Sunday, February 10, 2013

ဖေဖေါ်ဝါရီရက်စွဲများ

ဒို့များငယ်ငယ်က

ဖေဖေါ်ဝါရီလမှာ အတန်းတင်စာမေးပွဲကြီးတွေဖြေဆို၊

စာတွေကျက်ခဲ့ရလို့ ရင်ခုန်ခဲ့ရဖူးတယ်။


၁၂ ရက်နေ့မှာ ဈေးပွဲတော်များ

ပြည်ထောင်စုနေ့ ပျော်ပွဲရွှင်ပွဲများလည်း

ကျင်းပပျော်ရွှင်မြူးထူးခဲ့ဖူးတယ်။


၁၃ ရက်နေ့ ဗိုလ်ချုပ်မွေးနေ့မှာ

စာစီစာကုံးများ၊ ကျပန်းများပြိုင်လို့

ဇာတိသွေး ဇာတိမာန်တို့ အားကျထက်သန်ခဲ့ကြတယ်။


ဒါပေမယ့်လေ …

ရင်နာစရာ ဒီဘက်ခေတ်မှာတော့

လူငယ်တို့ ရင်ခုန်ကြ

ချစ်သူများနေ့ဟာ ၁၄ ရက်နေ့မှာ ကျရောက်လို့လာ။


၁၂ ရက်နေ့မှာ ကျောင်းပိတ်လို့ ရွှင်မြူး၊

၁၃ ရက်နေ့ ဘာနေ့မှန်းမသိကျော်ဖြတ်၊

၁၄ ရက်နေ့ ရောက်ရန်သာ စိတ်လိုနေကြ။


ကိုကိုတို့ ချစ်သူများနေ့

ပျိုမေနဲ့ နွဲပျော်လို့

စင်တာတွေမှာ ရဲရဲတောက်အသဲပုံတွေချိတ်ကာဆွဲလို့

ဆယ်စုသစ်ရဲ့ ဖေဖေါ်ဝါရီမှာ

၁၄ ရက်နေ့သာ အထင်ကရဖြစ်လို့လာ။








ဟေသာချမ်းငြိမ်း

1 comments:

ဓာတ်ပုံ နဲ့ ကဗျာ လိုက်ဖတ်ညီတယ်၊ ဒါပေမဲ့ ကဗျာ က ကဗျာနဲ့ မတူဘူး၊ ကဗျာဆိုတာ ကာရန်-ရစ်သန် စီးဆင်းမှု အားကောင်းရမယ်၊ ကာရန်-ရစ်သန် အားပျော့တယ်လို့ ထင်ပါတယ်။။

Post a Comment

ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...

Twitter Delicious Facebook Digg Stumbleupon Favorites More