Tuesday, April 17, 2012

KIO မှ တပ်ကြပ်ကျော်ဆန်း ခေါင်းဆောင်သော ၃၅ ယောက် အလင်းဝင်ပြီ


မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်မှာ ၂၀၁၁ ဇွန်မှစ၍ တပ်မတော် စစ်ကြောင်းတစ်ကြောင်းမှ အရာရှိ ၊စစ်သည် ၃ဦး အားအကြောင်းမဲ့ ဖမ်းဆီးခဲ့ရာမှ စတင်ဖြစ်ပေါ်လာတဲ့ KIAနှင့် မြန်မာစစ်တပ်ကြား တိုက် ပွဲများဟာ တဖြည်းဖြည်း အရှိန်မြင့်လာခဲ့ပြီး ပြည်တွင်း၊ ပြည်ပမီဒီယာ များ တွင် လူအများ စိတ်ဝင်တစား ဖြစ်လာခဲ့ ရတာဟာ ယနေ့တိုင်ပါ။

မြန်မာစစ်တပ်ရဲ့ပိတ်ဆို့တိုက်ခိုက်မှု၊ KIAရဲ့ ခံစစ်အားကောင်းမှု နယ်မြေစိုးမိုး ကျွမ်းကျင်မှု တွေကြောင့် တမြေ့မြေ့ လောင်ကျွမ်းခဲ့တဲ့ ဖွဲမီးလို တိုက်ပွဲတွေ ဖြစ်ခဲ့ကြပါတယ်။
 

အစိုးရက KIOနဲ့ အကြိမ်ကြိမ် သွားရောက် ညှိနှိုင်း နေစဉ်မှာဘဲ KIO ဘက်က တပ်ကြပ် အဆင့်ရှိ ကျော်ဆန်း ခေါင်းဆောင်သော တပ်မဟာ(၅) လက် အောက်ခံ တပ်ဖွဲဝင် ၃၅ယောက် ဟာ မြစ်ကြီးနားမြို့နယ် တာလောကြီး နယ်မြေရှိ တပ်မတော် စခန်းသို့ ဧပြီ ၁၆ ရက် နေ့က လက်နက်ကြီး လက်နက်ငယ် မျိုးစုံဖြင့် ငြိမ်းချမ်းရေး ၀င်ရောက် ခဲ့ကြတယ်လို့ သိရှိရပါတယ်။

ယနေ့ ဧပြီလ(၁၇)ရက်နေ့ တွင်လည်း မြစ်ကြီးနားမြို့ တပ်စခန်းသို့ KIAတပ်ဖွဲ့ဝင် (၂)ဦး တာလောကြီး တပ်စခန်းသို့ တပ်ဖွဲ့ဝင်(၅)ဦး ထပ်မံဝင်ရောက်လာ ကြောင်း စုစုပေါင်း တပ်ဖွဲ့ဝင် ၄၂ ဦး အလင်း ၀င်ရောက်ခဲ့ ကြကြောင်း သိရှိ ရပါတယ်။

ယခုလို တိုင်းပြည်နဲ့ အ၀ှမ်း ငြိမ်းချမ်းရေး ဖော်ဆောင်ပြီး တိုင်းပြည် တိုးတက်အောင် လက်ရှိ အစိုးရနှင့် အစိုးရ အဖွဲ့ဝင် လွှတ်တော် ကိုယ်စားလှယ်များမှ အားကြိုးမာန်တက်နှင့် ဆောင်ရွက် နေချိန်မှာ.. အားလုံး တက်ညီ လက်ညီနဲ့ ပူးပေါင်း ပါဝင်သင့်ပါတယ်... ယခု အလင်းဝင်ရောက် လာသော တပ်ကြပ်ကျော်ဆန်း ခေါင်းဆောင်တဲ့ အလင်းဝင် အဖွဲ့များ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ် နောက်ထပ် အလင်းဝင်မယ့် ရဲဘော်ရဲဘက်များ ရှိရင်လည်း ဒီလို အချိန်မျိုးမှာ အလင်းဝင်ပါလို့ တိုက်တွန်းပါရစေ... ယခုလို တိုင်းပြည် တိုးတက်ဖို့ ဆောင်ရွက်ရာမှာ... မကတ်သတ်သင့်တာ စကားလုံးလေးတွေက အစ မကတ်သတ်ကြပဲ... အားလုံး ပူးပေါင်း ဆောင်ရွက်ကြခြင်းဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံကြီး တိုးတက်အောင် တက်ညီလက်ညီ ဖြင့် စွမ်းဆောင်နိုင်ကြပါစေ....


From Facebook (Myo Thant)

0 comments:

Post a Comment

ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...

Twitter Delicious Facebook Digg Stumbleupon Favorites More