Tuesday, April 24, 2012

တရားခံဖြစ်နေတဲ့ ကျမ်းကျိန်စာနဲ့ စုမိုခရေဇီ

ဒေါ်စု လွှတ်တော် မတက်ရတဲ့ ကျမ်းသစ္စာ ကျိန်ဆိုခြင်း မှာပါတဲ့ ကာကွယ်စောင့်ရှောက်ပါမည် ဆိုသော  စကားလုံးလေးနဲ့ လေးစားလိုက်နာပါ့မယ် ဆိုတဲ့  စကားလုံး ဘာကွာသလဲ? ဘာလို့ ဒေါ်စုအနေနဲ့ ဒီလို ကျမ်းမကျိန်နိုင်ရတာလဲ ဘာအတွက်ကြောင့်လဲ ကျမ်းကျိန်ရင်ကော ဘာတွေ ဖြစ်လာမှာ မို့လဲ နည်းနည်း ဆွေးနွေးချင်လို့ ရေးလိုက်ပါတယ်...

စစ်သားတစ်ယောက်က နိုင်ငံကို ကာကွယ် မစောင့်ရှောက်ချင်ပါဘူး လေးစား ချင်ပါတယ်လုပ်လို့ မရပါဘူး... အဲလိုပဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ ရွေးကောက်ပွဲမှာ နိုင်လာတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ၂၀၀၈ အခြေခံဥပဒေကို မပျက်စီးအောင် ကာကွယ်စောင့်ရှောက် ထိန်းသိမ်းပြီး တိုးတက်အောင် လုပ်ဆောင်သွားရမှာက သူတို့ တာဝန်ပဲ... ဘာလို့လဲ ဆိုတော့ သူတို့က ဒီ ဖွဲ့စည်းပုံ ခြေခံဥပဒေကို ပြုပြင်ဖို့ အခွင့်အရေးတွေ ရှိနေလိုပဲ... သူတို့လက်ထဲမှာ ရှိနေတဲ့ နိုင်ငံရဲ့ ဥသျှောင် အဖွဲ့အစည်းရဲ့ အသက်ဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုတာက ပျက်စီးသွားလို့မရပါဘူး… နောက်.. ဥပမာ တစ်ခုအနေနဲ့ ပြောရရင်… ရှေ့နေတွေ အနေနဲ့ဗျာ… တရားဥပဒေတွေ တည်တံနေအောင် ပြဌာန်းထားတဲ့ ဥပဒေတွေကို လိုက်နာပြီး ကာကွယ် စောင့်ရှောက်ဖို့ တာဝန် မရှိဘူးလား ဘာဖြစ်လို့လဲ ဆိုတော့ သူတို့က ဒီဥပဒေတွေနဲ့ လုပ်ကိုင်နေကြတဲ့ သူတွေ လေဗျာ… ဒီ ဥပဒေတွေကို ကာကွယ်ဖို့ သူတို့မှာ တာဝန်ရှိတာပေါ့…  ဒါကြောင့် လွှတ်တော်အမတ်တွေ အနေနဲ့ ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ်စောင့် ရှောက်ရမှာ သူတို့ တာဝန် မဟုတ်ပေဘူးလား?

ဟုတ်ပြီ ကာကွယ်စောင့်ရှောက်ပါပြီလို့ ကျမ်းကျိန်ဆိုလိုက်ပြီ ကျွန်တော်၊ ကျွန်မတို့က ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ ၀င်လာတာ အဲဒီတော့ ပြင်တဲ့အခါကျရင် ကျမ်းစူးမှာ စိုးလို့ လွယ်လွယ်မကျိန်ဘူး ပြင်ပေးပါ လို့ ဆိုတယ် ထား… အဲဒီတော့ ဘာတွေ ပြင်မှာလဲ တိုးတက်အောင် ပြင်မှာလား ဆုတ်ယုတ်အောင် ပြင်မှာလား ကာကွယ် စောင့်ရှောက် ပါ့မယ် လို့ ကျမ်းကျိန်တယ် ဆိုတာ မတိုးတက်အောင် ကာကွယ် စောင့်ရှောက်ပါ့မယ် လို့ ကျိန်ဆိုတာ ဖြစ်နိုင်ပါ့မလား? အခုဖွဲ့စည်းပုံ အခြေခံဥပဒေ အားနည်းချက်တွေ ရှိနေတယ်.. ဟုတ်ပြီ လက်ခံတယ်… ဒါပေမယ့် အနည်းဆုံး ၆၀% လောက်က လက်ရှိ အခြေအနေနဲ့ အချိန်အခါအရ သင့်လျှော်တဲ့ ဥပဒေတွေ ဖြစ်မှာပါ… ဘာလို့လဲဆိုတော့ ပညာရှင်တွေ မပါပဲ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ မဟုတ်ပါဘူး ဒါပေမယ့် တိုးတက်အောင် ပြင်ချင်တယ် ပြင်ပေါ့… ဒါမှ မဟုတ် အကုန်လုံးကို ကောင်းအောင် ပြင်ဦးမလား ပြင်ဦး ကာကွယ်စောင့်ရှောက်ပြီး ကောင်းအောင် ပြင်တာပဲ ပြင်လို့ရပါတယ်… ဒါပေမယ့် ကိုယ့်နိုင်ငံ ကို နိုင်ငံခြားသားတွေ ၀င်ရောက်ချယ်လှယ် ချုပ်ကိုင်နိုင်အောင်၊ ပျက်စီးအောင် ပြင်မယ်ဆိုရင်တော့ အခု ကာကွယ်စောင့်ေ၇ှာက်ပါ့မယ် ဆိုတဲ့ ကျမ်းသစ္စာကို ကျိန်ချင်လိမ့်မယ် လို့ မထင်ပါဘူး…

ကျွန်တော် ကျွန်မတို့က ကျွန်မတို့ ကျွန်တော်တို့ အမေစုက စစ်သား မဟုတ်ဘူး မကျိန်နိုင်ဘူး ဟုတ်ပြီ… ဒါဆို တခြား ဒီမိုကရေစီ ဘိုးအေ နိုင်ငံတွေမှာ ကျမ်းကျိန်ဆိုတဲ့ စကားလုံးလေး တွေက ဘယ်လို လဲ လေ့လာကြည့်လိုက်ပါဦး….

အမေရိကန်မှာ ဆိုရင် - I will support to defend of the constitution.

ဂျာမနီမှာ ဆိုရင် - Defend of the visit law.

ဂျပန်မှာ ဆိုရင် - I will protect of the defend of the national chatter.

ဂရိမှာလည်း ဒီတိုင်းပဲ...

အိန္ဒယမှာ ဆိုရင် - Will to the best of the ability of the protect of the defend.

ဖိလစ်ပိုင်မှာ ဆိုရင် - Defend of the constitution.

