Friday, January 11, 2013

သတိ - အလိုရှိသည်...



အလိုရှိသည်...

ဲပြည်ပ၌သာ လက်ထပ်ရန်....

လက်တွေ့ အကျိုးရှိအောင်... သေအောင်လုပ် ကြိုက်သလောက်လုပ် တော်ကီ မကောင်းရင် ခံသွားရ နိုင်ပြီး... တော်ကီကောင်းရင်... နိုင်ငံခြားသား မယား... နိုင်ငံခြားသား အမေ.. တောင် သမ္မတ မှန်းနေတဲ့ ခေတ်မှာ တော်ကီ ကောင်းဖို့ သွေးသစ္စာ တော်ကီ ကျင့်နေစဉ် အတွင်း သွေးသစ္စာ၏ အကြံပေး အရာရှိတွေမှ အကယ်၍ သွေးသစ္စာ အနေဖျှင့် အစိုးရကို ကန့်လန့်တိုက်၊ တရွတ်ဆွဲ ပါက၊ အစိုးရမှ သွေးသစ္စာကို ဖမ်ဆီး ထောင်ချ အရေးယူ ခြင်းကို ခံရလျှင် လူ့အခွင့်အရေး၊ ငါ့အခွင့်အရေး၊ ဒီမိုကရေစီ အရေး စသည့် စကားလုံးကြီးကြီးများ ဖျှင့် ထုနှက် ပြောဆို ပြီး အကာအကွယ် ပေးနိုင်ရန် အတွက် ၄င်း....

သွေးသစ္စာ အစိုးရကို ကန်လန့် တိုက်လို့ နေအိမ် အကျယ်ချုပ် ကျနေစဉ် နေအိမ် အကျယ်ချုပ် အတွင်း မှ လေချွန်ပြီး ထမင်းထိုင်စားကာ... လူတကာ အထင်ကြီး နေကြသည့်... နိုဗယ်ဆုကို ဘာရလဒ် တစ်ခုမှ ထွက်အောင် မလုပ်ခဲ့ပဲနဲ့ အလကား မတ်တင်းဖျှင့် အလကား ရယူနိုင်ရန် အတွက် ၄င်း...

သွေးသစ္စာကို နေအိမ် အကျယ်ချုပ် ချလာပါက လူ့အခွင့်အရေး ချိုးဖောက်ပါတယ်၊ ပွင့်လင်းထင်သာ မြင်သာမှု မရှိဘူး၊ ဘာညာဖြင့်... သွေးသစ္စာကို ပြန်လွှတ်ပြီး သွေးသစ္စာနဲ့ တွေ့ဆုံ ဆွေးနွေးမှ (သို့) သမ္မတကြီး ဖြစ်မှ နိုင်ငံ တိုးတက်မည့် အထာကြီး ဖြစ်စေရန် အတွက် $ လွဲခွင့် မှ အစ စီးပွားရေး ပိတ်ဆို့ အရေးယူနိုင်ရန် အတွက် ၄င်း...

(အင်္ဂလန်နှင့် အမေရိကန်မှ) နိုင်ငံခြားသူ တက္ကသိုလ်မှ ပါမောက္ခ အဆင့် ထက် မနိမ့်သူ (အစိုးရ အသိုက် အ၀န်းထဲက ဖြစ်သူ၊ တေလာဆွီစ် ထက်မနိမ်အောင် ချောမော လှပသူ) ကို အပိုင်ကြံရန်အတွက် အကြံပေး လာပါ သဖျှင့်...

ယခု သွေးသစ္စာသည် (အင်္ဂလန်နှင့် အမေရိကန်မှ) နိုင်ငံခြားသူ တက္ကသိုလ်မှ ပါမောက္ခ အဆင့် ထက် မနိမ့်သူ(အစိုးရ အသိုက် အ၀န်းထဲက ဖြစ်သူ၊ တေလာဆွီစ် ထက်မနိမ်အောင် ချောမော လှပသူ) ကို လိုက်လံ ဖမ်းစီး ဖျာရောင်း သွေးဆောင်ပြီး သကာလ... NLD ပါတီဝင် ကုလားမှ ၁၅ နှစ်သမီ ကုလားမလေးကို အတင်း အဓမ္မ xxxx လုပ်သလို (မည်သို့ပဲ ရရ ခွေးကိုက် ပေးလို့ပဲ ရရ တုတ်နဲ့ ပစ်လို့ပဲရရ) ရယူရန် အလိုဆန္ဒပြင်း ပြလျှက် ဖြစ်နေပါသည်...

ရည်မှန်း ချက်အနေနဲ့ အိုဘားမားရဲ့ သမီး အကြီးဆုံးလေး နဲ့ အဂ်လန်က ဘုရင်မကြီးရဲ့ မြေးမလေးကို အပိုင်ချိုင်နိုင်ရန် အတွက် ဒီမိုလုပ်စား တွေနဲ့ မောင်တိုင်ပင်လျှက် ကလိမ်ကကျစ် ဥာဏ်များဖြင့် ကြိုးစား အားထုတ်လျှက် ရှိနေပါသည်...

အရန်အနေဖျှင့် (အင်္ဂလန်နှင့် အမေရိကန်မှ) နိုင်ငံခြားသူ တက္ကသိုလ်မှ ပါမောက္ခ အဆင့် ထက် မနိမ့်သူ (အစိုးရ အသိုက် အ၀န်းထဲက ဖြစ်သူ၊ တေလာဆွီစ် ထက်မနိမ်အောင် ချောမော လှပသူ) ကို အလွယ် တကူနဲ့ အပိုင်ကြံ နိုင်မည့် အခွင့်အရေးများ ရှိပါက ၂၀၁၅ အမှီ အရယူ နိုင်ရန် အတွက် ဆက်သွယ်ပေး ကြပါရန် နှင့် ထိုသို့ ဆက်သွယ် သတင်းပေး လာသူကို... ကျေးဇူး ဆပ်သည့် အနေနှင့် အနှစ်နှစ် အလလက မလျှော်ဖွပ်ပဲ ၀တ်နေသော ကျွန်ုပ်ရဲ့ ချွေးခံ စွပ်ကျယ်အား သိန်းရာချီဖြင့် လေလံ တင်ခွင့် ပြုသွားမည် ဖြစ်သည်...

ပုံ
၂၀၁၅ တွင် သမ္မတဂျီး ဖြစ်ရမည် ဟု ကြံစည်နေသူ ( ဗိုလ်မင်းရောင် ၀င်စားသူ) မောင်ထိန် လင်းရဲ့ ဆရာ

မောင် ငသွေး... :P

KIA အရာရှိ တစ်ဦး၏ မှာတမ်း


ဇန်န၀ါရီ ၁၁

၂၀၁၃ ခုနှစ် ၊ ဇန်န၀ါရီလ (၉) ရက်နေ့မှာ ဗမာစစ်တပ်ဟာ KIA ဗဟိုဌာနချုပ် ၊ လိုင်ဇာအ၀င်နားမှာရှိတဲ့ ကွန်ပါယန်တောင် ကြောပေါ်က စခန်းတွေကို တိုက်ခိုက်ခဲ့ရာမှာ KIA တပ်ဖွဲ့ဝင် (၁၀) ဦးလောက် သေဆုံးကျန်ခဲ့ပြီး လက်နက်အများအပြားရရှိ ခဲ့ကြောင်း၊ လဂျားယန်ဒေသမှာရောက်နေတဲ့ ဗမာစစ်တပ်က အရာရှိတစ်ဦးက ပြောပြပါတယ်။

ထူးခြားတာကတော့ သေဆုံးသွားတဲ့ KIA တပ်ဖွဲ့ဝင်တွေထဲမှာ ဗိုလ်အဆင့် ရှိသူ တစ်ဦးပါဝင်ပြီးတော့ သူ့ရဲ့ခံစား ချက် သို့မဟုတ် သေတမ်းစာကိုရေး သားထားတဲ့ စာကိုသူ့ရဲ့မှတ်စုစာအုပ်ထဲမှာ တွေ့ခဲ့ရပါတယ်။ စာပါ အကြောင်း အရာကို ဘာသာပြန်ကြည့်တော့ ….

