Friday, February 24, 2012

မိုးကြိုးပစ်တာကို ထန်းလျက်နဲ့ ကာနေကြတဲ့ သူများ အတွက်

ဆန်ရှင်လုပ်ဖို့ ဒေါ်စုက မတောင်းဆိုခဲ့ပါဘူး ဆိုပြီး တစ်ချို့တွေက အတင်းကို ငြင်းခဲ့ကြပါတယ်... ဒေါ်စုရဲ့ နှုတ်ဖျားကလဲ ဆန်ရှင်ကြောင့် ပြည်သူတွေ မထိခိုက်ပါဘူးတဲ့... ဟုတ်ရဲ့လားဗျာ... ?? NLD ကလဲ ငြင်းထားလိုက်ပါသေးတယ်.. ဒေါ်စုက ဆန်ရှင်လုပ်ဖို့ မတောင်းဆိုခဲ့ပါဘူးဆိုပဲ... အောက်က သတင်းလေး ဖတ်ကြည့်ကြပါဦးဗျာ... မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေက စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ထားသည့် အကြောင်းအမျိုးမျိုးအနက် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က စစ်အစိုးရအပေါ် နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့ဖို့ တောင်းဆိုခဲ့သည့် သာဓကရှိသည်။ သို့သော် နောက်ပိုင်းမှာ အန်အယ်လ်ဒီက စီးပွားရေး ပိတ်ဆို့ဖို့...

ချမ်းမြေ့သာစည် လေယာဉ်ကွင်းကို အသုံးပြု၍ အရပ်ဘက် လေယာဉ်မောင်း သင်ကျောင်း ဖွင့်လှစ်မည်

မန္တလေးမြို့ ချမ်းမြသာစည်လေယာဉ်ကွင်းကို အသုံးပြု၍ အရပ်ဘက် လေယာဉ်မောင်း သင်တန်းကျောင်း ဖွင့်လှစ်၍ ပြည်တွင်း၊ ပြည်ပ လေကြောင်း လိုင်းများအတွက် အရည်အချင်း ပြည့်မီသော လေယာဉ်မှူးများ မွေးထုတ်ရေး၊ လေကြောင်း ပညာရပ်ကို စိတ်ဝင်စားသူများနှင့် အပျော်တမ်း လေယာဉ်မောင်းနှင့် လိုသူများအတွက် ပျံသန်းရေးကလပ် (Flying Club) များ ဖွင့်လှစ် သင်ကြားလေ့ကျင့် ပေးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဟု ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြည်သူ့လွှတ်တော်တွင် ပြောသည်။ ချမ်းမြသာစည် လေယာဉ်ကွင်းတွင် အရပ်ဘက် လေယာဉ်မောင်း သင်တန်းကျောင်းနှင့် အပျော်တမ်း ပျံသန်းရေး ကလပ်ဖွင့်လှစ်ပါက...

လာမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် အာဆီယံမှစောင့်ကြည့် လေ့လာသူများ ခွင့်ပြုသွားရန် အလေးထား စဉ်းစားမည်

ဧပြီလ၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် အာဆီယံနှင့် အာဆီယံ အတွင်းရေးမှူး ချုပ်ရုံးမှ စောင့်ကြည့် လေ့လာသူများကို ခွင့်ပြုပေးသွားရန် အလေးထား စဉ်းစား သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံသို့ အလည်အပတ်ခရီး လာရောက်ခဲ့သော အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာဆူရင်ပစ်ဆူဝမ်နှင့် တွေ့ဆုံစဉ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လာမည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ယင်းကဲ့သို့ မှတ်ချက်ပြု ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ "ကျွန်တော်တို့အနေနဲ့ ဧပြီမှာ ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အာဆီယံနဲ့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးက...

တိုင်းပြည် တိုးတက်ဖို့ အတွက်ဆိုတဲ့ ဒေါ်စုရဲ့ စေတနာကကော မှန်ရဲ့လား??

