Saturday, April 20, 2013

ကျွန်တော် မရှင်းလင်းခဲ့သော ဒေါ်ဆုကြည်ရဲ့ ပြောဆို လုပ်ဆောင်နေတဲ့ မေးခွန်း နှစ်ခုရဲ့ အဖြေ....



မေးခွန်း ၁။

ဒေါ်ဆုကြည်နဲ့ NLD က လွှတ်တော်ထဲမှာ ဒီလောက် ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ ပြင်ဆင်သင့်တဲ့ အချက်တွေ... လိုအပ်တာတွေကို ပြင်ဆင်ရေးဆွဲ နေလို့ ရနေတဲ့ ကြားထဲက ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဘာကြောင့် ပြင်ရမယ်လို့ အသံတွေ ထွက်နေရတာလဲ??

အဖြေ

( ဒေါ်အောင်ဆန်းစုကြည်က သူမ၏လမ်းကြောင်းတွင် အတားအဆီးများ ရှိနေ သည့်တိုင်အောင် နိုင်ငံရေးပါတီမှန်သမျှ၏ ခေါင်းဆောင်များကဲ့သို့ပင် နိုင်ငံသမ္မတဖြစ်လာရန် မျှော်လင့်ထားကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားလိုက် ပါသည်။

“ဟုတ်တယ်။ကျွန်မ သမ္မတဖြစ်ချင်တယ်လို့ လုံးဝ ပွင့်ပွင့်လင်းလင်းပြော လိုက်ရင် သတင်းထောက်တွေ အားလုံး အံ့အားသင့်သွားကြမယ်ဆိုတာ ကျွန်မသိပါတယ်။ အစိုးရအဖွဲ့ခေါင်းဆောင် တကယ်ကို မဖြစ်ချင် ပါဘူးဆိုတဲ့ နိုင်ငံရေးပါတီခေါင်းဆောင်ရှိတယ်ဆိုရင် ကျွန်မ တွေ့ချင်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က တိုကျိုမြို့တွင် သတင်းထောက်များအား ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်ကသူမအား သမ္မတလောင်းစာရင်းမဝင်နိုင်အောင် တားဆီးထားသော လက်ရှိအခြေခံဥပဒေကို ကန့်ကွက်သည်ဟု ဂျပန်သတင်းထောက်ကလပ်တွင် ပြောကြားသည်။ )

မေးခွန်း ၂။

၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို ဒေါ်ဆုကြည်က နိုင်ငံတကာ စံချိန်စံနှုန်းတွေနဲ့ ညီ ပြန်လည် သုံးသပ်ဖို့ လိုတယ် ဆိုပြီး ပြင်ဆင် ရေးဆွဲဖို့ ဘာကြောင့် နှပ်ကြောင်းပေး နေရတာလဲ??

အဖြေ

(မြန်မာနိုင်ငံ၏အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် မိမိနိုင်ငံတွင်းရှိ လူနည်းစုမွတ်စ်လင်မ်တို့၏အခြေအနေမှာ ၀မ်းနည်းဖွယ်ဖြစ်နေကြောင်း၊ ယင်းလူ့အဖွဲ့အစည်းအား လုံခြုံမှုရရှိစေရန်လိုအပ်ကြောင်း ပြောကြားလိုက်သည်။ ...... မကြာသေးခင်ကပဲ မွတ်စ်လင်မ်ခေါင်းဆောင်တစ်ချို့နဲ့ ကျွန်မ တွေ့ဆုံလာခဲ့ပါတယ်။ သူတို့ဟာ မြန်မာကလွဲပြီး တခြားနိုင်ငံကို မရောက်ဖူးကြပါဘူး။ မြန်မာကလွဲပြီး တခြားဘယ်နေရာကိုမှ အမိမြေအဖြစ် မခံယူကြပါဘူး။ သူတို့ကို ကျွန်မတို့ရဲ့နိုင်ငံသားမဟုတ်သလို အထင်ရောက်သွားအောင် ဖန်တီးနေတာက တကယ်စိတ်မကောင်းစရာပါ။ ဒီအနေအထားမျိုးက တကယ်ဝမ်းနည်းစရာကောင်းတဲ့ ဖြစ်စဉ်ပါ။ ကျွန်မတို့အနေနဲ့ ဒီအရေးအရာတွေကို အခြားရှုထောင့်အမြင်ကနေ အံဝင်ခွင်ကျဖြစ်လာစေဖို့ ချဉ်းကပ်လေ့လာရပါလိမ့်မယ် ...။
အောင်ဆန်းစုကြည်)

0 comments:

Post a Comment

ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...

Twitter Delicious Facebook Digg Stumbleupon Favorites More