“ ငါတို့စခန်းတွေ တစ်ခုပြီးတစ်ခုကျကုန်ပြီ ဗိုလ်ချုပ် ဂမ်ရှောင်ရဲ့ ပြောစကား ၀န်ပေါင်နိုင်ငံတော်ကြီး ထူထောင်ပြီး ရင် ငါတို့ကချင်လူမျိုးတွေကောင်းစားပြီ မင်းတို့ရဲ့ နိုင်ငံကို အသက်နဲ့လဲပြီး ကာကွယ်ကြ မင်းတို့ရဲ့စခန်းကနေ အသက်စွန့် ပြီးခုခံကြလို့ အမိန့်ပေးထားတဲ့အတိုင်း ငါခုခံသွားမှာပါ။ အမေနဲ့ မိန်းမကတော့ ပြောတယ်။ ငြိမ်းချမ်းရေးရရင်ကောင်းမှာဘဲ ဒါပေမဲ့ KIA လူကြီးတွေက ဘယ်တော့မှ ငြိမ်းချမ်းရေးရအောင်ယူမှာ မဟုတ်ဘူး။

ဗမာအစိုးရရဲ့ အောက်မှာလဲ နေစရာအကြောင်းမရှိဘူး။ ငါတို့ရဲ့ ၀န်ပေါင်ကချင်နိုင်ငံကို ရအောင်ထူထောင်မယ်လို့ ကြုံးဝါးသံတွေကြားတိုင်း တစ်နေ့ဒီလို အဖြစ်မျိုးတွေကြုံလာရမယ်ဆိုတာ သိပြီးသားပါ။ အောက်ကစခန်းတွေတော့ ကျကုန်ပြီ ခမ်းကိုင်ဘွမ်းက ပစ်တဲ့လက်နက်ကြီး တွေကလည်း မြေကျင်းထဲကကို ထွက်မရတော့ဘူး။ ဒီနေ့ငါစိတ်တွေလည်း တအားလေးနေတယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါသည်။ မနက်ဖြန်အတွက် ကျွန်ုပ်အား အသက်ရှင်ခွင့်ပေးတော်မူပါ …..
တကယ်လို့များသေသွားခဲ့ရင် ….. ငါတို့ရဲ့ဝန်ပေါင်နိုင်ငံတော်ကြီးကို ဆက်လက်ခုခံကာကွယ်နိုင်ဖို့ ဗိုလ်ချုပ် ၀မ်ရှောင်ကလည်း ငါတို့ကိုပေးထားတဲ့ အမိန့်အတိုင်း မသေမချင်းကြီးစားသွားဖို့ မှာခဲ့ချင်ပါတယ် ….”

ဗိုလ် တန်ဂျီး

စာကိုဖတ်ကြည့်တော့မှဘဲ KIA ဟာ ပြည်ထောင်စုထဲက ခွဲထွက်ပြီး ၀န်ပေါင်နိုင်ငံထူထောင်ဖို့ အမှန်တကယ် လုပ်နေတယ်ဆိုတာကို သိလိုက်ရကြောင်း ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပြည်ထောင်စုထဲက ခွဲမထွက်ပါဘူး။ သီးခြားနိုင်ငံလည်း မထူထောင်ပါဘူးလို့ ကြွေးကြော်နေပေမဲ့ လက်တွေ့မှာတော့ တိုင်းရင်းသားအချင်းချင်းသာမက နိုင်ငံ တကာကိုပါ ဗြောင်လိမ်နေတာ အံ့သြမိကြောင်း အဆိုပါအရာရှိမှ ပြောပြလာပါတယ်။

Kachin Daily News

ကေအိုင်အေ အဖွဲ့က နဘား-မြစ်ကြီးနား လူစီးကုန်တင် ရထားကို မိုင်းထောင် ဖောက်ခွဲ


ကေအိုင်အေ အဖွဲ့က နဘား-မြစ်ကြီးနား လူစီးကုန်တင် ရထားကို မိုင်းထောင် ဖောက်ခွဲ၊ အစောင့် ရဲတပ်သား တစ်ဦး သေဆုံး ခရီးသည် အမျိုးသား နှစ်ဦး၊ အမျိုးသမီး နှစ်ဦး ဒဏ်ရာရ

ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းက နဘားမှ ထွက်ခွာ လာသော နဘား- မြစ်ကြီးနား အမှတ် ၄၉ အဆန် လူစီး ကုန်တင် ရထားသည် ည ၁ဝ နာရီ ၅ မိနစ်တွင် မန္တလေး- မြစ်ကြီးနား ရထား လမ်း ဟိုပင်နှင့် နန်းခွင် ဘူတာ အကြား မိုင်တိုင် အမှတ် ၆၅၄၊ ကြေးနန်းခန်း အမှတ် ၁၉နှင့် ၂ဝကြား အရောက်၌ ကေအိုင်အေ အဖွဲ့က ထောင်ထားသော မိုင်းပေါက်ကွဲ မှုကြောင့် လူစီး တွဲ နှစ်တွဲနှင့် ကုန်တွဲ တစ်တွဲတို့ လမ်းချော် ခဲ့သည်။

ရှေ့ဆုံး လူစီးတွဲ ကြမ်းပြင် ပေါက်ထွက်ပြီး အစောင့် လိုက်ပါ လာသော ရဲတပ်သား တစ်ဦး မိုင်းဒဏ်ရာ ရရှိ သေဆုံးခဲ့ပြီး ခရီးသည် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး နှစ်ဦး တို့မှာလည်း တွဲဖြင့် ထိခိုက်မိ၍ ဒဏ်ရာများ ရရှိ ခဲ့သည်။

မိုင်းပေါက်ကွဲ မှုကြောင့် မြေပြင်၌ အချင်း ၂ပေ ခန့်နှင့် အနက် ၁ပေခန့် ကျင်းတစ်ခု ဖြစ်ပေါ် ခဲ့ပြီး ရထားလမ်းပိုင်း ပြန်လည် ဖွင့်လှစ်နိုင်ရေး အတွက် မြန်မာ့ မီးရထားမှ ဝန်ထမ်းများက ဆောင်ရွက်လျက် ရှိကြောင်း ရထား ပို့ဆောင်ရေး ဝန်ကြီး ဌာနမှ သတင်း ရရှိသည်။

ကေအိုင်အေ အဖွဲ့ အနေဖြင့် ၂ဝ၁၁ ခုနှစ်မှ စတင်၍ ယခုအချိန် အထိ မန္တလေး- မြစ်ကြီးနား ရထား လမ်းတွင် မိုင်းထောင် ဖောက်ခွဲမှု ၅၃ကြိမ်၊ မန္တလေး- လားရှိုး ရထားလမ်းတွင် နှစ်ကြိမ် စုစုပေါင်း ၅၅ကြိမ် ဖောက်ခွဲ ဖျက်ဆီး ခဲ့ကြောင်း သိရှိရသည်။

မြ၀တီ

Thursday, January 10, 2013

KIA က ကိုယ့် ပြည်နယ်မှာ ရှိတဲ့ လူထူတွေကို ကြပ်တည်းအောင် ပြုလုပ်လျှက် ရှိ


တပ်မတော်မှ သက်သာချောင်ချိအောင် လုပ်ပေးနေပေမယ့် လည်း KIA က ကိုယ့် ပြည်နယ်မှာ ရှိတဲ့ လူထူတွေကို စားနှပ်ရိက္ခာ ကြပ်တည်းအောင် ပြုလုပ်လျှက် ရှိ

ကေအိုင်အေတို့၏လမ်းတံတားများအား ဖျက်ဆီးခြင်းကြောင့် ဒေသခံပြည်သူတို့အနေဖြင့် စားသောက်ကုန် ဈေးနှုန်းများကြီးမြင့်ခြင်း၊ ရိက္ခာရှားပါးခြင်းတို့ဖြင့် ရင်ဆိုင်နေရသဖြင့် တပ်မတော်သည် ပူတာအိုခရိုင်ရှိ ဒေသခံပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ အတွက် တပ်မတော် လေယာဉ်များ အသုံးပြု၍ကူညီ ဆောင်ရွက်ပေးခဲ့သည့်အပြင် ပြည်နယ်အစိုးရမှ ပူတာအိုခရိုင်သို့ စားနပ်ရိက္ခာနှင့် လူသုံးကုန်ပစ္စည်းများ ပေးပို့ရာတွင်လည်းကောင်း၊ ကေအိုင်အေအဖွဲ့၏ ဖောက်ခွဲဖျက်ဆီးမှုကြောင့် ပျက်စီးနေသည့် လမ်း၊ တံတားများ ပြုပြင်ရာတွင် လည်းကောင်း လုံခြုံရေးဆောင်ရွက်ပေးလျက် ရှိသည်။ ထိုကဲ့သို့ တိုင်းရင်းသား ပြည်သူများအတွက် စားနပ်ရိက္ခာများ ပို့ဆောင်နေစဉ် ဒီဇင်ဘာလ ၂၈ ရက်နေ့မွန်းလွဲပိုင်းတွင် ဆွမ်ပရာဘွမ်မြို့နယ် က၀ယန်ကျေးရွာမှ ပူတာအိုသို့ ထွက်ခွာလာသည့် ရိက္ခာသယ်ယာဉ်တန်းအား လက်နက်ငယ်များဖြင့် နှောင့်ယှက်ပစ်ခတ်ခဲ့သည်။ ကချင်လူမျိုးနှင့် ကချင်ပြည်နယ် ကောင်းစားရေး ဟု အသံကောင်းဟစ်ကာ ကြွေးကြော်နေသော ကေအိုင်အေသည် ကချင်လူမျိုးနှင့် ကချင်ပြည်နယ် အတွင်း နေထိုင်ကြသော တိုင်းရင်းသားညီအစ်ကိုများ စားမည့် ထမင်းကို မြေသို့ကျအောင် ပုတ်ချလျက် ရှိနေ ပေသည်။

