Tuesday, January 8, 2013

စစ်ကိုင်းမြို့နယ် NLD ပါတီတွင် ဖြစ်ပျက်ခဲ့သော

Tuesday, January 08, 2013 စစ်ကိုင်းမြို့နယ် NLD ပါတီတွင် ညီလာခံကြိုတင်ညှိနှိုင်း အစည်းအဝေး၌ ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ခဲ့ပါ တာနဲ့ပတ်သက်ပြီး ပေးပို့လာတဲ့ စာတစောင်ဖြစ်ပါတယ်။
စစ်ကိုင်းမြို့နယ် NLD ပါတီ ဇန်န၀ါရီလ ၇ ရက်နေ့တွင် စာအမှတ် ၀၀၃/ညလခ/စက/၂၀၁၃ ခုနှစ် ရက်စွဲနဲ့ တိုက်နယ် ခေါင်းဆောင်များအားလုံးကို အစည်းအဝေး ဖိတ်ကြားခဲ့ပါတယ်။

ညီလာခံကျင်းပရေး ညှိနှိုင်း အစည်းအဝေးပွဲတွင် NLD ဗဟို ညွှန်ကြားချက်ကို မလိုက်နာဘဲ ပါတီ အကျည်းတန်စေတဲ့ လုပ်ရပ်ကို ပန်းဘဲတန်းရပ်ကွက် ဥက္ကဋ္ဌ ဦးသောင်းရွှေမှ ပိုက်ဆံချမ်းသာသောသူအား ဥက္ကဋ္ဌတင်ရန် ပြောကြားပြီး ဦးကျော်သောင်းသည် ပိုက်ဆံချမ်းသာသူ ဖြစ်တဲ့အတွက် ဥက္ကဋ္ဌတင်ရန် အဆိုပြုခဲ့ပါတယ်။

၎င်းတို့နှင့်အတူပါလာသော လူတစ်စုအား ထောက်ခံခိုင်းပြီ ဥက္ကဋ္ဌ တင်မြှောက်ခဲ့ပါတယ်။ မနေ့ကပြုလုပ်တဲ့ အစည်းအဝေးတွင် ညီလာခံကိုယ်စားလှယ်များအားလုံး ဖိတ်ကြားခြင်းမရှိပဲ လူတစ်စုဖြင့်သာ လုပ်ဆောင် ခဲ့ပါတယ်။

ထို့အပြင် ပါတီအမှုဆောင်စာရင်းဟာလည်း ညီလာခံမကျင်းပမီ ပေါ်ထွက်နေသဖြင့် စာမေးပွဲမဖြေရဘဲ အောင်စာရင်းထွက်နေသည့်အဖြစ်နှင့် တူနေပါတယ်။

အိမ့်သံစဉ်
ဧရာဝတီ

0 comments:

Post a Comment

ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...

Twitter Delicious Facebook Digg Stumbleupon Favorites More