အခုလို မြန်မာနိုင်ငံကို ဒီလိုမျိုး ပြည်သူတွေကို အကျိုးရှိတဲ့ စီးပွားရေး ရင်းနှီးမြုပ်နှံမှုတွေ ဘာလို့ အခုမှ လာပြီး ရင်းနှီးမြုပ်နှံရတာလဲ ဆိုတာရယ်... ကို တွေးလိုက်မိတိုင်း မြန်မာပြည်ပေါ်မှာ အစိုးရ မကောင်းလို့ စနစ် မကောင်းလို့ ဆိုပြီး အရေးယူ မှုတွေ ပြုလုပ်ထားတဲ့ Sanction ဟာ.. ပြည်သူတွေကို မထိခိုက်ပါဘူး ဆိုပြီး ပြောနေတဲ့ သူတွေက ဘယ်လို တွေးပြီး ပြောနေတာလဲ ဆိုတာကို စိတ်မကောင်း...

Wednesday, February 22, 2012

NLD ပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတိပေးစာထုတ်ပြန်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) ပါတီ အား တည်ဆဲ ဥပဒေ ၊ နည်းဥပဒေ ၊ အမိန့်နှင့် ညွှန်ကြားချက်များအား တိကျစွာ လိုက်နာဆောင်ရွက်ရေး အောက်ခြေ အဖွဲ့များအားကြပ်မတ် ဆောင်ရွက်နိုင်ရေး သတိပေးစာတစ်စောင်အား ဖေဖော်ဝါရီလ ၁၇ ရက် ရက်စွဲဖြင့်ထုတ်ပြန်သတိပေးခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါစာမှာ အောက်ဖေါ်ပြပါ အတိုင်း ဖြစ်ပါသည်။ လူကြားကောင်းအောင် အော်ခဲ့တာပဲ...

သူ့ $ စားမှ ဒီမိုရမည်

အရင်တစ် ချိန်တုန်းကတော့ ပရိုဂျူဆာက ထောက်ပံ့ ပေးထားတာလေးတွေနဲ့ အဝေတွေ တည့်လို့ သူ့အရပ်နဲ့ သူဇာတ် ဟုတ်လို့ ကတဲ့သူက ကလို့၊ ဇာတ်ရံတွေနဲ့ လူကြမ်းတွေကလဲ မင်းသမီးကို နာမည်ကြီးအောင် အားသွန်ခွန်စိုက် ပံ့ပိုးပေးကြလို့၊ ကောင်းကြောင်းချီးမွမ်းခန်း ဖွင့်တဲ့ သူတွေက ဖွင့်လို့ မင်းသမီးကို ကြိုက်လို့ ချီးမွမ်းခန်းဖွင့်တဲ့ သူကို ချီးကျူးတဲ့ သူက ချီးကျူးလို့... အခုတော့ ဒီလိုတွေ မဟုတ်တော့ပါဘူး......

Tuesday, February 21, 2012

အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံ သဘောအမြင်များ ပြောင်းလဲသင့်ပြီဟု နိုင်ငံတော် သမ္မတ အကြံပေး ပြော

အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံဟူသည့် သဘောထားများကို ဆက်လက် ကျင့်သုံးရန် မသင့်တော့ကြောင်း နိုင်ငံတော်သမ္မတ နိုင်ငံရေးအကြံပေး အဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်က ပြောသည်။ ယင်းကို ဖေဖော်ဝါရီ ၁၀ ရက်နေ့က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (မြို့တော်ခန်းမ) ၌ ပြုလုပ်သော စည်ပင်အမှုထမ်း အရာထမ်းများအား ဟောပြောစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ၎င်းက အစိုးရနှင့် ပြည်သူများအကြားတွင်...