ဆီးဂိမ်းတွင် ဆုတံဆိပ် ၁၃၀၀ ကျော် ချီးမြှင့်မည်


ဆီးဂိမ်းတွင် ဆုတံဆိပ် စုစုပေါင်း ၁၃၅၇ ခု ချီးမြှင့်သွားရန် စီစဉ်ထားသည်ဟု အားကစားဝန်ကြီးဌာနမှ သိရသည်။ယင်းဆုတံဆိပ်များကို ပြိုင်ပွဲ ၄၀၉ ပွဲတွင် ပေးအပ်သွားမည် ဖြစ်ပြီး ရွှေဆု ၄၀၉၊ ငွေ ၄၀၉၊ ကြေး ၅၃၉ ဆု ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ပေးအပ်ချီးမြှင့်ဆုများတွင် ပြေးခုန်ပစ် အားကစားနည်းနှင့် ရေကူး/ဒိုင်ဗင်ကစားနည်းများမှာ ဆုတံဆိပ် အများဆုံး ဖြစ်ပြီး ယင်းကစားနည်း ၂ ခုပေါင်း ဆုတံဆိပ်မှာ ၂၁၀ အထိ ရှိကြောင်း သိရသည်။

အဆိုပါ ဆုများ အတည်ပြုကြေငြာခြင်းကို ယခုလ ၂၉ ရက်နေ့တွင် ကျင်းပမည့် SEAGF အစည်းအဝေးတွင် အတည်ပြု ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

Popular Myanmar News Journal

အစိုးရဝန်ထမ်း လစာတိုးနိုင်ကြောင်း သမ္မတ အရိပ်အမြွက်ပြောကြား

KNU ကရင် တိုင်းရင်းသား ညီအစ်ကိုများနှင့် တရင်းတနှီး တွေ့ဆုံး ဆွေးနွေးခဲ့စဉ်


သိင်္ဂီထွန်း | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၁၀ ရက် ၂၀၁၃ ခုနှစ် ၁၈ နာရီ ၁၉ မိနစ်

ရန်ကုန် (မဇ္ဈိမ)။ ။ အစိုးရဝန်ထမ်းများ၏ လစာနှင့် ထောက်ပံ့ကြေးများ လာမည့်ဘဏ္ဍာနှစ်တွင် တိုးမြှင့်ပေးနိုင်တော့ မည့် အနေအထားရှိကြောင်း ပြည်ထောင်စု လွှတ်တော်သို့ ဇန်န၀ါရီလ ၁၀ ရက်နေ့က ပေးပို့သော သမ္မတ ဦးသိန်းစိန် ၏ နှစ်သစ်ကူး သဝဏ်လွှာတွင် အရိပ်အမြွက် ထည့်သွင်း ပြောကြားသွားသည်။

ပြုပြင်ပြောင်းလဲမှု လုပ်ခဲ့သော လူမှုရေး ဆောင်ရွက်ချက်များအကြောင်း ပြောကြားရာတွင် သမ္မတက ယခုလို ထည့်သွင်း ပြောကြားသွားခြင်း ဖြစ်သည်။

“လွှတ်တော်အတွင်း၌ ရသုံးမှန်းခြေ ငွေစာရင်း ဆွေးနွေးသည့် ကိစ္စရပ်များကိုလည်း ပြည်သူလူထုထံ ပွင့်လင်း မြင်သာမှုရှိရှိ အသိပေးနိုင်ခဲ့ပြီး လာမည့် ဘဏ္ဍာရေးနှစ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ထောက်ပံ့ကြေးများကို တဆင့်ပြီး တဆင့် တိုးမြှင့်ပေးနိုင်တော့မည် ဖြစ်သည်ကိုလည်း တွေ့ရှိရမည် ဖြစ်ပါသည်” ဟု သမ္မတ၏ နှစ်သစ်ကူး သဝဏ်လွှာ တွင် ရေးသားပါရှိသည်။

လာမည့် ဘဏ္ဍာနှစ်သည် ၂၀၁၃ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် စတင်မည် ဖြစ်သည်။

ထို့ပြင် လာမည့်ဘဏ္ဍာနှစ်အတွက် ရသုံးမှန်းခြေငွေစာရင်းကိုလည်း အစိုးရနှင့် လွှတ်တော်တို့အကြား ပွင့်ပွင့် လင်းလင်း ဆွေးနွေးနိုင်ခဲ့ပြီး “ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေ” ကို ပိုမိုစနစ်ကျစွာ ပြဋ္ဌာန်းနိုင် တော့မည်ဟုလည်း ပါရှိသည်။

အစိုးရ အဖွဲ့အစည်းများအတွင်း အဂတိလိုက်စားမှု ကင်းရှင်းရန်နှင့် လာဘ်ပေးလာဘ်ယူမှုများ ပပျောက်ရန်အတွက် ဒု-သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး အဖွဲ့ဝင် ၈ ဦး ပါသော "လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီ" ကိုလည်း ယခုလ ၈ ရက်တွင် သမ္မတ က ဖွဲ့စည်းခဲ့သေးသည်။

“ဒီကိစ္စလည်း စပ်ဆက်နိုင်တာပဲ။ စင်္ကာပူဆိုရင် သူ့ဝန်ထမ်းတွေကို အမြင့်ဆုံး ခံစားခွင့် ပေးထားတာ။ ဒါက လာဘ်ပေး ဘာဘ်ယူ ပပျောက်ဖို့ အများကြီး အထောက်အကူပြုတာပေါ့” ဟု စီးပွားရေး တက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဦးမော်သန်း က ပြောသည်။

၂၀၁၂-၂၀၁၃ ခုနှစ်မှစပြီး ဝန်ထမ်းလစာ တိုးမြှင့်ရေးနှင့် စပ်လျဉ်းသည့် အဆိုတခုကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလထဲတွင် တင်သွင်းခဲ့ပြီး ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဦးလှထွန်း အပါအဝင် စက်မှုဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး၊ အမျိုးသား စီမံကိန်းဝန်ကြီးတို့မှ ဝန်ထမ်းများလစာ တိုးခြင်းကို ၂၀၁၃-၂၀၁၄ ခုနှစ် တွင်သာ ဆောင်ရွက်သင့်ကြောင်း ဝန်ကြီး ဦးလှထွန်း က ပြန်လည်ရှင်းလင်းခဲ့ဖူးသည်။

ဝန်ထမ်းလစာများကို ၂၀၁၀ ခုနှစ်၊ ဧပြီလတွင် ကျပ်ငွေ နှစ်သောင်းစီ တိုးမြှင့်ပေးခဲ့ဖူးပြီး အစိုးရသစ်လက်ထက် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလတွင် အခြေခံပညာ ဦးစီးဌာန အောက်ရှိ ပြည်နယ်နှင့်တိုင်းအဆင့်မှ မြို့နယ်အဆင့်ထိ ပညာရေး ဝန်ထမ်းများအား မူလ လစာ၏ ၇ ရာခိုင်နှုန်းစီ တိုးမြှင့်ပေးခဲ့သည်။

နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာကို ၂၀၁၁ ခုနှစ်၊ ဇွန်လ ၃၀ ရက်တွင် တိုးမြှင့်ကြောင်း ကြေညာခဲ့ဖူးသည်။

ကေအိုင်အေခေါင်းဆောင်များမှ စစ်ကိုလိုလားသဖြင့် ကချင်ပြည်နယ်တွင် စစ်ပွဲများဖြစ်ဟု ရှမ်းပါတီလွှတ်တော် ကိုယ်စားလှယ်ပြောဆို


