Wednesday, January 9, 2013

ဒေါ့ဖုန်းယန် ရှိ ဟန်ကိုင်တောင်ပေါ်တွင် တပ်ချထားသော မြန်မာအစိုးရ အမြောက်တပ်အားKIA မှဝင်ဖျက်ဟူသော သတင်းမှန်ကုန်မှုမရှိ


Wednesday, 09 January 2013

လိုင်ဇာအနီးသို့ နေ့ စဉ် လက်နက်ကြီးဖြင့် ပစ်ကူပေးနေသော ဒေါ့ဖုန်းယန် ရှိ ဟန်ကိုင်တောင်ပေါ်တွင် တပ်ချထားသောမြန်မာအစိုးရ အမြောက်တပ်အား ကေအိုင်အေ မျိုးချစ်တပ်ဖွဲ့ ဝင်များမှ မနေ့ ညနေပိုင်းက သွားရောက် တိုက်ခိုက်ခဲ့ရာ လက်နက်ကြီးများ ထိမှန်ပျက်စီးသွားခဲ့ပြီး ကျန်ရှိသော လက်နက်ကြီးများအား နေရာပြောင်းရွှေ့ သွားကြကြောင်း သိရသည်ဟု အင်တာနက် သတင်းအချို့တွင် ဖော်ပြထားရာ ၄င်းသတင်း မှန်ကုန်မှုမရှိကြောင်း ဒေါ့ဖုန်းယန် အမြောက်တပ်တွင် တာဝန်ကျနေသော အရာရှိ တစ်ဦးမှ ဆိုပါသည်။

မနေ့က ဘယ်သူမှလဲကျွန်တော်တို့တပ်ဖွဲ့တွေကိုလာမပစ်ပါဘူး။ အမြောက်တပ်ရဲ့ သဘောက ကို့အတွက် လုံခြုံစိတ်ချရတဲ့နေရာမှာဘဲ နေရာချထားတာပါ။ ကျွန်တော်တို့ အမြောက်စခန်းတွေ ပတ်ဝန်းကျင်မှာ ခြေလျင်တပ်တွေ အများကြီးပါ။ ဒီလ ၇ ရက်နေ့ကတော့ ကျွန်တော်တို့ကို အဝေးကနေ လက်နက်ကြီးနဲ့ တစ်ချက်လမ်းပစ်ပြီး တော့ထွက်ပြေးသွားတာတော့ ရှိပါတယ် ကျွန်တော်တို့ စခန်းတွေနဲ့ မိုင်ဝက်လောက်အကွာမှ တစ်လုံးကွဲသံကြားပါတယ်။ ဘာမှထိခိုက်မှုမရှိပါ။ အဲဒီလိုအဝေးကြီးကနေ တစ်လုံးလောက် ပစ်နိုင်တာကိုဘဲ သူတို့ဂုဏ်ယူပြီး ပြောနေတယ် ထင်ပါတယ်။

KIA ကအမြောက်ကို တော်တော်ကြောက်နေပါပြီ။ အမြောက်သံကြားရင် သွေးပျက်ပြီး ပြေးဖို့ပြင်နေပြီ။ ဒါ့ကြောင့် သူတို့ တပ်ဖွဲ့တွေ စိတ်ဓာတ်မကျအောင် ၀ါဒဖြန့်တယ်လို့ ယူဆပါတယ် အမြောက်ပစ်တာ ရပ်မရပ်ကတော့ KIA အသိဆုံးပါ ဟုပြောဆိုသွားသည်။

From: Myanmar Online News

1 comments:

Right,i believe this,KIA n ABSDF is now going to fool ready.

Post a Comment

ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...

Twitter Delicious Facebook Digg Stumbleupon Favorites More