စင်္ကာပူမှာ ဆိုရင် - l will preserve, protect of the defend of the Constitution of the Republic of Singapore.
( ကိုယ်တိုင် အသေအချာ မလေ့လာရသေး သဖြင့် မှားကောင်း မှားနိုင်ပါတယ်)

ခင်ဗျားတို့လိုပဲ သူတို့ကလည်း စစ်သားတွေ မဟုတ်ပါဘူး သူတို့ နိုင်ငံရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေပါပဲ… သူတို့ကေ၇ာ ဘာကြောင့် defend ဆိုတဲ့ စကားလုံး ပါတဲ့ ကျမ်းသစ္စာကို ကျိန်ဆိုနိုင်ရတာလဲ??
သူတို့နိုင်ငံတွေက ဖွဲ့စည်းပုံဥပဒေကို ပြင်စရာ မလိုလို့ ကျိန်နိုင်တာလို့ ဆင်ခြေပေးဦး ရသေးတယ်… သူတို့နိုင်ငံတွေမှာလည်း ခေတ်နဲ့အညီ ပြောင်းလဲ တိုးတက်လာတဲ့ အပေါ်တွေမှာ မူတည်ပြီး အခြေအနေနဲ့ အချိန်အခါအရ ပြန်ပြင်ဆင် ရတဲ့အခါတွေ ရှိပါတယ်… ဒါကြောင့် ကာကွယ်စောင့် ရှောက်ပါ့မယ် (Defend ) ဆိုတဲ့ စကားလုံးက  ပြင်လို့ မရအောင် ချုပ်ကိုင်ထားတာ မဟုတ်တဲ့အတွက် ပျက်စီးအောင် မလုပ်ရင် ကျမ်းမစူးနိုင်ပါဘူး… တိကျလို့ စေစပ်သေချာလို့ ကျမ်းကျိန်ဆိုမယ့် စကားရဲ့ အဓိပ္ပာယ်ကို အထအန ကောက်နေတာတော့ မဟုတ်ဘူး ထင်ပါတယ်..  ကိုယ့်ကိုကိုယ် မယုံကြည်လို့ ကျမ်းမကျိန် ရဲတာပဲလား လို့ ပဲ မေးစရာရှိပါတယ်…

အစကတည်းက ၂၀၀၈ ဖွဲ့စည်းပုံကို ထောက်ခံလို့ ၀င်ခဲ့တာ မဟုတ်ဘူး မကာကွယ်ချင်ဘူး ဆိုရင် လွှတ်တော် အမတ် မလုပ်နဲ့ပေါ့... အစကတည်းက ကြိုလေ့လာပေါ့ မဖြစ်နိုင်ရင် မ၀င်နဲ့ပေါ့… အခုကြမှ အစတုန်းကတည်းက အမေ့ကို ကျွန်မပြောသားပဲ ဒီယောက်ျားကို မကြိုက်ပါဘူး ဆိုပြီး ကလေး ၂ ယောက်လောက် ထွက်ပြီးမှ လုပ်လို့မရပါဘူး…

ကျွန်တော့် အထင်က ပြင်စရာမလိုပါဘူး ဒါက အားလုံးနဲ့ တသီးတစ်ခြား ဖြစ်ချင်နေတဲ့ NLD ရဲ့ ခေါင်းမာမှုပါ... လက်ရှိ အစိုးရအဖွဲ့နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက အားလုံးနီးပါးကို လိုက်လျောပေးခဲ့ပြီး ပါပြီ... သူများ နိုင်ငံတွေလည်း အတူတူပဲ ဒီလို ကျမ်းကျိန်ဆိုရတာပဲ အခုလက်ရှိ လွှတ်တော်တက်နေကြတဲ့ လွှတ်တော် အမတ်တွေလဲ ကျမ်းကျိန်ဆိုခဲ့ကြတာပဲ... ဘာကြောင့် သူတို့ကျမှ အခွင့်အထူးခံအဖြစ် လိုချင်နေကြရတာလဲ...  ဒါက NLD က ယုံကြည်မှု ပြဿနာ မဟုတ်ပါဘူး... ဥပဒေ စကားရပ် ပြဿနာလဲ မဟုတ်ပါဘူး ပြည်သူ့ အတွက်လည်း မဟုတ်ပါဘူး… ရွေးကောက်ပွဲ ၀င်တုန်းက သူတို့က လွယ်ကူတဲ့ နေရာက ကာကွယ်စောင့်ရှောက်ပါ့မယ် ဆိုတဲ့ နေရာလေးမှာ လေးစား လိုက်နာပါ့မယ် ဆိုတဲ့ စကားလုံး ပြင်ပေးလို့ ၀င်ခဲ့တာပါ လို့ ကြွေးကြော်ခဲ့ပြီး အခု ကာကွယ် စောင့်ရှောက်ပါ့မယ် လို့ ကျမ်းမကျိန်နိုင် ဖြစ်နေတာပါ... နိုင်ငံနဲ့ ပြည်သူတွေ ကောင်းစားဖို့ လုပ်ဖို့ထက် အခု သူတို့က သူတို့ရဲ့ မာန်မာနနဲ့ အရှက်ကွဲ ခံရမှာကို ကာကွယ်ဖို့ အတွက် ခေါင်းမာမာနဲ့ လုပ်နေကြတာပါ...

ဒေါ်စုအနေနဲ့ ဒီလို ပုံစံ အတိုင်းဆိုရင်တော့ ဦတည်ချက် သုံးခုထဲက အမျိုးသား ပြန်လည် ရင်ကြား စေ့ရေးကို ဘယ်လိုတွေ လုပ်မလဲမသိ… သူဝင်လာမှ လွှတ်တော်ထဲမှာ လူတွေ သဘောထား ကွဲလွဲကုန်တော့မယ်… လောလောဆယ်တော့ လွှတ်တော် ထဲက သူတွေက သူ့ကို ပြန်ပြီး ရင်ကြား ပြန်စေ့ပေးနေရတယ်.. သူလုပ်လို့ ဘာမှလဲ ဖြစ်မလာ သေးဘူး ပဠိပက္ခတွေပဲ ဖြစ်လာတယ် အခု ဘာတွေ ဖြစ်နေကြတာလဲ ဆိုရင် လူတွေ လူတွေ မှားလား မှန်လား ပြန်မဝေဖန်ရဲ ဘူး... မှားတယ်လို့ ပြန်ထောက်ပြပြီး မဆွေးနွေးရဲကြဘူး... ပြောကြရင် လေတစ်လုံးမိုးတစ်လုံးနဲ့ ဘယ်လို လူတွေလဲ ဆိုရင်  ဒေါ်စုက ဒါဆိုဒါ ဒေါ်စုက ဒီလိုဆို ဒီလို တွေ လုပ်ကြ ပြောကြပြီး ဒေါ်စုက ဟိုဝှါ လုပ်ချင်တယ် ဆို ခွင့်ပြု ဖို့တောင်းဆို ထောက်ခံလိုက်ကြ ဒေါ်စုက ဒါလုပ်ချင်တယ် ဆိုခွင့်ပြုလိုက်ကြနဲ့ ဒေါ်စုလုပ်ချင်ရာ လုပ်ဖို့ လိုက်လျောပေး ဖို့တောင်းဆို လိုက်ကြနဲ့  အဲဒီလူတွေက ဘာနဲ့ တူလဲ ဆိုရင် ဦးဏှောက် မရှိတဲ့ (စက်ရုပ်လို) လူတွေ လိုပါပဲ... ပြောပြန်ရင်လည်း အဆဲခံရဦးမယ်….

အော်… စုမိုခရေဇီ စုမိုခရေဇီ…

Monday, April 23, 2012

“ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပါမည်” ”လေးစားလိုက်နာပါမည်” ဘယ်ဒင်းက ပြင်းသလဲ???