Friday, January 11, 2013

ကေအိုင်အေ စစ်ခေါင်းဆောင်များမှ စစ်ကိုလိုလားနေသဖြင့် ကချင်စစ်ပွဲဆက်လက် ဖြစ်ပွားနေကြောင်း ရှမ်း ပါတီကြီး တစ်ခုဖြစ်သည့် ကျားဖြူပါတီ သီပေါမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းမှ (၁၀-၁-၂၀၁၃) ရက်နေ့တွင် ပြည်သူ့လွှတ်တော် အဆောက်အဦးတွင် RFA နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

၎င်းက “အဲဒီမှာရှိတဲ့ စစ်ဦးစီးချုပ်တို့ ဘာတို့ ကိုယ်၌က စစ်ကို လိုလားတာ ဖြစ်ချင်ဖြစ်မှာပေါ့ ကျွန်တော်တော့ ဒါနဲ့ ပတ်သတ်လို့ အသေးစိတ်တော့ မသိဘူး။ သို့သော် အပေါ်က အခုတွေ့ရ သိရသလောက်ကတော့ အဲဒီ သူတို့ စစ်ဦးစီးချုပ်တို့ ဘာတို့ဆိုတဲ့ပုဂ္ဂိုလ်များကိုက စစ်လိုလားတဲ့ သူတွေဖြစ်နေတော့ စစ်ရပ်ဆဲဖို့ ကျွန်တော်တို့ ဒီအစိုးရပြောတာကို သူတို့က လက်မခံဘဲ ကျွန်တော်တို့ သိသလောက်ဆို စဆွေးနွေးကတည်းက အကြောင်း အမျိုးမျိုးပြပြီး သူက ရှောင်ထွက်နေတာ အဲ့လိုဆိုတဲ့အခါကြတော့ ကိုင်း ဟုတ်ပြီ အဲလိုဆိုလို့ရှိရင်လည်း စစ်မရပ်ချင်ဘူးဆိုရင်လည်း တိုက်ကျတော့ဆိုတော့ အခု သူတို့နေတဲ့ စခန်း လိုင်ဇာတို့ ဘာတို့ ကျတော့မယ် ဆိုတဲ့ အခါကျတော့ အရပ်ကူပါ လူဝိုင်းပါ ကုလသမဂ္ဂတို့ ဘာတို့ ၀င်ပါ ဒေါ်အောင်ဆန်းစုကြည်က ကြားဝင်ပါ တို့တွေ ဖြစ်လာကော၊ ကျွန်တော်မြင်တာက ပြဿနာက ဒီအစိုးရဘက်မှာ မရှိဘူး ကေအိုင်အေ ဘက်မှာပဲ ရှိတယ်။ ကေအိုင်အေမှာတောင်မှ သူ့အဖွဲ့အစည်းထဲက အဓိကကျတဲ့ ပုဂ္ဂိုလ်များပေါ့ သူတို့အပေါ်မှာဘဲ တာဝန် ရှိတယ်။ ” ဟု ပြောဆိုသွားသည်။

ကချင်ပြည်နယ်တွင် ယခင်ကတည်းက ကချင်လူမျိုးကြီး သီးသန့်နေထိုင်တာမဟုတ်ဘဲ ရှမ်းလူမျိုးများနှင့် အခြားသော တိုင်းရင်းသားများလည်း နေထိုင်လျက်ရှိသည်။ ဗန်းမော်ခရိုင်၊ မိုးညှင်းခရိုင်များသည် ရှမ်းစော်ဘွား များ အုပ်ချုပ်ခဲ့သော ဒေသများဖြစ်ပြီး ကချင်ပြည်နယ်အတွင်းတွင် ရှမ်းလူမျိုးများအပြင် အခြားတိုင်းရင်းသား များပါ နေထိုင်လေ့ရှိပြီး KIA များထံမှ ဆက်ကြေးကောက်ခံခြင်း၊ စစ်သားများအဖြစ် အဓမ္မစုဆောင်းခြင်း၊ တိုက်ပွဲများတွင် လူသားဒိုင်းအဖြစ် အသုံးပြုခြင်းများအပြင် ရှမ်းရွာတွေအနီးတွင် အထင်လွဲစေရန် မိုင်းဆွဲ မိုင်းထောင်ခြင်း၊ ရှမ်းအမျိုးသမီးငယ်များ ကို မုဒိမ်းကျင့်ခြင်းစသည်ဖြင့် အနိုင်ကျင့်နှိပ်စက်လျက်ရှိကြောင်းကိုလဲ ဒီဇင်ဘာလ(၂၇)ရက်နေ့ထုတ် ရှမ်းနီပါတီ၏ ကြေငြာချက်တွင် ဖော်ပြထားကြောင်း သိရှိရသည်။

kdn
Myanmar Online News

Wednesday, January 9, 2013

ဒေါ့ဖုန်းယန် ရှိ ဟန်ကိုင်တောင်ပေါ်တွင် တပ်ချထားသော မြန်မာအစိုးရ အမြောက်တပ်အားKIA မှဝင်ဖျက်ဟူသော သတင်းမှန်ကုန်မှုမရှိ


Wednesday, 09 January 2013

လိုင်ဇာအနီးသို့ နေ့ စဉ် လက်နက်ကြီးဖြင့် ပစ်ကူပေးနေသော ဒေါ့ဖုန်းယန် ရှိ ဟန်ကိုင်တောင်ပေါ်တွင် တပ်ချထားသောမြန်မာအစိုးရ အမြောက်တပ်အား ကေအိုင်အေ မျိုးချစ်တပ်ဖွဲ့ ဝင်များမှ မနေ့ ညနေပိုင်းက သွားရောက် တိုက်ခိုက်ခဲ့ရာ လက်နက်ကြီးများ ထိမှန်ပျက်စီးသွားခဲ့ပြီး ကျန်ရှိသော လက်နက်ကြီးများအား နေရာပြောင်းရွှေ့ သွားကြကြောင်း သိရသည်ဟု အင်တာနက် သတင်းအချို့တွင် ဖော်ပြထားရာ ၄င်းသတင်း မှန်ကုန်မှုမရှိကြောင်း ဒေါ့ဖုန်းယန် အမြောက်တပ်တွင် တာဝန်ကျနေသော အရာရှိ တစ်ဦးမှ ဆိုပါသည်။

မနေ့က ဘယ်သူမှလဲကျွန်တော်တို့တပ်ဖွဲ့တွေကိုလာမပစ်ပါဘူး။ အမြောက်တပ်ရဲ့ သဘောက ကို့အတွက် လုံခြုံစိတ်ချရတဲ့နေရာမှာဘဲ နေရာချထားတာပါ။ ကျွန်တော်တို့ အမြောက်စခန်းတွေ ပတ်ဝန်းကျင်မှာ ခြေလျင်တပ်တွေ အများကြီးပါ။ ဒီလ ၇ ရက်နေ့ကတော့ ကျွန်တော်တို့ကို အဝေးကနေ လက်နက်ကြီးနဲ့ တစ်ချက်လမ်းပစ်ပြီး တော့ထွက်ပြေးသွားတာတော့ ရှိပါတယ် ကျွန်တော်တို့ စခန်းတွေနဲ့ မိုင်ဝက်လောက်အကွာမှ တစ်လုံးကွဲသံကြားပါတယ်။ ဘာမှထိခိုက်မှုမရှိပါ။ အဲဒီလိုအဝေးကြီးကနေ တစ်လုံးလောက် ပစ်နိုင်တာကိုဘဲ သူတို့ဂုဏ်ယူပြီး ပြောနေတယ် ထင်ပါတယ်။

KIA ကအမြောက်ကို တော်တော်ကြောက်နေပါပြီ။ အမြောက်သံကြားရင် သွေးပျက်ပြီး ပြေးဖို့ပြင်နေပြီ။ ဒါ့ကြောင့် သူတို့ တပ်ဖွဲ့တွေ စိတ်ဓာတ်မကျအောင် ၀ါဒဖြန့်တယ်လို့ ယူဆပါတယ် အမြောက်ပစ်တာ ရပ်မရပ်ကတော့ KIA အသိဆုံးပါ ဟုပြောဆိုသွားသည်။

From: Myanmar Online News

KIA တို့ စွန့်ခွာသွားသည့် စခန်းများ (ဓါတ်ပုံများ)

