Tuesday, January 8, 2013

KIA အဖွဲ့ အနေဖြင့် ရထားလမ်း ကားလမ်း တံတားများနှင့် အရပ် ဖက်ပစ်မှတ် များအား တိုက်ခိုက် လာပါက


KIA အဖွဲ့ အနေဖြင့် ရထားလမ်း ကားလမ်း တံတားများနှင့် အရပ် ဖက်ပစ်မှတ် များအား တိုက်ခိုက် လာပါက လိုင်ဇာရှိ KIA ဌာနချုပ်သို့ အမြောက် များဖြင့်ပြန်လည် ပစ်ခတ်မည်

KIA အဖွဲ့အနေဖြင့် စစ်သားမပီသစွာ၊ သူရဲဘောကြောင်စွာ ပြည်သူများ အနှောက်အယှက် အခက်အခဲ ကြုံရအောင် ရထားလမ်း၊ ကားလမ်းများ၊ တံတားများနှင့် အရပ်ဖက်ပစ်မှတ်များအား တိုက်ခိုက်မှု တစ်စုံတရာ မပြုလုပ်ရန် သတိပေးကြောင်းနှင့် ထိုသို့ သတိပေး ထား သည့်ကြားထဲမှ အရပ်ဖက်ပစ်မှတ်များအား တိုက်ခိုက်လာပါက လိုင်ဇာရှိ KIA ဌာနချုပ်အား လက် နက်ကြီးများနှင့် တုံ့ပြန်ပစ်ခတ်သွားမည်ဖြစ်ကြောင်း လဂျားယန် ဒေသသို့ရောက်ရှိနေသည့် အမြောက် တပ်မှ အရာရှိတစ်ဦးမှ ပြောကြားပါသည်။

ကျွန်တော်တို့မှ လိုင်ဇာက KIA ဌာနချုပ်အဆောက်အဦး တွေအားလုံးကို ပစ်မှတ် မှတ်ပုံတင်ပြီးသားပါ။ ကျွန်တော်တို့ သိမ်းထားတဲ့ လဂျားယန် တ၀ိုက်ကတောင်ကုန်း တွေမှာ လက်နက်ကြီးတွေ ဆင်ထားပါ တယ်။ ပုံမုန် အတိုင်းဆိုရင်တော့ KIA ဌာနချုပ်လိုင်ဇာကို ပစ်စရာ အကြောင်းမရှိပါဘူး။ ဒါပေမဲ့ KIA တွေ အနေနဲ့ အရပ်ဖက်ပစ်မှတ်တွေကို တိုက်ခိုက်လာ မယ်ဆို ရင်တော့ ပြန်လည် တုံ့ပြန်ရပါ လိမ့်မယ် ဟု ပြောဆိုသွားသည်။

From: Myanmar Online News

1 comments:

Good,this is our myanmar army.if KIA blast boom.fight ti lizar until finish.WE dont want KIA

Post a Comment

ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...

Twitter Delicious Facebook Digg Stumbleupon Favorites More