Monday, February 20, 2012

ရုပ်ရည်ကြည့် ပြီးမဆုံးဖြတ်ပါနဲ့  .....နှလုံးသားနဲ့ ဆုံးဖြတ်ပါ..(သို့ ) နှလုံးလှတဲ့  ရဲဘော်ဇော်ဇော်

မှတ်မှတ်ရရလေးပေါ့။ စုမှူးသင်တန်းက ဆင်းတော့ တပ်ကို အပြန် ရန်ကုန်မှာ ဖြစ်ပျက်ခဲ့တာလေးပါ….။အဲ့နေ့က ကျနော် အိမ်(၁)ရက်ဝင်နေလို့  တပ်ကို ပြန်ဖို့ရာ နည်းနည်း နောက်ကျတာပါဆိုတာ (ပိုင်အိုနီးယား)မှာ ကားခဏရပ်တဲ့ အချိန် တပ်ရင်းမှူး အဘ ကို ဖုန်းနဲ့ သတင်းပို့တော့ အရာရှိလူပျိုဆောင်က ထမင်းချက် ဇော်ဇော် ခွင့်ပြန်တာ ပြန်မေ၇ာက်သေးလို့ စိတ်ပူလို့ ရန်ကုန်မှာ ၀င်ကြည့်ခဲ့ပါဦးဆိုတဲ့ နှုတ်မိန့်ကို ရရှိချိန်ပေါ့…။ဇော်ဇော်အိမ်ကို သွားမယ်ဆိုပြီး ရန်ကုန် ကားကွင်းမှာ ဆင်းတယ်ဆိုရုံလေး လူတစ်ယောက်ကို လူအုပ်တွေ ၀ိုင်းရိုက်လို့ပေါ့…။ ရန်ကုန်ကို ကားဆိုက်ချိန်က စောလွန်းတယ်လေ။ မှောင်ရီပျပျ...

Sunday, February 19, 2012

အွန်လိုင်းသုံးတတ်သော ခွေးဆိုသော ခွေးများ အကြောင်း

ကျွန်ုပ်တို့ အွန်လိုင်းပေါ်ဝယ်.... မင်းတို့က စစ်ခွေးးးးးးးးးး... စစ်ခွေးးးး .... စစ်ခွေးး... အရင်ကဆိုလျှင် သန်းရွှေ ရဲ့ စစ်ခွေး အခုတော့ ကျွန်တော်တို့ကို ဗားရှင်း အသစ်ပြောင်းခေါ်ကြပြန်ပါတယ်... ဦးသိန်းစိန်ရဲ့ စစ်ခွေးတဲ့ ကြံ့ဖွတ်စစ်ခွေးတဲ့.... ကျွန်တော်တို့ ဘက်မှ တစ်ချို့က ပြန်ပြောကြသည် မင်းတို့ကသာ ဒီမိုလုပ်စား ခွေးသူတောင်းစား.... ဟုတ်ပါသည် ကျွန်တော်တို့ အားလုံးသည် အများအပြောအရ...

The Lady ရုပ်ရှင်ကားသည် မြန်မာပရိတ်သတ်အတွက်မဟုတ်

The Lady ရုပ်ရှင်ကားသည် မြန်မာပရိတ်သတ်အတွက်မဟုတ်ဟု Bangkok Post ၏သတင်းတရပ်တွင်ဖော်ပြသည်။ဒေါ်အောင်ဆန်းစုကြည်၏ အထ္တုပ္ပတ္တိအကြောင်းကို ရိုက်ကူးထားသည့် The Lady ရုပ်ရှင်ကားအား မြန်မာနိုင်ငံတွင် ခိုးကူးအဖြစ် အလွယ်တကူ ရရှိနိုင်ကြောင်းလည်း ရေးသားထားသည်။လပ်ဘတ်ဆန်အနေနှင့် The Lady သည် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးသမားဘဝကို အဓိက ရိုက်ကူးထားခြင်း မဟုတ်ဘဲ သူမ၏တစ်ကိုယ်ရေဘဝ၊ အမျိုးသမီး...

NLD ပါတီရဲ့ အစောင်းအချိတ်များ နှင့် ပုတ်ခတ်မှုများ...