လဂျားယန် တောင်ကြောတ၀ိုက် KIA တို့ စွန့်ခွာသွားသည့် စခန်းများ။ ယခင်က ၄င်းစခန်များမှ မိမိတို့ တပ်များ ရိက္ခာပို့ခြင်း သွားလာ လုပ်၇ှားခြင်းတို့ကို မိုင်းထောင်ခြင်း ခြုံခိုတိုက်ခိုက်ခြင်း ကားလမ်တံတားများ မိုင်းခွဲခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။






Yan Naing Aung

နယ်မြေမငြိမ်းချမ်းသည့်ကြားက ကချင်ပြည်နယ်မှ သစ်လုံးများ တရုတ်သို့ တရားမ၀င်တင်ပို့နေ


လိုင်ဇာ၊ ဇန်န၀ါရီ-၎

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားပြီး နယ်မြေမငြိမ်မသက်ဖြစ်နေသော်လည်း နယ်နိမိတ်ချင်း ထိစပ်နေသော တရုတ်နိုင်ငံသို့ တရားမ၀င် သစ်လုံးတင်ပို့မှုများမှာ ပုံမှန်ရှိနေဆဲ ဖြစ်ကြောင်း ဒေသခံများနှင့် မကြာသေးမီက ထုတ်ပြန်လိုက်သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စုံစမ်းထောက်လှမ်းရေး အေဂျင်စီ (EIA) ၏ စစ်တမ်းတစ်ခုတွင် ဖော်ပြချက်များအရ သိရသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် ချောင်းတစ်ခုသာခြားသော လိုင်ဇာမြို့ရှိ တရားမ၀င်ဖြတ်သန်းသော လမ်းကြောင်းတွင် တန်းစီ ရပ်နားထားသော သစ်လုံးတင်ကားများကို လက်ညှိုးညွှန်ရင်း ဒေသခံတစ်ဦးက “ဒီသစ်လုံးကားတွေက တရုတ်ဘက်ကို သွားမယ့်ကားတွေ။ စစ်ပွဲတွေဖြစ်နေတာတောင် ဒီကားတွေက အမြဲသွားနေတာပဲ” ဟု ဒီဇင်ဘာလ ၂၅ ရက်က ပြောကြားခဲ့သည်။

လိုင်ဇာမြို့ကိုဖြတ်ကာ တစ်ဖက်နိုင်ငံသို့ မှောင်ခိုတင်ပို့သော သစ်လုံး ကားများကို အမြဲလိုလို မြင်တွေ့ နေရကြောင်း ဒေသခံများက ပြောကြသည်။

“တိုက်ပွဲတွေဖြစ်နေလည်း သစ်လုံးတွေက ထွက်နေတာပဲ။ ဒါကိုတောင် အခွင့်ကောင်းယူပြီး သစ်ခိုးထုတ်နေတဲ့သူတွေ အများကြီးပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကချင်ပြည်နယ်တွင်း တိုက်ပွဲများ ပြင်းထန်လျက်ရှိသော်လည်း နယ်နိမိတ်ချင်း ထိစပ်နေ သော ယူနန်ပြည်နယ်သို့ သစ်အလုံးလိုက် တင်ပို့မှုများမှာ နေ့စဉ်လိုလိုရှိပြီး တရုတ်နိုင်ငံသို့ မှောင်ခိုလမ်းကြောင်းမှ ဖြတ်သန်းကာ အများဆုံးတင်ပို့နေကြောင်း ဒေသခံများနှင့် EIA ၏ တရုတ်နိုင်ငံ၏ မှောင်ခိုသစ်လုပ်ငန်း (China's trade in illegal timber) စစ်တမ်းတွင် ဖော်ပြထားသည်။

၂၀၁၂ နှစ်ဆန်းပိုင်းက မြန်မာနိုင်ငံတွင်းနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တို့တွင် စုံစမ်း ထောက်လှမ်းခဲ့ရာမှ တွေ့ရှိချက်များကို နိုဝင်ဘာလက စစ်တမ်း တစ်စောင် ထုတ်ပြန်ခဲ့ပြီး ထိုစစ်တမ်းတွင် မြန်မာနိုင်ငံမှ ယူနန်ပြည်နယ်သို့ တရားမ၀င် တင်ပို့နေသော သစ်လုံးပမာဏမှာ တစ်နှစ်လျှင် ကုဗမီတာ တစ်သန်းရှိကြောင်း ဖော် ပြထားသည်။ EIA ၏ နိုဝင်ဘာလက ထုတ်ပြန်ခဲ့သော ထိုစစ်တမ်းတွင် မြန်မာနိုင်ငံမြောက်ပိုင်း ကချင် ပြည်နယ်အတွင်းမှ သစ်တောများသည် တရုတ်နိုင်ငံ ဈေးကွက်ကို ဖြည့်ဆည်းနေရသည့်အတွက် အဆိုးဝါးဆုံး အနေအထားသို့ ရောက်ရှိနေကြောင်း သုံးသပ်ထားသည်။

ကချင်ပြည်နယ်တွင်းမှ ယူနန်ပြည်နယ်သို့ နယ်စပ်မှ တရားမ၀င် တင်ပို့နေသော ဂိတ်ငါးခုကို စုံစမ်းထောက်လှမ်း တွေ့ရှိခဲ့မှုများအရ အများဆုံး တင်ပို့နေသော သစ်အမျိုးအစားများမှာ ပြည်နယ်အတွင်း အများဆုံးပေါက်ရောက်သော ထင်းရှူး၊ ၀က်သစ်ချ၊ ဘုဇပတ်စသည့် သစ်အမျိုးအစားများ အများဆုံးဖြစ်ကြောင်း EIA စစ်တမ်းတွင် ဖော်ပြထားသည်။

တရားမ၀င် သစ်တင်ပို့မှုကို လေ့လာစောင့်ကြည့်သော နိုင်ငံတကာ အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Global Witness အဖွဲ့က ခန့်မှန်းသည်မှာ ၂၀၀၃ ခုနှစ်အတွင်းက မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ တရားမ၀င် တင်ပို့ခဲ့သော သစ်လုံးပမာဏမှာ ကုဗမီတာကိုးသိန်းရှိပြီး ထိုပမာဏ၏ သုံးပုံနှစ်ပုံမှာ ကချင်ပြည်နယ်မှ ဖြစ်ကြောင်း ယင်းအဖွဲ့ကဆိုထားသည်။

တရုတ်နှင့် မြန်မာနှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော်ကာ သစ်တင်ပို့ခြင်းမပြုရန် ၂၀၀၆ ခုနှစ်ကတည်းက သဘောတူထား ခဲ့သော်လည်း ပြည်နယ်တွင်းဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ထိရောက်စွာ ထိန်းချုပ်နိုင်ခြင်းမရှိဘဲ ယခုနှစ်များ၌ တရားမ၀င်တင်ပို့မှု ပိုမိုများပြားလာကြောင်း EIA စစ်တမ်းက ဆိုထားသည်။

ကချင်ပြည်နယ်မှ ယူနန်ပြည်နယ်သို့ သစ်လုံးများ တရားမ၀င်တင်ပို့ရာ လမ်းကြောင်းများကို လျှို့ဝှက်စွာ စုံစမ်းထောက်လှမ်းခဲ့ရာ တရားမ၀င် မှောင်ခိုလမ်းကြောင်းများစွာမှ ခိုးထုတ်နေသည်ကိုတွေ့ရပြီး ကချင်ပြည်နယ်ရှိ တောင်များတွင် သစ်တောများ မကျန်တော့သလောက် ဖြစ်နေကာ နယ်စပ်တစ်လျှောက်တရုတ်နိုင်ငံဘက်ခြမ်း Gaoligong သဘာဝထိန်းသိမ်းရေး တောတွင်မူသစ်တောများ မပျက်မစီးအောင် ပကတိအတိုင်း ထိန်းသိမ်းထား သည်ကို တွေ့ရကြောင်းစစ်တမ်းတွင်ဖော်ပြသည်။

မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှုဧရိယာမှာ တစ်နိုင်ငံလုံး၏ ၂၄ ရာခိုင်နှုန်းသာကျန်ရှိတော့ပြီး သစ်တောပြုန်းတီးမှုများ လျော့နည်းစေရန် သစ်အလုံးလိုက်တင်ပို့မှုကို ၂၀၁၄ ခုနှစ်တွင် တားမြစ်သွားမည်ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

7Day News Journal

Tuesday, January 8, 2013

KIA အဖွဲ့ အနေဖြင့် ရထားလမ်း ကားလမ်း တံတားများနှင့် အရပ် ဖက်ပစ်မှတ် များအား တိုက်ခိုက် လာပါက