From myanmaralways.wordpress.com
“ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပါမည်”
”လေးစားလိုက်နာပါမည်”
ဘယ်ဒင်းက ပြင်းသလဲ၊ ကျနော့် အမြင်

မိတ်ဆွေများခင်ဗျား၊
ကိုရွှေထီးတို့ ကိုလား သံဃာ (ဘုန်းကြီးတော့မဟုတ်တန်ရာ) တို့က ဆက်ပြီးလျှာမရှည်နဲ့ ဒေါ်စုနောက်က ခြေစုံပစ်ပြီးဝင်ရပ်လို့ အမိန့်ပေးပေမဲ့ ပြောစရာလေးတွေကျန်နေလို့ ရေးသားလိုက်ရပါတယ်။ ကျနော့်မှာ ကိုယ်ပိုင်ဦးခေါင်းရှိတဲ့အတွက် ထောက်ခံသင့်တဲ့အခါ ထောက်ခံပြီး၊ ကန့်ကွက်သင့်တယ်လို့ထင်မြင်ယူဆတဲ့အခါ ကန့်ကွက်တာ၊ ဝေဖန်ထောက်ပြတာကိုတော့ ကျနော့်ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ဖြစ်တဲ့အတွက် လူကြီးမင်းများ ပိတ်ပင်စရာမလိုဘူးလို့ ယူဆပါတယ်။ နောက်တစ်ချက်က မူလက အဖွဲ့ချုပ်အဖွဲ့ဝင် ခေါင်းဆောင်ငယ်တစ်ယောက်ဖြစ်ခဲ့ပေမဲ့ အခု ကျနော် ပြန်ဝင်ဖို့ ဆန္ဒမရှိပါဘူး။ အဖွဲ့ဝင်ဆိုရင် မိခင်အဖွဲ့ကို လွတ်လပ်စွာ ထောက်ခံနိုင်ပေမဲ့ လွတ်လပ်စွာဝေဖန်ခွင့်မရှိလို့ပါ။ အခု အားလုံးစဉ်းစားကြည့်စေချင်တဲ့ အဖွဲ့ချုပ်ကအငြင်းပွားနေတဲ့ စကားရပ်ကိစ္စကို ကျနော် သဘောပေါက်ပုံတင်ပြလိုက်ပါတယ်။

“ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပါမည်”

ဥပမာလေး ၂ ခုနဲ့ ပြောပါရစေ။
၁။ “ဟေ့၊ မင်းတို့အဖွဲ့ ဒီအဆောက်အဦထဲမှာနေ၊ အဆောက်အဦကိုလဲ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြ”

ဟုတ်ကဲ့၊ ကျနော်တို့အိမ်ကြီးထဲရောက်သွားပါပြီ။ အိမ်ကြီးထဲ နေရာတကျဖြစ်သွားတဲ့နောက် ဟိုဟိုသည်သည် လျှောက်ကြည့်တော့ အနည်းငယ်ရွဲ့နေတဲ့တံခါးလဲတွေ့ပါတယ်၊ ကြမ်းပြင် နိမ့်နေတဲ့နေရာလဲတွေ့ပါတယ်။ ခေါင်မိုးက မိုးယိုတဲ့နေရာလဲတွေ့ပါတယ်၊ ဒိုင်းတွေ မျှားတွေထဲမှာလဲ ညွှတ်နေတဲ့ ဒိုင်းတွေ မျှားတွေတွေ့ပါတယ်။ အောက်မှာလဲ ဆင့်တွေ တန်းတွေထဲမှာ ခြဝင်နေတဲ့ ဆင့်တွေ တန်းတွေလဲ တွေ့ပါတယ်။ ဒါတွေကို အချိန်ယူကြည့်ရင်း တစ်ခုပြီးတစ်ခုတွေ့လာတာပါ။ ကျနော်တို့က ဒီအိမ်ကြီးထဲမှာနေခွင့်ရပြီး ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့လဲ ကတိသစ္စာပြုထားတဲ့အတွက် ဒီအိမ်ကြီးရဲ့ကျန်းမာရေးဟာ ကျနော်တို့တာဝန်ဖြစ်နေပါပြီ။ ဒါ့ကြောင့် ကျနော်တို့ဟာ အိမ်ကြီးရဲ့ပုံစံကိုမပျက်စေပဲ၊ မကောင်းတဲ့နေရာတွေကို ကိုယ့်မှာရှိတဲ့အင်အားနဲ့ တဖြည်းဖြည်းခြင်းပြင်ဖို့ တာဝန်ယူရပါလိမ့်မယ်။ တချို့အစိပ်အပိုင်းတွေက ကျနော်တို့လူအားအများကြီးလိုတဲ့အတွက် နိုင်ရာကစပြီးပြင်ရပါမယ်။ တခြားလူတွေ ပါဝင်ကူညီလာအောင် စည်းရုံးပြီး အားကောင်းလာရင် ကျနော်တို့ ခေါင်မိုးတို့ ကြမ်းခင်းတို့လို အရေးအပါဆုံးနေရာတွေကို ပြင်နိုင်ပါလိမ့်မယ်။ ဒီလောက်ရေးရင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်” ဆိုတဲ့စကားဟာ ပိုကောင်းအောင် ပြုပြင်နိုင်တယ်၊ မွမ်းမံနိုင်တယ် ဆိုတာ နားလည်လောက်မယ်လို့ထင်ပါတယ်။

၂။ တစ်ဖက်က စစ်တပ်ကလဲပါနေတဲ့အခါ စစ်နဲ့ဆိုင်တဲ့ဥပမာတစ်ခု ပေးပါရစေ၊
“ဟေ့၊ မင်းတို့တပ်ခွဲ ဟောဒီတောင်ကုန်းကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြ” လို့ အထက်က အမိန့်ပေးပါတယ်။
အဲဒီတပ်ခွဲ တောင်ကုန်းမှာ နေရာယူတပ်စွဲလိုက်ပြီး ခေါင်းဆောင်တွေ စခန်းဝန်းကျင် လိုက်ကြည့်ပါတယ်။ မူလကဆောက်လုပ်ထားတဲ့ ခံတပ်မှာ ချို့ယွင်းချက်တွေတွေ့လာပါတယ်။ တက်လမ်း ဆုတ်လမ်းမကောင်းဘူး၊ ရန်သူခိုပြီးတက်လာနိုင်တဲ့ သစ်ပင်တွေရှိနေတယ်၊ ရှိတဲ့လူအားနဲ့ ဖယ်မထုတ်နိုင်တဲ့ အတော်ကြီးမားတဲ့ ကျောက်တုံးကြီးတွေ ပိတ်ဆို့နေတာလဲ တွေ့ရတယ်။ ကတုတ်ကျင်းတွေဟာ တိမ်နေတဲ့အပြင် ကူးလူးသွားလာရေးဟာ အဆက်ပြတ်တဲ့နေရာတွေ မြေပြိုပိတ်ဆို့နေရာတွေ ရှိနေတယ်။ တခြားပြုပြင်စရာတွေလဲ တွေ့လာရတယ်။

တပ်ခွဲမှူးနဲ့ခေါင်းဆောင်ငယ်တွေက ချက်ခြင်းပြင်နိုင်တာတွေကို စပြင်တယ်၊ စက်ယန္တယားတွေပါမှ ပြင်လို့ရမဲ့နေရာအတွက်ကျရင် အချိန်ယူပြီး စောင့်ရတယ်။ ဒီမှာလဲပဲ “ထိန်းသိမ်းကာကွယ်စောင့်ရှောက်” ဆိုတာမှာ မပြုပြင်ရဘူး၊ မမွမ်းမံရဘူးဆိုတာ အလျဉ်းမပါဘူးဆိုတာတွေ့ရပါလိမ့်မယ်။