လူ့အခွင့်အရေးဆိုသည်မှာ လူတစ်ယောက်၏ ကိုယ်ပိုင် မွေးရာပါ အခွင့်အရေးများ ပင်ဖြစ်သည် ထိုအခွင့်အရေးများကြောင့် တစ်ခြားသူ၏ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်အား (တခြားသူအား) မထိခိုက်စေခြင်း ပင်ဖြစ်သည်... သို့သော် ထိုအခွင့်အရေးများကို လေးစားလိုက်နာပါသည် ဖော်ဆောင်နေပါသည် ဆိုသော NLD တွင် (လူ့အခွင့်အရေး)သူများ တစ်ခြား တစ်ပါး သူများ၏ အခွင့်အရေးနှင့် သိက္ခာကို လူပုံအလယ်တွင် စောင်းမြောင်း ထိပါး စော်ကားမှုများ ရှိနေပါသည်... အထက်ပါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန်းခွန်းထဲတွင် ထိကပါး ရိကပါးနဲ့ စောင်းချိတ်ပြီး ပြောထားသည်များကို ကြားသိရမည် ဖြစ်သည်... လူထုခေါင်းဆောင်ပါ ဒီမိုကရေစီ...

ဒီပုံထဲကလို ဖြစ်နေပြီလား??

မြန်မာပြည်ရဲ့ ပြည်သူတွေ အတွက်ပါဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည် အတွက်နဲ့ မြန်မာပြည်က ပြည်သူတွေ အတွက် ဘာတွေ လုပ်ပေးခဲ့ပြီးပြီလဲ?? လုပ်မပေးနိုင်တာလား?? လုပ်ပေးနိုင်ရက်နဲ့ ငါအာဏာ မရသေးခင် ဘာမှ မဖြစ်စေရဘူး ဆိုတဲ့ ပုံစံနဲ့ ပိတ်ဆို့ရေးတွေ လုပ်နေတာလား?? အပြောင်းအလဲတွေနဲ့ ကိုယ့်နိုင်ငံနဲ့ ကိုယ်တိုင်းပြည်ကို တိုးတက် ခေတ်မီအောင် ပြည်သူပြည်သားတွေ အလုပ်အကိုင် ပေါများအောင် သက်သာ...

ဓာတ်ခွဲခန်းသုံးကြွက်ဖြူအား မိုင်းရှာကြွက်အဖြစ် ကိုလံဘီယာရဲတပ်ဖွဲ့ လေ့ကျင့်ပေးလျက်ရှိ

ကိုလံဘီယာနိုင်ငံ ဘိုဂိုးတားမြို့တွင် ဓာတ်ခွဲခန်း၌ အသုံးပြုသည့် ကြွက်ဖြူတစ်ကောင်အား မိုင်းရှာဖွေရာတွင် အသုံးပြုရန်အတွက် ရဲတပ်ဖွဲ့က လေ့ကျင့်ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါကြွက်ကလေးမှာ ရက်တက်စ်နော်ဗီဂျီကပ် အမည်ရှိ ကြွက်ဖြူလေးဖြစ်ပြီး အလေးချိန်မှာ တစ်ပေါင်ပင် မရှိပေ။ သို့ရာတွင် ကြွက်ဖြူလေးသည် မြေအောက်တွင် မြှုပ်နှံထားသော ဖောက်ခွဲရေးပစ္စည်းများအား ရှာဖွေနိုင်ရန်အတွက် လေ့ကျင့်သင်ကြားပေးလျက်ရှိရာ ၄င်းက အဆိုပါပစ္စည်းများအား စက္ကန့်ပိုင်းအတွင်း ရှာဖွေနိုင်ခဲ့သည်။ လေ့ကျင့်သင်ကြားပေးသူများ၏ အဆိုအရ ကြွက်ဖြူများ၏ အနံ့ခံအာရုံသည် ခွေးများ၏ အနံ့ခံအာရုံကဲ့သို့ပင်...

