Saturday, June 2, 2012

နိုင်ငံရဲ့ တိုးတက်ပြောင်းလဲ လာမှုတွေကို အကောင်းမမြင်ကြဖို့ ပြောတဲ့ လူထု ခေါင်းဆောင်

 

ကိုယ့်မြန်မာမှာ အလုပ်လက်မဲ့တွေ တဖြည်းဖြည်း များလာနေပြီ တိုင်းတစ်ပါးထွက်ပြီး ကျွန်ခံနေရတဲ့ သူတွေ များလာနေပြီ ဆိုတာ သိနေရဲ့သားနဲ့... ကိုယ့်နိုင်ငံအတွက် စီးပွားရေး တိုးတက်အောင် တစ်ဖက်တစ်လမ်းက တတ်နိုင်သလောက် ပြည်သူတွေနဲ့ တိုင်းပြည် အတွက် လုပ်ပေးမယ် မရှိဘူး...။ စီးပွားရေး လာရောက် ရင်းနှီးမြုပ်နှံ ကြဖို့ အတွက် မြန်မာမှာ ဘာတွေ လိုနေတယ် ဘာတွေလုပ်ဖို့ လိုတယ် ဆိုတာ သိနေရင် ကိုယ်လဲ လွှတ်တော် ကိုယ်စားလှယ်ဖြစ်နေပြီပဲ... နောက်မှ လွှတ်တော်မှာ တင်ပြ ဆွေးနွေးပြီး ရအောင် ဖြစ်အောင် လုပ်ပေါ့... အခုတော့ ကိုယ့်နာမည်ကြီးဖို့ အတွက် နိုင်ငံတကာစီးပွားရေး ဖိုရမ်ကြီးကို တက် နိုင်ငံတကာ အလယ်မှာ ကိုယ့်နိုင်ငံက ကြိုးစားပြုပြင်ပြောင်းလဲ နေတဲ့ တိုးတက်ပြောင်းလဲမှုတွေ ကို လက်တွေ့ ကြိုးစားပမ်းစား လုပ်နေကြတဲ့ သူတွေကိုမှ အားမနာ အကောင်းမမြင်ကြဖို့ ပြော ကိုယ့်နိုင်ငံ ကိုယ့်ပြည်က ဟာကွက်တွေ ဟုတ်တာတွေကော မဟုတ်တာတွေကော သူများကို ဖွင့်ချပြပြီး ကိုယ့်ပေါင်ကို လှန်ထောင်းခဲ့တာပဲ... တော်ပါပေတယ်... ပြည်သူ့ အတွက် နိုင်ငံ အတွက် လုပ်နေတဲ့ လူထုခေါင်းဆောင်ရယ်...

0 comments:

Post a Comment

ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...

Twitter Delicious Facebook Digg Stumbleupon Favorites More