KIA အဖွဲ့ အနေဖြင့် ရထားလမ်း ကားလမ်း တံတားများနှင့် အရပ် ဖက်ပစ်မှတ် များအား တိုက်ခိုက် လာပါက လိုင်ဇာရှိ KIA ဌာနချုပ်သို့ အမြောက် များဖြင့်ပြန်လည် ပစ်ခတ်မည်

KIA အဖွဲ့အနေဖြင့် စစ်သားမပီသစွာ၊ သူရဲဘောကြောင်စွာ ပြည်သူများ အနှောက်အယှက် အခက်အခဲ ကြုံရအောင် ရထားလမ်း၊ ကားလမ်းများ၊ တံတားများနှင့် အရပ်ဖက်ပစ်မှတ်များအား တိုက်ခိုက်မှု တစ်စုံတရာ မပြုလုပ်ရန် သတိပေးကြောင်းနှင့် ထိုသို့ သတိပေး ထား သည့်ကြားထဲမှ အရပ်ဖက်ပစ်မှတ်များအား တိုက်ခိုက်လာပါက လိုင်ဇာရှိ KIA ဌာနချုပ်အား လက် နက်ကြီးများနှင့် တုံ့ပြန်ပစ်ခတ်သွားမည်ဖြစ်ကြောင်း လဂျားယန် ဒေသသို့ရောက်ရှိနေသည့် အမြောက် တပ်မှ အရာရှိတစ်ဦးမှ ပြောကြားပါသည်။

ကျွန်တော်တို့မှ လိုင်ဇာက KIA ဌာနချုပ်အဆောက်အဦး တွေအားလုံးကို ပစ်မှတ် မှတ်ပုံတင်ပြီးသားပါ။ ကျွန်တော်တို့ သိမ်းထားတဲ့ လဂျားယန် တ၀ိုက်ကတောင်ကုန်း တွေမှာ လက်နက်ကြီးတွေ ဆင်ထားပါ တယ်။ ပုံမုန် အတိုင်းဆိုရင်တော့ KIA ဌာနချုပ်လိုင်ဇာကို ပစ်စရာ အကြောင်းမရှိပါဘူး။ ဒါပေမဲ့ KIA တွေ အနေနဲ့ အရပ်ဖက်ပစ်မှတ်တွေကို တိုက်ခိုက်လာ မယ်ဆို ရင်တော့ ပြန်လည် တုံ့ပြန်ရပါ လိမ့်မယ် ဟု ပြောဆိုသွားသည်။

From: Myanmar Online News

မြန်မာ့အတိုက်အခံ ဆိုသူတွေ အတွက် ရေးဆွဲခဲ့လေသလား..



ဒီကာတွန်းလေးကို ကြည့်ပြီး... မြန်မာနိုင်ငံက အတိုက်အခံတွေရဲ့ လုပ်ရပ်တွေနဲ့ ယှဉ်ပြီး စဉ်းစားကြည့်မိတယ်... လုပ်နေတဲ့ အချိန် ဖြစ်နေတဲ့ အချိန်တုန်းက ကူညီပြီး ကောင်းအောင်တော့ လုပ်မပေးချင်ကြဘူး...

ဒါပေမယ့် ဖြစ်လာမှ မကောင်းဘူး၊ မတရားဘူး၊ တရာမျှတအောင် လုပ်ပေးပါ၊ ဦးဏှောက်မရှိလို့ လုပ်ခဲ့တာ ဘာညာ ဆိုပြီး ၀ိုင်းအပြစ်ပုံချ... ပြည်သူတွေ အတွက်... ခံလိုက်ရတဲ့ သူတွေ အတွက်... ဆိုပြီးရှေ့ဆုံးက ဆန္ဒပြကြပြီး... သူရဲကောင်းတွေ အဖြစ် အမည်ခံကြ... ကယ်တင်ရှင်တွေ လုပ်ကြနဲ့...

အော်... ဒီကာတွန်း ဆရာက မြန်မာနိုင်ငံက အတိုက်အခံ ဆိုတဲ့ လူတွေ ပြည်သူ့ ကယ်တင်ရှင်တွေ အတွက် ရည်ရွယ်ပြီး ရေးဆွဲထားလေ သလားလို့ တောင် အောက်မေ့မိပါရဲ့....

မုံရွာမြို့နယ် NLD ပါတီဝင် ဆိုသူနှင့် ပါလာသူ တစ်ဦးတို့ အရက်မူးလာပြီး မီးသတ် ရဲဘော်များကို ဆဲဆိုမှု ဖြစ်ပွား

မုံရွာမြို့ ပွဲစားတန်းလမ်းတွင်ရှိသော အ မ က(၂၄) ကျောင်းရှေ့ရှိ ဈေးဆိုင်ခုံ မီးလောင်ကျွမ်းမှုဖြစ်ပွား ရာသို့ လာရောက်ပြီး မီးငြိမ်းသတ်သော မီးသတ်များ အား မုံရွာမြို့နယ် NLD ပါတီမှ ကိုမှတ်ဆိုသူက မိုက်ရိုင်းစွာ ဆက်ဆံခဲ့သည်ဟုဆို။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့ ဘုရားကြီးရပ်ကွက်တွင် တည်ရှိသော အခြေခံပညာမူလတန်း ကျောင်း အမက(၂၄)ရှေ့တွင် (4-1-2013)နေ့ည (၁၀)နာရီအချိန်ခန့်က ကျောင်းရှေ့ဈေးဆိုင်ခုံငယ်တစ်ခု အားမီးလောင်ကျွမ်းမှု တစ်ခုဖြစ်ပွားခဲ့ပါသည်။ အဆိုပါမီးလောင်ကျွမ်းမှုဖြစ် ပွားရာသို့ မုံရွာမြို့နယ် မီးသတ်တပ်ဖွဲ့ မှ မီးသတ်ကားများ ဘုရားကြီးရပ်ကွက်မှ မီးသတ်ကားနှင့် ကွေ့ကြီးရပ်ကွက်မှ မီးသတ်ကား စစ်ကိုင်းတိုင်း ဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးတင့်လှိုင်မြင့် တို့သည် အချိန်နှင့်တစ်ပြေးညီ ရောက်ရှိလာပြီး မီးငြိမ်း သတ်မှု လုပ်ငန်းစဉ်များအား ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါ မီးလောင်ကျွမ်းမှု ဖြစ်ပွားရာသို့ မုံရွာမြို့နယ် NLD ပါတီမှ ကိုမှတ်ကြီး(ခ)နိုင်သီဟ ဆိုသူနှင့် ပါလာသူ တစ်ဦးတို့ အရက်မူးလာပြီး မီးသတ် ရဲဘော်များကို မီးလောင်တာကို လောင်လောင်ခြင်း ချက်ခြင်း မရောက်လာ ၍ဟုဆိုကာ မိုက်ရိုင်းစွာ ပြောဆိုဆက်ဆံခဲ့ ပြီး လုံးထွေး သတ်ပုတ်ရန် ပြုလုပ်လာခဲ့သဖြင့် ၀ိုင်းဝန်း ဖြန်ဖြေခဲ့ရသည်ဟု ဘုရားကြီးရပ်ကွက်နေ ဈေးဆိုင်ပိုင်ရှင် တစ်ဦးက ဆိုပါတယ်။ "မီးလောင်တယ်ဆိုတာ ကနဦးသတင်းရမှ ကျွန်တော်တို့ မီးသတ်တွေက မီးလောင်မှု ဖြစ်ပွားရာနေရာကို အချိန်နှင့် တစ်ပြေးညီ အမြန်ဆုံး ထွက်ခွာရပါတယ်။ ဘယ်သူကမှ မီးလောင်မယ် ဆိုတာကို ကြိုတင်ပြီး သိနိုင်တာ မဟုတ်ပါဘူး။ အခုမီးလောင်မှုမှာလည်း ကျွန်တော်တို့ ဘုရားကြီး မီးသတ်ရော မုံရွာမြို့နယ် မီးသတ်ဦးစီးဌာနက မီးသတ်ကားတွေရော အချိန်မှီ ရောက်ရှိခဲ့ပါတယ်။" ဟု ဘုရားကြီးရပ်ကွက် မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက ဆိုပါ တယ်။

မီးလောင်ကျွမ်းသွားသော ဈေးဆိုင်ခုံငယ်တစ်ခု၏ပုံ။
ဓာတ်ပုံ-လူဆိုးကြီး ထံမှကူးယူဖော်ပြပါသည်။