“လေးစားလိုက်နာပါမည်”

အခု ကျနော် “လေးစားလိုက်နာပါမည်” ဆိုတာကို ကျနော် ဘယ်လိုသဘောပေါက်သလဲဆိုတာကိုလဲ ဥပမာ ၂ ခုနဲ့ ရှင်းပါ့မယ်။

၁။ “ဟောဒီကျောင်းကိုတက်ချင်ရင် ဟောဒီစည်းကမ်းတွေကို လေးစားလိုက်နာရမယ်”
ကျောင်းတက်ချိန်မှန်ရမယ်၊
ဆရာ ဆရာမတွေကို ရိုသေလေးစားရမယ်။
စာကြိုးစားရမယ်။
ခွင့်မတိုင်ပဲ ကျောင်းမပျက်ရဘူး၊
ခွင့်တိုင်ရင် အုပ်ထိန်းသူရဲ့ လက်မှတ်ပါရမယ်။
ကျောင်းရဲ့ဂုဏ်သိက္ခာကို မြင့်အောင်လုပ်ရမယ်၊ ကျဆင်းစေမဲ့အပြုအမူ မလုပ်ရဘူး။
စာသင်ချိန်မှာ မဆိုင်တဲ့စာ (ဝတ္ထု၊ ဂျာနယ်စသည်) မဖတ်ရဘူး၊ သီချင်းခိုးနားမထောင်ရဘူး၊ ဂိမ်း မဆော့ရဘူး။ အစာမစားရဘူး။

ကျောင်းအပ်ချိန်မှာ မိဖကော သားသမီးကျောင်းသားကပါ ကျောင်းစည်းကမ်းတွေကို လေးစားလိုက်နာပါမည်လို့ ခံဝန်ချက် လက်မှတ်ထိုးရပါတယ်။ ဒါမှ ကိုယ့်သားသမီးတက်စေချင်တဲ့ ကျောင်းကောင်းမှာ တက်ခွင့်ရပါတယ်။ ဒီ ကျောင်းစည်းကမ်းကို မိဖကော ကျောင်းသားပါ ပြင်ဆင်ခွင့်မရှိပါဘူး။ ဒါဟာ ပညာရေးနဲ့ပတ်သက်လို့ တာဝန်ယူထားသူတွေက အခြေခံလိုက်နာဖို့လိုအပ်တဲ့အတွက် သတ်မှတ်ပြဋ္ဌာန်းထားတဲ့ စည်းကမ်းတွေဖြစ်နေလို့ပါ။

၂။ စောစောကလိုပဲ တစ်ဖက်က စစ်တပ်ပါနေတဲ့အတွက် စစ်နဲ့ယှဉ်တဲ့ဥပမာတစ်ခုပေးကြည့်ပါရစေ၊
“စစ်တက္ကသိုလ်ကိုတက်ခွင့်ရသူအားလုံး အောက်ပါစည်းကမ်းများကို လေးစားလိုက်နာရမည်” ဆိုပါတော့၊
မနက်တိုင်း တိုင်းပြည်အပေါ်သစ္စာစောင့်သိပါမည်ဆိုသော သစ္စာကို ဆိုရမည်၊
သင်ကြားပို့ချချက်များကို အားကြိုးမာန်တက် ဆည်းပူးလေ့လာကြရမည်၊
ခရီးတို ခရီးရှည်ချီတက်ပွဲ၊ ညတိုက်ပွဲ၊ အနီးကပ်တိုက်ပွဲ လေ့ကျင့်ခန်းတိုင်းတွင် ပါဝင်လေ့ကျင့်ရမည်။
မြို့ထဲကို အပါတ်စဉ် တနင်္ဂနွေနေ့မှတစ်ပါး မထွက်ရ၊
လမ်းဘေးဆိုင်များတွင် စားသောက်ခြင်းမပြုရ၊
မူးယစ်စေတတ်သော သေရည်သေရက်၊ ဆေးဝါး သုံးဆောင်ခြင်းမပြုရ၊
စစ်တက္ကသိုလ်၏ ဂုဏ်သိက္ခာကျဆင်းအောင် မပြုလုပ်ရ။

စသဖြင့် စသဖြင့် တက်ရောက်ခွင့်ရသူ ဗိုလ်လောင်းကျောင်းသားတွေ လေးစားလိုက်နာပါမည်ဆိုတဲ့ ခံဝန်ချက်နဲ့ တက်ကြရမယ်လို့ ယုံပါတယ်။ ကျနော်ဟာ စစ်ဖက်ကမဟုတ်တဲ့အတွက် ဥပမာအဖြစ်သာ အချက်အလက်တွေပေးတာပါ၊ အဖွဲ့ချုပ်က ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးတို့ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်တို့ဆိုရင် ပိုသိပါတယ်။ ဒီစည်းကမ်းတွေကို အထက်ကချထားတာပါ။ ပြင်ဆင်ဖို့လိုရင် အထက်အဆင့်ဆင့်က ညှိနှိုင်းတိုင်ပြီးပြင်ပါလိမ့်မယ်။ ဗိုလ်လောင်းတွေက ပြင်လို့မရပါဘူး။

ဥပမာပေါင်း မြောက်မြားစွာကို မိတ်ဆွေတို့လဲ ခုလောက်ဆို စဉ်းစားမိပါလိမ့်မယ်။ ဒါကို အဖွဲ့ချုပ်က ပြင်ဆင်ပေးဖို့ ဘာကြောင့်ဒီလောက် ဝိရိယစိုက်နေ ကြောင့်ကြနေရတယ်ဆိုတာ ကျနော်နားလည်လို့မရပါဘူး။ သူတို့အဖွဲ့ထဲမှာ ဒီစကားတွေရဲ့အဓိပ္ဗါယ်ဟာ ဒီလိုလဲ တွေးနိုင်ပါလားလို့ ဆင်ခြင်နိုင်တဲ့လူ တကယ်ပဲ တစ်ယောက်မှမရှိဘူးလား။ အတော်အံ့သြစရာကောင်းပါတယ်။ ခေါင်းဆောင်ကြီးက ဒါမှမဟုတ် ခေါင်းဆောင်ကြီးရဲ့ အနီးကပ်တစ်ယောက်ယောက်ကပြောလိုက်ရင် ရှေ့ကဖားက အုံး အင် ဆိုရင် နောက်ကဖားတွေကလဲ ဝိုင်းပြီး အုံး အင် လိုက်ကြတာပဲ တွေ့နေရတော့ အနာဂါတ်ဒီမိုကရေစီရေးဟာ မော်ဖိုကရေစီ(Mobocracy) အုပ်စုကြီးသူကနိုင်ရေးများဖြစ်သွားမလားလို့ စိုးရိမ်မိပါတယ်ဗျာ။ တချို့ကတော့ ခရစ်တစ်ကယ်လ် သင့်ကိန်း (Critical Thinking ) လို့အသံဖလှယ်ခေါ်ပြီး တချို့ကတော့ ဖောက်ထွက်အတွေးလို့သုံးတယ်ထင်ပါတယ်။ အဲလိုလဲ တွေးကြည့်ဖို့လိုပါတယ်။ လူများတိုင်း အမှန်သာဖြစ်ကြေးဆိုရင် ဗုဒ္ဓဝါဒပေါ်လာစရာအကြောင်းမရှိပါဘူး။