နှလုံးခုန်သံကို စကားဝှက်အဖြစ်အသုံးပြု၍ ကွန်ပျူတာဖွင့်နိုင်သည့်စနစ် တရုတ်တီထွင်

လူသားများ၏ နှလုံးခုန်သံကို စကားဝှက်အဖြစ်အသုံးပြု၍ ကွန်ပျူတာကို ဖွင့်နိုင်သည့် လုံခြုံရေးစနစ်သစ်တစ်ခုကို တရုတ်သုတေသနပညာရှင်များက တီထွင်နိုင်ခဲ့ကြောင်း သိရသည်။ သုတေသနပညာရှင်များသည် လူသားများ၏ နှလုံးခုန်သံကို တစ်ခဏခြင်းတွင် သင်္ချာနည်းလမ်းအရ တွက်ချက်မှတ်သားနိုင်သည့် နည်းလမ်းတစ်ခုကို တွေ့ရှိခဲ့ကြပြီး ၄င်းမှတ်သားထားသည့် ဂဏန်းများကို စကားဝှက်အဖြစ် အသုံးပြုခဲ့ရာမှ အဆိုပါလုံခြုံရေးစနစ်ကို တီထွင်ခဲ့ကြခြင်းဖြစ်သည်။ ကွန်ပျူတာများကို စကားဝှက်သုံး၍ ဖွင့်ရာတွင် လူသားနစ်ဦးနှင့်တစ်ဦးကြားရှိ နှလုံးခုန်သံများမှာ မည်သည့်အခါတွင်မျှ မတူညီနိုင်ကြသလို နှလုံခုန်သံများမှာလည်း...

နိုင်ငံ့ဝန်ထမ်းများ၏ လစာများကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှသာ တိုးမြှင့်ပေးရန် ဆောင်ရွက်သင့်ကြောင်း ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် တင်ပြ

နိုင်ငံတော်အစိုးရက အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရေးဆွဲရာတွင် လုပ်ငန်းလမ်းညွှန်အဖြစ် သတ်မှတ် ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုလွှတ်တော်မှ တိုက်တွန်းကြောင်း အဆိုတွင် ပါရှိသော နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ခ၊ လစာစရိတ်နှင့် ချီးမြှင့်ငွေများကို လာမည့်ဘတ်ဂျက်နှစ်အစတွင် မဖြစ်မနေ တိုးမြှင့်ပေးရေးကိစ္စနှင့် စပ်လျဉ်း၍ ဖေဖော်ဝါရီ ၁၆ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတကိုယ်စား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြရာတွင်- ပြည်ထောင်စုလွှတ်တော်မှ ပေးပို့သည့် ဆုံးဖြတ်ချက်မှာပါဝင်တဲ့...

ကမ္ဘာအဆင့်မီ ရေနက်ဆိပ်ကမ်းအတွက် ပြောင်းရွှေ့ရမည့် အစားထိုးအိမ်ရာများ အကောင်အထည်ဖော်

တနသာင်္ရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ဘဝါဆိပ်ကမ်းတွင် ကမ္ဘာ့အဆင့်မီ ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး စီမံချက်အရ နဘုလည်ဒေသ ထိန်ကြီးကျေးရွာမှ ၄၄၅ အိမ်၊ မယင်းကြီးကျေးရွာမှ ၁၃၆ အိမ်၊ ပရဒတ်ကျေးရွာမှ အိမ် ၃၁၀ ၊ မူးဒူးကျေးရွာမှ ၃၄၃ အိမ်၊ လဲရှောင်ကျေးရွာမှ အိမ် ၆၁၀၊ ဘဝါကျေးရွာမှ ၅၅ အိမ် စုစုပေါင်းအိမ်ပေါင်း ၁၈၉၉ အိမ်တို့ ပြောင်းရွှေ့ပေးရမည်ဖြစ်သည်။ ယင်းသို့ ပြောင်းရွှေ့ပေးရမည့် အိမ်ရာများအတွက် (ဘဝါမြို့သစ်စီမံကိန်း) ရေးဆွဲကာ ဘဝါဆိပ်ကမ်းသို့ ပြောင်းရွှေ့ပေးရမည့် မိသားစုများ မနစ်နာစေရေးအတွက် တစ်ပြေးညီ တိုက်များအခမဲ့ အစားထိုး ဆောက်လုပ်ပေးလျက် မိသားစုများ ပြောင်းရွှေ့စရိတ်ကိုပါ...