>>အထက်ပါ ရိုင်းစိုင်းစွာ ဆဲရေး တိုင်းထွာမှု၊ မိုက်ရိုင်းစွာ ဆက်ဆံမှု များကို အမှန်အတိုင်း ရေးသားခဲ့သည့် အတွက် အဆဲကြမ်းသော အထိမခံ ရွှေပန်းကန် Democrazy အမေ့သားများမှ ၀ိုင်းဝန်ပြော ဆို တိုက်ခိုက် နေကြသောကြောင့် ၄င်း ThanLarWaddy Times ရဲ့ အယ်ဒီတာချုပ်မှ အောက်ပါ အတိုင်း ပြန်လည် ဖြေရှင်း ထားရပါသည်... <<

မုံရွာမြို့နယ် NLD ပါတီမှ မှတ်ကြီး ၏လုပ်ရပ်ကို သေသေချာချာစုံစမ်းပြီးမှ တင်ပေးခြင်းဖြစ်ပါသည်။ မကျေနပ်မှုများရှိပါက မုံရွာမြို့နယ်မီးသတ်ဦးစီးဌာန နှင့် ဘုရားကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး-အာယုမောင်မောင်၊ စစ်ကိုင်းတိုင်း ဒေသကြီး စည်ပင်သာယာရေးဝန်ကြီး-ဦးတင့်လှိုင်မြင့် မုံရွာမြို့နယ် အမှတ် (၁)ရဲစခန်းမှ အခင်းဖြစ်ပွားသည့်ညမှ တာဝန်ကျရဲအရာရှိများထံတွင် စုံစမ်း ကြည့်ကြပါခင်ဗျား။

သဟာရအသုပ်ဆိုင်မှ ဦးစံနက်ကျော် ဆိုသူတို့ကိုလည်း မေးမြန်းနိုင်ပါသည်။ NLD ပါတီကလည်း ၄င်းတို့ကို ဝေဖန်မှုများ မခံနိုင်ပါကလည်း သလ္လာဝတီတိုင်မ်း အနေဖြင့် မတတ်နိုင်ပါ အဖြစ်မှန်ကို တင်ပြပေးခြင်းသာ ဖြစ်ပါသည်။ မီးလောင်မှုထက် ၄င်း ကိုမှတ်ကြီး ဆိုသူနှင့် ပါလာသူတစ်ဦးတို့၏ လုပ်ရပ် များက အလွန်ပင် အောက်တန်းကျသည့်အတွက် လူတိုင်း ငေးမော၍ကြည့် နေခဲ့ကြရပါသည်။

အယ်ဒီတာချုပ်-သလ္လာဝတီတိုင်မ်း။
>>ThanLarWaddy Times<<

စစ်ကိုင်းမြို့နယ် NLD ပါတီတွင် ဖြစ်ပျက်ခဲ့သော

Tuesday, January 08, 2013 စစ်ကိုင်းမြို့နယ် NLD ပါတီတွင် ညီလာခံကြိုတင်ညှိနှိုင်း အစည်းအဝေး၌ ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ခဲ့ပါ တာနဲ့ပတ်သက်ပြီး ပေးပို့လာတဲ့ စာတစောင်ဖြစ်ပါတယ်။
စစ်ကိုင်းမြို့နယ် NLD ပါတီ ဇန်န၀ါရီလ ၇ ရက်နေ့တွင် စာအမှတ် ၀၀၃/ညလခ/စက/၂၀၁၃ ခုနှစ် ရက်စွဲနဲ့ တိုက်နယ် ခေါင်းဆောင်များအားလုံးကို အစည်းအဝေး ဖိတ်ကြားခဲ့ပါတယ်။

ညီလာခံကျင်းပရေး ညှိနှိုင်း အစည်းအဝေးပွဲတွင် NLD ဗဟို ညွှန်ကြားချက်ကို မလိုက်နာဘဲ ပါတီ အကျည်းတန်စေတဲ့ လုပ်ရပ်ကို ပန်းဘဲတန်းရပ်ကွက် ဥက္ကဋ္ဌ ဦးသောင်းရွှေမှ ပိုက်ဆံချမ်းသာသောသူအား ဥက္ကဋ္ဌတင်ရန် ပြောကြားပြီး ဦးကျော်သောင်းသည် ပိုက်ဆံချမ်းသာသူ ဖြစ်တဲ့အတွက် ဥက္ကဋ္ဌတင်ရန် အဆိုပြုခဲ့ပါတယ်။

၎င်းတို့နှင့်အတူပါလာသော လူတစ်စုအား ထောက်ခံခိုင်းပြီ ဥက္ကဋ္ဌ တင်မြှောက်ခဲ့ပါတယ်။ မနေ့ကပြုလုပ်တဲ့ အစည်းအဝေးတွင် ညီလာခံကိုယ်စားလှယ်များအားလုံး ဖိတ်ကြားခြင်းမရှိပဲ လူတစ်စုဖြင့်သာ လုပ်ဆောင် ခဲ့ပါတယ်။

ထို့အပြင် ပါတီအမှုဆောင်စာရင်းဟာလည်း ညီလာခံမကျင်းပမီ ပေါ်ထွက်နေသဖြင့် စာမေးပွဲမဖြေရဘဲ အောင်စာရင်းထွက်နေသည့်အဖြစ်နှင့် တူနေပါတယ်။

အိမ့်သံစဉ်
ဧရာဝတီ

SSA (ရွက်ဆစ်) အဖွဲ့မှ ဆောက်လုပ် ထားသော အချုပ်ခန်းအား နယ်မြေခံ တပ်မတော် စစ်ကြောင်းမှ ရှာဖွေ ရှင်းလင်း

SSA (ရွက်ဆစ်) အဖွဲ့မှ ဆောက်လုပ် ထားသော အချုပ်ခန်းအား နယ်မြေခံ တပ်မတော် စစ်ကြောင်းမှ ရှာဖွေ ရှင်းလင်း ဖျက်ဆီးခဲ့ပြီး ဖမ်းဆီး ချုပ်နှောင်ထားခြင်း ခံရသည့် တိုင်းရင်းသားများအား လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်မြို့နယ် အတွင်းရှိ နမ်မိုကျေးရွာနှင့် ကုန်းတီးကျေးရွာ မြေသားခြင်းဆက် လမ်းဘေးအနီးတွင် SSA (ရွက်ဆစ်) အဖွဲ့ ခွန်ဆန်တုန်ဟုန်း စစ်ကြောင်း၊ တပ်ရင်း (၃၇၁)မှ တရားမဝင် အချုပ်ခန်း ဆောက်လုပ်၍ ဒေသခံတိုင်းရင်းသား များကို ချုပ်နှောင်ထားကြောင်းအား နယ်မြေခံ တပ်မတော် စစ်ကြောင်းထံသို့ သတင်းပေးမှုကြောင့် ဇန်နဝါရီ ၅ ရက်နေ့ နံနက် ၃ နာရီခွဲမှ စတင်၍ နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် နမ်မိုကျေးရွာနှင့် ကုန်းတီးကျေးရွာ မြေသားခြင်း ဆက်လမ်း၏ ညာဘက် ၁၅၀ ကိုက်ခန့်ရှိ မြေပြန့်၌ အခန်း ၂ ခန်းပါ သွပ်မိုး သစ်လုံး ၇ ဆင့်ဖြင့် ကာရံထားသော အကျယ် အလျား ၁၈ ပေ၊ အနံ ၁၀ ပေ၊ အမြင့် ၇ ပေ ရှိသော အဆောက်အဦအား သစ်ကိုင်းများဖြင့် ကာရံလျက် တွေ့ရှိရသည်။

အဆိုပါ အချုပ်ခန်းဘေးတွင် အစောင့်အကြပ် အဖြစ် တိုင်းရင်းသား ၅ ဦးနှင့် အချုပ်ခန်းတ်ွင ခြေ/လက်များအား သံကြိုးများဖြင့် ချုပ်နှောင်ခြင်း ခံထားရသူ ၄ ဦး တို့ကို စစ်ဆေးတွေ့ရှိရသဖြင့် တပ်မတော်သားများက ကယ်တင်ပြီး အချုပ်ခန်း အဆောက်အဦအား မီးရှို့ဖျက်ဆီးခဲ့သည်။