ကျနော်တင်မဟုတ်ပါဘူး။ ဒီအမြင်ရှိသူတွေ မြန်မာနိုင်ငံတစ်နံတစ်လျားမှာလဲ အများအပြားရှိနိုင်ပါတယ်။ ကျနော် မနေ့ကတင်ပေးခဲ့တဲ့ ၂၀ ရက်နေ့က စတားရဲ့သတင်းထဲက ဒီကိစ္စနဲ့ပတ်သက်လို့ တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင်က “ ကာကွယ်စောင့်ရှောက်တယ် ဆိုတာက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်လို့မရဘူး ပြောတာ မဟုတ်ပါဘူး။ လေးစားလိုက်နာဆိုတဲ့ စကားလုံးကမှ ထိန်းသိမ်း ကာကွယ် စောင့်ရှောက် ဆိုတာထက် ပိုပြီးတော့ ပြင်းထန်သလို ရှိနေပါသေးတယ်။” အဲလို သူ့အမြင်ကို ပြောခဲ့ပါတယ်။

အခု ဒေါ်အောင်ဆန်းစုကြည်နေနေတဲ့အိမ်ကို ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းကာကွယ်စောင့်ရှောက်နေပါတယ်။ ပြင်ဆင်တာ ဆေးသုတ်တာတွေလုပ်ပါတယ်။ ဒီလိုပြင်ဆင်မှုလုပ်တဲ့အတွက် ဦးအောင်ဆန်းဦးနဲ့ မောင်နှစ်မခြင်း တရားတဘောင်ဖြစ်ရတဲ့အထိ ရောက်ခဲ့ဖူးတာကို မေ့မထားကြပါနဲ့။

ခုတော့ ကိုယ့်ဥဏှောက်နဲ့ကိုယ် နည်းနည်းမှမစဉ်းစားပဲ ခေါင်းဆောင်ကြီးဘာပြောပြော၊ ခေါင်းဆောင်ကြီးရဲ့အနီးကပ်က ဘာပြောပြော အုံးအင်နေကြတဲ့လူတွေနဲ့ပဲ အဖွဲ့ချုပ်ဟာ တင်းကြမ်းဖြစ်နေတယ်။ ဒါဟာ မကောင်းတဲ့ လက္ခဏာဖြစ်တယ်၊ အင်္ဂါဖြစ်တယ်။ ဒီလူတွေက သူတို့စွပ်စွဲချင်သလို ကျနော်တို့တစ်တွေကို စွပ်စွဲအပုတ်ချပြီး၊ ရိုင်းရိုင်းပျပျတွေအပါအဝင် ထင်သလို ဆဲရေးကြတယ်။ ဒီကိစ္စမှာ မျက်စေ့စုံမှိတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံလိုက်ရင် ကိစ္စပြတ်ပြီ နိုင်ပြီလို့ထင်နေကြတယ်။ ကိုယ့်အဆင့်ကိုကိုယ် နားမလည်ရှာကြဘူး။ သူတို့မှာ ဒေါ်အောင်ဆန်းစုကြည်အတွက် ပူပန်မှုရှိတာကို လက်ခံပြီး တခြားသူတွေ သူတို့တိုင်းပြည်အတွက် ပူပန်မှုရှိတာကို သူတို့က လက်မခံနိုင်ဘူး။ ဒါ သူတို့ရဲ့မဟာခေါင်းဆောင်ကြီးက လိုချင်တဲ့ အရည်အချင်းတွေ မဟုတ်ဘူးဆိုတာလဲ မသိဘူး။ ဝေဖန်ထောက်ပြသူတွေကို သူ့ထက်ငါ နင့်နင့်သီးသီးဝင်ဆဲနိုင်ရင် နာမည်ရမယ်၊ သူရဲကောင်းဖြစ်မယ်လို့ထင်နေကြတယ်။

စိတ်မကောင်းပေမဲ့ ပြောလိုက်ပါရစေ၊ ခင်ဗျားတို့တတွေဟာ “လူမိုက်တွေ” ၊ ပါဠိလိုကတော့ “ဗာလနံတွေ”၊ အင်္ဂလိပ်လိုကတော့”Stupid” တွေပါပဲ။

အားလုံး အမြင်ကျယ်ကျယ်နဲ့ ဒီမိုကရေစီကျင့်စဉ်များကို လက်ခံတတ်ကြပါစေ၊
ကျန်းမာရွှင်လန်းကြပါစေ၊
မောင်ညွန့်(မင်းကျောင်းတိုက်)


ဒုတိယဗိုလ်မှုးကြီးကျော်ဆန်း (အငြိမ်းစား)၏ NLD မှ နှုတ်ထွက်စာ

  အောက်ပါ အကြောင်း အရာများသည် ကာယကံ ရှင် ကိုယ်တိုင် ခွင့်ပြုပါသဖြင့် တင်ပေးလိုက် ခြင်း ဖြစ်ပါသည် ဟူ၍ သိရှိရပါသည်... ကိုယ်ပိုင်အရည် အချင်း ဘယ်လောက် ရှိသလဲ တိုင်းပြည်နဲ့ လူမျိုးကို ဘယ်လောက် လုပ်ပေးနိုင်သလဲ လုပ်ပေးနိုင်ရက်နဲ့ ဘယ်လောက် လုပ်ပေးခဲ့ပြီးပြီလဲ ဘယ်သူ့အတွက် ဦးတည်လုပ်ပေးနေတာလဲ ဆိုတာကို မသိပဲ ရထားတဲ့ ဆုအရှိန်တွေ၊ သမိုင်းဝင် ဗိုလ်ချုပ်ရဲ့ အရှိန်တွေနဲ့ တင် အထင်ကြီး လေးစားပြီး ဒေါ်စု လုပ်သမျှကို လိုက်ပြီး လက်ခုပ်တီးနေ ကြလို့ မဖြစ်ပါဘူး... ဒီမိုကရေစီ ဆိုတာ ဒေါ်စုပြောသလို လုပ်ဒေါ်စု ခိုင်းတာ လုပ် တဲ့ စနစ်မဟုတ်ပါဘူး.. ကိုယ်ပိုင်စဉ်းစားပြီး ကိုယ်စီကိုယ်စီ ရလာတဲ့ စဉ်းစားမှု ရလဒ်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး ကောင်း၏ မကောင်း၏ ဆွေးနွေး တိုင်းပင်ကြပြီး လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်.... ဒါကြောင့် အားလုံး အနေနဲ့ အထင်ကြီး လေးစားမှုနဲ့ ချစ်ခင်မှုတွေနဲ့ လုပ်ငန်းတာဝန်တွေကို လုပ်နိုင်မလုပ်နိုင် ခွဲခြား မြင်နိုင်ကြဖို့ အရေးကြီးပါတယ်... ထို့ကြောင့် ဤကိစ္စပါ အကြောင်း အရာများ ကို ဘယ်သူ့အရိပ်မှ လွှမ်းမိုးခြင်း မ၇ှိပဲ ဖတ်ရူ့ပြီး သိရှိ နားလည် နိုင်ကြပါစေ....