အော်တိုတယ်လီဖုန်းများ Prepaid စနစ်သို့ ပြောင်းလဲဆောင်ရွက်မည့် အစီအစဉ် သတင်းထုတ်ပြန်

၂၀၁၂ ခုနှစ် မတ်လ ၁ ရက်မှစတင်၍ (၀၁-၂၃၀xxxx) နံပါတ်ဖြင့်စသော အော်တိုတယ်လီဖုန်း (လိုင်းဖုန်း)များကို Prepaid စနစ်မှ ကြိုတင်ငွေဖြည့်ကတ် Prepaid စနစ်သို့ စတင်ပြောင်းလဲ တပ်ဆင်ပေးမည်ဖြစ်သည်။ ကြိုတင်ငွေဖြည့်ကတ် Prepaid စနစ်သို့ ပြောင်းလဲလိုသူများသည် လိုအပ်မည့် ပုံစံများကို အော်တိုတယ်လီဖုန်းရုံး အမှတ်(၁၀၃)၊ လမ်း(၄၀) ကျောက်တံတား မြို့နယ်တွင် အခမဲ့ရယူဖြည့်သွင်း ဆန္ဒပြုနိုင်သည်။ ဖုန်းပြောဆိုခ ပေးချေရမှု လွယ်ကူအဆင်ပြေစေရန် Prepaid စနစ်သို့ ပြောင်းလဲပေးခြင်းဖြစ်ရာ မူရင်းဖုန်းနံပါတ်များ ပြောင်းလဲမည်မဟုတ်ကြောင်း၊ တယ်လီဖုန်းတစ်လုံးသည် တစ်ကြိမ်သာ ပြောင်းလဲနိုင်ကြောင်း၊...

မြန်မာနိုင်ငံက အပြောင်းအလဲများကို ကူညီချိန်ရောက်ပြီ

(အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဥက္ကဌ ဂျွန်ကယ်ရီရဲ့ Supporting change in Burma ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆို တင်ပြလိုက်ပါတယ်။ )နှစ်ငါးဆယ်ကျော် စစ်အာဏာရှင် အုပ်ချုပ်ရေးအောက်မှာ နေခဲ့ရပြီးတဲ့နောက် အခုအချိန်မှာတော့ မြန်မာနိုင်ငံဟာ သူ့တို့ အနေနဲ့ အမေရိကန် နိုင်ငံနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် လုပ်ဖို့ ဆန္ဒရှိတယ် ဆိုတာ အချက်ပြလာ ခဲ့ပါပြီ။ သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံကို စောင့်ကြည့်နေသူတွေ စိတ်လှုပ်ရှားစေတဲ့၊ စဉ်းစားစရာတွေ အများကြီး ဖြစ်စေတဲ့ ပြုပြင် ပြောင်းလဲမှုတွေ တစ်သီတစ်တန်းကြီး လုပ်ခဲ့တယ်။ အခု အဲဒီနိုင်ငံက ဒီမိုကရေစီ လှုပ်ရှားသူတွေ...

ဦးဂမ္ဘီရကို အာဏာစက်ဖြင့် အရေးယူတော့မည်

မစင်ကြယ်သော ရဟန်းများ ၊ ပုဂ္ဂိုလ်များ ပိုမိုအတင့်ရဲလာမည်ကို စိစစ်တွေ့ရှိရသဖြင့် ဦးဂမ္ဘီရ (ခ) ဦးစန္ဒောဘာသ (ခ) လူအမည် ညီညီလွင်အား ၀ိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်းများ ပြစ်မှုဆိုင်ရာ ဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ယနေ့ထုတ်ကြေးမုံသတင်းစာ တွင် အတိအလင်း ဖေါ်ပြထားသည် ။အဆိုပါ ဦးဂမ္ဘီရ (ခ) ဦးစန္ဒောဘာသ (ခ) လူအမည် ညီညီလွင် သည် လူအတန်းပညာ ၄တန်း ( မအောင်ပါ ) ၊ ရဟန်းပညာ ပထမငယ်တန်းပင်...

Friday, February 17, 2012

မြန်မာပါဆိုပြီး ဖွနေကြတဲ့ အပုပ်ချချင်သူများ...