အချုပ်ခန်းအနီး အစောင့်အကြပ်အဖြစ် တွေ့ရှိရသော တိုင်းရင်းသား ၅ ဦးကို သက်ဆိုင်ရာ ကျေးရွာများသို့ ပြန်လည် စေလွှတ်ပေးခဲ့ပြီး ဖမ်းဆီးချုပ်နှောင် ခံရသည့် ရွာသား ၄ ဦးအား နယ်မြေခံတပ်ရင်းသို့ ခေါ်ဆောင်ခဲ့ကာ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးလျက် ရှိပါသည်။

ယင်းအချုပ်ခန်းအား SSA (ရွက်ဆစ်) အဖွဲ့မှ ဒီဇင်ဘာ ၂၅ ရက်နေ့မှ စတင်ဆောက်လုပ်ခဲ့ပြီး ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ပြီးစီးခဲ့ကြောင်း၊ ပတ်ဝန်းကျင် ကျေးရွာများမှ သွပ်၊ မျော၊ ဝါးများအား အချိုးကျ အရောက်ပို့ စနစ်ဖြင့် ပို့ဆောင်စေခိုင်းပြီး ကျေးရွာသားများဖြင့် ဝိုင်းဝန်းဆောက်လုပ် ပေးရကြောင်း၊ လွယ်တိုင်းလျှံတွင် ကျင်းပ ပြုလုပ်သည့် ဒီဇင်ဘာ ၁၄ ရက်နေ့ ရှမ်းနှစ်သစ်ကူး ပွဲတော်သို့ လိုက်ပါခြင်း မရှိဘဲ ထွက်ပြေး တိမ်းရှောင် သူများအား ဖမ်းဆီး ချုပ်နှောင်ထားခြင်း ဖြစ်ကြောင်းနှင့် ယင်းလုပ်ရပ် များအား နောက်ကွယ်မှ ကြိုးကိုင် စေခိုင်းသူများကို နယ်မြေခံ တပ်မတော် စစ်ကြောင်းမှ လိုက်လံစစ်ဆေး ဖော်ထုတ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

KIA မှပန်ဖကျေးရွာနေအပြစ်မဲ့ ပြည်သူ၇ ဦးအားရက်ရက်စက်စက်ပစ်သတ်


ကချင် ပြည်နယ် မိုးညှင်းမြို့နယ် ရှိပန်ဖ ကျေးရွာ အုပ်စုကို ယနေ့ နံနက်ပိုင်း တွင် (KIA) က ၀င်ရောက် ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။KIA ၏ ပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူ ၇ ဦးသေဆုံး ခဲ့ကြောင်း မိုးညှင်းမြို့နယ် ဒေသခံတဦးက ပြောသည်။

“မနက် စောစော ပစ်သံ ခတ်သံတွေ ကြားရတော့ ဆွမ်းပို့တဲ့သူ၊ ဈေး သွား ရမယ့် သူတွေ တောင် လန့်ပြီး မသွားကြတော့ဘူး။ ရွာထဲတင်ဆိုတော့ ကြောက်ကြ တာပေါ့” ဟု နမ့်မွန်း ကျေးရွာသား တဦးဖြစ်သူ ဒေါ်ဘောက်ဂျာက ဆိုသည်။ ၀င်ရောက် ပစ်ခတ်သည့် KIA အင်အားမှာ ၃၀ ခန့်ရှိနိုင်ပြီး ပန်ဖကျေးရွာတွင် ရဲစခန်းနှင့် စစ်တပ် မရှိသည့်အတွက် ထိုသို့ အကြမ်းဖက် ဝင်ရောက် ပစ်ခတ်ခံခဲ့ရ ကြောင်း ၎င်းက ပြော သည်။ ပစ်ခတ်မှုမှာ မနက် ၄ နာရီကျော်ခန့်မှ ၅ နာရီခန့်ထိ ဖြစ်ပြီး နံနက် ၁၀ နာရီခန့်တွင် မိုးညှင်းမြို့နယ် တပ် ရင်း ၁၅ မှ ကျေးရွာ လုံခြုံရေး အတွက် ရောက်ရှိလာကြောင်း သိရသည်။

“ကျနော်တို့ ဘာမှ လုပ်မပေးနိုင်ပါဘူး။ စုံစမ်း စစ်ဆေး တင်ပြတာပဲ လုပ်နိုင်တယ်။ ရဲစခန်းက တင်လာတဲ့ သတင်းလောက်ပဲ ကျနော်တို့ ရပါတယ်” ဟု မိုးညှင်းမြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ တာဝန်ရှိသူ တဦးက ပြောသည်။ ပန်ဖကျေးရွာ အုပ်စုသည် အိမ်ခြေ ၂၀၀၀ နီးပါး ရှိကာ ရှမ်း၊ ဗမာနှင့် ကချင်လူမျိုးများ ရောနှော နေ ထိုင်ကြကြောင်း၊ ၎င်းသည် မိုးညှင်းမြို့နှင့် ၁၈ မိုင် အကွာတွင် တည်ရှိကြောင်း၊ အနီးဆုံး အစိုးရ တပ်စခန်းသည် ၁၁ မိုင် အကွာ ရှိ လုံးတုံ တပ်စခန်း ဖြစ်ကြောင်း သိရသည်။

“တခါမှလည်း မကြုံဘူးတော့ အားလုံး လန့်သွားတာပေါ့။ ပစ်သံ ခတ်သံဆိုတာ ကျနော်တို့ ငယ်ငယ် တုန်းကပဲ ကြားဖူးခဲ့တာ။ မကြုံဘူးတာ ကြာတော့ လန့်နေကြတယ်။ ရွာက ကျောင်းတွေလည်း နေ့လည် ၂ နာရီလောက်မှာ အားလုံး ဆင်းပေး လိုက်တယ်။ ကျနော်တို့ ကတော့ သေသွားတဲ့ ပြည်သူတွေအတွက် နာရေးထောက်ပံ့ဖို့ စီစဉ်နေပါတယ်” ဟု ပါရမီ နမ့်မွန်း လူမှု ကူညီရေး အသင်းမှ ပြောသည်။ပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ ရက်နေ့ ခရစ္စမတ်နေ့က နမ့်မွန်းကျေးရွာသား ၃ ဦးကို KIA က ခေါ်ဆောင်သွားပြီး ယခု အချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း၊

၎င်း ရွာသား ၃ ဦးကို ပြန်လည် ခေါ်ယူနိုင်ရေးအတွက် ရပ်မိရပ်ဖများနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီတို့က KIA ကို တောင်းဆိုထားသော်လည်း တစုံတရာ ကြောင်းပြန်ခြင်း မရှိကြောင်းလည်း သိရသည်။

အစိုးရနှင့် KIA အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကချင်တိုင်းရင်းသားများ သာမက ကချင်ပြည် နယ်တွင် နေထိုင်သည့် ရှမ်း တိုင်းရင်းသားများနှင့် တခြားတိုင်းရင်းသား ပြည်သူများပါ အတိ ဒုက္ခရောက်နေစေကြောင်း၊ KIA တပ်ဖွဲ့ ၀င်များသည် မီးရထားလမ်းများ၊ လမ်းတံတားများကို ဗုံးဖောက်ခွဲခြင်း၊ ဆက်ကြေးကောက်ခြင်း၊ စစ်သားအဖြစ် အဓမ္မ လူစုဆောင်းခြင်း အစရှိသည့် လူ့အခွင့်အရေး ချိုးဖောက် မှုများ ကျူးလွန်နေကြောင်း၊ ထို့ကြောင့် စစ်ပွဲများ ရပ်ရန်နှင့် ငြိမ်းချမ်းရေး အတွက် အမြန်ဆုံး ဆွေးနွေး အဖြေရှာ ပေးရန် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီက ၂၀၁၂ ခု၊ ဒီဇင်ဘာလ ၂၈ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

တိုက်ပွဲများ ဖြစ်ပွားနေသည့် တနှစ်ကျော် အတွင်း အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော် မတီနှင့် KIA တွေ့ဆုံမှု ၁၁ ကြိမ်ထိ ရှိခဲ့သော်လည်း သဘောတူညီချက် မရရှိဘဲ ၁၂ ကြိမ်မြောက် တွေ့ဆုံရန် ညှိနှိုင်းနေစဉ် ၂၀၁၂ ဒီဇင်ဘာနှင့် ၂၀၁၃ ဇန်န၀ါရီလ အတွင်း မြန်မာ အစိုးရ တပ်မတော်က လေကြောင်းပစ်ကူ၍ KIA တို့၏ တောင်ကုန်း အမှတ် ၇၇၁ ကို သိမ်းပိုက်ခဲ့သည်။


Twitter Delicious Facebook Digg Stumbleupon Favorites More