NLD ဟာ ဒီမိုကရေစီ နည်းကျ မကျ ဆုံး ဖြတ်ကြည့်ကြပါ... အားလုံး ၀ိုင်းဝန်း ညိုနိုင်းဆွေးနွေးပြီး အားလုံးရဲ့ သဘော ဆန္ဒအရ လုပ်ဆောင် ခြင်းက ဒီမိုကရေစီရဲ့ အနှစ် သာရ တစ်ခု ဖြစ်တဲ့ အတွက် ကြောင့် ဒီမိုကရေစီ စစ်စစ် ပါတီပါဆိုတဲ့ NLD မှာ ဒီလို ဒီမိုကရေစီရဲ့ အနှစ် သာရမရှိပဲ လက်အောက် ငယ်သားတွေရဲ့ ကြိုးစား အားထုတ်ခွင့် ဆန္ဒတွေ ဖော်ထုတ်ခွင့် မရှိပါဘူး... ဘာလို့လဲ ဆိုတော့ NLD မှာ ဗဟိုကြီး ဆိုတဲ့ အာဏာရှင်ပါတီ တစ်ခု ဖြစ်နေလို့ပါ... အဲဒီအထဲကမှ ဒေါ်စုရဲ့ အမိန့်၊ စကား တစ်ခွန်းဟာ.. NLD ပါတီတစ်ခုလုံးကို မလှန်နိုင်အောင် ၊ ပြန်မဝေဖန်ရဲအောင် ဖြစ်နေလျှက် ရှိပါတယ်... ပြန်ဝေဖန်လို့လဲ မရ မှားလားမှန်လား အပြန်အလှန် ဆွေးနွေးလို့မရပဲ... ဒေါ်စု တစ်သံ ဒေါ်စု တစ်မိန့် လုပ်နေတဲ့ ပါတီ တစ်ခုလို ဖြစ်နေပါတယ်... မှန်လား မှားလား ဆိုတာကတော့ ကိုယ်တိုင်ပဲ လေ့လာဆုံး ဖြတ်ကြည့်ကြပါ... ဒေါ်စုက အမှားနဲ့ မကင်းတဲ့ လူသား တစ်ယောက်ပါ နတ်ဒေ၀ါမဟုတ်သလို၊ ဒုတိယ ဘုရားသခင်လဲ မဟုတ်ပါဘူး... ဝေဖန်ခွင့်နဲ့ ပြန်လည်ဆွေးနွေး တင်ပြခွင့်တွေ တော့ ရှိရမှာပါ..  ဒီမိုကရေစီ အရေး ဖော်ဆောင်နေပါတယ် ဆိုတဲ့ အဖွဲ့ကြီးက ဒီလို တွေ ဖြစ်နေတာ တော့ မကောင်းပါဘူး.. တိုင်းပြည်နဲ့ လူမျိုး အတွက် ဒီမိုကရေစီ ဆိုတာကို လက်တွေ့ကျကျ ကျင့်သုံးပြီး ဖော်ဆောင်တာလား? ကိုယ်တွေ အာဏာရဖို့နဲ့ လုပ်ချင်တာတွေကို လုပ်ချင်တိုင်း လုပ်နိုင်ဖို့ ဒီမိုကရေစီကိုကျင့်သုံးပြီး ဖော်ဆောင်နေတာလား လို့ပဲ မေးလိုက်ချင်ပါရဲ့ဗျာ...

Wednesday, April 18, 2012

မြန်မာပြည်နဲ့ ပြည်သူလူထုကို အမှန်တကယ် ချစ်ပါတယ် ဆိုလျှင်



ယခင် စီးပွားရေး ပိတ်ဆို့ထားတုန်းက လူတစ်ယောက်ကို ငါးဒေါ်လာနှုန်းလောက်ပဲ လူသားချင်း စာနာထောက်ထားမှု အထောက်အပံ့တွေ ရခဲ့တယ်... ထိုင်းတို့ တခြား နိုင်ငံတွေမှာ မြန်မာနိုင်ငံထက် လူတစ်ယောက်ကို ဆယ်ဆ ပိုရတယ်... အားလုံးပေါင်းရင် ဒေါ်လာတွေ သန်းပေါင်းများစွာ ပိုရခဲ့တယ်... နည်းပညာ အထောက်အပံ့တွေ လုပ်ပုံလုပ်နည်းတွေလည်း... အများကြီးရခဲ့တယ်... ဒါကြောင့် ထိုင်းနဲ့ တခြား အိမ်နီးချင်း နိုင်ငံတွေက တိုးတက် သွားကြပြီး စီးပွားရေး (ကျန်းမာရေး၊ ပညာရေး၊ အထောက်အပံ့တွေ) အပိတ်ခံထားရတဲ့ မြန်မာပြည်က နောက်ကျ ကျန်ခဲ့တယ်... အဲဒီတရားခံက ဘယ်သူလဲ ဒီလို အချိန် မျိုးမှာ လက်ရှိ အစိုးရက ပြည်သူတွေ အတွက် နိုင်ငံအတွက် လက်တွေ့ တိုးတက်အောင် ကျိုးစား ဆောင်ရွက်နေချိန်မှာ... မြန်မာလူမျိုးပါလို့ ခံယူထားပြီး မြန်မာပြည်ကို စီးပွားရေး ပိတ်ဆို့ထားတာတွေ ပြန်ဖွင့်ပေးဖို့ စောပါသေးတယ် ရပ်ဆိုင်းထားသင့်ပါတယ်လို့ မပြောသင့်ပါဘူး....
မြန်မာပြည်သား မြန်မာပါဟေ့ ဆိုရင် တိုင်းပြည်တိုးတက်ေ၇းမှာ တတပ်တအား ပါဝင်သင့်ပါတယ်... လုပ်ပိုင်ခွင့် မရှိလို့ နေရာမရလို့ အာဏာ မပေးလို့ ဆိုတာတွေ နဲ့ ကိုင်ပေါက်လို့ လဲ မရတော့ပါဘူး... လုပ်ပိုင်ခွင့်တွေ နေရာတွေ ဆိုတာ ပေးရင်လည်း ကိုယ်က ယူမှ ရတာပါ... အဲဒါကြောင့် ပြည်သူ့အတွက် လူထုအတွက် တိုင်းပြည် အတွက် ပါဆိုရင် ပါးစပ်ကသာ လူကြားကောင်းအောင် ပြောမနေကြပဲ ကိုယ့်နိုင်ငံနဲ့ ကိုယ့် ပြည်သူတွေ အတွက် တိုးတက်အောင် ဖွံ့ဖြိုးအောင် လက်တွေ့ ပါဝင်ကူညီ သင့်နေပါပြီ...

