Monday, March 26, 2012



မြိတ်မြို့မှာ NLD ပါတီမှ ရန်ပုံငွေအတွက် ရောင်းချပေးနေသော အင်္ကျီများနှင့်ပတ်သက်ပြီး အပြင်တံဆိပ် ရိုက်ဆိုင်များနှင့် ပြဿနာများ ဖြစ်ခဲ့ကြပါတယ်… ၂၀၁၂ ခုနှစ်၊ မတ်လ (၂၄)ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိ မည်ဖြစ်သည့် အတွက်ကြောင့် မြိတ်မြို့ ပြည်သူလူထုများက ကြိုဆို အားပေး ထောက်ခံရန် အတွက် NLD အင်္ကျီများကို တခဲနက် ၀ယ်ယူဝတ်ဆင် ခဲ့ကြပါတယ် … ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိသည့်နေ့မှာ NLD ပါတီကရောင်းချ ပေးနေတဲ့ အင်္ကျီများဟာ ကုန်သွားခဲ့ပါတယ်.. (၂၄) ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် ပါလာတဲ့ လေယာဉ်နဲ့အတူ NLD ပါတီက မှာထားတဲ့ အင်္ကျီတွေဟာ ပါမလာခဲ့ပါဘူး…. ဒါကြောင့် အင်္ကျီ ၀တ်ဆင်လိုတဲ့ ပြည်သူလူထုများဟာ အပြင်တံဆိပ် ရိုက်ဆိုင်များမှာ ရိုက်နှိပ် ၀င်ဆင်ခဲ့ကြတယ်… တံဆိပ်ရိုက်ဆိုင်၏ ပြောကြားချက်အရ အဲလိုရိုက်နှိပ် ပေးနေတဲ့အချိန်မှာ NLD ပါတီမှ မြို့နယ်ပါတီဝင် တစ်ဦးဖြစ်သူ ကိုဖြိုး (ဖြိုးသီရိ ဖိနပ်ဆိုင်)၏ အစ်မဖြစ်သူ မဇင်မာကြည်နှင့် NLD ပါတီဝင်များ ရောက်ရှိလာပြီး “အင်္ကျီ တံဆိပ်ရိုက် နေတာကို နားလိုက်၊ မနားဘူးဆိုရင် NLD ပါတီဥပဒေအရ အရေးယူခြင်းခံရမယ်… ဒီအင်္ကျီထုတ်ဝေခွင့်ကို ငါကန်ထရိုက် ယူထားတယ်…” ဟုဆိုကာ တံဆိပ်ရိုက်ဆိုင်အား ဓါတ်ပုံများ ရိုက်ယူသွားခဲ့ပါတယ်… တံဆိပ်ရိုက်ဆိုင် တစ်ဆိုင်မှာဆိုရင် အင်္ကျီတွေကို တန်ဖိုးငွေ ဖြတ်ပြီး ယူသွားခဲ့ပါတယ်… ထပ်ရိုက်မယ်ဆိုရင် NLD ပါတီဥပဒေအရ အရေးယူခြင်း ခံရမယ်လို့ ပြောသွားခဲ့ပါတယ်…

တချို့ အင်္ကျီတွေဆိုရင် ရိုက်လို့တောင် မပြီးသေးဘူး.. ဒီအတိုင်း ယူသွားခဲ့ပါတယ်... တံဆိပ်ရိုက်ဆိုင်က သူတို့စိုးရိမ်တာ သက်ဆိုင်ရာ ဌာနဆိုင်ရာမှ လာရောက် ဟန့်တားမည်ကိုသာ စိုးရိမ်တာပါ… အခုတော့ NLD ပါတီက လာပြီးတော့ ခြိမ်းခြောက် သွားတယ် လို့ဆိုပါတယ်. ပြီးတော့ တံဆိပ်ရိုက်ဆိုင်က ရောင်းချပေးနေတာ NLD ကရောင်းပေးတဲ့ဈေးနဲ့ အတူတူပါပဲတဲ့… သာမန်အင်္ကျီ တစ်တည်ကို ၂၅၀၀ ကျပ်၊ နည်းနည်းကောင်းတာကို ၃၅၀၀ ကျပ်၊ ခေါင်းစည်းတစ်ခုကို ၅၀၀ ကျပ်နဲ့ ရောင်းချပေးတယ် လို့ပြောပါတယ်... အင်္ကျီတစ်ထည်မှာ အရင်းဈေး သာမန် အင်္ကျီ ၁၂၀၀ ကျပ်၊ နည်းနည်းကောင်းတာ ၁၅၀၀ ကျပ်ဆိုတော့ တစ်ဝက်လောက် မြတ်တယ်လို့ပြောပါတယ်… “ဒါကြောင့် NLD ပါတီမှာ စီးပွါးရေး ဈေးကွက်တွက်ပြီး ကိုဖြိုးပါထားတယ်ဖြစ်ရမယ်… ပြီးတော့ ပါတီရန်ပုံငွေလိုနေတာကို ချေးငွေတွေပေးပြီး အတိုးနဲ့ယူမယ်လို့လည်း ပြောနေတယ်… ” လို့ဆိုပါတယ်… “အမှန်တကယ် ပါတီကို ယုံကြည် လေးစားတယ်ဆိုရင် ကိုယ့်ပါတီက ရောင်းချပေးနေတဲ့ အင်္ကျီကုန်သွားရင်တောင် အပြင် တံဆိပ်ရိုက်ဆိုင်တွေ ရိုက်ပေးတာကို ကျေးဇူးတောင် တင်ရအုံးမယ်… ကိုယ့်ပါတီ လူသိများတာ..လူတွေအားပေးတာတွေကို မလိုချင်ဘူးဆိုတော့ အဲဒါ ဘယ်လိုအတွေး လည်းဆိုတာ စဉ်းစားကြည့်ပေတော့…”

(တနင်္သာရီသား)(http://www.myeiknews.blogspot.com/)

♣ ♣ ယခုရေးသားထားသောစာအား ဖတ်ရှုနေသောသူသည် မြိတ်မြို့သူ/သားများဖြစ်မည်ဆိုပါက မြိတ်မြို့ရှိ တံဆိပ်ရိုက်ဆိုင်များတွင် အသေးစိပ်ကို စုံစမ်းမေးမြန်းနိုင်ပါသည်...

0 comments:

Post a Comment

ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...

Twitter Delicious Facebook Digg Stumbleupon Favorites More