဲ့

ကမ္ဘာ့အမြင့်ဆုံး ငြိမ်းချမ်းရေး နိုဗယ်ဆုရထားတဲ့ သူ ရှိတဲ့ နိုင်ငံတဲ့... ဘုရားစူးတကယ်... ကျွန်တော်တို့နိုင်ငံမှာ ရှိတာ... ကိုယ့်နိုင်ငံကို စီးပွားရေး တိုးတက်မှုမရှိအောင် စီးပွားရေး မဖွင့်အောင် လုပ်တယ်.. ကမ္ဘာကို မြန်မာနိုင်ငံရဲ့တိုးတက် ပြောင်းလဲ မှုတွေကို အကောင်းမမြင်ဖို့လဲပြောပေးတယ်... ကြိုက်တဲ့ ပဠိပက္ခဖြစ် သီအိုရီလေးတွေ ရွတ်ပြပြီး တရားဥပဒေ စိုးမိုးဖို့ လိုတယ် အော်လိုက်... စနစ်မကောင်းဘူးလို့ အော်လိုက်နဲ့... ကျွန်တော့်တို့ နိုင်ငံမှာ လက်နက်ကိုင်တွေ ရှိတယ်နော်.. မယုံမရှိနဲ့... ဘာလဲ သူက ဘာလုပ်ပေးလဲ ဟုတ်လား ဘယ်သူလဲ ကမ္ဘာ့အမြင့်ဆုံး ငြိမ်းချမ်းရေး နိုဗယ်ဆုရထားတဲ့ သူ လား.. သူလား လုပ်ပေးမှာဗျာ... သူ့ရဲ့ ကမ္ဘာ့အမြင့်ဆုံး ငြိမ်းချမ်းရေး နိုဗယ်ဆုကိုတောင် ဘယ်လို ရခဲ့မှန်း မသိအောင် သူရဲ့ယောက်ျား နိုင်ငံခြားသားက လိုက်လုပ်ပေးခဲ့လို့ ရခဲ့တာလေ... အဲဗျ.. အဲဒီ ဆုတင်မဟုတ်သေးဘူး.. ဆုတွေပါ အများကြီး ရထားသေးတယ်.. ဗျ... အာဗျာ.. အဲလောက် ဆုတွေ အများကြီး ရထားပြီး ဘာထူးချွန်လဲ? နိုင်ငံနဲ့ လူမျိုးတိုးတက်အောင် ဘာတွေလုပ်ပေးလဲ? ဟုတ်လား... သိပါဘူးဗျာ.. ဘာမှ တိုးတက်အောင်လဲ လုပ်ပေးတာ မတွေ့ရပါဘူးဗျာ.. ဘာထူးချွန်လဲဆိုတာလည်း မသိပါဘူးဗျာ... နှမ်းဖြူးတော့ အတော် ကျွမ်းသဗျ... တစ်ခုခု ဖြစ်လာပြီဆို အစိုးရကို လူမုန်းများအောင် မြောက်ပင့်ပေးလိုက်တယ်... တကယ်လုပ်ပေးဖို့တော့ စိတ်ကူးလားတောင် မသိပါဘူးဗျာ... အမယ်... အာမတော့ခံပေးတယ်ဗျ... မီးလာအောင် လုပ်ပေးပါဆိုတုန်းကလည်း အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်တဲ့... အဲ... ထိုင်းမှာ အလုပ်သမားတွေနဲ့ တွေ့တုန်းကလည်း အိမ်ပြန်ချင်တယ် ဆိုတော့ အတတ်နိုင်ဆုံး ကြိုးစားပေးပါ့မယ်တဲ့... လက်တွေ့တော့ လုပ်မပေးဘူး အခြေအနေ မကောင်းရင် ဟိုလိုလို ဒီလိုလိုနဲ့ သီအိုရီတွေ ရွတ်ပြီး ဘေးရှောင်နေလိုက်တယ်... အခြေအနေလေးများ ကောင်းလာပလားဟေ့ ဆိုရင် မိုက်ကို အတင်းယူပြီး တက်ခဲတော့တာပဲ... မသိတဲ့ သူများ ထင်ရင် သူ့ကြောင့်ပဲ ဖြစ်လာသလိုလို... အဲလိုတွေ လုပ်တာတွေ ကျွမ်းကျင်သဗျ...

    ဗျာ... အခုလို တိုးတက်ပြောင်းလဲ လာတဲ့အချိန် မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေလား... ဘယ်ပြောကောင်းမလဲဗျာ... ကမ္ဘာ့အမြင့်ဆုံး ငြိမ်းချမ်းရေး နိုဗယ်ဆုရထားတဲ့ သူ ရှိတဲ့ နိုင်ငံပဲ အခုထိ မယ်မယ် ရရ စီးပွားရေးတွေ မဖွင့်သေးဘူး... ယုံပါဆိုဗျာ.. ဘုရားစူး ကမ္ဘာ့အမြင့်ဆုံး ငြိမ်းချမ်းရေး နိုဗယ်ဆုရထားတဲ့ သူ ရှိတဲ့ နိုင်ငံပါ... အခုလို အပြောင်းအလဲတွေ၊ ငြိမ်းချမ်းရေးတွေ လုပ်ဆောင်နေတာ ဖော်ဆောင်နေတာ တွေမှာ သူမပါခဲ့ပေမယ့် အဲဒီလို တိုးတက် ပြောင်းလဲလာတဲ့ အခြေအနေတွေကို အကောင်းမမြင်ဖို့ ကမ္ဘာကို ပြောခဲ့တာ.. ၂ ခါတောင် ပြောပေးခဲ့တာပါဗျာ... စီးပွားရေး ကောင်းလား မကောင်းလားတော့ မသိပါဘူးဗျာ... အခုထိ ပြည်တွင်းထဲက ပြည်သူတွေ က အလုပ်အကိုင် ရှားပါးလို့ ပိုက်ဆံ ရဖို့ အရေး မတန်တဆ အလုပ်လုပ်ပေးနေရတုန်း... ပြည်ပထွက်ပြီး ကျွန်ခံနေရတဲ့ သူတွေလည်း ရှိနေတုန်း... ဟာဗျာ.. တကယ်ပါဆို မယုံလဲ နေဗျာ.. အဲဒါ ကျွန်တော်တို့ရဲ့ နိုင်ငံ ကမ္ဘာမှာ ဂုဏ်ယူစရာ အကောင်းဆုံး နိုဗယ်ဆု ရထားတဲ့ သူနေတဲ့ နိုင်ငံ.... ဂုဏ်ယူချင်စရာ ကမ္ဘာ့အမြင့်ဆုံး ငြိမ်းချမ်းရေး နိုဗယ်ဆုနဲ့ အခြား အမည်ပေါင်း သောင်းခြောက်ထောင် အပ်ချလောင်းဆုတွေ အများကြီး ရထားပါတယ်ဗျာ... ဒါပေမယ့် လောလောဆယ် အခြေအနေမှာ သူရှိတာ ဖွတ်တက်တာထက်တောင် ဆိုးပါတယ်ဗျာ...

0 comments:

Post a Comment

ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...

Twitter Delicious Facebook Digg Stumbleupon Favorites More