Tuesday, April 17, 2012

ကမ်းလင့်သော လက်နှင့် ပါးပြင်းထောင် ပြသော ဒေါ်စု နဲ့ NLD

လက်ရှိ အစိုးရက လွှတ်တော်ထဲမှာ အားလုံး ပါဝင်နိုင်အောင်လို့ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါဝင်နိုင်အောင် ဒေါ်စုကို လွှတ်ပေးခဲ့တယ်... ထောင်ကျနေကြတဲ့ NLD အဖွဲ့ဝင်တွေကအစ ပြန်လွှတ် ပေးခဲ့တယ်... နောက်ပြီး NLDက ဒေါ်စုမကြိုက်တဲ့ အခြေခံဥပဒေထဲက စကားလုံး တစ်ချို့ကို ပြင်ပေးခဲ့တယ်... အဲဒီလိုနဲ့ လက်တွဲပြီး NLD ကို ရွေးကောက်ပွဲ ၀င်အောင် လွှတ်တော်ထဲ ရောက်အောင် ဆွဲခေါ်ခဲ့တယ်... ကြားဖြတ် ရွေးကောက်ပွဲကိုလည်း လက်ရှိ အစိုးရနဲ့ လွှတ်တော် ကိုယ်စားလှယ် အစိုးရ အဖွဲ့ဝင်များက သမာသမတ်ကျအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပြီး စီစဉ် ကျင်းပပေးခဲ့ကြတယ်... သို့ပေမယ့်လည်း





ဒေါ်စုနဲ့ NLD မှ ရွေးကောက်ပွဲနိုင် ကိုယ်စားလှယ်များ အနေနဲ့ နိုင်ငံနဲ့ ချီပြီး အလုပ်လုပ်ကြမယ့် သူများဖြစ်ကြပါတယ်... ဒါကြောင့် တစ်ချို့ ကိုယ်တွေ မကြိုက်တာတဲ့ စကားလုံးတွေ ရှိသလို ကိုယ်တွေကို မထောက်ခံကြတဲ့ သူတွေလည်း ရှိမှာပဲ.. ဒါတွေကို လိုက်ပြီး ကတ်သတ်စရာ မလိုပါဘူး... နိုင်ငံနဲ့ လူမျိုး အတွက် လုထု အတွက်ပါဟေ့လို့ ကြွေးကြော်နေပြီးမှ ဒီစကားလုံးလေး မကြိုက်ဘူး ဒီလို ပြန်ပြင်ပေး ဟိုလို ပြန်ပြင်ပေး ဆိုပြီး လုပ်နေတာကတော့ ကလေးကုလား နိုင်လွန်းပါတယ်...

NLD အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မှာမို့ ပြန်ပြင်ခိုင်းတာပါ ဆိုတာ အကြောင်းပြချက် တစ်ခုပါ... အဲဒါကြောင့် ဆိုရင်တော့ NLD ကလူတွေ မြန်မာစာ ကောင်းကောင်း အဓိပ္ပာယ် မဖော်တတ်သေးဘူးလို့ပဲ ယူဆမိပါတယ်... ဘာကြောင့်လဲ ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ပါမည် ဆိုတာက ပြန်ပြင်လို့ မရလောက်အောင် ကာကွယ် စောင့်ရှောက်ရမှာ မဟုတ်ပါဘူး... တပ်မတော်ကနေ သူ့နိုင်ငံကို ကာကွယ်စောင့်ရှောက်သလို ပျက်စီးမှုရန်၊ အဖျက်သမားရန် စတဲ့ ပျက်စီးဆုတ်ယုတ်စေမယ့် ရန်ကနေ လွတ်ကင်းအောင် စောင့်ရှောက်ရမှာ ဖြစ်ပါတယ်... လက်ရှိလွှတ်တော် အတွင်းက အဲဒီလို ကျမ်းကျိန်ဆိုပြီးတဲ့ လွှတ်တော် အမတ်များကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ကောင်းသထက် ကောင်းအောင် ပြုပြင် မွမ်းမံနေကြတဲ့ သူတွေပဲ ဖြစ်ပါတယ်... ဒေါ်စုနဲ့ NLD က ပြင်ခိုင်းတဲ့ ကာကွယ်စောင့်ရှောက်ပါမယ် ဆိုတဲ့ စကားလုံး အစား လေးစားလိုက်နာပါ့မယ် ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို သေချာ စဉ်းစား ဆန်းစစ်ကြည့် ရရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးလဲ လေးစားရမယ်.. တစ်သွေမတိမ်းနီးပါးလည်း လိုက်နာရမယ်.. ဆိုရင် သူ့စကားနဲ့ သူ ပြန်ပြင်ဖို့ ဖြစ်နိုင်ပါ့မလား... ??

နောက်ပြီး အဲဒီ ကျမ်းကျိန်တဲ့ စကားလုံးတွေက လက်ရှိ လွှတ်တော်တက်နေပြီး ဖြစ်တဲ့ လွှတ်တော် ကိုယ်စားလှယ်များ အားလုံး ရွတ်ဆို ကျိန်ဆိုခဲ့ပြီးလည်း ဖြစ်ပါတယ်.. ဒါကြောင့် ဒေါ်စုနဲ့ NLD အနေနဲ့ အခွင့်ထူးခံ အဖြစ် နဲ့ ဒီ မဖြစ်စလောက် အရေးမပါတဲ့ စကားလုံးလေး ကို ပြင်မပေးလို့ လွှတ်တော် မတက်ပဲ တိုင်းပြည်တာဝန်ကို မထမ်းရွက်ပဲ နေခြင်းဟာ ကျမ်းကျိန်ဆိုပြီး လက်ရှိ လွှတ်တော်တက်နေပြီး ဖြစ်တဲ့ လွှတ်တော် ကိုယ်စားလှယ်များ အားလုံးကို စော်ကားလိုက် သလို ရွေးကောက် တင်မြောက်လိုက်တဲ့ ပြည်သူတွေကို စော်ကားလိုက်ခြင်း ဖြစ်ပါတယ်...

မဲဆွယ်တုန်းက ပြည်သူလူထု အတွက် ရှေ့ကနေ မားမားမတ်မတ် ရပ်တည် မယ်ဆိုတဲ့ ဒေါ်စုနဲ့ NLD ဟာ ဒီလို အရေးမကြီးလှတဲ့ မဖြစ်စလောက် စကားလုံးလေး ဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ပါမည်လို့ ဘာလို့ ကျမ်းမကျိန်ဆိုနိုင်ရတာလဲ? အခုလို တစ်ဖက်က လက်ကမ်းပြီး လှမ်းနေတဲ့ အချိန်မှာ... မာန်စွယ်ထပြီး ပေါက်တော့မယ့် မြွေလို မနေသင့်ပါဘူး... ၁၉၉၀ တုန်းကလည်း သင်ခန်းစာ တစ်ခု ရှိခဲ့ပြီးသားမို့ ဒေါ်စုအနေနဲ့ တိုင်းပြည်အတွက် ပြည်သူလူထုအတွက် ပါဆိုရင် ဒီလို စကားလုံးလေးက အစ လိုက်ပြီး ကတ်သတ်မနေပဲ ကျရာနေရာကနေ တိုင်းပြည် တိုးတက်ဖို့ အတွက် တက်ညီလက်ညီနဲ့ ပူးပေါင်း ပါဝင်ဆောင်ရွက်သင့်ပါတယ်... ပါးစပ်ကပဲ ဟစ်ကြွေးနေပြီး ငါအာဏာမရလို့ ငါနေရာမရလို့ လုပ်ပိုင်ခွင့်တွေ ရှိရဲ့ သားနဲ့ ပြည်သူတွေ အတွက် မလုပ်ပေးပဲ လိုက်လံ ပိတ်ပင်တားဆီး နေတာမျိုးတွေ မလုပ်သင့်တော့ပါဘူး...

