Tuesday, April 17, 2012

စီးပွားရေးပိတ်ဆို့မှုကြီး အမြန်ဆုံးရုတ်သိမ်းပေးပါ (ကဗျာ)

ခွပ်ဒေါင်းငယ်ပျိုရွယ်တုန်း
အကျဉ်းစံဘ၀နဲ့ နိုင်ငံရေးကာလများမှာ
ငါတို့ဟာ သူမရဲ့ ဦးနှောက်အတွက်တော့
ခြေတွေ၊ လက်တွေ ပဲပေါ့။

ခေတ်စနစ်တွေ၊ အယူအဆအသွေးရောင်တွေ
ပြောင်းလဲလာချိန်ရောက်တော့
သူမက လှေနံဓါးထစ်
ငါတို့က တယူသန်ခြင်း စွန့်ပစ်။

အခုတော့လည်း ပြန်မေးရပြီ
ဘာလဲဟဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊
ပျံ့ကျဲသွားတဲ့ မော်လီကျူးတွေ၊ အက်တမ်တွေ၊
ပေးဆပ်ခဲ့ကြဖူးတဲ့ အမာခံ ကြာပန်းတွေ၊
အချို့က နိုင်ငံရေးဇာတ်မှာ နိတ္ထိတန်သွားကြ၊
အချို့ကျတော့ ရေအောက်ထဲ နစ်မွန်းသွားကြရတယ်။
အနည်းငယ်ကတော့ နေရောင်နဲ့ ထိတွေ့နိုင်ကြပြီ။

ပြည်သူလူထုကို ပြုစား၊
ကိုယ့်အချင်းချင်းကျတော့ ကျိန်စာတွေတိုက်၊
တိုင်းပြည်ကို လောင်တိုက်သွင်းတဲ့
စီးပွားရေးပိတ်ဆို့မှုကြီးကို
ဘာကြောင့်များ ထောက်ခံနေဆဲလဲ။

အနောက် ယောက္ခမ
အနောက် ခင်ပွန်း
အနောက် မျိုးဆက်တွေနဲ့
ဒါတွေဟာ သင့်ရဲ့ အပစ်တော့မဟုတ်ပေဘူး။
ဒါပေမယ့် ...
သင်ဟာ စီးပွားရေးပိတ်ဆို့မှုကြီးနဲ့
ညီမျှခြင်းကျနေသမျှကာလပတ်လုံး
သင်ဟာ တိုင်းပြည်နဲ့ လူမျိုးကို ယစ်ပူဇော်နေတဲ့
ကဝေဆိုးတစ်ကောင်အဖြစ် သတ်မှတ်ထားပါရစေ။

(စီးပွားရေးပိတ်ဆို့မှုကြီး မြန်မာပြည်အတွက် အမြန်ဆုံးရုတ်သိမ်းပေးပါ)

(ဟေသာချမ်းငြိမ်း)


 

1 comments:

ပထမ အပုဒ်နှစ် ပုဒ်မှာ ကျုပ်တို့ နှစ်ပေါင်း၂၀ ကျော် ခံစားခဲ့ရတာ NLD နဲ့ ဒေါ်စုအတွက်ပေးဆပ်ခဲ့ရတာတွေက ပေါ်လွင်ပါတယ် နောက်အပုဒ်တွေကျတော့
ပြည်သူတွေ အမျိုးသားအင်အားစုတွေ ရဲ့ နှစ်ပေါင်း၂၀ ကျော် ခံစားရတာတွေကို ထင်ဟပ်နေတဲ့ လက်တွေ့ကျတဲ့ ကဗျာကောင်းလေးပါ

Post a Comment

ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...

Twitter Delicious Facebook Digg Stumbleupon Favorites More