ဖေ့ဘွတ်မှာ ဘယ်သူက ဘယ်လို မြန်မာကျောင်းသူလေးတွေ ဖဲရိုက်နေပါတယ်ဆိုပြီး ဖွလိုက်မှန်း မသိတဲ့ အောက်ကပုံလေးက မြန်မာ တွေ မဟုတ်ပါဘူး တဲ့ခင်ဗျာ... သူတို့ရဲ့ ရည်ရွက်ချက်တွေကတော့ ထုံးစံ အတိုင်း အစိုးရနဲ့ လက်ရှိ တက္ကသိုလ်က ၀န်ထမ်းတွေကို မကောင်းကြောင်း အပုပ်ချချင်လို့ အလွဲသုံးစားလုပ်လိုက်တာလို့ ယူဆရပါတယ်... ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာFacebook အင်တာနက်စာမျက်နှာပေါ်မှာ....ကျောင်းသူလေးငါးဦး...

NLD ရဲ့ အာဏာရှင် ဆန်သော လုပ်ရပ်...

အရင်ရွေးကောက်ပွဲ ကျင်းပတုန်းက ရွေးကောက်ပွဲ ၀င်တယ်ဆိုတာကလဲ တကယ်လုပ်ပိုင်ခွင့် ရမှာမဟုတ်ဘူးလို့ ယုံကြည်နေရက်နဲ့ ၀င်ပြိုင်တယ်ဆိုရင် ပြည်သူတွေကို လှည့်ဖြားရာလဲ ရောက် ခရီးလဲ မပေါက် ဖြစ်ပါလိမ့်မယ် ဆိုပြီး ရွေး ကောက်ပွဲ မ၀င်ပဲနဲ့ နိုးဗုတ် လုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်း စုကြည် နဲ့ NLD ပါတီဟာဆိုရင် အခုကြားဖြတ် ရွေးကောက်ပွဲမှာ တိုင်းပြည်နဲ့ ပြည်သူ့အတွက်ဆိုရင် အသုံးချခံရရင် ခံရပစေဆိုပြီး ၀င်ဖို့...

ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ ဗိုလ်ချုပ် ဆိုသည့် အဓိပ္ပာယ်??

ပြည်သူတွေ ပြောနေပါတယ်ဆိုတဲ့ ဗိုလ်ချုပ်ရဲ့ အဓိပ္ပာယ်က ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ ဗိုလ်ချုပ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ တူပါသလား?? မှန်ပါသလား??? ဗိုလ်ချုပ်က မြန်မာ့တပ်မတော်ကို တည်ထောင်ခဲ့သူ မဟုတ်ဘူးလား?? ဒေါ်စုက ဗိုလ်ချုပ် ဆိုတဲ့ အဓိပ္ပာယ်ကို တပ်မတော်နဲ့ မဆိုင်လုနီးပါး ဖြစ်အောင် ဘာဖြစ်လို့ ဒီလိုလျှောက် ပြောနေသလဲ??ဒေါ်စုပြောသလို သာဆိုရင် ဗိုလ်ချုပ်အောင်ဆန်း ငယ်ငယ်လေးကတည်းက ပြည်သူတွေက ဗိုလ်ချုပ် အဖြစ်နဲ့ နာမည် ပေးနေခဲ့ကြပြီလား?? ဒါမှ မဟုတ်ရင် တပ်မတော်ရဲ့ ရာထူးအကြီးဆုံး ဗိုလ်ချုပ် ရာထူးရခဲ့လို့ တပ်မတော်ရဲ့ ဖခင်တစ်ယောက် အဖြစ်နဲ့ ဗိုလ်ချုပ်အောင်ဆန်းရယ်လို့ အမည်တွ...

ပြည်သူ့အတွက်လား?? လူကြိုက်များဖို့ အတွက်လား??