KIO မှ တပ်ကြပ်ကျော်ဆန်း ခေါင်းဆောင်သော ၃၅ ယောက် အလင်းဝင်ပြီ


မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်မှာ ၂၀၁၁ ဇွန်မှစ၍ တပ်မတော် စစ်ကြောင်းတစ်ကြောင်းမှ အရာရှိ ၊စစ်သည် ၃ဦး အားအကြောင်းမဲ့ ဖမ်းဆီးခဲ့ရာမှ စတင်ဖြစ်ပေါ်လာတဲ့ KIAနှင့် မြန်မာစစ်တပ်ကြား တိုက် ပွဲများဟာ တဖြည်းဖြည်း အရှိန်မြင့်လာခဲ့ပြီး ပြည်တွင်း၊ ပြည်ပမီဒီယာ များ တွင် လူအများ စိတ်ဝင်တစား ဖြစ်လာခဲ့ ရတာဟာ ယနေ့တိုင်ပါ။

မြန်မာစစ်တပ်ရဲ့ပိတ်ဆို့တိုက်ခိုက်မှု၊ KIAရဲ့ ခံစစ်အားကောင်းမှု နယ်မြေစိုးမိုး ကျွမ်းကျင်မှု တွေကြောင့် တမြေ့မြေ့ လောင်ကျွမ်းခဲ့တဲ့ ဖွဲမီးလို တိုက်ပွဲတွေ ဖြစ်ခဲ့ကြပါတယ်။
 

အစိုးရက KIOနဲ့ အကြိမ်ကြိမ် သွားရောက် ညှိနှိုင်း နေစဉ်မှာဘဲ KIO ဘက်က တပ်ကြပ် အဆင့်ရှိ ကျော်ဆန်း ခေါင်းဆောင်သော တပ်မဟာ(၅) လက် အောက်ခံ တပ်ဖွဲဝင် ၃၅ယောက် ဟာ မြစ်ကြီးနားမြို့နယ် တာလောကြီး နယ်မြေရှိ တပ်မတော် စခန်းသို့ ဧပြီ ၁၆ ရက် နေ့က လက်နက်ကြီး လက်နက်ငယ် မျိုးစုံဖြင့် ငြိမ်းချမ်းရေး ၀င်ရောက် ခဲ့ကြတယ်လို့ သိရှိရပါတယ်။

ယနေ့ ဧပြီလ(၁၇)ရက်နေ့ တွင်လည်း မြစ်ကြီးနားမြို့ တပ်စခန်းသို့ KIAတပ်ဖွဲ့ဝင် (၂)ဦး တာလောကြီး တပ်စခန်းသို့ တပ်ဖွဲ့ဝင်(၅)ဦး ထပ်မံဝင်ရောက်လာ ကြောင်း စုစုပေါင်း တပ်ဖွဲ့ဝင် ၄၂ ဦး အလင်း ၀င်ရောက်ခဲ့ ကြကြောင်း သိရှိ ရပါတယ်။

ယခုလို တိုင်းပြည်နဲ့ အ၀ှမ်း ငြိမ်းချမ်းရေး ဖော်ဆောင်ပြီး တိုင်းပြည် တိုးတက်အောင် လက်ရှိ အစိုးရနှင့် အစိုးရ အဖွဲ့ဝင် လွှတ်တော် ကိုယ်စားလှယ်များမှ အားကြိုးမာန်တက်နှင့် ဆောင်ရွက် နေချိန်မှာ.. အားလုံး တက်ညီ လက်ညီနဲ့ ပူးပေါင်း ပါဝင်သင့်ပါတယ်... ယခု အလင်းဝင်ရောက် လာသော တပ်ကြပ်ကျော်ဆန်း ခေါင်းဆောင်တဲ့ အလင်းဝင် အဖွဲ့များ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ် နောက်ထပ် အလင်းဝင်မယ့် ရဲဘော်ရဲဘက်များ ရှိရင်လည်း ဒီလို အချိန်မျိုးမှာ အလင်းဝင်ပါလို့ တိုက်တွန်းပါရစေ... ယခုလို တိုင်းပြည် တိုးတက်ဖို့ ဆောင်ရွက်ရာမှာ... မကတ်သတ်သင့်တာ စကားလုံးလေးတွေက အစ မကတ်သတ်ကြပဲ... အားလုံး ပူးပေါင်း ဆောင်ရွက်ကြခြင်းဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံကြီး တိုးတက်အောင် တက်ညီလက်ညီ ဖြင့် စွမ်းဆောင်နိုင်ကြပါစေ....


From Facebook (Myo Thant)

စောသေးတယ် (ကာတွန်း)


ဘယ်သူတွေက စီးပွားရေး ဖွင့်ဖို့ ကြိုးစားနေကြပြီး ဘယ်သူတွေက စီးပွားရေး ပြန်ဖွင့်ဖို့ ကြန့်ကြာအောင် လုပ်နေကြတာလဲ??

စီးပွားရေးပိတ်ဆို့မှုကြီး အမြန်ဆုံးရုတ်သိမ်းပေးပါ (ကဗျာ)

ခွပ်ဒေါင်းငယ်ပျိုရွယ်တုန်း
အကျဉ်းစံဘ၀နဲ့ နိုင်ငံရေးကာလများမှာ
ငါတို့ဟာ သူမရဲ့ ဦးနှောက်အတွက်တော့
ခြေတွေ၊ လက်တွေ ပဲပေါ့။

ခေတ်စနစ်တွေ၊ အယူအဆအသွေးရောင်တွေ
ပြောင်းလဲလာချိန်ရောက်တော့
သူမက လှေနံဓါးထစ်
ငါတို့က တယူသန်ခြင်း စွန့်ပစ်။

အခုတော့လည်း ပြန်မေးရပြီ
ဘာလဲဟဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊
ပျံ့ကျဲသွားတဲ့ မော်လီကျူးတွေ၊ အက်တမ်တွေ၊
ပေးဆပ်ခဲ့ကြဖူးတဲ့ အမာခံ ကြာပန်းတွေ၊
အချို့က နိုင်ငံရေးဇာတ်မှာ နိတ္ထိတန်သွားကြ၊
အချို့ကျတော့ ရေအောက်ထဲ နစ်မွန်းသွားကြရတယ်။
အနည်းငယ်ကတော့ နေရောင်နဲ့ ထိတွေ့နိုင်ကြပြီ။

ပြည်သူလူထုကို ပြုစား၊
ကိုယ့်အချင်းချင်းကျတော့ ကျိန်စာတွေတိုက်၊
တိုင်းပြည်ကို လောင်တိုက်သွင်းတဲ့
စီးပွားရေးပိတ်ဆို့မှုကြီးကို
ဘာကြောင့်များ ထောက်ခံနေဆဲလဲ။

အနောက် ယောက္ခမ
အနောက် ခင်ပွန်း
အနောက် မျိုးဆက်တွေနဲ့
ဒါတွေဟာ သင့်ရဲ့ အပစ်တော့မဟုတ်ပေဘူး။
ဒါပေမယ့် ...
သင်ဟာ စီးပွားရေးပိတ်ဆို့မှုကြီးနဲ့
ညီမျှခြင်းကျနေသမျှကာလပတ်လုံး
သင်ဟာ တိုင်းပြည်နဲ့ လူမျိုးကို ယစ်ပူဇော်နေတဲ့
ကဝေဆိုးတစ်ကောင်အဖြစ် သတ်မှတ်ထားပါရစေ။

(စီးပွားရေးပိတ်ဆို့မှုကြီး မြန်မာပြည်အတွက် အမြန်ဆုံးရုတ်သိမ်းပေးပါ)

(ဟေသာချမ်းငြိမ်း)


 

Twitter Delicious Facebook Digg Stumbleupon Favorites More