\တော်ကြာဒုတိယ ပင်လုံလုပ်မယ် ပြောလိုက်... တော်ကြာ အမျိုးသား ရင်ကြားစေ့မယ် လုပ်လိုက် အခုလက်ရှိ မီးရထား ၀န်ကြီးနှင့် ငြိမ်းချမ်းရေး လုပ်ဆောင်နေသည်ကို စိတ်ရောကိုယ်ပါ မကူညီပဲ ကြည့်နေလိုက်... တော်ကြာ နိုင်ငံမှာ ပြည်တွင်းစစ် ရပ်စဲရေးနဲ့ တရားဥပဒေ စိုးမိုးဖို့ လိုတယ်ပြောလိုက် ဦးတင်ရီ ကိစ္စကို တရား ဥပဒေနဲ့ အညီ ပွင့်လင်းမြင်သာစွာ ရှင်းပြမယ် မရှိပဲ ရှောင်လွဲဖို့ ကြိုးစားလိုက်...ပြည်သူတွေ...

မဖြစ်သင့်သော ဝေဖန်မှုနှင့် မဖြစ်သင့်သော သတင်းဌာနများမှ သတင်း

ဝန်ထမ်းများသည် လုပ်ခ၊ လစာနည်းခြင်းကို အကြောင်းပြု၍ လက်ဘက်ရည်ဖိုး တောင်းခံခြင်းနှင့် အလှူငွေ ကောက်ခံခြင်း စသည့် အကျင့်ပျက် ခြစားမှုများကို လုပ်ဆောင်နေကြကြောင်း၊ ထို့ကြောင့် ၀န်ထမ်းများ စားဝတ်နေရေး ဖူလုံရန်အတွက် လစာတိုးရင်လဲ ကုန်ဈေးနှုန်းကြီး မြင့်မှုမရှိရန် စသဖြင့် ပြောကြားခဲ့ပြီးဖြစ်ပါတယ်..(ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြားချက်များကို အပြည့်အစုံ နားထောင်ချင်ရင် >> ဒီနေရာကိုနိပ်ပြီးနားထောင်ပါ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က ဒီလို အကြောင်းတွေ ကြောင့် လစာတိုးဖို့ အဆိုပြု တင်သွင်းခဲ့တာ ဖြစ်ပါတယ်... အဲဒါကို ဒါတွေကြောင့် ဒီလိုတွေ...

Tuesday, February 7, 2012

နိုင်ငံ့ ၀န်ထမ်းများ လစာတိုးရေး သူရဦးရွှေမန်း၏ အဆို ကန့်ကွက်သူ မရှိ အတည်ပြု

လာမည့်ဘဏ္ဍာရေးနှစ်တွင် နိုင်ငံသားများ၊ ၀န်ထမ်းများ၏ လုပ်ခ၊ လစာစရိတ်နှင့် ချီးမြင့်ငွေများကို မဖြစ်မနေ တိုးမြှင့်ပေးရေးအပါအ၀င် အချက် ( ၆ ) ချက်ကို ယနေ့ကျင်းပနေသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက အဆိုတစ်ရပ် တင်သွင်းပြောကြားခဲ့ကြောင်း သိရှိရပါသည် ။ အဆိုပါ အဆိုကိုတင်သွင်းရာတွင် သူရဦးရေရွှမန်းက ကိုယ့်လုပ်အားကို အရင်းတည်ပြီး ဆရာ၊ ဆရာမများက အချိန်ပို...

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ NLD ဘာဆိုင်လဲ ????

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက NLD အဖွဲ့ဝင်လား????ဗိုလ်ချုပ်က NLD အဖွဲ့ဝင် ခေါင်းဆောင်လဲ မဟုတ်ခဲ့ပါဘူး... အဲဒါကို ဘာလို့ ဒီလူတွေက တစ်နိုင်ငံလုံး လေးစားရတဲ့ သမိုင်းဝင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်ရဲ့ပုံကို အလွဲသုံးစား လုပ်နေရတာလဲ???အော်... ဗိုလ်ချုပ်သမီး တည်ထောင်ထားတဲ့ ပါတီမို့လား??? ကဲဗိုလ်ချုပ် သမီးမဟုတ်ဘူးဆိုရင် ဒီနိုင်ငံေ၇း စင်ပေါ်ကို ဒေါ်စုအနေနဲ့ ရောက်လာနိုင်စရာ...

Page 1 of 4412345Next
Twitter Delicious Facebook Digg Stumbleupon Favorites More